Friday, July 23, 2010

မေးဂရုကလည်း မထွက်ချင် + အွန်လိုင်းကိုသိပ်မတက်ဖြစ် + မဖတ်ဖြစ်တဲ့စာတွေ တောင်လိုပုံနေ

မြတ်မွန်မှမေးလာတယ်...

တို့ဒီအဖွဲ့လေးကိုသိပ်ချစ်ပါတယ် နွေးထွေးမှုတွေလည်းခံစားရပါတယ်
ဒါပေမယ့် တို့နယ်ပြောင်းရင်
အွန်လိုင်းကိုအကြာကြီးနေမှတစ်ခါလောက်တက်ဖြစ်မှာပါ
အဲဒါကြောင့်ဖတ်ရမယ့်စာတွေကတောင်လိုပုံနေမှာပါ အခုတောင်မဖတ်ဖြစ်တဲ့စာတွေက
တောင်လိုပုံပြီး ၁၈၀၀ကျော်နေပါပြီ အဲဒီ့တော့ တို့ဘာလုပ်သင့်ပါသလဲ
ပြီးတော့ gmail မှာ မေးလ်တွေဘယ်နှစောင် ဆန့်ပါသလဲ သိရင် ဖြေပေးကြပါနော်




မေးခွန်းလေးတွေ မေးကြ၊ ဖြေကြနဲ့ အားလုံး ဗဟုသုတတွေ မျှဝေနေကြတာ အားရစရာပါပဲ။
ကျနော်လည်း ဆွေးနွေးပါရစေ။ mute လုပ်ဘို့ ထိုပို့စ် (Thread) ကို တစ်ခေါက်တော့ ဖတ်ရပါလိမ့်မယ်။ မြတ်မွန်က စာမဖတ်ဖြစ်မည့်သူဆိုတော့ စာတွေ ပုံနေမှာ။ အချိန်တန်လို့ စာဝင်ပုံးပြည့်သွားရင် (bouncing) စာတွေပြန်ကန်ကုန်ပါလိမ့်မည်။ ဒီတော့ mute လုပ်ရုံနဲ့ အဆင်မပြေပါဘူး။

ကြက်ပေါင်ကြိုက်တဲ့ မြတ်မွန် (တစ်ခါတလေ နောက်ကြည့်တာနော် စိတ်မဆိုးရဘူး :D ) မေးတဲ့မေးခွန်းကို သရုပ်ခွဲကြည့်ပါတယ်။

Hint ပေးချက်။ ၁) မေးဂရုကလည်း မထွက်ချင်။
Hint ပေးချက်။ ၂) အွန်လိုင်းကိုအကြာကြီးနေမှတစ်ခါလောက်တက်ဖြစ်မည်။

Hint ပေးချက်။ ၃) မဖတ်ဖြစ်တဲ့စာတွေ တောင်လိုပုံနေ။

Q မေးခွန်း ၁) ဘာလုပ်သင့်ပါသလဲ?
Q မေးခွန်း ၂) gmail မှာ မေးလ်တွေဘယ်နှစ်စောင် ဆန့်ပါသလဲ?

ဟော...စာရှုသူ... အဖြေကို မြင်ပီလား။ မေးခွန်း(၁) အတွက် ဒီ Hint ၃ခုနဲ့ ကိုက်တဲ့ objective type အဖြေပေါ့။
(ဒါနဲ့ ပြောရဦးမယ် objective type ဆိုတာ ကိုယ် တစ်သက်လုံး ဒါမှမဟုတ် စာသင်နှစ် တစ်ခုလုံး သင်ယူလေ့လာခဲ့သမျှ လောဂျစ်တွေ သိမ်းကျုံး စဉ်းစားပီး ဖြေရမည့် မေးခွန်းကို မဟုတ်ပါ။ မိမိမှာ သက်ဆိုင်ရာဘာသာနဲ့ ပတ်သက်တဲ့ နေားလစ်သာ ရပြီးပြီဆိုရင် မေးခွန်းကို ကြည့်ပြီး အဖြေထုတ်လို့ ရတဲ့ ပုစ္ဆာမျိုးပါ။)

A မေးခွန်း ၁ အတွက် အဖြေ။
မေးဂရုထဲက မိမိ၏ ဝင်စာလက္ခံမှု ဆက်တင် ကို ပြင်ရပါလိမ့်မယ်။
ကိုယ်မန်ဘာဝင်ထားတဲ့ မေးဂရုကို အွန်လိုင်းမှ ဝင်ပါ။ မေးဂရုက လာတဲ့ စာတိုင်းမှာ အွန်လိုင်းလိပ်စာ စာအောက်ခြေမှာ ပါတတ်ပါတယ်။ သတိပြုကြည့်ပါ။
(ဥပမာ။ REAL FAMILY ဆိုပါက http://groups.google.com/group/real-family-mm?hl=en ဖြစ်ပြီင်္း
TaungyiFamily-Myanmar ဆိုပါက http://groups.google.com/group/taunggyifamily-tgi ဖြစ်ပါတယ်။)

ဝင်စာလက္ခံမှုဆက်တင်ကို သွားရန် ထို စာမျက်နှာပေါ်ရှိ Edit my me-membership ကို ဆက်ဝင်ပါ။
(ဥပမာ။ REAL FAMILY ဆိုပါက http://groups.google.com/group/real-family-mm/subscribe?hl=en ဖြစ်ပြီင်္း
TaungyiFamily-Myanmar ဆိုပါက http://groups.google.com/group/taunggyifamily-tgi/subscribe ဖြစ်ပါတယ်။)

ဝင်ပြီးပါက အောက်တွင် ဖော်ပြထားသော စာမျက်နှာကို တွေ့ရပါလိမ့်မယ်။



မြတ်မွန်လို အွန်လိုင်းသိပ်မတက်ဖြစ်ပဲ မဖတ်ဖြစ်တာတွေ ပုံနေမည့် သူတစ်ယောက်အတွက် စာတိုင်းကို လက္ခံယူနေဘို့ မလိုပါဘူး။ စာပုံးပြည့်သွားရုံပဲ အကျိုးမရှိပါဘူး။ ဒါကြောင့်...

No Email (အွန်လိုင်းမှာပဲ တက်ဖတ်ပါ) ဒါမှမဟုတ်..
Abridged Email (တစ်နေ့တစ်စေင်ာပဲ ဖတ်ပါ) ဒါမှမဟုတ်..
Digest Email (၂၅စောင်တစ်ခါ ဖတ်ပါ) တို့အနက်က...
မိမိဆန္ဒရှိရာ တစ်ခုခုကို ရွေးချယ်ပါလို့ အကြံပြုပါတယ်ခင်ဗျာ...။
(ဖြေမယ်ဆို တခြားနည်းလမ်းနဲ့ အဖြေတွေ အများကြီးရှိသေးတယ်။ အဆင်ပြေဆုံးလို့ ယူဆတဲ့ ချဉ်းကပ်မှုနဲ့ အဖြေကို တင်ပြလိုက်ပါတယ်။)

A မေးခွန်း ၂ အတွက် အဖြေ။
စာတစ်စောင်ကို အများဆုံး ပမာဏ (b) လောက်ကြီးတယ် ဆိုပါစို့။
ကိုယ့်စာပုံး (a) မှာ စာဘယ်နှစ်စောင် (x) ဆန့်မလဲ? အဖြေ။ x = (a/b) ပေါ့နော်း

ဆန်တပြည်မှာ နို့ဆီဘယ်နှစ်လုံးပါလဲမေးရင် (၈) လုံးပေါ့။ အလားတူပါပဲ။

ကိုယ့် စာပုံးက ဆန်ဘယ်နှစ်ပြည်စာလဲ အရင် ကြည့်ကြည့်ပါဦး။

ဂျီမေးစာပုံး၏ ပမာဏ (capacity) ဟာ တစ်ဦးနဲ့ တစ်ဦး ချွတ်စွတ်မတူနိုင်ပါဘူး။ ဒီပမာဏကို ဂျီမေးအကောင့်၏ စာမျက်နှာ အောက်ခြေမှာ ပြထားပါတယ်..။


မြင်တဲ့အတိုင်း ကျနော့်ပုံးက 7479 မက်တဲ့။ a = 7479
မေးဂရုက လာတဲ့စာဟာ ကန့်သတ်ချက် ရှိပီးသားလေ။ 4မကထက်ကြီးလို့ မရဘူး..ဒီတော့ b = 4
အဖြေ။ x = (a/b) = (7479 / 4) ကာကူလေတာ ကူခေါက်ပေးပါ...ရပြီ...အဖြေ x = 1869.**

ဒီတော့ ကျနော်သာဆို မေးဂလုက စာတွေ ချည့်ပဲ လက္ခံသူဆိုရင် စာပေါင်း 1869စောင်လောက် ဆန့်မည့် သဘောပေါ့နော်။ မြတ်မွန် ဘာသာ ကိုယ့် (a) နဲ့ ကိုယ် ဆက် ခေါက်ကြည့်ပါဦး။ ဘယ်လောက် ရသလဲလို့....

(ချွင်းချက်။ မေးဂရုက စာမှာ အကြီးဆုံး 4mb ဟု ကန့်သက်ချက်ရှိသော်လည်း PM တိုက်ရိုက်ပို့စာ၏ ပမာဏမှာ 25mb အထိ ရှိပါသည်။ အတက်ဖိုင်၏ ကန့်သတ်ချက်မှာ 20mbဖြစ်ပါကြောင်း။ ၂၀၁၀ခု ဂျူလိုင်လ ၂၃ရက်၏ လက်ရှိအခြေအနေဖြစ်ပါသည်။ ဤနေရာမှ ကိုးကားပါကြောင်း..)
နောက်ပြီး ပြန်မေးရဦးမယ်။ စာဘယ်နှစ်စောင် လက္ခံနိုင်တယ်ဆိုတာ သိရရင် ဘာလုပ်ချင်လို့လဲ..ဆိုတာ..သဘောမပေါက်ဘူးခင်ဗျ.. ဂျီမေး API မှာ ပရိုဂရမ်သွင်းမလို့လား။ .Net က Stack ကို push လုပ်သလိုပေါ့။ ခဲဆစ်ခဲတံလို အနောက်က ထပ်သွင်းရင် အရှေ့က တစ်ခုက ပြုတ်ထွက်သလိုလေ..ဥပမာ လက္ခံနိုင်တဲ့ ပမာဏ ပြည့်သွားရင် အရှေ့ယ္ခင်က စာတွေ အော်တို delete လုပ်မလို့လား။ ဒီလောက်ထိ မလိုအပ်ဘူးလို့ ယူဆမိပါတယ်။

နယ်ပြောင်းတော့မှာလား။ အွန်လိုင်းတက်လာရင် ဘော်ဒါများကို Hi လုပ်ပါဦး နယ်ကရလာမည့် ဒေသန္တရဗဟုသုတလေးတွေ မျှပါဦးလို့ နှုတ်ဆက်ရင်း...

/ဧးသိမ်း/

[gallery include="464,465"]

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား