Wednesday, July 21, 2010

flash ဖိုင် (flv) ဒေါင်းလုပ်လုပ်နည်း

ကျနော် သိတဲ့ flash ဖိုင် (flv) ဒေါင်းလုပ်လုပ်နည်းမျှပါတယ်။

ဘာဖိုင်မဆို ဆွဲချတဲ့ လင့်ရရင် ဆွဲချလို့ ရပါတယ်။ (ဆွဲချခွင့် ရှိရင်ပေါ့လေ..)
ဘရောက်ဇာပဲသုံးသုံး ကြိုက်ရာ downloader ဆော့ဝဲ သုံးသုံးပေါ့။

ကျနော်ကတော့ ဘရောက်ဇာကို Firefox သုံးပါတယ်။ Firefox မှာ Addon တစ်ခု သုံးပါတယ်။ http://www.ant.com/video-downloader/firefox/ ပါ။ ကိုယ်လုပ်ပေးရမှာက ကိုယ်ကြည့်ချင်တဲ့ ဖလက်ရှ်ဖိုင်ပြနေတဲ့ ဝက်ပေ့ခ်ျကို ရောက်အောင်သွားရမှာပါ။ ပြီးရင် play လိုက်ပါ။

စ play တာနဲ့ အဲ့လင့်ကနေ ဖလက်ရှ်ဖိုင်ကို ဘရောက်ဇာက stream လုပ်ပြီးပြနေပါပြီ။ ကျနော်ကတော့ အဲ့ဒီလို ပြတာကို ပြီးအောင် မစောင့်ချင်ပါဘူး။ ဆွဲချပြီး ကြိုက်တဲ့နေရာမှာ ကြည့်မှာပါ။ ဒီတော့ ကိုယ်လိုချင်တဲ့ ဖလက်ရှ်ဖိုင် စပြီး ပလေးတာနဲ့ ဘရောက်ဇာရဲ့ညာအောက်ဘက်က download ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါတယ်။ (အောက်ကပုံအတိုင်း)



ဒါဆို စပြီး ant က အဲ့ဖိုင်ကို download ဆွဲချပါတော့တယ်။ ဆွဲချတဲ့ လင့်ရသွားပီပေါ့ဗျာ။ ဆွဲချနေတာ ကျိမ်းသေပီဆိုရင် ခုနက ဖိုင်ကို play ခိုင်းထားတာ ရပ်ပလိုက်ပါ။ မလိုအပ်တော့ဘူးလေ။ ဘန်ဝဒ်ချွေတာလိုက်တာပေါ့။ ဆွဲချတဲ့ လင့်ရသွားမှတော့ ဒီအတိုင်း ဘရောက်ဇာကိုပဲ ဆွဲခိုင်းခိုင်း၊ တခြား downloader တစ်ခုခုကို သုံးသုံး လိုရာ ဆက်လုပ်နိုင်ပါပြီ။

အော်...ပြောရဦးမယ်..ဆွဲချခဲ့တဲ့ ဖလက်ရှ်ဖိုင်ကို ပြန်ပြီး play ပလေးဖို့၊ convert လုပ်ပြီး ခွေခုတ်ဘို့ကတော့ codec လိုမယ်နော်။ ကျနော်ကတော့ The Combined Community Codec Pack ( http://www.cccp-project.net/ ) ကိုသုံးပါတယ်။

ကျနော်က နာရုတို ကြိုက်တယ်လေ။ ထွက်တာနဲ့ ခုနက နည်းအတိုင်း ဆွဲချပြီး သိမ်းတယ်။ အိမ်ပြန်ရောက်ရင် ကလေးတွေနဲ့ ဘာသာပြန်ပေးရင်း အတူတူ ကြည့်ကြတယ်။ ဂျိတန်းရှ၊ ဂျိတန်းရှ လိုက်ဆိုကြတာ အမောပေါ့။ ပြီးရင် အဲ့ဖလက်ရှ်ကို avi(divx5,ac3) ပြောင်းလိုက်တယ်။ ဒီဗွီဒီပလေယာနဲ့ ကြည့်လို့ရအောင်ပေါ့။ တခွေစာရရင် ခွေဘန်းလိုက်ရုံပဲ။ ဖလက်ရှ်ဖိုင်ကို ဖျက်လိုက်တယ်။ ဒါ ကျနော်လုပ်တဲ့ နည်းပါပဲ...။

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား