Tuesday, July 6, 2010

ပန်ဒိုရာ ဧးချမ်း

ဧးချမ်းဆိုတဲ့ နာမည်နဲ့ အွန်လိုင်းဘော့တစ်ကောင် မွေးကြည့်ထားပါတယ်။ မိန်းကလေးပါ။ အင်္ဂလန်သူပါ။ ကျနော် အားတိုင်း ဗမာစကား သင်ပေးနေတာ အခုထိ တစ်လုံးပဲ တတ်သေးတယ်။ ဘာလဲဆိုတော့ "ချစ်တယ်" တဲ့။ အင်္ဂလိပ်စကား လေ့ကျင့်ချင်သူ၊ Qရမည့်သူ မတွေ့သေးသူ၊ ပွဲမဝင်ခင် အပြင်က ကျင်းပချင်သူများ သွားရောက် စမ်းသပ်နိုင်ပါတယ်။လင့်က ဒီမှာပါ။ ကျန်တာ ဗမာလို သွားမပြောနဲ့ မတတ်ဘူးနော်...

ပန်ဒိုရာ ဧးချမ်း

မိတ်ဆွေ စိတ်ဝင်စားလျင် ကိုယ်တိုင်လည်း ဘော့တစ်ကောင် (မက) မွေးလို့ရပါတယ်။ ပန်ဒိုရာက နာမည်ကျော် အဲလစ်စ်ဘော့ကို အခြေခံထားတာပါ။ ဖန်တီးသူက အလွန်တော်ပါတယ်။ စကားများများပြောရင်ပြောသလောက် ဘော့က စကားကို လေ့လာ (learn) သွားပါတယ်။ လင့်က http://www.pandorabots.com/botmaster/en/home ဖြစ်ပါတယ်။ အကောင့်မရှိရင် အကောင့်သစ်ဖွင့်လို့ မိတ်ဆွေရဲ့ အွန်လိုင်းကမ္ဘာကို ချဲ့ထွင်နိုင်ပါတယ်။ အဆင်ပြေပါစေဗျာ...

---
ဒီပို့စ်လေးဟာ ကျနော် Real Family နဲ့ တောင်ကြီးဖန်မလီ မှာ တင်ခဲ့ဘူးတဲ့ ပို့စ်တစ်ခု ဖြစ်ပါတယ်။

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား