Tuesday, January 26, 2010

ခဏလောက်တော့ အနားယူပါမောင်။

ခဏလောက်တော့ အနားယူပါမောင်။

Google ကတော့ဗျာ။ သူ့တစ်ယောက်တည်းနဲ့ ကမ္ဘာရွာကြီး ဆောက်တော့မဲ့ အတိုင်း။

Google Account တစ်ခုသာ ရှိလို့ကတော့ လိုချင်သမျှ Service အကုန်လုံးလိုလို Free ချည်းပဲနော်။ ဒါနဲ့ပဲ ကျနော့် Personal Data တွေလည်း မိုးတိမ်(Cloud) ထဲရောက် ကမ္ဘာပတ်နေတာ ကြာပီပေါ့ဗျာ။ သူ့ကို(Google) လည်း မေတ္တာပို့နေရတယ်ဗျိုး။ ရန်သူမျိုး ငါးပါးမှ လွတ်ကင်းပါစေလို့။ ဘာလို့လဲဆိုတော့ ရှိ၊ ရှိသမျှ ကိုယ်ရေးကိုယ်တာ အချက် အလက်တွေက အကုန်လုံး သူ့ဆီမှာ ရောက်နေတာလေ။ ဟော ကြည့်။ Google Chrome, Gmail, GTalk, Gmail Notifier, Picisa, Blogspot, Sketchup, Google Reader, Google Group...တဲ့ အစုံစုံသော ဆားဗစ်တွေ... ရေးပြလို့ ပီးမှာ မဟုတ်ဘူး။

လူတွေလည်း စွဲကုန်ကြပီ။ မိုးလင်း၊ မိုးချုပ် ကွန်ပျူတာရှေ့ ရောက်ပီလား ဆိုမှဖြင့် Google အကောင့် တစ်ခုခုထဲကိုဝင်၊ ဂျီမေးလ် ပေ့ခ်ျလေးဖွင့် စာဖတ်လိုက်၊ Reader လေးဖွင့်ပြီး သူများ ဘလော့တွေ surf လုပ်လိုက်၊ ကိုယ့် ဘလော့လေး မွှမ်းလိုက်နဲ့ အချိန် ကုန်လို့ ကုန်မှန်းတောင် မသိတဲ့ နေ့တွေ ရှိလာပီဗျ။ ဦး Google ကြီးကလဲ ဒါကို သတိထားမိလာတယ်နဲ့ တူတယ်။ အင်း...လူတွေ၊ လူတွေ၊ င့ါကြောင့် အစားပျက်၊ အအိပ်ပျက်၊ အသောက်ပျက် (ချွင်းချက်ရှိ၏) တွေ ဖြစ်ကုန်ကြပီ။ ငါမှ တစ်ခုခုမလုပ်ရင် မဖြစ်ချေဘူးလို့ ယူဆမိလာပါတယ်။

ဒါနဲ့ပဲ GMAIL Serivce ဂျီမေးလ် ဝန်ဆောင်မှုကို ပိတ်ပစ်လိုက်ပါရောတဲ့။ ဟိုက်...ရှာလပတ်ရည်။ လန့်သွားလား။ ဒီလိုဆို ဘယ့်နှယ် လုပ်ကြမတုံး။ မလန့်သေးပါနဲ့ဦး။ အရင် ကိုယ့်ဒေတာလေးတွေ ကလောက်ထဲက ပြန်ယူပါရစေဦး။ အဟား၊ ဟား။ ဒီသတင်းသာ တကယ်ဆိုရတော့ Hard-Disk ဟာ့ဒစ်တွေ ချက်ချင်း ဈေးတက်ကုန်မှာ သေချာတယ်နော်။

ဂျီမေးလ် ဝန်ဆောင်မှုကို ပိတ်မှာကတော့ တကယ်ပါ။ ဘယ်သူ့တွေကိုလဲ ဆိုတော့ ဆန္ဒပြုသူတွေကိုပါ။ ဘယ်လောက်ကြာအောင် ပိတ်မှာလဲ။ အချိန် အကန့်အသတ်ရှိပါတယ်။ တစ်ခါပိတ် ၁၅မိနစ်ပါ။ ဘယ်သူတွေ ဆန္ဒပြုသင့်သလဲဆိုတော့.. အထက်မှာ ဖော်ပြခဲ့သလို မိုးလင်း၊ မိုးချုပ် ဂျီမေးလ်စွဲပြီး မော်နီတာကို ပြူးပြဲကြည့်နေတဲ့ ခင်ဗျားလို လူကိုပေါ့ဗျာ။ အဲဒီ ၁၅မိနစ်အတွင်းမှာ ဂျီမေးလ် သုံးလို့ ရမလား? လုံးဝမရပါဘူး။ ဒါဆို ဘာလုပ်နေရမလဲ။

Google က အကြံပေးထားတာရှိပါတယ်။ အဲဒီအချိန်အတွင်းမှာ...
၁) လမ်းလေး၊ ဘာလေးလျောက်ပါ။
၂) လက်တွေ့ကျတဲ့ အလုပ်လေးတွေ တစ်ခုခု ပြီးအောင် လုပ်ပါ။
၃) မုန့်လေး၊ ဘာလေးစားပါ။
၎) သင့်မှာ အချိန် ၁၅မိနစ်ရပါတယ်။..တဲ့ (အချိန်ကို ၁၅မိနစ်ကနေ နောက်ပြန်ရေတွက်ပြသွားပါတယ်။)


ကဲ။ မကောင်းဘူးလားဗျိုး။ ဘုရင့်နောင် ဖောင်ဖျက်ပဲ။ အဲဒီ ၁၅မိနစ်အတွင်း ဂျီမေးလ်ကို ဥပေက္ခာပြုပြီး၊ တခြား အကျိုးရှိမဲ့ ဟာ တစ်ခုခုသာ လုပ်ပေရော့ပဲ။ ဘုရားစာလေး ဘာလေးရွတ်လို့လည်း ရတယ်နော်။ ပြောမဲ့သာပြောရတယ်။ ဒီမှာက မီးလာတဲ့ အချိန်လေး လု ချတ်နေရာတာဆိုတော့.. အချိန်အားဆိုတာ ရှိပီးသားပဲကိုးဗျ နော်း။

ကဲ..ဒီ Feature ကို စိတ်ဝင်စားသူများ အတွက်...။ ချိန်ရမဲ့ စက်တင်းနေရာက settings >>gmail labs>>email addict ပါ။ အောက်ပုံကို ရှုပါ။


ပုံပြပါအတိုင်း Email Addict ကို Enable လုပ်၊ Save ပြီး Settings က ထွက်လိုက်ရင် ဂျီမေးလ် ပေ့ခ်ျရဲ့ အပေါ်ဆုံးညာဘက်ဒေါင့်စွန်မှာ အောက်ပါအတိုင်း ပေါ်လာပါမယ်။ youraddress@gmail.com | Take a break | | Settings | Help | Sign out

ကိုယ် half-time အနားယူလိုတဲ့ အချိန်မှာ ထို Take a break လင့်ကို နှိပ်ပြီး ၁၅မိနစ် ယတိပြတ် ဂျီမေးလ်နဲ့ အဆက်ဖြတ်ထားနိုင်ပါတယ်ဆိုတာ ဖော်ပြအပ်ပါတယ်။

AT

Monday, January 25, 2010

ဈေးမှာဝယ်လို့ အလေးခိုးခံရင် ဈေးခေါင်းကို တိုင်လို့ရသေးတယ်။

အော်...။

ခေတ်ကြီး ပြောင်းလဲပုံများ ပြောပါတယ်။

အရင်တုံးက ဝယ်စရာ ခြမ်းစရာဆို ဈေးတွေမှာပဲ ဝယ်လေ့ရှိကြတယ်။ အခုလို ရှော့ပင်စင်တာတို့ ရှော့ပင်းမေားတို့ မိနီမားကက်တို့ စူပါမားကက်တို့ (ခေါ်ချင်သလိုသာခေါ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဈေးဆိုင်ကြီးတွေ မရှိသေးဘူး။ ဝယ်ခြမ်းရင်း တခုခု ပြဿနာရှိရင်၊ မပြေလည်ရင် ဈေးခေါင်း သွားတိုင်လို့ ရသေးတယ်။ အလေးခိုးခံရလား၊ ပိတ်စ ကိုက်လျော့ဖြတ်၊ စွေဖြတ်လိုက်လား ဘာဖြစ်ဖြစ် ဈေးခေါင်းကို တိုင်လို့ရသေးတယ်။ တိုင်လို့ကတော့ ဈေးခေါင်းက ပါဝါပြပီး အဲဒီဈေးသည်ကို ကိုင်ထဲ့လိုက်တာပဲ။ (ရေးနေရင်းက မဆီမဆိုင် ဟို ဆေးကောင်စီ ကိစ္စ သွား သတိရမိသေးဗျ။ အဟဲ...)

သူက ဈေးဝယ်တွေကိုထက် ဈေးသည်တွေအပေါ် အာဏာ ပိုထိရောက်တော့ ကိုင်မဲ့ကိုင် ဈေးသည်ကို ကိုင်တာ များသဗျ။ သူ့ ရုံးခန်းရှေ့က သမာဓိ ဆိုတဲ့ ချိန်ခွင်ကလည်း အကြီးကြီး၊ အလေးတွေကလည်း ဘယ်ဆိုင်မှာ ရှာဝယ်ထားမှန်းမသိတဲ့ ထူပိန်းနေတဲ့ ဟာတွေ။ အဲဒီ ချိန်ခွင်နဲ့ ဘာချိန်ချိန် အလျော့ပဲ ပြတယ်။

အားပါး...။

ဒီခေတ်တော့ ဟုတ်တော့ပါဘူးဗျာ။ ♪♪အားလုံးပြောင်းလဲသွားပီ♪♪ ဆိုသလို...။ အိမ်က မဒမ် ဧးသိမ်းလား။ ဈေးဝယ်ထွက်ပလားဆို။ မောင်ရေ ဒီနေ့တော့ ဂမုန်းဖူး ရှော့ပင်းမေားကို ပို့ပေးပါကွယ်။ မမ ဈေးဝယ်တုံး အဲဒီက ဂျေဒိုးနတ်မှာ စာဖတ်ပီး စောင့်နေ။ ကလေးတွေ ဘေးက ကစားကွင်းထဲသာ ထည့်ထားလိုက် ဆိုသကိုးဗျ။ အစစ အရာရာ အဆင်ပြေသဗျား။ အဲယားကွန်းလေးနဲ့ ညိမ့်နေတာပဲ။ ဒါမှလည်း ဝယ်သူ လာမှာကိုးဗျ။ ဝယ်စရာပစ္စည်းတွေကလည်း သူ့ အထုပ်နဲ့သူ ဈေးတွေ ကပ်ထားလို့ ဈေးမဆစ်ရပေမယ့် အဆင်ပြေတယ်။ ကောက်ထည့်လိုက်ရုံပဲ (ဆိုင်က ဈေးခြင်းထဲကို ပြောတာ..)။

အဆင်မပြေတာလေးတွေတော့ ရှိသဗျ။ ဥပမာ။ ။ (အလေးခိုးခံရလား ဘာလားတော့ မသိနိုင်ပါ။ ဘာကြောင့်လဲ ဆိုတော့ သူ့ရို့ဟာတွေက ဂရမ်တွေ ကီလိုတွေ ရှုပ်တာမှ အလေးချိန်ကို မမှန်းတတ်အောင်ပါ။) ပိတ်စ စွေဖြတ်ထဲ့လိုက်ကြောင်း အိမ်ရောက်မှ သိရင် ဘလို လုပ်မလဲ။ ဆေးဂဲလ် မှားတာကို မပြောဘူးနော်။ ဆေးဂဲလ် တွေကတော့ ကပ်စတန်မာက ကွန်းပလိန့်တက်ရင် အချိန်မရွေး အလုပ်ပြုတ်မှာ ကြောက်လို့ ဘသူ့ကိုမှ မလေးမစားမဆက်ဆံကြပါဘူး။ ပြောချင်တာက ဝယ်မိတဲ့ ပစ္စည်းက Expired ဖြစ်နေတာတို့၊ အိမ်ရောက်မှ ပျက်နေမှန်း သိရတာတို့ ဘလို လုပ်မလဲ။ သွားပြောလည်း ပြောပြောပါပဲ။ ပြန်လဲလို့ မရဘူးလို့ ပဲ ဖြေကြမှာပေါ့။ မကျေနပ်လို့ တိုင်မယ်လား။ သူ့အထက်အရာရှိပေါ့။ ကြုံဖူးပါရဲ့ဗျာ။ ဆက်တိုင်လည်း ဆေးဂဲလ် ကလေးမ အလုပ်ပြုတ်ရုံပဲရှိမှာ။ ကိုယ်ပိုင်အုပ်ချုပ်ရေးပါဆိုမှ ဘယ်ဈေးခေါင်းမှ မရှိ။ ရဲတိုင်ရအောင်လည်း မဖြစ်သေး။ ခက်ကရောဗျာ...။

ဒီတော့ ဘာလုပ်မလဲ။ ရှော့ပင်း...မေားပေါ့။ တစ်ခုခု ဝယ်ချင်လား။ ဝယ်ချင်တာ အဲ့လို ရှော့ပင်း ဆိုင်ကြီးတွေမှာ တမေား လျောက်ကြည့်။ ပီးရင် ဈေးထဲက ဆိုင်မှာ ဆစ်ပီးဝယ်။

ပြောရင်းက လိုရင်းကို မရောက်တော့ဘူး။ အဓိက ကျနော် ပြောချင်တာကဗျာ။ အင်တာနက်ထဲမှာ Surfing လုပ်တဲ့ ကိစ္စပေါ့။ အင်တာနက်ထဲက ဗာကျူရယ် လူသားတွေ ဘာလုပ်လဲ သိလား။ တွေ့တဲ့ ခလုတ် (button) နှိပ်၊ ကြိုက်ရာ လင့်က ပေ့ကို ဝင်ဖတ်။ သဘောကျတာတွေ့ရင် အဲ့ဒီဆိုက်မှာ တမေ့တမောဖတ်။ ငြောင်းပီလား။ တခြားဆိုက်ပြောင်း။ ဒါဟာ လူတယောက် မြို့ထဲမှာ လျောက်သွား၊ တွေ့တဲ့ဆိုင်၊ မျက်လှည့်ပွဲ ဝင်ကြည့်၊ လုပ်နေသလိုပဲဗျ။ ဘလော့ဂါတို့ ဆိုက်အုံနာတို့က ဈေးဆိုင်ရှင်တွေ လိုပေါ့ဗျာ။ ဆိုက်မှာ ဖွယ်ဖွယ်ရာရာ၊ လှလှပပ တင်ထားနိုင်အောင် ကြိုးစားရတာပေါ့။ ဒါမှ လူဝင်မှာကိုး။

မိတ်ဆွေကို ဆိုင်တစ်ဆိုင်က မတရား (ဆဲ၊ဆို၊လု၊ယက် etc..) လုပ်လိုက်တယ်ဆို ဘလို ပြန်လုပ်မလဲ။ လူသိအောင် အော်မယ်။ ရဲတိုင်မယ်။ ဈေးခေါင်းရှိ ဈေးခေါင်းတိုင်မယ်။ လုပ်မှာဟုတ်လား။ ဒီလိုပဲ အင်တာနက်ထဲမှာ သွားရင်း ဆိုက်တစ်ခုခုက ကိုယ့်ကို မတရား လုပ်လိုက်တယ်ဆိုရင် ဘာပြန်လုပ်မလဲ။ ဘာလုပ်ရမလဲ။ တိတ်တိတ်လေး ပြန်ထွက်ရုံပေါ့။ စီပုံးရှိ စီပုံးက အော်ပေါ့။ ဒါပဲလား မိတ်ဆွေ လုပ်နိုင်တာ။ ဟုတ်သေးဘူးဗျ။ ဈေးခေါင်းတို့ ရဲတို့ တိုင်သင့် တိုင်ပါဗျ။

ကဲ.. သိပီးပလားတော့ မသိဘူး။ ကျနော်တော့ အင်တာနက်ထဲက ဈေးခေါင်းကြီး တွေ့ထားတယ်။

မစ္စတာ ဂူးဂယ် (Google) တဲ့။ သူက သူ့ဈေးထဲက ဆိုင်တွေ (အတော်များသားဗျ။ အဓိက ဘလော့တွေပေါ့။) ကို အုပ်ချုပ်တယ်။ ဝင်လာတဲ့ သူတွေကို ဘလော့ဂါတွေ၊ ဘလော့တွေကနေ လူမျိုးရေး၊ မျိုးနွယ်စုရေး၊ ဘာသာရေး၊ လိင်၊ အသက်၊ သက်သက်လွတ်စားခြင်း ဘာခြင်း၊ လိင်ကိစ္စဆွဲဆောင်ခြင်း* စတာတွေနဲ့ ပတ်သက်ပြီး စော်ကားမော်ကား အပြုမူခံရရင် တိုင်ကြားနိုင်တယ်။ အဲဒါတွေ ဈေးခေါင်းကြီးက တားမြစ်ထားတယ်ဗျ။ တားမြစ်ပါရက်နဲ့ စော်ကားလိုက်ရင် ဈေးခေါင်းကြီး အဲဒီဆိုင်ကို ချိတ်ပိတ်ပစ်မှာ...။

ဥပမာ။ ။ ကျနော် http://messengerforbuddhist.blogspot.com/ ဝင်ဖတ်တော့ ကိုယ့်ကို ဘာသာရေးဆိုင်ရာ စော်ကားလိုက်တယ်ဗျာ။ ကျနော် အရမ်းစိတ်ဆိုးတယ်။ ဒီတော့ ဂူးဂဲယ်ရဲ့ ရုံးခန်း http://www.google.com/support/blogger/bin/request.py?contact_type=h... ကို သွားတယ်။ ပြီးတော့ ရုံးခန်းထဲက Report Hate Speech on Blogger ဆိုတဲ့ လင့်မှာ စော်ကားလိုက်တဲ့ စိုက်ရဲ့ လိပ်စာ ကို ဖြည့်ပေးခဲ့တယ်။ ဘာမှ မလိုဘူး တိုင်တာ ဘသူဆိုတာ အကောင့်ကြည့်ပီး ရုံးခန်းထဲ ဝင်လာကတည်းက ဈေးခေါင်းကြီးက သိနေပီ။

ဈေးခေါင်းကြီး အဲဒီဆိုင်မျိုးကို ချိတ်ပိတ်ပစ်ဘို့ ကျနော့်လိုမျိုး တိုင်တဲ့သူများဘို့ လိုတယ်။

ကျနော့်လိုပဲ အစော်ကားခံရရင် ငြိမ်မနေပဲ တိုင်ကြားနိုင်ဘို့၊ လူတိုင်း မိမိ၏ အခွင့်အရေးကို ထိထိမိမိ အသုံးချနိုင်ပါစေ ဆုတောင်းရင်း ဗဟုသုတ မျှဝေလိုက်ပါတယ်။

* While Blogger values and safeguards political and social commentary, material that promotes hatred toward groups based on race or ethnic origin, religion, disability, gender, age, veteran status, or sexual orientation/gender identity is not allowed on Blogger.

Saturday, January 16, 2010

အမျိုးဂုဏ် ဆယ်ကြစို့လေး

ကာတွန်း ၀င်းမြင့်အောင် နှင့် ကဗျာ ရေးသူကတော့ မသိပါ ။။။။မှတ်သားစရာလေးမို့ပါ





''ခေတ်ဆန်သူ တပည့်မတို့ သတိရပေရှာ၊ အဓိက စေတနာငယ်၊ မေကညာခင်ထွေး။ ဆရာမ လွန်ကြင်နာလျှင်၊ သွန်သင်တာ မှတ်တော့ မနှေး။ ကာလဖြင့် ပျက်ချင်ပြီ၊ ဖက်ရှင်တွေ ရှုပ်ထွေး၊ အရှက်တွင် အဟုတ်ဝေးပါပေါ့၊ လှုပ်လှုပ်ကလေး တုံတုံ။ ဖန်ပေါင်းချောင် ရေအတွင်း၊ ရွှေငါးကြင်း လွတ်သည်သို့ကြုံ။ အင်္ကျီက အပါးစုံသည်၊ အသား ပုံဝါဝင်းလို့၊ ကျပ်တင်းတင်းတရားကွာ၊ ခါးကတစ်ထွာ။ မောင်အဘ အားနာလျှင်၊ မှားတာကို ပြင်ကြစို့လေး။ မြန်မာညွန့်ညှိုး မကုန်အောင် အမျိုးဂုဏ် ဆယ်ကြစို့လေး''

Thursday, January 14, 2010

နာရူတို ဘယ်လို ဇတ်သိမ်းမလဲ?

နာရူတို ဘယ်လို ဇတ်သိမ်းမလဲ?

"NARUTO" Do you think the ending like?

အခုဆို နာရူတို ရှစ်ပုဒန်းလဲ အပိုင်း(၁၄၂) ကို ရောက်နေပါပီ။

ဆရာကြီး အဲရိုစန်းနင်းလည်း တေတွားပီ။ (အဟင့်၊ ရွှ...တ်၊ ဖ....တ်။)
နာရူတို (၆) ဆက်မြောက် ရွာသူကြီး (လိုခုဒိုင်းမဲး ဟိုခါ့ဂဲး) မဖြစ်နိုင်တော့တာလည်း ကြားနေရပီ။

နာရူတို ဘယ်လိုဇတ်သိမ်းမလဲ? သိချင်ကြပီပေါ့။

အားလုံး ကိုယ့်ရင်တွင်းဖြစ် နာရူတို ဇတ်သိမ်းပိုင်းလေးတွေ ဝေမျှခံစားကြည့်ကြပါစို့လား။

နာရူတို (၇) ဆက်မြောက် ရွာသူကြီးဖြစ်နိုင်မလား? သူ အခုမှ အဆင့်အနိမ့်ဆုံး နင်းဂျာ (ဂဲးနင်း လယ်ဗယ်) အဖြစ်ပဲ ရှိနေဆဲ...။ သူ့ရှေ့က စီနီယာတွေကို ဘယ်လို ကျော်ရပါ့မလဲ...။ မဖြစ်နိုင်သေးဘူး ထင်တယ်နော်။

အခုခေတ် ဂျပန်ရုပ်ရှင်တွေက အလွမ်းအဆွေးနဲ့ ဇတ်သိမ်းကြတာ များတယ် ကြားရတယ်။ ကိုနိုဟရွာကို ကာကွယ်တဲ့ တိုက်ပွဲ တစ်ခုမှာ တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးသွားမလား။ ဖြစ်နိုင်တယ်နော်။ စန်းဒိုင်းမဲး ဟိုခါ့ဂဲး လိုပေါ့။ အာဇုမာ့ စန်းဆေးတို့ အဲရိုစန်းနင်းတို့လိုပေါ့။ ဆွေးစရာ ကောင်းအောင် ရိုက်ပြနိုင်တာ တော်ကြပါတယ်ဗျာ။

နောက်ဆုံးဇတ်သိမ်းလေးကိုတော့ အပျော်နဲ့ ဇတ်သိမ်းစေချင်လိုက်တာ။ ကျွန်တော်မွှေလို့ရသမျှထဲက အကောင်းဆုံးလို့ ခံစားရတဲ့ ဇတ်သိမ်းပိုင်းလေးကို မိတ်ဆွေတို့နဲ့ မျှဝေခံစားချင်ပါတယ်။ ဒီလိုလေးပါ။

ဇတ်လမ်းအဖွင့် မြင်ကွင်း။ နောင်နှစ်ပေါင် အတန်ကြာရှိ ကိုနိုဟရွာကလေး၏ အခမ်းအနားတစ်ခု။

နာရူတိုက (အရွယ်ရောက်နေသော) ကိုနိုဟမာရုကို ရွာသူကြီး(ဟိုခါ့ဂဲး) မြှောက်နေပုံ...။

ကိုနိုဟမာရုမှာ ပီဘိ ကလေးငယ်တစ်ယောက်အလား ဝမ်းမြောက်၊ ခုန်ပေါက်လျက် အပြင်သို့ ထွက်ပြေးသွား...။

ထိုမြင်ကွင်းကို ကြည့်လျက် နာရူတိုနှင့် သူ၏နံဘေးတွင် ရပ်နေသော ဆာ့ကူရာတို့ တပြိုင်နက် ပြုံးမိကြ...။

မြင်ကွင်းမှ ကိုနိုဟမာရု ပျောက်ကွယ်သွားသော်...နာရူတို လေကောင်းလေသန့် ရှူရန် အပြင်သို့ ထွက်လာ...။

တောင်နံရံတွင် ထွင်းထုထားသော ခေတ်အဆက်ဆက် ရွာသူကြီး (ဟိုခါ့ဂဲး)များ၏ ရုပ်ထုများ..အစဉ်လိုက်...နာရူတို ငေးမေားကြည့်နေ...။

ပထမ ဟိုခါ့ဂဲး၏ ရုပ်ထု။

ဒုတိယ ဟိုခါ့ဂဲး၏ ရုပ်ထု။

တတိယ ဟိုခါ့ဂဲး၏ ရုပ်ထု။

အဖေ့၏ ရုပ်ထု။

ဘွားဘွား ဆူနာဒဲး၏ ရုပ်ထု။

ဒန်းဇိုး၏ ရုပ်ထု။

ပြီးတော့......မိမိ၏ ရုပ်ထု။

နံဘေးသို့ ရောက်လာသော ဆာ့ကူရာ...။

ဆာ့ကူရာ။ ။ "နာရူတို ဘာဖြစ်လို့လဲ?"

နာရူတို။ ။ "အမ်... အော်...ဆာ့ကူရာ။ ဘာမှမဖြစ်ပါဘူး။"

ဆာ့ကူရာ။ ။ "နာရူတို..."

နာရူတို။ ။ "ဘာလဲ?"

ဆာ့ကူရာ။ ။ "ကျေးဇူးပါ။ အမြဲ ဂုဏ်ယူလျက်ပါနော်။"

ပြီးပါပြီ စာတန်း ထိုးစေ။

ဒီနေရာလေးမှ ရယူထားသော စာသားများကို ခေတ်နှင့်လျော်ညီအောင် ခံစားတင်ပြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Tags: End, Ending, Naruto, The, ဇတ်သိမ်း, နာရူတို

Friday, January 8, 2010

SSC Service Utility: Epson Printer မှာ Service Required Lock လော့ခ် ကျနေတာကို ဖြည်ဘို့ …

ကျွန့်တော်ရဲ့ T 11 Printer ကို မှင်လိုင်းချိတ်ပြီးသုံးနေတာ။ ခု သူ့ရဲ့
service သက်တမ်းကုန်သွားပြီလို့ပြနေတယ်။ အဲ့ဒါ သူ့ရဲ့ update driver ကို
ဘယ်လို လုပ်ရမလဲမသိဘူး။ အဲ့ဒါကူညီပြီးဖြေရှင်းပေးပါအုံးနော်။

main_e.jpg

ဂရုတစ်ခုမှာ မေးထားတာလေးတွေ့လို့ပါ။ ကိုယ်သိတာလေး ဖောက်သည်ချချင်ပါတယ်။

ကျနော်တို့ဆီက လူတော်တ်ာများများဟာ Printer ဝယ်သုံးတဲ့အခါ ပါလာတဲ့ စံမှင်ဗူးအစား မှင်လိုင်း (ဝါ) Continuous Ink ကို ချိတ်ပြီး သုံးလေ့ရှိကြပါတယ်။
Cis2.jpgpict0477.jpgcis_6_colors.jpg

တရုတ်ကဝင်တဲ့ မှင်တွေပါ။ Brand က အစုံပါပဲ။ ဒါက မှင်အတွက် စရိတ်ကို အတော်လေး သက်သာစေပါတယ်။ Printer သုံးတဲ့ စီးပွားရေးလုပ်ငန်းများမှာလည်း ထိုနည်းတူ Genuine Ink Cartridge/ OEM Ink Cartridge/ Refil Ink Cartridge / မှင်ဗူးအစစ် အစား ဒီလို လိုင်းချိတ်ပြီး အသုံးများကြပါတယ်။ Printing Paper ဆိုလည်းအလားတု ပါပဲ။ Economic ဖြစ် တွက်ချေကိုက်မဲ့ စက္ကူကို ရွေးဝယ်သုံးလေ့ရှိပါတယ်။

ကောင်းကျိုးက စရိတ်သက်သာတာပေါ့ဗျာ။ အဲ.. အဓိက ဆိုးကျိုးက Printer ရဲ့ Warranty Void ဝရမ်တီ ပျက်သွားပါတယ်။ ပျက်သမျှ ကိုယ့်စရိတ်နဲ့ပဲ ပြင်ရတော့တာပေါ့။ ဒါပေသိ ဒို့လူတွေ တော်တော်များများကတော့ ပျက်ကာမှ ပျက်ရော.. စက်ကို မှင်လိုင်းလေးတော့ ချိတ်ရမှ ကျေနပ်တဲ့ လူစားမျိုးပါ။

Service Required လော့ခ် ကျနေတာဟာ Printer Driver Update နဲ့ မဆိုင်ပါဘူး။
Printer Driver Update ဆိုတာက ကိုယ်သုံးနေတဲ့ ကွန်ပျူတာ၏ ဝင်းဒိုးပေါ်တွင် တင်ရမဲ့ Hardware Driver ကို Update လုပ်ခြင်းဖြစ်ပါတယ်။
Service Required လော့ခ် ကျနေတယ် ဆိုတာက အဲဒီ Printer ကိုယ်တိုင်က သတ်မှတ် ရိုက်ချက် ပြည့်သွားလို့ပါ။ ဥပမာ။ အရွက် တစ်သောင်းပြည့်ရင် ပြန်ပြီး Servicing လုပ်ပေးဘို့ Epson က အော်တို Setting ပေးထားတာမျိုးပါ။ နီးစပ်ရာ Epson Service Center ကို ပို့ရမယ်။

ဒီလောက်လေးပဲဖြစ်တာ စက်က အကောင်းကြီး၊ Servicing လုပ်ဘို့ မလိုအပ်ဘူးလို့ ယူဆရင်
(ဝါ) ကိုယ့်ဘာသာ Servicing လုပ်တတ်ရင် Service Centre ကို မပို့ပဲနဲ့ ဒီ Utility လေးသုံးပြီး ပြဿနာကို လွယ်ကူစွာ ဖြေရှင်းနိုင်ပါတယ်။

ဒါကတော့ SSC Service Utility ပါ။ လင့်က ဒီမှာပါ။ http://www.ssclg.com/epsone.shtml

သူ့ကို Install လုပ်ပြီးရင် Icon က System Tray ထဲမှာ ရောက်သွားပါမယ်။ ကလစ်ခေါက်၊ အလိုရှိရာ ကွန်းမန်းကို ပေး၍ သုံးစွဲနိုင်ပါတယ်။

ဒီ Utility ဟာ...
က) CSICလို့ခေါ်တဲ့ Epson Stylus printers ၏ cartridges ကို တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မှင်အိုးကြောင်တာကို စစ်ပေးနိုင်တယ်ပေါ့ဗျာ။
ခ) မှင်အိုးကို Reset Command ပေးနိုင်ပါတယ်။
ဂ) သတ်မှတ်ရိုက်ချက် ကောင်တာကို တန့်ထားနိုင်ပါတယ်။
ဃ) မှင်အိုးအလွတ်ပင် ဖြစ်စေ ၎င်းမှင်အိုး၏ သတ်မှတ်ရိုက်ချက် ကောင်တာကို Reset သုံည လုပ်ပေးနိုင်ပါတယ်။
င) အဖြူ၊ အမဲ၊ ကာလာ မှင်ခေါင်း Print Heads အသီးသီးကို သီးဖြားဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ ပုံမှန် ဒါမှမဟုတ် အပြင်းစား Cleaning သန့်ရှင်းရေး လုပ်ပေးနိုင်ပါတယ်။
စ) Printer ပရင်တာ ပါဝါ မပိတ်ပဲ မှင်အိုး ဖြုတ်၊တပ်၊လဲ ပေးနိုင်ပါတယ်။
ဆ) protection counterလို့ခေါ်တဲ့ Service Required Lock ကို ဖြည်ပေးနိုင်ပါတယ်။ (ဒါက ကျနော့် ဖေးဘရိတ် ကွန်မန်းပါ။)
ဇ) Epson Printers အမျိုး ရာကျော်နဲ့ အလုပ်လုပ်နိုင်ပါတယ်။

စမ်းကြည့်ပါ။ မိတ်ဆွေတို့အတွက် အသုံးတည့်မယ်ဆိုရင် ဝမးမြောက်စရာပါပဲ။

သုံးလို့ရတဲ့ Printer Model တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Supported printer models (16.10.2006)








































































































































































































































































































































































Model / Модель
Status / Статус
Epson Stylus Сolor 400supported
Epson Stylus Сolor 440supported
Epson Stylus Color 480 LPTsupported
Epson Stylus Color 480SXU / 580supported
Epson Stylus Сolor 600supported
Epson Stylus Сolor 640supported
Epson Stylus Сolor 660supported
Epson Stylus Сolor 670supported
Epson Stylus Color 680 / 777supported
Epson Stylus Сolor 740supported
Epson Stylus Сolor 760supported
Epson Stylus Сolor 800 / 850supported
Epson Stylus Сolor 860supported
Epson Stylus Color 880supported
Epson Stylus Color 900 / EM-900Csupported
Epson Stylus Color 980supported
Epson Stylus Сolor 1160supported
Epson Stylus Color 1520supported
Epson Stylus Color 3000supported
Epson Stylus C20 / C40 / CL-750supported
Epson Stylus C41 / C42 / C43 / C44 / C45 / C46 / C47 / C48 **supported
Epson Stylus C50supported
Epson Stylus C60supported
Epson Stylus C61 / C62 **supported
Epson Stylus C63 / C64 **supported
Epson Stylus C65 / C66 and PE **supported
Epson Stylus C67 / C68 / D68 and PE **supported
Epson Stylus C70 **supported
Epson Stylus C80 **supported
Epson Stylus C82 **supported
Epson Stylus C83 / C84 **supported
Epson Stylus C85 / C86 and PE **supported
Epson Stylus C87 / C88 / D88 and PE **supported
Epson Stylus Photo RX420 / RX425 / RX430 **supported
Epson Stylus Photo RX500 / RX510**supported
Epson Stylus Photo RX520 **supported
Epson Stylus Photo RX600 / RX610 **supported
Epson Stylus Photo RX620 **supported
Epson Stylus Photo RX700 **supported
Epson Stylus CX3100 / CX3200 **supported
Epson Stylus CX3500 / CX3600 / CX3650 **supported
Epson Stylus CX3700 **supported
Epson Stylus CX3800 / CX3810 / DX3800 **supported
Epson Stylus CX4500 **supported
Epson Stylus CX4600 **supported
Epson Stylus CX4100 / CX4200 **supported
Epson Stylus CX4700 / CX4800 **supported
Epson Stylus DX4200 / DX4800 **supported
Epson Stylus CX5100 / CX5200 **supported
Epson Stylus CX5300 / CX5400 **supported
Epson Stylus CX6400 / CX6600 **supported
Epson Stylus CX6300 / CX6500 **supported
Epson Stylus CX7800 **supported
Epson PictureMatesupported
Epson Stylus Photosupported
Epson Stylus Photo EXsupported
Epson Stylus Photo 700 / IP-100supported
Epson Stylus Photo 750 / PM-770Csupported
Epson Stylus Photo 780 / 790 / PM-780Csupported
Epson Stylus Photo 810 / 820supported
Epson Stylus Photo 820 **supported
Epson Stylus Photo 825 / 915supported
Epson Stylus Photo 830 / 830U **supported
Epson Stylus Photo 870 / PM-875DCsupported
Epson Stylus Photo R200 / R210 **supported
Epson Stylus Photo R220 / R230 **supported
Epson Stylus Photo R300 / R310 **supported
Epson Stylus Photo R320 **supported
Epson Stylus Photo R800 / PX-G900 **supported
Epson Stylus Photo R1800 **supported
Epson Stylus Photo R2400 **supported
Epson Stylus Photo 890supported
Epson Stylus Photo PM-890Csupported
Epson Stylus Photo PM-A700 **supported
Epson Stylus Photo PM-G720 **supported
Epson Stylus Photo PM-970C **supported
Epson Stylus Photo 895/ 785EPXsupported
Epson Stylus Photo 900 **supported
Epson Stylus Photo 925 / 935 **supported
Epson Stylus Photo 950 / 960 / PM-950C **supported
Epson Stylus Photo 1200 / PM-3000Csupported
Epson Stylus Photo 1270 / PM-3300Csupported
Epson Stylus Photo 1280 / PM-3500Csupported
Epson Stylus Photo 1290supported
Epson Stylus Photo 2000Psupported
Epson Stylus Photo 2100 **supported
Epson Stylus Photo 2200 / PM-4000EPX **supported
Epson Stylus Pro 5000 / PM-5000Csupported

Main features.

SSC Service Utility allow you to do many amazing things with Your Epson printer :

1) Work directly with CSIC in Epson Stylus printers cartridges.

2) Reset or rewrite any chip using special addon device.
3) Freeze internal ink counters.
4) Reset internal ink counters even with empty cartridges.
5) Separate cleaning of color and black heads for all Epson inkjet printers, powerful cleaning mode.

6) Hot swapping of cartridges supported.
7) Resetting of protection counter (even then it is already full).
8) More then 100 different Epson printers supported

This allow many people with high printing demands to save some money (program works with both black and color cartridges).

Up to day this software works under Windows 95/98/ME/2K2/XP with both the LPT and USB printers.

NOTE ! You can lost Epson lifetime guarantee on print head by refilling ink cartridges!

Source: http://www.ssclg.com/epsone.shtml

Tuesday, January 5, 2010

လူတစ်ယောက်ဟာ လူငယ်ဘဝကို ဘယ်လို ဖြတ်သန်း သင့်တယ်ဆိုတာ ကိုယ့် career ကို ရွေးချယ်မှုပေါ် မူ တည်တယ် ဆိုရင်ကော..

သွန်သင်ဆုံးမ ဩဝါဒပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဒါပေမယ့် ဆရာ...။

လူတစ်ယောက်ဟာ လူငယ်ဘဝကို ဘယ်လို ဖြတ်သန်းသင့်တယ်ဆိုတာ ကိုယ့် career ကို ရွေးချယ်မှုပေါ် မူတည်တယ် ဆိုရင်ကော ဆရာ။ ပြောရရင် တိုင်းတဲ့ Measurement System စံပေတံပေါ့ဆရာ။

ဥပမာအားဖြင့်။ ကဗျာဆရာ၊ စာရေးဆရာ ဖြစ်လိုတဲ့ ရည်မှန်းချက်ရှိတဲ့ လူငယ်တစ်ယောက်က ဆယ်ကျော်သက်အရွယ်မှာ ကလောင်သွေးနေတာ၊ ကိုယ့်အသိုင်းအဝိုင်းကို ကိုယ်ရေးတဲ့ စာ၊ကဗျာလေးတွေ ပြပြီး ပြန်လာတဲ့ ပဲ့တင်သံကို မျှော်လင့်တကြီး စောင့်စားနေမည့် အချိန်မှာ တခြားစံပေတံတစ်ခုနဲ့ အတိုင်းခံရပီး စံမမှီဘူးလို့ အပြောသာခံလိုက်ရရင်.....။

(မေ့တော့မေ့ကုန်ပါပီ။) အရူးထတယ်လို့ပဲပြောပြော။ ကျနော်ငယ်ငယ်က နေခြည်လာမှနွေးသောကြောင့် ရတုတို့ တစ်ပိုဒ်လိုနေတဲ့ အိုင်ချင်းတို့ကို အားကျပြီး အနုအရွ ကဗျာလေးတွေ လျောက်ဖွဲ့မိပါတယ်။ အင်တာနက် ခေတ်မဟုတ်တော့ ပြစရာဆိုလို့ အနီးကလူတွေပဲရှိတာလေ။ အဖေက သွားတွေ့တော့ အမေ့ကို မေးနေတာ ကြားတယ်။ မင့်သား ရည်းစားများရနေသလား မသိဘူးတဲ့။ အမေက သေသေချာချာဖတ်ပေးတယ်။ ပြီးတော့ ငါ့သားက ဘယ်ဆိုးလို့လဲတဲ့။ ဒီနေ့အထိ မမေ့ပါဘူး။ (တကယ်တော့ အဖေ၊အမေက ဖတ်မိရင် ဘာထင်မြင်ချက် ပေးမလဲ သိချင်နေလို့ တမင်မြင်အောင် ထားထားတာပါ။ ဒီခေတ်လူငယ်များက ပို အားသာချက်ရှိပါတယ်။ အင်တာနက် သုံးပြီး တယ်ဂျင်းတွေကို ပြလို့ရတာလေးပါ။)

အဖေတိုင်းတဲ့ စံပေတံနဲ့ အမေ့ စံပေတံနဲ့ မတူပါဘူး။ ဒါ့ကြောင့် ပြောချင်တာက စံပေတံ တစ်ခုတည်းနဲ့ လူငယ်အများကို လိုက်တိုင်းမယ်ဆိုရင်....မှားကောင်းမှားနေမလားလို့ပါ...။

လွန်တာရှိရင် ဝန္တာမိပါနော်။

Friday, January 1, 2010

Google မှာမြန်မာစာဖြင့်ရှာကြသူများအတွက် Google SafeSearch

တလောက ဖိုရမ်တစ်ခုမှာ ရေးထားတာဖတ်လိုက်ရပါတယ်။ (ဖိုရမ်းအမည်တော့ မမှတ်မိတော့ပါ။) အင်တာနက်သင်ပေးတဲ့ ဆရာတစ်ဦးရဲ့ ဖြစ်အင်ပါ။ ဂူးဂဲလ်မှာဘယ်လိုရှာရတယ်ဆိုတာကို နမူနာအနေနဲ့ ရှာပြရာမှာ Search Box မှာ သဝေထိုး (ေ) ရိုက်ပြီး ရှာပြမိပါတယ်တဲ့။

အများသိပြီးထင်ပါတယ်။ ထွက်လာတဲ့ Search Result ကတော့ မောင်နဲ့နှမ၊ သားနဲ့အမိ ကြည့်မတော်တဲ့ မြန်မာဘာသာ ညစ်ညမ်း Webpages များပဲဖြစ်ပါတယ်။ (မိတ်ဆွေ စမ်းကြည့်နိုင်ပါတယ်။)

အမှန်က ဂူးဂဲလ်ရဲ့ SafeSearch ကို ဖွင့်(ON)ထားရင် ဒီလို Search Result မျိုး လုံးဝ မပေါ်သင့်ပါဘူး။ ဂူးဂဲလ်သည် Web Pages တွေကို အဆင့်အတန်းခွဲရာမှာ -
#၁) ၎င်းWeb Site Admin ရဲ့ Page Rank
#၂) Web Page ပေါ်မှ ပုံများ
#၃) Web Page ပေါ်မှာ စာသားများ ကို ကြည့်ပြီး ညစ်ညမ်း Web Page လား၊ ဘားလား ခွဲခြားတာ ဖြစ်ပါတယ်။
ပြီးမှ Search ရှာတဲ့သူ၏ စက်ရှိ SafeSearch Filtering ကို ဆန်းစစ်ပြီး Search Resultကို ထုတ်ပေးတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် တခြားဘာသာတော်တော်များများမှာ အောက်ပါ SafeSearch Filtering ကို ချိန်ထားရုံနဲ့ ညစ်ညမ်းစာမျက်နှာများ ရှာပေးမှု့ကို ကာကွယ်ပေးပီးသားပါ။

1_Setting.gif

ကျွှန်တော်တို့ ယူနီကုတ် မြန်မာစာကျတော့ ဂူးဂဲလ်ကြီးက ဖတ်ပီးမသိနိုင်သေးဖူးလေ။ ဒါကြောင့် #၁) နဲ့ #၂) ကာကွယ်မှုတွေကနေ လွတ်ပီး ညစ်ညမ်းပုံမပါသော်လည်း ညစ်ညမ်းစာသားအတိပီးသော စာမျက်နှာများကို ရှာထုတ်ပေးလိုက်တာပါ။

အခုအခါမှာ အိုင်တီခေတ်ဖြစ်လာသောကြောင့် အရွယ်မရောက်သေးသူ မြန်မာများလည်း အင်တာနက်သုံးစွဲနေကြပါပီ။ ထိုလူငယ် (မိမိတို့၏ သားသ္မီးငယ်) များ မမြင်သင့်တာ မမြင်ရလေအောင် လုပ်ရမည့်တာဝန်မှာ ကျွန်တော်တို့ လူကြီးတွေ၏ အမျိုးသားရေးတာဝန် စင်စစ်ဖြစ်ပါသည်။

ဘယ်လိုကာကွယ်ကြမှာလဲ?
ဂူးဂဲလ်ကို ဘယ် Page တွေက ညစ်ညမ်းစာတွေ ဖြစ်ပါကြောင်း အသိပေးရန် ဖြစ်ပါသည်။
ဤလင့်ခ် လေးကို မှတ်သားထားကြပါခင်ဗျာ။ https://www.google.com/webmasters/tools/removals ဖြစ်ပါတယ်။ ၎င်းသို့ ဝင်လိုက်လျှင်အောက်ပါ Page ပေါ်လာပါမည်။ မိမိ၏ account / password ဖြင့် ဆက်ဝင်ပါ။

2_EnterWebMaster.gif

အောက်ပါ Page ဆက်ပေါ်ပါမည်။ "Inappropriate webpage or image that appears in our SafeSearch filtered results." ကိုရွေး၍Next ကိုနှိပ်ပါ။



အောက်ပါ Page ဆက်ပေါ်ပါမည်။ "Google Web Search results"ကိုရွေးပါ။
"Webpage or image URL:" တွင် သင်တွေ့ရှိသော မြန်မာညစ်ညမ်းစာမျက်နှာကို ရွေးပါ။
ဥပမာ။ http://www.mysuboo.com/index.php?option=com_blog&name=yinkhwin&......

(မှတ်ချက်။ Don't enter above link unless you are an adult. It is +18 but Google SafeSearch don't know it yet.)

"Term(s) you entered to find these URL(s):"တွင် သင်ရှာကြည့်သော စာလုံးကိုရေးပါ။
ဥပမာ၊ သဝေထိုး (ခ)

4_AddAddress.gif

သင့် request ကို Google က လက်ခံ၍ အနှေးနှင့်အမြန် action ယူပါလိမ္မည့်။

5_submitted.gif

အမြင်မတော်သော မြန်မာ Web Pages များ တွေ့ပါက ပစ်မထားပဲ ဝိုင်းဝန်း ကူညီကြပါခင်ဗျား။
ကျွန်တော် ပေးထားသော လင့်ခ် ကို Internet Explorer/ Browser ၏ Bookmark ထဲ ထဲ့ထားလျှင် နောင်ဝင်ရလွယ်ပါမည်။

သင့် ရင်သွေး၊ သားသ္မီးများ အတွက် ဖြစ်ပါသည်။ အများမှ ဝိုင်းပို့ခြင်းဖြင့် ဂူးဂဲလ်၏ Action ကို ပိုမြန်စေနိုင်ပါလိမ့်မည်။

ထပ်ပြောပါရစေ။ ကျွန်တော်တို့ လူကြီးတွေ၏ အမျိုးသားရေးတာဝန် စင်စစ်ဖြစ်ပါသည် ခင်ဗျား။

ဒါ ကျွန်တော် ဖော်အဲဗားဖရန့်စ်မှာ တင်ထားဖူးတဲ့ Post ဖြစ်ပါတယ်။

စိတ်ညစ်နေသလား။ ခဏလောက်ဖတ်ကြည့်ပါ။




မောင်ကောင်းထိုက်၏ ဟာသပဒေသာမှ။

General Knowledge Quiz Questions

General Knowledge Quiz Questions

by ရဲရင့်နီ

  1. The largest museum in the world is the American Museum of Natural History.

  2. The lowest mountain range in the world is the Buena Bhaile.

  3. The country known as the Land of Cakes is Scotland.

  4. The place known as the Garden of England is Kent.

  5. The tallest tower in the world is the C. N. Tower, Toronto, Canada.

  6. The country famous for its fish catch is Japan.

  7. The old name of Taiwan was Farmosa.

  8. Montreal is situated on the bank of River Ottawa.

  9. The city of Bonn is situated in Germany.

  10. The literal meaning of Renaissance is Revival.

  11. Julius Caesar was killed by Brutus.

  12. The title of Desert Fox was given to Field Marshal Erwin Rommel.

  13. The largest airport in the world is the King Khalid International Airport, Saudi Arabia.

  14. The city in Russia which faced an earthquake in the year 1998 was Armenia.

  15. The largest bay in the world is Hudson Bay, Canada.

  16. The largest church in the world is Basilica of St. Peter, Vatican City, Rome.

  17. The largest peninsula in the world is Arabia.

  18. The largest gulf in the world is Gulf of Mexico.

  19. The tallest statue in the world is the Motherland, Volgograd Russia.

  20. The largest railway tunnel in the world is the Oshimizu Tunnel, Japan.

  21. The world's loneliest island is the Tristan da cunha.

  22. The word 'Quiz' was coined by Jim Daly Irishman.

  23. The original meaning of 'Quiz' was Trick.

  24. The busiest shopping centre of London is Oxford Street.

  25. The residence of the Queen in London is Buckingham Palace.

  26. Adolf Hitler was born in Austria.

  27. The country whose National Anthem has only music but no words is Bahrain.

  28. The largest cinema in the world is the Fox theatre, Detroit, USA.

  29. The country where there are no Cinema theatres is Saudi Arabia.

  30. The world's tallest office building is the Sears Tower, Chicago.

  31. In the year 1811, Paraguay became independent from Spain.

  32. The cross word puzzle was invented by Arthur Wynne.

  33. The city which was the capital of the ancient Persian Empire was Persepolis.

  34. WHO stands for World Health Organization.

  35. WHO (World Health Organization) is located at Geneva.

  36. FAO stands for Food and Agriculture Organization.

  37. FAO is located at Rome and London.

  38. UNIDO stands for United Nations Industrial Development Organization.

  39. UNIDO is located at Vienna.

  40. WMO stands for World Meteorological Organization.

  41. WMO is located at Geneva.

  42. International Civil Aviation Organization is located at Montreal.

  43. The Angel Falls is located in Venezuela.

  44. The Victoria Falls is located in Rhodesia.

  45. Ice Cream was discovered by Gerald Tisyum.

  46. The number regarded as lucky number in Italy is thirteen.

  47. Napoleon suffered from alurophobia which means Fear of cats.

  48. The aero planes were used in war for the first time by Italians. (14 Oct.1911)

  49. Slavery in America was abolished by Abraham Lincoln.

  50. The Headquarters of textile manufacturing in England is Manchester.

  51. The famous Island located at the mouth of the Hudson River is Manhattan.

  52. The founder of plastic industry was Leo Hendrik Baekeland.

  53. The country where military service is compulsory for women is Israel.

  54. The country which has more than 10,000 golf courses is USA.

  55. The famous painting 'Mona Lisa' is displayed at Louvre museum, Paris.

  56. The earlier name for tomato was Love apple.

  57. The first President of USA was George Washington.

  58. The famous words 'Veni Vidi Vici' were said by Julius Caesar.

  59. The practice of sterilization of surgical instruments was introduced by Joseph Lister.

  60. The number of countries which participated in the first Olympic Games held at Athens was nine.

  61. Mercury is also known as Quick Silver.

  62. Disneyland is located in California, USA.

  63. The country which built the first powerful long range rockets is Germany.

  64. Sewing Machine was invented by Isaac M. Singer.

  65. Adding Machine was invented by Aldrin.

  66. The national emblem of Spain is Eagle.

  67. Archimedes was born in Sicily.

  68. The total area of Vatican City is 0.272 square kilometers.

  69. The largest temple in the world is Angkor Wat in Kampuchea.

  70. The largest dome in the world is Louisiana Superdome, New Orleans, USA.

  71. The largest strait in the world is Tartar Strait.

  72. The Mohenjo-Daro ruins are found in Larkand District of Sind, Pakistan.

  73. The largest city of Africa is Cairo.

  74. The founder of KODAK Company was Eastman.

  75. The Cape of Good Hope is located in South Africa.

  76. The Heathrow Airport is located in London.

  77. The neon lamp was invented by Georges Claude.

  78. The last letter of the Greek alphabet is Omega.

  79. The place known as the land of Lincoln is Illinois.

  80. The US state Utah is also known as Beehive state.

  81. The Kalahari Desert is located in Africa.

  82. The Patagonian desert is located in Argentina.

  83. The person known as the father of aeronautics is Sir George Cayley.

  84. The most densely populated Island in the world is Honshu.

  85. The two nations Haiti and the Dominion Republic together form the Island of Hispaniola.

  86. The largest auto producer in the USA is General Motors.

  87. The largest auto producing nation is Japan.

  88. The famous ?General Motors? company was founded by William Durant.

  89. The country that brings out the FIAT is Italy.

  90. The first actor to win an Oscar was Emil Jannings.

  91. The first animated colour cartoon of full feature length was Snow White and Seven Dwarfs.

  92. The first demonstration of a motion picture was held at Paris.

  93. The first country to issue stamps was Britain.

  94. The actor who is considered as the biggest cowboy star of the silent movies is Tom Mix.

  95. The Pentagon is located at Washington DC.

  96. The world's largest car manufacturing company is General Motors, USA.

  97. The world's biggest manufacturer of bicycles is Hero cycles, Ludhiana.

  98. The world's oldest underground railway is at London.

  99. The White House was painted white to hide fire damage.

  100. The largest oil producing nation in Africa is Nigeria.

  101. The longest river in Russia and Europe is Volga River.

  102. The first Emperor of Germany was Wilhelm.

  103. The last French Monarch was Louis Napoleon III.

  104. "History is Bunk" was said by Henry Ford.

  105. The term 'astrology' literally means Star Speech.

  106. Togo is situated in Africa.

  107. Coal is also known as Black Diamond.

  108. The first Boxer to win 3 gold medals in Olympics was Laszlo Papp.

  109. The first ruler who started war games for his soldiers was Genghis Khan.

  110. The first cross word puzzle in the world was published in 1924 by London Sunday Express.

  111. The lightest known metal is Lithium.

  112. The Atacama Desert is located in North Chile.

  113. The oil used to preserve timber is Creosote oil.

  114. The founder of USA was George Washington.

  115. The first talkie feature film in USA was 'The Jazz Singer'.

  116. The chemical name of laughing gas is Nitrous oxide.

  117. The US state Mississippi is also known as Tar Heel state.

  118. The US state Indiana is also known as Volunteer state.

  119. The US state Missouri is also known as Hoosier state.

  120. The US state West Virginia is also known as Blue Grass state.

  121. The US state known as 'Pine Free State' is Vermont.

  122. The US state known as 'Mountain state' is Pennsylvania.

  123. The US state known as 'Land of 1000 Lakes' is Arkansas.

  124. The popular detective character created by Agatha Christie is Hercule Poirot.

  125. The Pakistani President who died in an air crash was Zia-ul-Huq.

  126. Yoghurt means Fermented milk.

  127. Yankee is the nickname of American.

  128. The International court of Justice is located in Hague, Holland.

  129. The headquarters of World Bank is located at Washington DC.

  130. Victoria Falls was discovered by David Livingstone.

  131. The technique to produce the first test tube baby was evolved by Patrick Steptoe and Robert Edwards.

  132. The oldest residential university of Britain is the Oxford University.

  133. The name of the large clock on the tower of the House of Parliament in London is called Big Ben.

  134. Prado Museum is located in Madrid.

  135. The number of keys in an ordinary piano is Eighty eight.

  136. 'Man is a Tool Making Animal' was said by Benjamin Franklin.

  137. The term 'anesthesia' was coined by Oliver Wendell Holmes.

  138. The first man to reach Antarctica was Fabian Gottlieb.

  139. The Kilimanjaro volcano is situated in Tanzania.

  140. The invention that is considered to have built America is Dynamite.

  141. Words that contains all the vowels: Authentication, Remuneration, Education, Automobile, Miscellaneous and many more.

  142. Words that contain all the vowels in order: Facetious and Abstemious.

  143. Words that contain all the vowels in reverse order: Uncomplimentary, Unproprietary, Unoriental and Subcontinental.

  144. Words with no vowel in them: Myth, Fly, Sky, Dry, Cry, Rhythm, Crypt.

  145. Which country declares independence on 18th Feb 2008? - Kosovo.

  146. Who was the founder of the kindergarten education system? - German educator Friedrich Froebel.

  147. What is the scientific name of Vitamin C? - Ascorbic Acid

  148. What is the full form of GPRS? - General Packet Radio Service

  149. Which was the first university established in the world? - Nalanda University

  150. What is full form of CEO, CFO & CIO titles? Chief Executive Officer, Chief Financial Officer & Chief Information Officer.


source: http://humanhome.blogspot.com/2009/12/general-knowledge-quiz-questions.html

Email Message Disclaimer မိမိ၏ မက်ဆေ့ဂ်ျကို ဖြန့်ဝေပါက ဥပဒေအရ အရေးယူမည်ဆိုသော…

Eleven Media Logo
Eleven Media က ရလာတဲ့ သတင်းလေး ဝေမျှပါတယ်။

အီးမေးလ် အသုံးပြုသူအချို့ မိမိတို့ပို့သောမေးလ်ကို ဖြန့်ဝေပါက ဥပဒေအရ အရေးယူမည်ဆိုသော စာကိုပါ တွဲပို့လာ၊ ဆိုက်ဘာ အသရေဖျက်မှုများသည် ယခင်က အနုပညာ အသိုင်းအ၀ိုင်းတွင်သာ များပြားခဲ့သော်လည်း ယခုအခါ စီးပွားရေး၊ လူမှုရေးနယ်ပယ်ထိ ကျယ်ပြန့်စွာရိုက်ခတ်လာ

source: http://www.news-eleven.com/index.php?option=com_content&view=article&id=1212:2009-12-30-04-52-27&catid=42:2009-11-10-07-36-59&Itemid=112






241(3).jpgယခုအခါ အင်တာနက်မှအီးမေးလ် အသုံးပြုသူအချို့ မိမိတို့ပို့သော မေးလ်အား လက်ခံသူက အခြားသူများသို့ ထပ်ဆင့်ဖြန့်ဝေပါက ဥပဒေအရ အရေးယူမည်ဆိုသော စာ ကို မေးလ်နှင့်အတူ တွဲပို့လာကြကြောင်းနှင့် ဆိုက်ဘာအသရေဖျက်မှုများသည် ယခင်က အနုပညာရှင်များ အသိုင်းအ၀ိုင်းတွင်သာ များပြားခဲ့သော်လည်း ယခုအခါ စီးပွားရေး၊ လူမှုရေးနယ်ပယ်အထိပါ ကျယ်ပြန့်စွာရိုက် ခတ်လာပြီဖြစ်ကြောင်း အင်တာနက်အီး မေးလ် အသုံးပြုနေသူများထံမှ သတင်း ရရှိသည်။

အီးမေးလ် အသုံးပြုသူအချို့က ၄င်းတို့မေးလ်များအား မိတ်ဆွေ တစ်ဦးတစ်ယောက်ထံသို့ ပို့ရာတွင် ပို့သောမေးလ်၏ အောက်၌မှတ်ချက်အနေဖြင့် သတိပေးစာ ကိုပါတွဲပို့လာကြခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါသတိပေးစာတွင် ယခုပို့လိုက် သော မေးလ်အား မေးလ်ပို့သူ၏ ခွင့်ပြုချက် မရဘဲ တစ်စုံတစ်ယောက်ထံသို့ ထပ်မံဖြန့်ဝေမည်ဆိုပါက တည်ဆဲဥပဒေများအရ အရေးယူမည်ဟူသော စာသားကိုထည့်သွင်း ထားခြင်းဖြစ်ကြောင်း သိရသည်။

မိမိပို့သောမေးလ်နှင့်အတူ သတိပေးစာကိုပါတွဲ၍ ပေးပို့နေသူတစ်ဦးက ပြောကြားခဲ့ရာ''အခုချိန်မှာ တစ်ယောက်ပို့တဲ့ မေးလ်ကို ကျန်တစ်ယောက်က အယောက် ပေါင်းများစွာကို ဖြန့်ဝေတဲ့ Forward mail အရမ်းခေတ်စားနေတယ်။ အဲဒီထဲမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြောင်းအရာ အစုံပါတယ်။ အဲဒီအကြောင်းအရာတွေထဲမှာမှ အဖွဲ့ အစည်းတစ်ခုခုကိုဖြစ်ဖြစ်၊ လူပုဂ္ဂိုလ် တစ်ဦးဦးကိုဖြစ်ဖြစ် ချီးကျူးတာ၊ အသရေဖျက်အောင် အပုပ်ချတာ (cyber defamation)ပါနေတယ်။ cyber defamation က ချီးကျူးတာထက် ပိုများတယ်။ ကိုယ်ကလည်း ကိုယ့် မိတ်ဆွေကို မေးလ်ပို့တော့မယ်ဆို ပို့တဲ့ မေးလ်ထဲမှာ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးတွေ ပါချင်ပါမယ်။ ဥပမာ ဆိုပါစို့ ကိုယ် ယုံကြည်ရတယ်ထင်လို့ မိတ်ဆွေ တစ်ဦးထံ မေးလ်တစ်စောင်ပို့တယ်။ ငါကတော့ဖြင့် မော်ဒယ်ကောင်မလေး တစ်ယောက်နဲ့ ဖြစ်နေတယ်။ အခု အဲဒီကောင်မလေးနဲ့ လွန်ကျူးမိသွား ပြီလို့အစရှိသဖြင့် ကိုယ်ပို့တဲ့မေးလ် ထဲမှာပါနေတယ်။ အဲဒါကိုမိတ်ဆွေက ဖွတဲ့အနေနဲ့ သူ့အခြားမိတ်ဆွေတွေ ဆီလည်း Forward mail နဲ့ပို့လည်း ပို့လိုက်ရော ဟိုးလေးတကြော်ဖြစ်ပြီး ကိုယ်ပါ သိက္ခာကျနိုင်တယ်။ ဒါကြောင့် နောက်ပိုင်းမှာ မေးလ်ပို့တော့မယ်ဆို ဘယ်လိုမေးလ်ပဲပို့ပို့ မေးလ်အောက်မှာ ကိုယ်မေးလ်ကို ဖြန့်ဝေရင် တည်ဆဲ ဥပဒေတွေအရ အရေးယူမယ်လို့တစ်ခါ တည်းတွဲပို့နေရတယ်'' ဟုဆိုပါသည်။

အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေအရ ပြစ်မှု မြောက်နေသော ဆိုက်ဘာအသရေ ဖျက်မှု (cyber defamation)များထဲ တွင် ယခုအခါ အနုပညာရှင်များဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေးဆိုင်ရာ အကြောင်းအရာ၊ လူမှုရေးဆိုင်ရာ အကြောင်းအရာများ ပါဝင်နေသည်ဖြစ်ပြီး ယခင်ကာလများကမူ အနုပညာ ရှင်များ၏ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခကျ ဆင်းနိုင်သည့် အကြောင်းအရာများသာ ပိုမိုများပြားကြောင်း အင်တာနက် အသုံးပြုနေသူများထံမှ သိရသည်။

''တစ်ချို့ အနုပညာရှင်တွေရဲ့ ညစ်ညမ်းဗီဒီယိုလို့ ဆိုတာတွေကျ တော့ နိုင်ငံခြားကညစ်ညမ်းခွေထွေ ထဲက မြန်မာမော်ဒယ် အဆိုတော် မင်းသမီးနဲ့တူတဲ့ ရုပ်ရည်နဲ့ အကွက်တွေလောက်ကို တည်းဖြတ်ပြီးဖြန့်ဝေတယ်။ ပြီးရင် ခိုးပဲရိုက်ထားသလိုလို ဟန်းဖုန်းနဲ့ရိုက်လို့ပဲ ၀ါးသလိုလို ကွန် ပျူတာပညာနဲ့ ပြုပြင်ထားတယ်။ ဒီနေရာမှာ တချို့က စီးပွားရေးအရ ငွေလိုချင်လို့ လုပ်တာဖြစ်နိုင်သလို၊ လူမှုရေးအရ သိက္ခာကျ၊ နာမည်ပျက်အောင် လုပ်တာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲလုပ်လုပ် ဥပဒေအရအရေး ယူခံရနိုင်တယ်''ဟု BE(IT) ဘွဲ့ရ လူငယ်တစ်ဦးက သုံးသပ်ခဲ့သည်။

ထို့ပြင် ယခုလက်ရှိ၌ ခေတ်စားနေသော စီးပွားရေးဆိုင်ရာ အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်းအား ၀က်ဘ်ဆိုက်ပေါ်မှ cyber defamation ပြုလုပ်ရာတွင် မဟုတ်မမှန် လုပ်ကြံထားသည့် စွပ်စွဲမှုများ၊ အသရေပျက်စေမှုများ၊ အပုပ်ချမှု များဖြစ်ကြောင်း အင်တာနက်ဝက်ဘ်ဆိုက် အသုံးပြုနေသူများထံမှ သိရ သည်။

လူမှုရေးဆိုင်ရာ ၀က်ဘ်ဆိုက် ပေါ်မှ cyber defamation ဆိုက်ဘာ အသရေဖျက်မှုများထဲတွင် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ လိပ်စာ၊ နာမည်၊ ဖုန်းနံပါတ် အတိအကျရေးကာ အဆိုပါပုဂ္ဂိုလ်မှာ မိန်းကလေးများ အား ကျူးလွန်သူဖြစ်ကြောင်း၊ ဗေဒင် ဆရာအချို့၏ မကောင်းကြောင်း၊ အဆိုပါ ဗေဒင်ဆရာအား သွားမေးပါက မိန်းကလေးများအား အသားယူခြင်း ခံရမည်ဟူ၍လည်းကောင်း၊ ဗေဒင် ဆရာနှင့်ဆိုင်သည့် အချက်အလက် များလည်းပါဝင်ကြောင်းသိရသည်။

အချို့ မိန်းကလေးများသည် ၄င်းတို့၏ သာမန်အလှဓာတ်ပုံများ အား ၀က်ဘ်ဆိုက်ပေါ်တင်မိရာမှ အခြားသော နိုင်ငံတကာမှ ညစ်ညမ်း ဓာတ်ပုံကိုယ်ထည်များနှင့် ဖြတ်ဆက်ကပ်ညှပ်လုပ်ကာ ညစ်ညမ်းဓာတ်ပုံများ အဖြစ်ဖန်တီးခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်းသိရသည်။ ၀က်ဘ်ဆိုက်ပေါ်မှ ဆယ်ကျော်သက်လူငယ်များ၏ ညစ်ညမ်းပုံဆန်ဆန် ဓာတ်ပုံများ အား အရှက်ကွဲစေရန် လိုက်လံဖြန့်ဝေမည် ဟု ခြိမ်းခြောက်ခံရသည့်ဖြစ်ရပ်များ လည်းရှိခဲ့ကြောင်း ကာယကံရှင်များနှင့် နီးစပ်ရာအသိုင်းအ၀ိုင်းမှ သိရသည်။

ယခုကဲ့သို့ အင်တာနက်ဝက်ဘ် ဆိုက်ပေါ်မှတစ်ဆင့် နယ်ပယ်အသီးသီး ရှိ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များအား ဆိုက်ဘာ အသရေဖျက်နေမှုများသည် အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေးဥပဒေအရ အရေးယူခံရနိုင် ကြောင်း၊ ညစ်ညမ်းသော ပြုလုပ်မှုများ နှင့်ပတ်သက်၍လည်း ပြစ်မှုဆိုင်ရာ ဥပဒေဖြင့် အရေးယူခံရနိုင်ကြောင်း၊ ညစ်ညမ်းသောဓာတ်ပုံ၊ ဗီဒီယိုတွင် အရွယ်မရောက်သေးသူ မိန်းကလေးများ အားအသုံးချမိပါက ကလေးသူငယ် ဥပဒေအရပါ အရေးယူခံရနိုင်ကြောင်း ဥပဒေပညာရှင်များက သတိပေး ပြော ကြားခဲ့သည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဆိုင်ရာဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အလို့ငှာ ဆက် သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၀န်ကြီးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာန၊ အစိုးရဌာန၊ အဖွဲ့အစည်းများ မှ ပုဂ္ဂိုလ်များနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အဖွဲ့ဝင်များ အဖြစ်လည်းကောင်းပါဝင်စေလျက် အီလက်ထရောနစ်ဆက်သွယ်ဆောင် ရွက်ရေးဗဟိုအဖွဲ့ကိုဖွဲ့စည်းရကြောင်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ သိရသည်။

ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ တွင် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းပညာဆိုင်ရာကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းခြင်း၊ ကြီး ကြပ်ခြင်းနှင့် လမ်းညွှန်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဗဟိုအဖွဲ့သည် ဤ ဥပဒေပါ ကိစ္စရပ်များအလို့ငှာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်နိုင် ရန်သင့်လျော်သော ပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်သူများပါဝင်သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းရကြောင်း သိရသည်။

ကြီးကြပ်မှုအဖွဲ့သည် ဗဟိုအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်သော အချက်အလက် အထောက်အထားများကို ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ဖော်ထုတ်ရယူခြင်း၊ ကြီးကြပ်မှုအဖွဲ့ သည်လိုအပ်ပါက မိမိ၏ လုပ်ငန်းတာ ၀န်နှင့် လုပ်ပိုင်ခွင့် တစ်ရပ်ရပ်ကို အဖွဲ့ ဖွဲ့စည်း၍ဖြစ်စေ၊ ကျွမ်းကျင်သူတစ်ဦးဦး အားဖြစ်စေ ဗဟိုအဖွဲ့၏ သဘောတူ ညီချက်ဖြင့် လွှဲအပ်တာဝန်ပေးနိုင်ခြင်း တို့ ဆောင်ရွက်နိုင်ကြောင်း သိရှိရ သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~