Thursday, July 1, 2010
မန်မိုရီစတစ် က Readyboost ရ၊မရ ဘယ်လို စမ်းကြမလဲ ဆိုရင်...
မန်မိုရီစတစ် က Readyboost ရ၊မရ ဘယ်လို စမ်းကြမလဲ ဆိုရင်...
Readyboost ရဘို့ရာ ထိုးတဲ့ ဖြုတ်တပ်လွယ် ဟတ်ဒစ်/မန်မိုရီစတစ် ဟာ အောက်ပါ အရည်အချင်းတွေနဲ့ ပြည့်စုံရပါမယ်။
  1. The capacity of the removable media is at least 256 MB (or 250 MB after formatting).
    ပမာဏအနည်းဆုံး ၂၅၆မက်ဂါဘိုက် ရှိရမည်။ ဖော်မက်ချပီးလျင် နေရာလွတ် ၂၅၀မက် ကျန်ရမည်။
  2. The flash memory devices must be capable of 2.5MB/sec throughput for 4K random reads spread uniformly across the entire device.
  3. The flash memory devices must also be capable of 1.75MB/sec throughput for 512K random writes spread uniformly across the device.
    ၅၁၂ကီလိုဘိုက် ဖိုင်များကို ၁.၇၅မက်ပါစက္ကန့်နှင့် ဆေ့ဗ်နိုင်ရမည်။
  4. The removable media device should have an access time of 1ms or less.
    လှမ်းဖတ်လျင် နိုးထချိန် ၁မီလီစက္ကန့်သာ ရှိရမည်။
  5. The flash media must have at least 235 MB of free storage psace.
    စတစ်ဖြစ်ပါက အနည်းဆုံး ၂၃၅မက် နေရာလွတ်ရမည်။
  6. Formatted as NTFS or FAT32 filesystem, both can make use a maximum of 4 GB of flash memory, which is the ReadyBoost limit, and in FAT32 case, the ReadyBoost.sfcache file size is also limited by FAT32 filesystem to 4GB.
    ဖော်မက်ချပီးလျင် ၄ဂစ်ထက်မကြီးရ။ NTFS ဝါ FAT32 ဖြစ်ရမည်။
  7. ReadyBoost supports one flash device at any one time as of currently.
    ရယ်ဒီဘုစ် ကို စက်တစ်လုံးလျင် စတစ် တခုသာ သုံးစွဲနိုင်သည်။
ဒီတော့ အားလုံးချုံ၍ ပြောရလျင်
၂၅၆မက်နှင့် ၄ဂစ်အကြား NTFS / FAT32 နှင့် ဖော်မက်ချထားသော
USB 2.0 နှင့် အထက် စတစ်များသာ ရယ်ဒီဘုစ် လုပ်လို့ ရပါတယ်။
Read/Write နှေးသော စတ်များ readyboost မရပါ။ နောက်ပီး ရယ်ဒီဘုစ် သုံးသည့် စတစ်ဟာ (စက်ပိတ်ထားချိန်မှာ၊ စက်ပြန်ဖွင့်ချိန်မှာ) စက်မှာ အသေတပ်ဆင်ထားရမည့် စတစ်ဖြစ်ပါတယ်။ စတစ်အပိုမရှိရင် အသုံးမတည့်ပါဘူး။ နောက်ပီး Windows7 နှင့် Windows Vista မှာသာ ရယ်ဒီဘုစ် ပါပါတယ်။ XP မှာ မပါပါဘူး။
စတစ်အသစ် ဝယ်မည့်သူ ဖြစ်ပါက အခွံတွင် Readyboost enabled ဝါ Readyboost Ready စတစ်ကို ရွေးချယ်ဝယ်ယူဘို့ အကြံပေးလိုပါတယ်။ အခွံကို သေချာဖတ်ပါ။ ရန်ကုန်မှာတော့ ဈေးပေါသော စတစ်များ အရောင်းသွက်ပြီး ထို စတစ်များဟာ Read/Write နှေးပြီး readyboost မရပါ။ readyboost စာသားပါရုံသက်သက်ဖြစ်ပြီး ထိုစာသားကို အမှန်ခြစ် မခြစ်ထားကြပါဘူး။
စတစ် က readyboost ရ၊မရ ဘယ်လို စမ်းကြမလဲ ဆိုရင်...
  1. Insert the USB 2.0 flash drive (memory stick, thumbdrive, pendrive, key drive and etc) into USB port, or a memory card (SD, SDHC MMC, CF, MS, xD and etc) into a card reader.
    စတစ်ကို စက်မှာ ဝါ ကတ်ရီဒါမှာ ထိုးလိုက်ပါ။
  2. On AutoPlay pop-up window, select Speed up my system using Windows ReadyBoost.
    အော်တိုပလေး တက်လာပါမယ်။ ရယ်ဒီဘုစ် ရသော စတစ်ဆိုပါက Speed up my system using Windows ReadyBoost ဆိုသော စာသား ပေါ်လာပါမယ်။ အောက်က ပုံကို ရှုပါ။
  3. Alternatively, if there is no AutoPlay dialog, right click on the removable disk drive in Windows Explorer, and select Properties. Then, go to ReadyBoost tab.
    အကယ်၍ အော်တိုပလေး မတက်လာပါက ဝင်းဒိုးအိပ်စ်ပလိုရာဖွင့်၍ ထိုးလိုက်သော စတစ်ကို Right Click ခေါက်၍ Properties ခေါ်ပါ။ ထို့နောက် ReadyBoost စာမျက်နှာကို ဝင်ပါ။ (ReadyBoostမရသော စတစ်ဖြစ်ပါက ထိုစာမျက်နှာကို မမြင်ရပါ။)
  4. Select Dedicate this device to ReadyBoost option to use entire flash memory space on the device as ReadyBoost virtual memory, up to a maximum of 4GB.
    ဝင်ပြီးပါက ရွေးချယ်ရန် Option သုံးမျိုးတွေ့ပါလိမ့်မယ်။
    က) Do not use this device. = ဒီစတစ်ကို ရယ်ဒီဘုစ်မလုပ်လိုပါ။
    ခ) Dedicate this device to ReadyBoost = ဒီစတစ်ကို ရယ်ဒီဘုစ်မှ စေလိုရာစေပါ။ သုံးစွဲပါမည်။ ဒေတာ မသိမ်းပါ။
    ဂ) Use this device. = ရယ်ဒီဘုစ်လည်း သုံးမည်။ ဒေတာလည်း သိမ်းမည်။
  5. Select Use this device and then specify to space to reserve for system speed using the slider bar or specify the value in MB in the text box below the option.
    Use this device ကို ရွေးပါက ရယ်ဒီဘုစ်အတွက် ခွဲဝေပေးမည့် နေရာလွတ်ပမာဏကို ဖြည့်စွက်ပေးရပါမယ်။
mydigitallife မှ ကိုးကားပါတယ်။
/ဧးသိမ်း/
နောက်ဆက်တွဲ ဆွေးနွေးချက်။
2010/7/1 Pyae Sone
စမ်းကြည့်ဦးမယ်ဗျာ .
2010/7/1 ဧးသိမ်း
ဟုတ်ကဲ့ စမ်းကြည့်ပါ။ ကျနော့် စတစ်က ရယ်ဒီဘုစ်တော့ ရပါရဲ့။
အပိုမရှိတော့ အဲ့လို အသေတွဲထားဘို့ကျ မဖြစ်ပြန်၊ ဒါနဲ့ပဲ မသုံးဖြစ်တော့ဘူး။ :P
ဒါပေသိ မစားရတဲ့ စပျစ်သီးမို့လို့ ချဉ်တယ် ပြောတယ်လို့တော့ မထင်နဲ့နော်း... ရယ်ဒီဘုစ် လုပ်တာ စက်က ပိုမမြန်လာနိုင်ဘူးလို့လည်း ပြောကြသေးခင်ဗျ။  ကိုပြည့်စုံ ဖတ်မိမလားမသိဘူး။ ဟို... Prefetch ကိစ္စလေ။ Prefetch က ရယ်ဒီဘုစ် ဆန်ဆန်ပဲ။
ရယ်ဒီဘုစ်က ဝင်းဒိုးမြန်မြန် တက်လာဘို့ သုံးသလို...
ပရီဖက်ခ်ျက ဝင်းဒိုးတက်ပီးနောက် သုံးစွဲနေကျ ပရိုဂရမ်တွေ မြန်မြန်တက်ဖို့ လုပ်ပေးတာပေါ့။
အဲ... တချို့စက်တွေမှာကျ ပရီဖက်ခ်ျနှောက်ယှက်လို့ စက်ပိုတောင်နှေးလာဆိုပဲ။ သုံးနေကျ ပရိုဂရမ်တွေအတွက် စပေါ့တွေ သူက ကြိုကျက်မှတ်ပေးနေလို့လေ..အဲ့ေ
တာ့ ဝင်းဒိုး မြန်စေချင်လွန်းလို့ ပရီဖက်ခ်ျအထဲက ဖိုင်တွေကိုတောင် လိုက်ဖျက်ပစ်ကြတယ်တဲ့။
ပြောရရင်တော့ ဝင်းဒိုး၏ ရယ်ဒီဘုစ်ကော၊ ပရီဖက်ခ်ျကော လောဂျစ်က နည်းနည်းကွေးနေတယ်ပေါ့ဗျာ။ ကျနော့် အနေနဲ့ကတော့ ပရီဖက်ခ်ျကိုတောင် မကြိုက်လို့ ရယ်ဒီဘုစ်ကို မေ့ထားလိုက်တယ်။ ဗားရှင်းအသစ်ပေါ်ရင်တော့ ထပ်စမ်းကြည့်ဦးမဗျ။ :)
2 comments :
  1. ကျွန်တော့်လေထန်ကုန်းလေးဟာ .... အဖြေမှန်တွေကိုပဲသုံးထားတာပါ မိတ်ဆွေ၊ မယုံရင်ကြည့်လှည့်ပါနော် .....
    အကုန်မြင်သွားစေရမယ့် ..... ဧးသိမ်းရဲ့ အတွေးမငြိမ်းတဲ့ .... လေထန်ကုန်း ........
    မိုးကိုကို(မန်း)
    ReplyDelete
  2. တယ်...ဒီကလေး.. တက်ဆော့ပြန်ပီ။ ခဏလေး အပေါ့သွားမိပါတယ်။ ဘယ်လိုမှ လွတ်ထားလို့ကို မရဘူး။
    ReplyDelete
ကွန်းမန့်လေး ထားခဲ့ပါလား