Wednesday, June 15, 2011

ရန်ကုန်က ပေါက်ဈေး တွေ များ သိချင်ကြမလား လို့...

ကြော်ငြာတယ်တော့ မထင်ပါနဲ့ ဧးသိမ်းနဲ့ ပတ်သက်မှု့ မရှိပါဘူး :)

ရန်ကုန်က ပေါက်ဈေး တွေ သိချင်တာရှိရင် ချက်ချင်း မေးကြည့်နိုင်ဘို့ပါ။

××××××××××××××××××××

အက်ဘို့အကောင့်က....

××××××××××××××××××××

ဂျီမေး၊ ဂျီတော့ ဆို myanmar.exchange@gmail.com ကို အက်ပါ။

Windows Live Messenger ဆို myanmar.exchange@live.com ကို အက်ပါ။

Yahoo! Messenger ဆို myanmar.exchange@yahoo.com ကို အက်ပါ။

AIM ဆို myanmarexchange@aim.com ကို အက်ပါ။

Facebook မှာဆို https://www.facebook.com/myanmarexchange ကို Friend လုပ်ပါ။

××××××××××××××××××××

အက်ပြီးရင်....

××××××××××××××××××××

FEC ဈေး သိချင်တယ်ဆို ရိုက်ရမှာက FEC

ဒေါ်လာ ဈေး သိချင်တယ်ဆို ရိုက်ရမှာက USD

စင်ကာပူဒေါ်လာ ဈေး သိချင်တယ်ဆို ရိုက်ရမှာက SGD

ငွေလဲနှုန်းတွေ အကုန် သိချင်တယ်ဆို ရိုက်ရမှာက Exchange

ကမ္ဘာ့ဒေါ်လာ ဈေး သိချင်တယ်ဆို ရိုက်ရမှာက World Dollar

ရွှေ ဈေး သိချင်တယ်ဆို ရိုက်ရမှာက Gold

Export Earning ဈေး သိချင်တယ်ဆို ရိုက်ရမှာက Earning

သတ္တု တွေရဲ့ဈေး သိချင်တယ်ဆို ရိုက်ရမှာက Metal

ဆီ ဈေး သိချင်တယ်ဆို ရိုက်ရမှာက Fuel

ဆန် ဈေး သိချင်တယ်ဆို ရိုက်ရမှာက Rice

စပါး ဈေး သိချင်တယ်ဆို ရိုက်ရမှာက Paddy

ဆီ ဈေး သိချင်တယ်ဆို ရိုက်ရမှာက Oil Crop

ကုန်စည် ဒိုင်တွေက အဝင်ကုန် ဈေး သိချင်တယ်ဆို ရိုက်ရမှာက Commodity

ဈေးကွက် ပေါက် ဈေး သိချင်တယ်ဆို ရိုက်ရမှာက Market

××××××××××××××××××××××××

မြန်မာလို သိချင်တယ်ဆိုရင်...

××××××××××××××××××××××××

အဲ....ခုနက ပြောတဲ့ ဈေးတွေကို မြန်မာလို ဖတ်ချင်တယ်ဆိုရင် အနောက်က .mm ခံ ရိုက်ရပါမယ်တဲ့

(ဥပမာ FEC အစား FEC.mm ပေါ့) စမ်းကြည့်တာ မြန်မာလိုတော့ အကုန် မရသလိုပဲ...။

×××××××××Credit ကတော့ ×××××××××××

credit to: https://www.facebook.com/myanmarexchange

ဗဟုသုတ အနေနဲ့ မျှဝေပါတယ်။

bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

FireFox 4 မှာ နောက်ယောင်ခံလိုက်ခံရခြင်းက ကာကွယ်လို့ ရပြီဆိုပဲ

Do Not Track in Firefox 4

Steps:


  • Edit

  • Preferences

  • Advanced

  • General

  • then under the Browsing heading, check box to Tell web sites I do not want to be tracked





Credit To: http://blog.jdpfu.com/2011/03/31/enable-do-not-track-in-firefox-4

bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

Friday, June 10, 2011

Word Tips (# 8): ယူနစ်တွေ ပြောင်းကြည့်ရအောင် Measurement Convert er Smart Tag

ခေါင်းစဉ်က Word Tips ပါ။ Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

ဝတဲ့သူတွေ ပိန်ချင်တယ် ဆိုရင် ဘယ်လို လုပ်သင့်တယ်ဆိုတာ ဖော် ပြ ပေးလိုက်ပါတယ်။ ရေသောက်ပါ။ နေ့စဉ် ထမင်းမစားခင် ရေ ၁၆ အောင်စသောက်ပေးပါ။

ဒါ မမ၀၀ ပို့စ်ထဲ မှာ ပါလာတဲ့ စာသားလေးပါ။ နေ့စဉ် ထမင်းမစားခင် ရေ ၁၆ အောင်စသောက်ပေးပါတဲ့။ အဲ့မှာ ဂွကျတာပဲ။ ရေ ၁၆ အောင်စ ဆိုတာ ဘယ်လောက်လဲ ? သိချင်လာတယ်။ ဒါမှလည်း သောက်လို့ ရမရ ချင့်ချိန်ရမှာကိုး (သေချာတာကတော့ အများကြီး သောက်ခိုင်းတာပဲ နေရမယ် :D )

၁၆ အောင်စ ကို တခြား အလေးချိန်နဲ့ ဆို ဘယ်လောက်လောက်လဲ သိချင်တယ်။ ဘာလုပ်မလဲ။ Unit Conversion ရတဲ့ ဂဏန်းပေါင်းစက် ခေါက်ချင်ခေါက်၊ ဒါမှမဟုတ် Windows 7 ၏ Claculator က Unit Conversion mode ကို သုံး၊ ဒါမှမဟုတ် Windows XP မှာ Microsoft Calculator Plus တင်ပြီး သုံးချင်သုံး၊ နောက်ဆုံး Excel က Convert() function ပဲသုံးသုံး ကြိုက်ရာ ဆော့ဝဲ နဲ့ convert လုပ်ကြည့်နိုင်ပါတယ်။

အခု ကျနော် ပြောမှာက Word Tips ဆိုတော့ Word နဲ့ ကော တွက်ကြည့်လို့ ရမလား ဆွေးနွေးပါရစေဗျာ :)

ဘာလုပ်မလဲ သိချင်တာကို ရိုက်လိုက်ရုံပဲ။ အခု သိချင်တာက ၁၆ အောင်စ။ အင်း.... ဗမာ လိုတော့ မရသေးဘူးဗျို့။ အီးလို ရိုက်မှ ရမယ်။ 16 ounce ဒါမှ မဟုတ် 16 oz ပေါ့။ Word က ဖွင့်ပြီးသား ရှိနေတယ်။ ရိုက်လိုက်ပြီ။ 16 oz အနောက်မှာ စပိတ်ဘား (space) ပုတ်ပေးလိုက်တယ်။ အောက်က ပုံကို ကြည့်ပါ။



ရိုက်ပြီးရင် အဲ့ 16 oz အပေါ်ကို မောက်လေးရွှေ့ပေးလိုက်ပါ။ Measurement Converter Smart Tag က ထ အလုပ်လုပ်ပါမယ်။ Smart Tag (ဝါ) Action ကလေး ပေါ်လာပါမယ်။ အောက်က ပုံကို ကြည့်ပါ။



ပေါ်လာရင် အဲ့ဒီ Smart Tag ကလေးကို မောက်စ် နဲ့ သွားထောက်လိုက်ပါ။ Smart Tag ကလေး လင်းကနဲ ဖြစ်သွားပါမယ်။ Smart Tag အပေါ်မှာ အောက်စိုက်နေတဲ့ မျှားကလေး တွေ့ပါသလား။ အဲ့မျှားကလေးကို နှိပ်လိုက်ပါ။ အောက်က ပုံကို ကြည့်ပါ။


ှSmart tag နေရာမှာ Measurement Converter နဲ့ အစချီတဲ့ Menuလေး ကျလာပါမယ်။ တခါတည်း တွက်ပေးပြီးသား အဖြေပါ ပါလာပါမယ်။ အောက်က ပုံကို ကြည့်ပါ။


ဒါဆို ၁၆ အောင်စ ဟာ ဂရမ်နဲ့ဆို ဘယ်လောက် လေးသလဲ Word ရှိရုံနဲ့ မြန်မြန် မိတ်ဆွေ သိနိုင်ပါပြီ။ ၄၅၃.၆ ဂရမ် ဆိုတော့ ၂၈ကျပ်သား ပေါ့ဗျာ။ အဟဲ ဘယ်လိုလဲ မနက်စာ မစားခင် သောက်ရမှာနော်း။ ဖြစ်မလား :)

ယူနစ်တွေ ပြောင်းကြည့်ရအောင် အစချီတဲ့ Word Tip လေး ပြီးပါပြီ။ အောက်မှာ နည်းနည်း ကွန့်ပါဦးမယ်။

~~~~~~~~ Q & A အစ ~~~~~~~~
Smart Tag ဆိုတာ - ရိုက်တဲ့ စာထဲမှာ ပါတဲ့ စကားလုံးလေးတွေကို လိုက်ဖတ်ပြီး အထအန ကောက်ပေးတဲ့ နည်းပညာပါ။ ဥပမာ နေ့စွဲရိုက်ရင် နေ့စွဲမှန်း သိပေးတယ်။ အချိန် ရိုက်ရင် အချိန်မှန်း သိပေးတယ်။ လူနာမည် ရိုက်ရင် Outlook နဲ့ ချိတ်ပြီး ဘယ်သူလဲဆိုတာ ကူသိပေးတယ်။

Measurement Converter Smart Tag ဆိုတာ - ယူနစ် တန်ဘိုး တစ်ခုခု (ဥပမာ 1 mile, 3 kg စသဖြင့် မက်ထရစ်၊ CGS ယူနစ်တွေ) ရိုက်ရင် ယူနစ်တန်ဘိုးမှန်း သိပေးမယ်။ တန်ဘိုးကို ယူနစ် တစ်ခုမှ တစ်ခုသို့ ပြောင်းနိုင်အောင် ကူညီပေးမယ်။ ဒါက သူလုပ်ပေးမယ့် Actions ပါ။

Smart Tag မတက်လာဘူး ဆိုရင်
- Word 2007 အတွက် Word Tips: Word 2007 မှာ Smart Tag ကို သုံးချင်ရင် ကို ဖတ်ကြည့်ပါ။

- Word 2003, 2002 အတွက် Word Tips: Word XP, Word 2003 မှာ Smart Tag ကို သုံးချင်ရင် ကို ဖတ်ကြည့်ပါ။

Word 2003 မှာ Measurement Converter Smart Tag ရှာမတွေ့ရင် Word Tips: Word 2003 မှာ Measurement Converter Smart Tag ရှိမနေရင် .. ကို ဖတ်ကြည့်ပါ။

Word 2003 ကနေ Word 2007 ပြောင်းသုံးခါကာစဆိုရင် Word Tips: Word 2003 ကနေ Word 2007 ကို ပြောင်းအသုံးမှာ ခလုတ်တွေ ရှာရခက်နေရင်ကို ဖတ်ကြည့်ပါ။

Measurement Converter Smart Tag က ဘာယူနစ်တွေ ပြောင်းပေးနိုင်လဲ သိချင်ရင်... Word 2007 သုံးသူဆိုပါက ဒီမှာ ဖတ်ပါ။ အောက်မှာလည်း အကြမ်းဖျင်း ဖော်ပြပါမယ်။































































LengthAreaVolume
miles to kilometerssquare feet to m2U.K. pints to liters
kilometers to milesm2 to square feetU.S. pints to liters
inches to centimeterssquare yards to m2liters to U.K. pints
centimeters to inchesm2 to square yardsliters to U.S. pints
millimeters to inchesacres to ha (hectare)liters to gallons
feet to centimetersha to acresgallons to liters
centimeters to feetacre to m2oz to deciliters
meters to feetm2 to acredeciliters to oz
feet to metersquarts to liters
yards to metersliters to quarts
meters to yardscubic feet to m3
m3 to cubic feet































TemperatureWeightSpeed
Celsius to Fahrenheitpounds to kgmph to km/h
Fahrenheit to Celsiuskg to poundskm/h to mph
grams to ounces
ounces to grams
stones to kg
kg to stones and pounds


လုံးဝ အစုံကြီး မဟုတ်တောင် တော်တော်လေး စုံတယ် ဆိုရမှာပဲ။ ဗဟုသုတ အနေနဲ့ မျှဝေလိုက်ပါတယ်။

~~~~~~~~ Q & A ပြီးပါပြီ ~~~~~~~~
bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

Word Tips: Word 2003 မှာ Measurement Converter Smart Tag ရှိမနေရင် ..

ခေါင်းစဉ်က Word Tips ပါ။ Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

Measurement Converter Smart Tag က Word 2007 က စပြီး default အနေနဲ့ ပါလာပါတယ်။ Word 2003 မှာတော့ Default အနေနဲ့ ပါမလာသေးပါဘူး။ (* Smart Tag တွေကို Word 2002 မှာစပြီး Microsoft က မိတ်ဆက်ခဲ့ပါတယ်။ ) ဒါ့ကြောင့် Measurement Converter Smart Tag ကို သုံးချင်ရင် သတ်သတ် ဒေါင်းလုပ်ဆွဲတင်ပေးရပါမယ်။ သူ့ အင်စတော်လာက သေးသေးလေးပါ 1.2 mb ပဲ ရှိပါတယ်။ တကယ်က Word 2002 အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Word 2003 မှာလည်း သုံးလို့ ရပါတယ်။ ဒေါင်းလုပ်ကို Microsoft ၏ ဒေါင်းလုပ်ဆိုဒ် မှာ ဆွဲချယူပါ

Measurement Converter Smart Tag အင်စတော်လာ အကြောင်း ဖတ်ချင်ရင် ဒီမှာ ဖတ်ပါ။

အင်စတောကတော့ ရှင်းပါတယ်။ အပေါ်က ဒေါင်းလုပ်ကို ယူပြီးရင် MetST.exe ဆိုတဲ့ ဖိုင် ရလာပါမယ်။ အဲ့ဒီ့ ဖိုင်ကို run လိုက်ရုံပါပဲ။ မ run ခင်မှာ Word 2003 ကို ပိတ်ထားဘို့တော့ လိုမယ်ပေါ့ဗျာ။ လိုအပ်တာ အဆင့်ဆင့်ကို အင်စတော်လာက ညွှန်တဲ့ အတိုင်း ဆက်လုပ်သွားရုံပါပဲ။

အင်စတော်လာ တင်ပြီးနောက် Word 2003 ကို ပြန်ဖွင့်ရင် Security Warning တက်ကောင်း တက်နိုင်ပါတယ်။ (* ထုံးစံအတိုင်း ယုံကြည်မှ သုံးပါပေါ့ဗျာ။) အောက်က ပုံကို ကြည့်ပါ.။ (* နမူနာ ပြတာပါ။ ချွတ်စွတ် တူမှာ မဟုတ်ပါ။) Microsoft ကို ယုံကြည်ရင် Enable Macros ကို နှိပ်ပေးလိုက်ရုံပါပဲ။ မယုံရင်တော့ Measurement Converter Smart Tag သုံးလို့ ရမှာ မဟုတ်ပါ။



တင်လို့ အောင်မြင်ရင် AutoCorrect Options က Smart Tags စာရင်းပေါ်ကို Measurement Converter ရောက်သွားပါလိမ့်မယ်။ သုံးဘို့ရာ သူ့ကို အမှန်ခြစ်ပေးပြီး အိုကေ ပေးလိုက်ရပါမယ်။ အောက်က ပုံကို ရှုပါ။


ဒါဆို Word 2003 မှာ Measurement Converter Smart Tag ရှိမနေရင် ရှာပြီး တင်ဘို့အကြောင်း ဆွေးနွေးခြင်း ပြီးပါပြီ။

Links:



~~~~~~

Measurement Converter Smart Tag MetST.exe ကို တင်တော့ တင်လိုက်တာပဲ။ ဒါပေမယ့် Smart Tags စာရင်းထဲ ဘယ်လိုမှ ရောက်မလာဘူးဆိုရင်တော့ အောက်ပါ အကြောင်းများကြောင့် ဖြစ်နိုင်ပါတယ်။
- Macro Security မြင့်နေခြင်း (Tools Menu > Macro > Security မှာ Security Level ကို လျော့ပေးလိုက်ပါ။ Medium လောက်ဆို မဆိုးဘူး ထင်တာပဲ။)

- သင့် စက်က MetST.exe၏ Digital Certificate ကို Trust မဖြစ်ခြင်း။ (Tools Menu > Macro > Security က Trusted Publisher မှာ Trust all နဲ့ စတဲ့ အကွက် ၂ ခုလုံးကို အမှန်ခြစ် ပေးလိုက်ပါ။)
- Word 2003 ကို Restart လုပ်ကြည့်ပါ။

ဒီလို လုပ်တာတောင်မှ Smart Tags စာရင်းထဲ Measurement Converter Smart Tag ရောက်မလာသေးဘူးဆိုရင်တော့ ဝမ်းနည်းပါတယ်။ Word 2007 ပဲ ပြောင်းသုံးလိုက်ပါ ပြောရတော့မှာပဲ။ * Word 2003 ၏ ပြဿနာတွေကို Microsoft က မဖြေရှင်းပေးတော့တာ ၂၀၀၉ ခုနှစ် ဧပြီလ ၁၄ ၇က်နေ့ကတည်းကပါ။ ၂၀၁၄ ဧပြီလ ၈ရက်နေ့ဆို Extended Support လည်း ဖြတ်တော့မယ် ဆိုပါတယ်။ ဘာလို့ ဒီလို ပြောရလဲ ဆိုရင် ကျနော် ကိုယ်တိုင်လည်း Measurement Converter Smart Tag တင်မရတဲ့ Word 2003 + Xp Sp2 , Sp3 စက်တွေ တွေ့ဘူးပါတယ်။ ဘယ်လိုမှ စမ်းလို့ မအောင်မြင်တော့လို့ပါ။
bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

Word Tips: Word XP, Word 2003 မှာ Smart Tag ကို သုံးချင်ရင်

ခေါင်းစဉ်က Word Tips ပါ။ Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

Word 2003 မှာ Smart Tag ကို သုံးချင်တယ်။ ဒါပေမယ့် Smart Tag တွေ ပိတ်ထားတယ်ဆိုပါစို့။ Smart Tag တွေ ပြန်ဖွင့် (Enable Smart Tag) ရမည့် နေရာ ကို ညွှန် ပြ ချင်ပါတယ်။

က) Word 2003 ၏ Tools Menu ရှိ Options ခလုတ်ကို နှိပ်ပါ။ အောက်က ပုံကို ကြည့်ပါ။



ခ) Options Dialog-Box ကျလာပါပြီ။ "View" tab-menu ကို ရွေးလိုက်ပါ။ ပြီးရင် "Show" အုပ်စုမှာ "Show Smart Tags" ကို အမှန်ခြစ် ပေးပါ။ အိုကေနဲ့ ထွက်ပေးပါ။

Tools > Options > View > Show > Show Smart Tags (checked) > OK
အောက်က ပုံကို ရှုပါ။ ဒီလို လုပ်ပြီးရင် သုံးတဲ့ Smart Tags တွေကို မြင်ရတော့ပါမယ်။ ဘာ Smart Tags သုံးချင်လဲ ဆိုတာ နောက်တစ်ဆင့်မှာ ဆက်ရွေးပါမယ်။


ဂ) Word 2003 ၏ Tools Menu ရှိ AutoCorrect Options ခလုတ်ကို နှိပ်ပါ။ အောက်က ပုံကို ကြည့်ပါ။



AutoCorrect Dialog-Box ကျလာပါမယ်။ AutoCorrect Dialog-Box မှာ Smart Tags Tab-Menu ကို နှိပ်ပါ။ Smart Tags စာမျက်နှာကို ရောက်ပါမယ်။
ZA006048901.gif

"Label text with smart tags" ကို အမှန်ခြစ် ပေးထားရပါမယ်။ (ဒါက စာပေါ်မှာ smart tag ဖြစ်ကြောင်း သိအောင် ပြတဲ့ လိုင်းလေးတွေ ပြပေးမှာပါ။ အပေါ်ပုံက နံပတ် 2 လိုပေါ့။)
ကိုယ်သုံးချင်တဲ့ smart tag တွေ ကို အမှန်ခြစ်ပေးပါ။ (ဥပမာ။ Measurement Converter ကို သုံးလိုလျှင် Measurement Converter ကို အမှန်ခြစ်ပေးပါ။)

"Show smart tag action buttons" ကို အမှန်ခြစ်ပေးပါ။ (ဒါက smart Tag ပေါ်မှာ လုပ်လို့ရတဲ့ action တွေ ထုတ်ပေမည့် (i) ပုံလေးနဲ့ ContextMenu ကို ပြပေးမှာပါ။ အပေါ်ပုံက နံပတ် 1 လိုပေါ့။) ပြီးရင် အိုကေ ပေးပြီး ထွက်လိုက်ပါ။





ဒါဆို Word 2003 မှာ ကိုယ်သုံးချင်တဲ့ Smart Tag ကို ရွေးချယ်နည်း ပြီးပါပြီ။

bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

Word Tips: Word 2007 မှာ Smart Tag ကို သုံးချင်ရင်

ခေါင်းစဉ်က Word Tips ပါ။ Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

Word 2007 မှာ Smart Tag ကို သုံးချင်တယ်။ ဒါပေမယ့် Smart Tag တွေ ပိတ်ထားတယ်ဆိုပါစို့။ Smart Tag တွေ ပြန်ဖွင့် (Enable Smart Tag) ရမည့် နေရာ ကို ညွှန် ပြ ချင်ပါတယ်။

က) Word 2007 ၏ Office Orb Button (ဘယ်ဘက် အပေါ်ဆုံးထောင့်က ဘုလုံး ခလုတ်) ကို နှိပ်ပါ။ File Menu ကျလာပါမယ်။ Word Options ခလုတ်ကို နှိပ်ပါ။

Word 2007 > Office Orb Button > Word Options
အောက်က ပုံကို ကြည့်ပါ။



ခ) Word Options Dialog-Box ကျလာပါပြီ။ ဘယ်ဘက်က စာရင်းမှာ "Advanced" ကို ရွေးလိုက်ပါ။ ပြီးရင် ညာဘက်က "Show document content" အုပ်စုမှာ "Show Smart Tags" ကို အမှန်ခြစ် ပေးပါ။ အိုကေနဲ့ ထွက်ပေးပါ။

Word Options > Advanced > Show document content > Show Smart Tags (checked) > OK
အောက်က ပုံကို ရှုပါ။ ဒီလို လုပ်ပြီးရင် သုံးတဲ့ Smart Tags တွေကို မြင်ရတော့ပါမယ်။ ဘာ Smart Tags သုံးချင်လဲ ဆိုတာ နောက်တစ်ဆင့်မှာ ဆက်ရွေးပါမယ်။


ဂ) Word Options ကို ပြန်ဖွင့်ပါ။ ဘယ်ဘက်မှာ Proofing ကို ရွေးပါ။ ပြီးရင် ညာဘက်မှာ AutoCorrect Options ကို နှိပ်ပါ။

AutoCorrect Dialog-Box ကျလာပါမယ်။ AutoCorrect Dialog-Box မှာ Smart Tags Tab-Menu ကို နှိပ်ပါ။ Smart Tags စာမျက်နှာကို ရောက်ပါမယ်။
ZA006048901.gif

"Label text with smart tags" ကို အမှန်ခြစ် ပေးထားရပါမယ်။ (ဒါက စာပေါ်မှာ smart tag ဖြစ်ကြောင်း သိအောင် ပြတဲ့ လိုင်းလေးတွေ ပြပေးမှာပါ။ အပေါ်ပုံက နံပတ် 2 လိုပေါ့။)
ကိုယ်သုံးချင်တဲ့ smart tag တွေ ကို အမှန်ခြစ်ပေးပါ။ (ဥပမာ။ Measurement Converter ကို သုံးလိုလျှင် Measurement Converter ကို အမှန်ခြစ်ပေးပါ။)

"Show smart tag action buttons" ကို အမှန်ခြစ်ပေးပါ။ (ဒါက smart Tag ပေါ်မှာ လုပ်လို့ရတဲ့ action တွေ ထုတ်ပေမည့် (i) ပုံလေးနဲ့ ContextMenu ကို ပြပေးမှာပါ။ အပေါ်ပုံက နံပတ် 1 လိုပေါ့။) ပြီးရင် အိုကေ ပေးပြီး ထွက်လိုက်ပါ။



ဒါဆို Word 2007 မှာ ကိုယ်သုံးချင်တဲ့ Smart Tag ကို ရွေးချယ်နည်း ပြီးပါပြီ။

bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

Thursday, June 9, 2011

Word Tips: Word 2003 ကနေ Word 2007 ကို ပြောင်းအသုံးမှာ ခလုတ်တွေ ရှာရခက်နေရင်

ခေါင်းစဉ်က Word Tips ပါ။ Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

Word 2003 ကနေ Word 2007 ကို ပြောင်းသုံးကာစမှာ နည်းနည်းတော့ ကသီလင်တ နိုင်ကြပါတယ်။

အရင် Word 2003 မှာတုန်းက Menu တွေ Toolbar တွေ နဲ့ စခန်းသွားခဲ့ကြပေမယ့် Word 2007 ကျတော့ တော်တော်လန်းသွားပြီ။ Menu, Toolbar တွေအစား Ribbon က နေရာဝင်ယူလာပြီ။

ZA010076740.gif
ဒါက Word 2007 ၏ Ribbon ကို ပြထားပုံပါ။

Word 2003 ကနေ Word 2007 ကို ပြောင်းသုံးတဲ့ User များ ရှိရင် အရင် သိထားတဲ့ ခလုတ်တွေ ရှာရလွယ်အောင် Microsoft က ထုတ်ပေးတဲ့ လမ်းညွှန်လေးတွေ မျှချင်ပါတယ်။

၁) Word 2003 to Word 2007 command reference guide တဲ့။ Interactive ပါ။ မိုက်ကရိုဆော့ ဝက်ဆိုဒ်ထဲမှာ ဝင်ကြည့်နိုင်ပါတယ်။ ဒီမှာ လင့်ပါ။ Flash (FLV) ဖိုင် ဖြစ်ပါတယ်။ စက်ထဲမှာ Adobe Flash Player 7.0 or later တော့ ရှိရမှာ ဖြစ်ပါတယ်။

၂) Word 2003 to Word 2007 interactive command reference guide တဲ့။ (၁) နဲ့ တူတူပါပဲ။ ဒါပေမယ့် သူက ဆွဲချသိမ်းထားလို့ ရပါတယ်။ ဒီ လင့် ကနေ ဆွဲယူပါ။

၃) Excel 2003 to Excel 2007 command reference guide ကတော့ Excel အတွက်ပါ။ မိုက်ကရိုဆော့ ဝက်ဆိုဒ်ထဲမှာ ဝင်ကြည့်နိုင်ပါတယ်။ ဒီမှာ လင့်ပါ။ Flash (FLV) ဖိုင် ဖြစ်ပါတယ်။ စက်ထဲမှာ Adobe Flash Player 7.0 or later တော့ ရှိရမှာ ဖြစ်ပါတယ်။

၎) Excel 2003 to Excel 2007 interactive command reference guide တဲ့။ (၃) နဲ့ တူတူပါပဲ။ ဒါပေမယ့် သူက ဆွဲချသိမ်းထားလို့ ရပါတယ်။ ဒီ လင့် ကနေ ဆွဲယူပါ။

bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

Monday, June 6, 2011

Word Tips (# 7): Word ထဲမှာ ဂဏန်းတွက်မယ် အပိုင်း(၃) ရှော့ကပ်ကီး မသုံးချင်သူများအတွက်

ခေါင်းစဉ်က Word Tips ပါ။ Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

အရင် တစ်ခေါက်က ပြောပြခဲ့တဲ့ Word ထဲမှာ ဂဏန်းတွက်မယ် အပိုင်း(၂) က နည်းလမ်းကိုပဲ ရှော့ကပ်ကီး သုံးမည့်အစား သမားရိုးကျ တွက်ထုတ်ဘို့ရာ လုပ်ရမည့် နည်းတစ်နည်း မျှချင်ပါတယ်။

(*** Word ထဲမှာ ဂဏန်းတွက်မယ် အပိုင်း(၂) ကို ပြန်ဖတ်မယ် ဆိုရင် ဒီမှာပါ။)

တွက်ချင်တာက အပိုင်း(၁) က ဖော်မြူလာနဲ့ တူတူပဲ ဆိုပါတော့ ...

(123456-23456+11111)*9*10%

123456 ထဲကနေ 23456 နှုတ်ချင်တယ်ဗျာ။ ပြီးတော့ 11111 ထည့်ပေါင်းမယ်။ အဲ… ရလဒ်ကို 9 နဲ့ မြှောက်မယ်။ လိုချင်တာက နောက်ဆုံးရလဒ်ရဲ့ 10 ရာခိုင်နှုန်း။ ဒါကို ချရေးရင် (123456-23456+11111)*9*10% ပေါ့။ နမူနာ ဖော်မြူလာကို ရိုးရိုးရှင်းရှင်း 1+1 လို့တောင် ပေးချင်ပါရဲ့ဗျာ။ ပေါ့သွားမစိုးလို့ နည်းနည်း ဆားခတ်လိုက်တာ သည်းခံပါ :)

၁) Word ဖိုင်ကို ဖွင့်ပါ။ အဖြေရေးချင်တဲ့ နေရာမှာ ကာဆာ (Cursor)ချပါ။

Word ဗားရှင်း 2007 နှင့် အထက်ဆိုရင် Insert Menu ကိုလှန်ပါ။ Text အုပ်စုထဲရှိ Quick Parts ကို နှိပ်ပါ။ Field ကို နှိပ်ပါ။ အောက်က ပုံကို ရှုပါ။



Word ဗားရှင်း 2003 နှင့် အောက် ဆိုရင် Insert Menu က Field ကို ရွေးနှိပ်ပါ။

အောက်က ပုံကို ရှုပါ။



၂) Field Dialog Box ပေါ်လာပါမယ်။ Field Name မှာ = (formula) ကို ရွေးလိုက်ပါ။ ညာဘက်က အကွက်မှာ ဖော်မြူလာခလုတ် ထပ်ပေါ်လာပါမယ်။ အဲ့ဒီ ဖော်မြူလာ ခလုတ် (formula) ကို နှိပ်လိုက်ပါ။ အောက်က ပုံကို ရှုပါ။



၃) ဒါဆို Formula Dialog-box ပေါ်လာပါပြီ။ ဒီအဆင့်ဆို ဘာဆက်လုပ်ရမယ်မှန်း Excel အသုံးပြုသူတွေ တန်းသိလောက်ပါပြီ။ ညီမျှခြင်း သင်္ကေတ (=) နောက်ကနေ ကပ်ပြီး တွက်စေချင်တဲ့ ဖော်မြူလာ ရေးပေးပါ။ ဖြစ်စေချင်တဲ့ Number Format ကို ဖော်မြူလာ Text Box အောက်က Nmber Format Box မှာ ရွေးပေးပါ။ ဘာ Number Format မှ မသုံးချင်ရင် ရွေးထားဆဲ Number Format ကို Delete လုပ်လိုက်ပါ။ အောက်က ပုံကို ရှုပါ။ ကျေနပ်ပြီဆို အိုကေ ခလုတ်ကို နှိပ်လိုက်ပါ။ အဖြေ [Result of Formula Field] တန်းရပါလိမ့်မယ်။



ရှော့ကပ်ကီး မသုံးပဲ တွက်နည်း ပြီးပါပြီ။

မှတ်ချက်။ မောက်စ်နဲ့ ကီးဘုတ် တွဲကိုင်တတ်သူများ အတွက် အဆင်ပြေမှာပါ။ သူများရှေ့မှာ ဖြတ်ခနဲ (တွက်နည်းဖွက်ပြီး) တွက်ထုတ်ပြချင်ရင်တော့ ဒီနည်းထက် အပိုင်း(၂)က နည်းက ပိုသင့်တော်ပါတယ်။ သိတယ်ဟုတ်? ဖိုတိုရှော့မှာတောင် သူများရှေ့မှာ Retouch လုပ်ရမည့်အခါ (customer ကို ကိုယ် ဘယ်လို retouch လုပ်လိုက်မှန်း)မပြစေချင်တဲ့အခါ Tool ဖွက်ဘို့ရာ ကီး ပါသေးတာပဲ :)

အောက်မှာ ဆက် ပြောပြချင်တာက ဖော်မြူလာကို ပြန်ပြင်ချင်တဲ့ အခါ ဘယ်လို ပြင်မလဲ (or) Number Format တွေ ဘယ်လို ပြန်ရွှိုင်းမလဲ ဆိုတာပါ။

၎) အဖြေ [Result of Formula Field] ပေါ်မှာ Right click ခေါက်ရင် ပေါ်လာမည့် Context Menu ထဲမှာ ထို Field ကို နဲ့ ပတ်သက်တဲ့ မီနူး (၃) ခု ပါပါတယ်။ အောက်က ပုံကို ရှုပါ။




  • Update Field ကို ခေါက်ရင် ထို Field ၏ Result ကို update လုပ်ပေးပါတယ်။ (Shortcut Key က F9 ပါ)။



အပိုင်း(၂) မှာ ကျနော်တို့ ဖော်မြူလာ ရေးပြီးတာနဲ့ F9 နှိပ်လိုက်ပါတယ်။ ဒါ update လုပ်လိုက်တာပါ။ (ဘာလို့လဲ.. မရေးခင်က Field အလွတ် ၏ Resultက ဗျောင်၊ ဗလာ တစ်ခု ဖြစ်ပါတယ်။ ဖော်မြူလာ ထည့်ပြီးနောက်မှာ ထို Field ၏ Result က ဗျောင် မဟုတ်တော့ပါဘူး။ ဒါကြောင့် Field ၏ Resultကို ပြန်တွက်ပေးစေချင်၍ (forced) update လုပ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။)


  • Edit Field ကို နှိပ်ရင် ထို Field ကို Edit လုပ်ဘို့ရာ Field Edit Dialog-box ကို ပြန်ပြပေးပါမယ်။ ထို Field ၏ ဖော်မြူလာနှင့် Number Format တို့ ကို ပြန်ပြင်ဆင်နိုင်ပါတယ်။ Edit Field ကို နှိပ်၍ Number Format များ တစ်ခုပြီး တစ်ခု အလဲ အလှယ်သုံးကြည့်ခြင်းအားဖြင့် Number Format အသီးသီးက Field Result အပေါ် ဘယ်လို တန်ဆာဆင်ပေးကြလဲ ဆိုတာကို လေ့လာကြည့်သင့်ပါတယ်။




  • Toggle Field Code ကတော့ အပိုင်း(၂) က Q&A မှာ ရေးခဲ့တဲ့ အတိုင်းပါပဲ။ သူ့တာဝန်က ကိုယ် ကာဆာချထားတဲ့ Field တစ်ခုကို ဖော်မြူလာ နဲ့ အဖြေ အလှည့်စီ ပြပေးဘို့ပါ။ ရှော့ကပ်ကီးက [Shift+F9] ပါ။ ဒီ ကီးကို ခဏ ခဏ လေ့ကျင့်စေလိုပါတယ်။ မိမိ၏ ဖော်မြူလာ မှန်၊ မမှန်ကို Quick Checking လုပ်ဘို့ အဆင်ပြေတဲ့ ကီး ဖြစ်ပါတယ်။



ဒီတစ်ခေါက် ဒီမှာတင် ရပ်ပါမယ်။ မှားတာတွေ့ရင် ပြင်ဖတ်ပေးပါ။ ကျနော့်လည်း လက်တို့ပါ။ ဒါမှ ပြင်လို့ ရမှာ...။ သည်းခံ ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။

_____________________

please credit to previous post here:

https://layhtankone.wordpress.com/2011/06/02/word-tips-word-%E1%80%91%E1%80%B2%E1%80%99%E1%80%BD%E1%80%AC-%E1%80%82%E1%80%8F%E1%80%94%E1%80%B9%E1%80%B8%E1%80%90%E1%80%BC%E1%80%80%E1%80%B9%E1%80%99%E1%80%9A%E1%80%B9-%E1%80%A1%E1%80%95%E1%80%AD/

____________________

bHappy_1_s.gif

uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

Thursday, June 2, 2011

Word Tips (# 6): Word ထဲမှာ ဂဏန်းတွက်မယ် အပိုင်း(၂) Ctrl+F9, =formula, F9

ခေါင်းစဉ်က Word Tips ပါ။ Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

Word ထဲမှာ ဂဏန်းတွက်လို့ ရတဲ့ နောက်ထပ်နည်းတစ်နည်း ပြောပြချင်ပါသေးတယ်။
(*** အရင်တခါက ပြောပြခဲ့တဲ့ နည်းကို ပြန်ဖတ်မယ် ဆိုရင် ဒီမှာပါ။)

တွက်ချင်တာက အပိုင်း(၁) က ဖော်မြူလာနဲ့ တူတူပဲ ဆိုပါတော့ ...

(123456-23456+11111)*9*10%

123456 ထဲကနေ 23456 နှုတ်ချင်တယ်ဗျာ။ ပြီးတော့ 11111 ထည့်ပေါင်းမယ်။ အဲ… ရလဒ်ကို 9 နဲ့ မြှောက်မယ်။ လိုချင်တာက နောက်ဆုံးရလဒ်ရဲ့ 10 ရာခိုင်နှုန်း။ ဒါကို ချရေးရင် (123456-23456+11111)*9*10% ပေါ့။ နမူနာ ဖော်မြူလာကို ရိုးရိုးရှင်းရှင်း 1+1 လို့တောင် ပေးချင်ပါရဲ့ဗျာ။ ပေါ့သွားမစိုးလို့ နည်းနည်း ဆားခတ်လိုက်တာ သည်းခံပါ :)

၁) Word ဖိုင်ကို ဖွင့်ပါ။ အဖြေရေးချင်တဲ့ နေရာမှာ ကာဆာ (Cursor)ချပါ။ Ctrl ကီးနဲ့ F9 ကီး ကို တွဲနှိပ်ပါ။ [Ctrl+F9]

၂) ကာဆာချထားတဲ့ နေရာမှာ လက်သည်းကွင်း မည်းမည်းလေး တစ်စုံ ပေါ်လာပါမယ်။ (ဒီပုံလို အရာလေးပါ။ ) အဲ့ဒီ လက်သည်းကွင်း မည်းမည်းလေး တစ်စုံရဲ့ အလယ်မှာ ကာဆာကျလျက်သား ရှိပါမယ်။ ကာဆာ ကျမနေပါက ၎င်း အလယ်နေရာကို ကာဆာချပါ။

၃) ညီမျှခြင်း သင်္ကေတ (=) ရေးပါ။ (ဒီပုံလို ဖြစ်သွားပါမယ်။ ) ညီမျှခြင်းရဲ့နောက်မှာ ကိုယ်တွက်ချင်တာ ရေးချလိုက်ပါ။ ကျနော် နမူနာပေးတဲ့ ဖော်မြူလာကို ရေးချလိုက်ရင်(ဒီပုံလို ဖြစ်သွားပါမယ်။ )

၎) တွက်ချင်တာ ချရေးပြီးလျှင်... F9 ကီး အရင် နှိပ်ပါ။ [F9] အဖြေ တန်းပေါ်ပါမယ်။ မပေါ်သေးရင် Shiftကီးနဲ့ F9 ကီးကို တွဲနှိပ်လိုက်ပါ။ [Shift+F9] အဖြေရပါပြီ။ (အဖြေကို ဒီပုံမှာ ရှုပါ။ )

Word ထဲမှာ ဂဏန်းတွက်မယ် အပိုင်း(၂) ဒီမှာ ပြီးပါပြီ။

အတိုကောက်မှတ်မယ်ဆို [Ctrl+F9, =formula, F9] လောက်မှတ်ထားရင် အသုံးတည့်မှာပါ။ :)

အောက်မှာ ရေးမှာက ဒီ သဘောတရားကို နည်းနည်းလောက် ဖြည့်စွက်ရှင်းပြမှာပါ။ ဆက်မဖတ်ခင် အပေါ်က အဆင့်လေးတွေ အရင် လုပ်ကြည့်ဘို့ တိုက်တွန်းပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

.

.

.

ှQ & A

Q: အဆင့်(၁)မှာ ကီး [Ctrl+F9] ကို ဘာလို့ နှိပ်ရသလဲ ?

A: Field အခွန်/အလွတ် တစ်ခု လိုချင်လို့ပါ။ [Ctrl+F9] နဲ့ Insert menu က Insert Field နဲ့ တူတူပါပဲ။

Q: Field ဆိုတာ ?

A: Field ဆိုတာ Word ဖိုင်ထဲမှာ အချက်အလက် (data) တွေ သိမ်းဘို့ လျာထားတဲ့ နေရာ (placeholder)ပါ။ Field တစ်ခုကို လက်သည်းကွင်းမည်းမည်းလေး တစ်စုံနဲ့ ကိုယ်စားပြုပါတယ်။ ကွင်းအစဟာ Field ၏ အစ ဖြစ်ပြီး ကွင်းအဆုံးဟာ ထို Field ၏ အဆုံးဖြစ်ပါတယ်။ ထို လက်သည်းကွင်းလေးဟာ Field တစ်ခု၏ အသက် ဖြစ်ပါတယ်။ ကီးဘုတ်မှ ရိုက်ထည့်၍ မရပါ။

Q: Field ကို ဥပမာ ပေးမယ်ဆိုရင် ?

A: စာမျက်နှာနံပတ် ၊ နေ့စွဲ စသည် သူ့အလိုလို ပြောင်းလဲ နေတဲ့ အချက်အလက် (data)တွေဟာ Field တွေပါပဲ။ Field လို့ပြောရင် Mail-merged Field, Cross Reference, Hyperlink အားလုံးဟာ Field တွေပါပဲ။ Field ကို "Word ထဲက စာအရှင်" လို့တောင် ခေါ်ထိုက်ပါတယ်။

Q: Field အခွန်/အလွတ် ဆိုတော့ မလွတ်တာလည်း ရှိသလား ?

A: အဆင့်(၁)မှာ ကီး [Ctrl+F9] ကို နှိပ်တော့ Field အခွန် တစ်ခု ရလာပါတယ်။ အဲ့အခွန်ထဲမှာ ဂဏန်းတွက်ဘို့ ညီမျှခြင်း (=) ရေးလိုက်တာနဲ့ ဒါ ဖော်မြူလာ Field တစ်ခု ဖြစ်လာပါတယ်။

Q: ဖော်မြူလာ Field (Formula Field) မှာ ဂဏန်းတွက်တာ ကန့်သတ်ချက် (limit) ရှိပါသလား?

A: ရှိပါတယ်။ ညီမျှခြင်း (=)နောက်မှာ တွက်စရာ တစ်ခုခုရှိရပါမယ်။ မရှိရင် ဒီလို အမှား ပေါ်ပါမယ်။ (ဒီပုံကို ရှုပါ။ )

နောက်ပြီး Switch များ သုံး၍ ဖော်မြူလာ၏ အဖြေကို တန်ဆာဆင်တဲ့အခါ ဖော်မြူလာ၏ အဖြေသည် 999999.99 ကျော်လျှင် Syntax Error ပေးပါလိမ့်မယ်။ (ဒါဆို အဖြေမှန် အစား ဒီလို ပြပါလိမ့်မယ်။ )

Q: Switch များ သုံး၍ဆိုတာ ?

A: ဖော်မြူလာ၏ အဖြေကို တန်ဆာဆင်လိုတဲ့ အခါ Switch များ သုံးနိုင်ပါတယ်။ ဥပမာ။ အဆင့်(၄) က ရလာတဲ့ အဖြေဟာ 99999.9 ပါ။ ဒါကို 99,999.90 လို့ ပေါ်စေချင်တယ်။ (ဒါမှမဟုတ်) "ninety-nine thousand nine hundred ninety-nine and 90/100" လို့ ပေါ်စေချင်တယ် / တန်ဆာဆင်ချင်တယ် ဆိုရင် Switch ကို သုံးရပါမယ်။ Switch အကြောင်း နောင် အလျဉ်းသင့်မှ ဆက်ပြောပြပါမယ်။ Word ၏ Help ဖိုင်မှာလည်း ဝင်ဖတ်ကြည့်နိုင်ပါတယ်။

Q: Field နဲ့ ပတ်သက်တဲ့ အခြား Shortcut Key တွေ ရှိသေးလား ?

A: ရှိပါတယ်။ အဆင့်(၄) မှာ တစ်ခု နှိပ်လိုက်ပါတယ်။ [F9] ပါ။


  • [Shift+F9] ကို နှိပ်ရင် ကိုယ် ကာဆာချထားတဲ့ Field တစ်ခုကို ဖော်မြူလာ နဲ့ အဖြေ အလှည့်စီ ပြပေးနိုင်ပါတယ်။ ဒီ ကီးကို ခဏ ခဏ လေ့ကျင့်စေလိုပါတယ်။ Field တစ်ခုအပေါ် Right Click ခေါက်၍ ပေါ်လာမည့် Menu မှ Toggle Field Code ကို ရွေးနှိပ်ခြင်းနှင့် အလားတူ ဖြစ်ပါတယ်။ (Toggle Field Code)

  • [Alt+F9] ကို နှိပ်ရင် ဖိုင်ထဲရှိ Field အကုန်လုံးကို ဖော်မြူလာ နဲ့ အဖြေ အလှည့်စီ ပြပေးနိုင်ပါတယ်။ (Toggle All Field Codes)

  • [F9] ကို နှိပ်ရင် အဖြေကို update လုပ်ပေးပါတယ်။ (update field) ဒါဟာ Firefox မှာ F5 ကီး နှိပ်တာနဲ့ အလားတူပါပဲ။ Field တစ်ခုအပေါ် Right Click ခေါက်၍ ပေါ်လာမည့် Menu မှ Update Field ကို ရွေးနှိပ်ခြင်းနှင့် အလားတူ ဖြစ်ပါတယ်။

  • [Ctrl+Shift+F9] ကို နှိပ်ရင် Field ၏ အဖြေကို ရိုးရိုး စာအသေ အဖြစ် ပြောင်းပေးပါတယ်။ စာအသေပေါ်မှာ [Shift+F9] နှိပ်လည်း ဖော်မြူလာ ပြန်မပြနိုင်တော့ပါ။



Q: နမူနာပြတဲ့ ပုံမှာ Field နေရာမှာ ကာဆာ ချလိုက်ရင် မည်းနေ (Shading) တာတွေ့တယ်။ ဒီစက်မှာ မမည်းဘူး။ ဘာဖြစ်လို့လဲ ?
A: Field နေရာမှာ ကာဆာချပေမည့် shading မပေါ်ရင် Field ကို ကိုင်တွယ်ရ ခက်ပါလိမ့်မယ်။ ဒီတော့ Options ထဲက ဝင်ပြင်ပါ။


  • Word 2007 ဆိုရင် Application Button > Word Options > Advanced > Show Document Contents > Field Shading ကို when selectedဒါမှမဟုတ် Always ဟု ထားပေးရပါမယ်။

  • Word 2003 ဆိုရင် Tools Menu > Options > View > Show > Field Shading ကို when selected ဒါမှမဟုတ် Always ဟု ထားပေးရပါမယ်။

  • Always ဟုထားရင် ကာဆာမချပဲ shading ပေါ်နေတတ်ပါတယ်။ when selected သာ ထားရန် ညွှန်းပါရစေ။



များလွန်းရင် ဆက်ဖတ်ချင်မှာ မဟုတ်ဘူး။ Q & A ဒီမှာတင် ရပ်ပါမယ်။ မှားတာတွေ့ရင် ပြင်ဖတ်ပေးပါ။ ကျနော့်လည်း လက်တို့ပါ။ ဒါမှ ပြင်လို့ ရမှာ :)

_________
please credit to source: layhtankone.wordpress.com

_________

bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq