Thursday, July 22, 2010

ကြောက်တတ်သူများသာ ဖတ်ရန် (×နှလုံးရောဂါသ ည် မဖတ်ရ×)

ကြောက်တတ်သူများသာ ဖတ်ရန် (×နှလုံးရောဂါသည် မဖတ်ရ×)

အစကတော့ မကြောက်တတ်သူများသာ ဖတ်ရန်လို့ ရေးမလို့ပဲ။

ကြောက်စရာကောင်းတဲ့ဟာ ပြောပြမလို့လေ။ မကြောက်တတ်တဲ့သူပဲ ဖတ်တော့ ကြောက်မှ မကြောက်ပဲဟာ..ဘာထူးမလဲ နော့်။ ပမာ ပြောရရင် ခံစားချက်ဆိုတာ ခံစားတတ်သူတွေအတွက်ပဲ မှတ်လား။ မမူးတတ်တဲ့သူ ဘယ်လောက်သောက်သောက် ပိုက်ပိုက်ကုန်ရုံပဲလေ။ (မူးပီးမှောက်နေတာ မြင်ရင် မူးလို့မှောက်တယ်မှတ်ပါ..မယုံရင် ပီခီလောက်သာ မေးကြည့် :P)

အချစ်ဆိုတာလည်း ချစ်တတ်တဲ့သူများအတွက်။ အလွမ်းဆိုတာ အလွမ်းဓာတ်ခံသူရှိများအတွက်ဆိုရင် သူရဲကားလည်း ကြေက်တတ်သူများ အတွက် ဆိုတာ လက္ခံမလား။ (ကြောက်ပါတယ် ဆိုမှ ဖြဲခြောက်တယ် ပြောနဲ့နေုာ့်)

ကဲ...စပြောပြီ။ ထပ်ပြောမယ်...။ မကြောက်တတ်သူများ မဖတ်ရ...။

ရန်ကုန်မှာလေ...ကောလဟလတစ်ခု ကြားတယ်။ သူများ အပုပ်ချတဲ့ သတင်းတော့ မှုတ်ဖူး။ (သူရဲအကြောင်းဆိုတော့ကာ အပုပ်ကကျနေပီ။) အခြေအမြစ်မရှိတာတော့ သေချာတယ်။ (ကောလဟလ ပါ ဆို..) မယုံရင် ပုံပြင်လို့မှတ်ပေါ့နော်း

တညင်(သန်လျင်)က အောင်ချမ်းသာ ဆိုတဲ့ နေရာ တစ်ခု ကြားဘူးလား။ ကျိုက်ခေါက်ဘုရားမရောက်ခင်ဂိတ်ပေါ့။ အလွန်စည်ကားတဲ့နေရာတစ်ခု။ လွန်ခဲ့တဲ့ ၃၊ ၄လလောက်က အဒေါ်ကြီးတစ်ယောက် အဲဒီကားဂိတ်မှာ ကွန်တိန်နာကားလား? သစ်လုံးတင်ကားနဲ့လားမသိ ကားကြိတ်ခံရပြီး သေသွားခဲ့ဘူးတယ်တဲ့.. ကားကြိတ်ခံရတော့ ဝမ်းလျားမှောက်ကြီး ဝတုတ်တုတ်ကြီးတဲ့ ဒါပေသိ အထက်ပိုင်းကို မမြင်ရတော့ဘူး။ အကုန်ပြန့်ကျဲကုန်တာတဲ့။ ကားလမ်းမပေါ်မှာ အနီရောင်လွမ်းသွားတာပေါ့။ ကားဂိတ်နဲ့ တည့်တည့်လောက်ဆိုတော့ ရှိတဲ့သူ အကုန်မြင်ကြတယ်ပေါ့။ အဲတာနဲ့ ရုပ်ကလပ်ရှိသမျှစုစည်းပြီး ကျန်ရစ်တဲ့မိသားစုက အသုဘချလိုက်ရတာပေါ့လေ။ အဲ့ဒီကားဂိတ်အနီးရပ်ကွက်မှာ နေထိုင်သူတဲ့။ အိမ်အပြန်မှာ ဖြစ်ရတာတဲ့။ သနားစရာနော်။ လူကူးမျဉ်းကြားလည်း မရှိဘူး လမ်းဖြတ်ကူးစရာရှိရင် ကြည့်ကြက်ပြီး ဒီအတိုင်း ကူးလိုက်ကြတာပဲ။ အခုတော့ လူကူးမျဉ်းကြား ရေးဆွဲလိုက်ပြီး ကြားပါတယ်။ တော်သေးတာပေါ့နော်။ အရမ်း အက်ဆီးဒင့်ကော

superstition ကော များတဲ့ ဒေသပေါ့။

ဇာတ်လမ်းက အဲ့ဒီ အဒေါ်ကြီး အက်ဆီးဒင့် ဖြစ်ပြီးမှ စတာ...။ ည၊ ညဆို ကားဂိတ်အနီးရှိ အိမ်တစ်အိမ်က အဘွားအို တစ်ယောက်ပေါ့..ခုနက အက်ဆီးဒင့်ဖြစ်ခဲ့တဲ့နေရာမှာ ထ၊ ထပြီး ရှာတော့တာပဲ...။ မနက် သတိရတဲ့အခါ ပြန်မေးကြည့်။ သူ့ကိုယ်သူတော့ ဘာမှ မသိဘူးတဲ့။ ဘာရှာလို့ ရှာမှန်းမသိ ဘာထလုပ်ခဲ့မှန်းကို မမှတ်မိတာတဲ့။ အဲတာ ညကြီးသန်းခေါင်ဆိုတော့ အမြင်မတော်တဲ့ ညဘက်မောင်းတဲ့ ကယ်ရီသမား (ဆိုင်ကယ် ကယ်ရီ၊ ဆိုက်ကားကဲ့သို့ အငှါးလိုက်သည်။) က မေးလိုက်ကော...
"အဘွား ညကြီးမိုးချုပ် ဘာရှာနေတာလဲ?"

အဘွားအိုက အသံတုန်တုန်နဲ့ (အိုပြီဆိုမှတော့ အသံတုန်ပြီပေါ့)..
"အော်...အဒေါ့် အသည်းနှလုံးလေးကွယ် ဒီနားမှာ ကျန်နေခဲ့တာ..အဲတာ ပြန်များတွေ့မလားလို့ ရှာနေတာ.."

ကယ်ရီသမား ပြေးတာမှ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပဲ.. သူ့အိမ်ကို တန်းပီးတော့..။ နဂိုတည်းက နှလုံးရောဂါ အခံရှိတယ် ထင်ပါတယ်။ မနက်ကျတော့ ဆုံးသွားတယ်ဆိုပဲ။ လန့်ဖျား ဖျားသွားတယ်ပေါ့။ ဒီလိုဖြစ်တာ တစ်ခါမဟုတ်၊ နှစ်ခါမဟုတ်။ အခုဆို ဂလိုမျိုး ကြောက်ပြီးသေတာ။ အဘွားကြီးကတော့ တားမရ။ ညဘက်ထွက် ဆက်ရှာနေစမြဲ... ဒီက အခေါ်နဲ့ဆို သွားလေသူ အစိမ်းသေက မကျွတ်ပဲဝင်ပူးပြီးရှာနေတယ်ပေါ့လေ..။ ဒါနဲ့ပဲ သကိဆိုင်သူတွေက နတ်မေး၊ ဗေဒင်မေး လုပ်ကြတာပေါ့။

သွားလေသူက ဝင်ပူးပြီး ပြောတယ် ဆိုပဲ...
"ကျမမှာ အသည်းနှလုံး မပါသွားဘူး။ အဲတာမပါပဲ ဘယ်မှ သွားလို့ မရဘူး"...တဲ့...။

သူ့ အသည်းနှလုံးက ကားကြိတ်သွားပြီ။ ပြန်ရှာပေးလို့ မရတော့ဘူး။ ဘယ်လို လုပ်ကြမလဲ...။

မယုံရင် ပုံပြင်လို့မှတ်ပေါ့နော်း..မမှတ်နိုင်ရင် အဲ့ကားဂိတ်မှာ သွားမေးကြည့်။ ကံကောင်းရင် အဲ့အဘွားကြီးနဲ့တောင် စကားပြောခွင့် ရနိုင်မယ်ထင်တယ်။ ဥဥမှော်ဆြာ သွားကြည့်ဦးမှာလား :P :D

3 comments :

  1. a dar i relative bya......
    a d story ka ta kal lal ma hote par woo.....
    shout pyaw nay kya tar.
    d lo pyan phat lite ya tot sate ma kg woo byarrr. :(

    ReplyDelete
  2. so sorry to hear that friend. And thank you for your visit. What I meant is only for Ya-tha and the post itself was wrote 2 years ago. Though I hope it is a make-up story on some incident as you already said, do you want me to remove it if you have some personal feeling? please advise.

    ReplyDelete

ကွန်းမန့်လေး ထားခဲ့ပါလား