Monday, September 26, 2011

အချစ်တစ်ခုတည်းနဲ့ ဘဝ တည်ဆောက်လို့ မရဘူး

"အချစ်" တစ်ခုတည်းနဲ့ "ဘဝ"တည်ဆောက်လို့ မရဘူး ဆိုတဲ့ စကား လူပြောများကြတယ်။ သီချင်းတွေထဲမှာလည်း တွေ့ရတယ်။ အောင်မြင်တဲ့ "ဘဝ"တစ်ခုတည်ဆောက်ဘို့ "အချစ်" တော့လိုမယ် ထင်ပါတယ်။ အဲ့ဒီ "အချစ်" တစ်ခုတည်းနဲ့ "ဘဝ" ကို တည်ဆောက်လို့ မရရင်....."ဘဝ" တစ်ခုတည်ဆောက်ဘို့ "အချစ်" အပြင် တခြား ဘာတွေလိုမလဲ သိချင်မိပါတယ်။ ဖတ်သင့်တဲ့ လင့်တွေ့ရင်လည်း ညွှန်းပါဦး...။

bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq


Monday, September 12, 2011

ဂျီမေးက ခုန်ပျံကျော်လွှား Jump to Oldest messages

မိတ်ဆွေတို့ မင်္ဂလာပါ။
ဒီနေ့ ဟိုလျောက်ကလိ ဒီလျောက်ကလိ လုပ်ရင် ဒါလေး တွေ့လာသဗျ



အပေါ်က ပုံလေး ကြည့်တာနဲ့ ဒါ ဘယ်နားက ဘာလေးလဲ ဆိုတာ စာဖတ်သူ တန်းသိမှာပါ။ ဟုတ်ပါတယ် ဂျီမေး Inbox ဖြစ်ဖြစ် All Mail ဖြစ်ဖြစ် Gmail မျက်နှာစာ ညာဘက် အပေါ်ထောင့်မှာ ပြတဲ့ မေးစာရင်းပါ။ စာရင်း အရဆို ဒီစာရင်းမှာ စာပေါင်း 4493 စောင် ရှိတယ်ဗျာ။ အခု စာမျက်နှာမှာ ပြနေတာက 1 ကနေ 50 အထိ တမျက်နှာ အစောင် ၅၀ နှုန်းနဲ့ ပြထားတယ်ပေါ့။ ► ကို နှိပ်ရင် ပိုဟောင်းတဲ့ အစောင် ၅၀ (51 မှ 100 ထိ) ကို ဆက်ပြပေးလိမ့်မယ်။ ထားပါတော့ ကျနော်က အဟောင်းဆုံးစာကို (အစောင်နံပတ် 4993 ကို) ဖတ်ချင်တယ်ဗျာ ဘယ်လိုလုပ်မလဲ။ အစောင်နံပတ် 4993 ပေါ်တဲ့အထိ တမျက်နှာချင်း ► ကို နှိပ်ပြီး လှန်သွားမလား။ ရတာပဲ။ အချိန်တော့ ကုန်မယ်။ ဒီတော့ .... ပိုမြန်အောင် အခုတွေ့လာတဲ့ ခလုတ်ကလေးကို သုံးမယ်ဗျ...။ ကြည့်ပါ...။

ခုနက မေးစာရင်း 1- 50 of 4493 စာပေါ်ကို မောက်စ် တင်လိုက်ပါတယ် (နှိပ်စရာ မလိုပါဘူး)။
ဟော... Newest နဲ့ Oldest ဆိုတဲ့ စာ၂ကြောင်းပါတဲ့ drop-down menu လေး ကျလာပါတယ်။
Oldest ကို ရွေးပြီး ကလစ်ခေါက်လိုက်ပါတယ်။



ခဏစောင့်ပါ။ ... အဟောင်းဆုံး စာပါတဲ့ စာမျက်နှာကို ခုန်ပျံကျော်လွှားပြီး ရောက်သွားပါပြီ။
အောက်ပုံကို ကြည့်ပါ.။ စာ 4451 မှ 4493 အထိ စာစာရင်းကို ပြနေပါတယ်။ ပြောပြချင်တာ ဒါလေးပါပဲ။ အသစ်ဆုံးကို ပြန်ပြစေချင်ရင်တော့ ခုနက drop-down menu လေး ပြန်ခေါ်ပြီး Newest ကို နှိပ်လိုက်ရုံပေါ့ဗျာ...။



သိပြီးသားဆိုလည်း ဘွေမယူပါနဲ့ဗျို့...။ ကျနော်ကတော့ ဒါလေးကို ဒီနေ့မှ သိတယ်ဗျ။ သိသိချင်း ဝေမျှလိုက်ပါတယ် :)

uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

[gallery include="751,752,753"]