Thursday, July 1, 2010

QoS Packet Scheduler ကြောင့် Network Connection နှေးစေနိုင်လား ?

QoS Packet Scheduler ကြောင့် Network Connection နှေးစေနိုင်လား ?



အင်း...
အပေါ်က ပုံလေးကို လေ့လာကြည့်ပါ။ ဒါ ကိုယ့် Network Card ရဲ့ Network Connection Setting ပေါ့။

QoS Packet Scheduler ဆိုတာက ခုနက ပြောနေကြတဲ့ Service တစ်ခုပါ။ သူက နက်ဝပ်ထဲက အရေးကြီး ပါဆယ်တွေအတွက် ဝေမျှပေးဖို့ရာ နက်ဝပ်ဘန်ဝဒ်အချို့ကို ဖယ်ထားပေးတဲ့ ဆားဗစ်တစ်ခုပါ။ ရှင်းရှင်းပြောရရင် VIPအတွက် ထားတဲ့ လမ်းကြောင်းတွေပေါ့။

ဥပမာ။ Outlook Express နဲ့ အီးမေးပို့တယ်ပဲ ထားပါတော့။ အီးမေးကို ရိုးရိုးပို့လို့ ရသလို။ အရေးကြီး အနေနဲ့ ပို့လို့လည်း ရတယ်ပေါ့။ ပို့မည့် အီးမေး၏ status ကို Important လို့ ပြင်လိုက်ရင်...ဒီအီးမေးလ်ဟာ ရိုးရိုးလမ်းကြောင်းက မသွားပဲ ခုနက ဖယ်ပေးထားတဲ့ VIP လမ်းကြောင်းက ထွက်သွားပါမယ်။ ထို့အတူ အဝင်မှာ လည်း VIP လမ်းကြောင်းသုံးပီး ဝင်လာပါတယ်။ ဒီလိုမျိုး VIP ပါဆယ် (QoS Packet) တွေ အတွက် လမ်းကြောင်း လျာထားဖို့ QoS Packet ဆားဗစ်ကို သုံးရပါတယ်။ QoS Packet Serivce ကနေ လျာထားပေးတဲ့ ရာခိုင်နှုန်းကို ရိုးရိုးပါဆယ် ပို့/ယူဖို့ ပေးမသုံးပါဘူး။ ဒီတော့ ကိုယ့်မှာ ဒီလို VIP ပါဆယ်တွေ ပို့/ယူဖို့ ကိစ္စမျိုး မရှိရင် မထားတာ ကောင်းပါတယ်။ လမ်းကြောင်းပုပ်တယ်ပေါ့ဗျာ။ ရုံးသမားတွေ အနေနဲ့ကတော့ မထားပဲ မနေပါနဲ့။ အနည်းဆုံး ၁၀%လောက်တော့ ထားပေးကြပေါ့နော်။ ဒါမှလည်း ရုံးအလုပ် လုပ်လို့ ရမပေါ့။ :P

ဦဦး ဆွေးနွေးတဲ့ ပို့စ်မှာ Group Policy Editor (GPEDIT.MSC) ကနေ ဝင်ပြင်လို့ ရကြောင်းရေးထားပါတယ်။ ဒါက ဝင်းဒိုးမရွေးပါဘူး ရပါတယ်။ အာနိသင် ရှိပါတယ်။ ဒါပေမဲ့ Workgroup နဲ့ နေတဲ့ စက်မျိုးမှာပဲ ဒီ GPEDIT.MSC Setting ကနေ ဝင်ပြင်ဆင်ခြင်းဟာ အာနိသင် ရှိပါတယ်။ Domain တစ်ခုခုအောက်က စက်တွေက Acive Directory (AD) ကနေ ဝင်ပြင်ပေးမှ ရပါတယ်။

ကျနော်ကတော့ ရိုးရိုးစင်းစင်းပဲ ပြင်လေ့ ရှိပါတယ်။ ကိုယ်ကိုင်တဲ့ စက်က အင်တာနက် ကွန်နက်ရှင်ရှိတဲ့ နက်ဝပ်ကဒ်၏ Network Setting ၏ Properties ကို ဝင်လိုက်ပါ။ အပေါ်ဆုံးက ပုံလို မြင်ကွင်း ကျလာပါမယ်။ အဲ့မှာ QoS Packet Scheduler တွေ့ပါလိမ့်မယ်။ ဒါကို ကျနော် ပြထားသလို unselect လုပ်ပီး Save လိုက်ရင် အဲ့ Service ကို စက်က မသုံးနေတော့ပါဘူး။ ရွေးပီး delete လုပ်လိုက်လဲ ရပါတယ်။ ပို ရှင်းသွားရောပေါ့။ အဲတာဆို VIP အတွက် လမ်းကြောင်းလျာထားချက်မရှိတော့တဲ့အတွက် ရိုးရိုး ကွန်နက်ရှင်မှာ ပိုပီး မြန်ဆန်လာပါလိမ့်မည်။

ပိုပီး မမြန်လာဘူးဆိုရင်တော့ အိုက်စိုင်းပြောသလို နဂိုကတည်းက VIPအတွက် လမ်းကြောင်းလျာထားချက်မရှိတဲ့အတွက် ပိုပီးမြန်စရာ အကြောင်းမရှိတာ...
နဂိုမရှိတော့ နဂိုင်း မထွက်တာပဲ နေမှာပါ...။

ဒါတွေကို တစ်ခုဆီလိုက်ချိန်နေတာထက် စာရင် ဆော့ဝဲလ်သုံးပီး မြန်အောင် လုပ်တာလည်း သင့်တော်ပါတယ်။ ဆော့ဝဲက ဘာလုပ်ပေးသလဲဆိုရင် ကိုယ် တစ်ခုဆီ ဝင်ချိန်ရမည့် ခုနက ဆက်တင်းတွေကို သူက ဝင်ချိန်ပေးလိုက်တာပါပဲ။ ကနော်ကတော့ TuneUp Utilities ကို သုံးပါတယ်။ Optimise My Internet Connection ဆိုတဲ့ ခလုတ်နှိပ်လိုက်ရုံနဲ့ ကိုယ့် ကွန်က Setting အားနည်းချက်တွေ ရှာပေးပီး ပြင်ပေးတတ်ပါတယ်။ Version ၂၀၀၈ အထိက XP / Vista နဲ့ တည့်ပါတယ်။ Version 2010 က Windows 7 အထိ တည့်ပါတယ်။ Version 2010 တော့ သိပ်မကြိုက်လှဘူး။ ဝင်းဒိုးတက်တိုင် လိုက်တက်ပီး၊ အခြားဆက်တင်တွေပါ အော်တို လျောက်ပြင် (Turbo Mode စသဖြင့်) ကုန်လို့ ပဲ ဖြစ်ပါတယ်။

/ဧးသိမ်း/

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား