Wednesday, July 21, 2010

G-Mail ထဲမှာ auto reply လုပ်တဲ့အခါ လူရွေးပြီး reply လုပ်ချင်တယ်။

မန်ဘာတစ်ယောက်မေးဘူးတာရှိတယ်။
G-Mail ထဲမှာ auto reply လုပ်တဲ့အခါ ကိုယ့် Mail ထဲမှာရှိတဲ့ လူအားလုံးကို reply မလုပ်ချင်ဘူး။ လူရွေးပြီးလုပ်ချင်တယ် ကူညီပေးပါ။
ကျေးဇူးတင်လျက်
S** S****

တဲ့...။ ကျနော်က ဒီလို ပြန်ဖြေထားတယ်။ လို တို ရှင်းပေါ့။
Please use Filter and then Canned Response. That's what the name stand for... :) လို့...။

တစ်ယောက်က ပြန်မေးခွန်းထုတ်တယ်။ ဒါမျိုးရလို့လားတဲ့။ ဒီလို ပြန်မေးလာပြီဆိုရင်တော့ သေသေချာချာ လုပ်နည်းပြောပြဖို့ လိုလာပီပေါ့။ ကနေ့တော့ အချိန်နည်းနည်းရတာနဲ့ ရေးပြီး ပို့စ်တင်လိုက်ပါတယ်။ လူရွေးပြီး reply လုပ်နည်းကို မသိသေးသူများ အတွက် ရည်ရွယ်ပါသည် ပေါ့ဗျာ..။ သိပြီးသူများ ကျော်ဖတ်ပေးကြပါနော်း ။

၁)
လူရွေးပြီး reply လုပ်မယ် ဆိုမှတော့ reply မှာ ဘာစာသားကို ရေးပေးမှာလဲ ရွေးပေးဘို့ လိုလာပြီလေ။ ဒီတော့ ၎င်းစာသားကို ကြိုရေးပြီး canned response တစ်ခုဆောက်ထားလိုက်ပါတယ်။ ဆောက်နည်း မမှတ်မိသူများ ကျနော် အရင်ပို့ဖူးတဲ့ ပို့စ် [Canned responses] ကိုဖတ်ကြည့်ပါ။ ထိုပို့စ် ရှာမတွေ့တော့ရင် ဒီနေရာမှာရှိလေရဲ့ အဲ့မှာ ဝင်ဖတ်လည်း ရတယ်။ ဒီနမူနာမှာတော့ ကျနော် Friendly_AutoReply ဆိုတဲ့ နာမည်နဲ့ Canned Response တစ်ခုဆောက်လိုက်တယ် ဆိုပါစို့။ စာသားက အောက်က အတိုင်းပေါ့။
တယ်ဂျင်း
ငါ နင့်စာရတယ်
အခုတော့ မဖတ်အားသေးဘူး
ဖတ်ပြီးရင် အကြောင်းပြန်မယ်ဆက်ဆက်
ခဏစောင့် ဒါပဲ... :)

ဆောက်ပီးရင် အောက်ကအတိုင်း reply တစ်စောင် လုပ်ရုံပါပဲ။

၂)
လူရွေးပြီး reply လုပ်မယ် ဆိုမှတော့ ဘယ်သူ့ဆီလဲ ရွေးရတော့မှာပေါ့။ သူ့လိပ်စာကို မှတ်ထားပါ။ ဂျီမေးစာမျက်နှာမှာ ပါတဲ့ Create a filter ကို နှိပ်ပါ။ (အောက်ပုံကို ရှုပါ။)


From: မှာ ကိုယ်ရွေးမည့်လူ၏ လိပ်စာကို ရိုက်ပါ။ *တစ်ဦးထက်ပို ရွေးချင်ရင်ဖြင့် search criteria မှာ combination သုံးရပါမယ်။ (အောက်ပုံကို ရှုပါ။) From: မှာ လိပ်စာ ရိုက်ပီးရင် Next Step ကို နှိပ်ပါ။


ဒါဆို သူ့ဆီက ဝင်လာမည့်စာကို ခြေရာကောက်လိုက်ပါပြီ။ ဘာဆက်လုပ်မလဲ။ ဝင်စာရရင် ရီပလိုင်း ပြန်ချင်တယ်။ အိုကေ...။ Send canned_response ကို ရွေးပေးပါ။ ပြီးတော့ ၁ မှာဆောက်ခဲ့တဲ့ canned response ကို ရွေးပေးလိုက်ပါ။ (အောက်ပုံကို ရှုပါ။) လိုလိုမယ်မယ် အော်တိုရီပလိုင်းတွေကို လေဘယ်ခွဲမှတ်ချင်ရင် Apply the label ကို ရွေး၍ တစ်ခုခုမှတ်လိုက်ပါ။ အောက်က ပုံမှာ ကျနော် auto reply လို့ မှတ်လိုက်ပါတယ်။ ဒါတွေက အမြဲ သိမ်းထားဘို့ မလိုဘူးလေ..။ ကျပ်လာရင် လေဘယ်နဲ့ ရွေးပြီး စာဖျက်ပစ်လို့ ရတာပေါ့။


ကဲ..။ ဂလောက်ဆို customized auto reply တစ်စောင် ရလာပါပြီ။ နည်းသိရင် လွယ်ပါတယ်ခင်ဗျ။ မိတ်ဆွေ ကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်။ ဒီပို့စ်လေးဟာ ကျနော် Real Family နဲ့ တောင်ကြီးဖန်မလီ မှာ တင်ခဲ့ဘူးတဲ့ ပို့စ်တစ်ခု ဖြစ်ပါတယ်။

/ဧးသိမ်း/



[gallery include="392,393"]

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား