Friday, December 23, 2011

ဘာလို့ Excel မှာ မြန်မာလို ရိုက်လို့ တွက်ချက်လို့ ရသွားတာလဲ

နောင် လိုအပ်လာရင် ပြန် ကိုးကားလို့ ရအောင် တလက်စတည်း ဘာလို့ Excel မှာ မြန်မာလို ရိုက်လို့ တွက်ချက်လို့ ရသွားတာလဲ ဆိုတာ ဖော်ပြပါရစေ။

Excel မှာ မြန်မာလို ရိုက်လို့ တွက်ချက်လို့ ရသွားတာ custom format မှာ "locale component" ထည်သွင်း ဖော်ပြလိုက်လို့ပါ။ သတိထားမိမှာပေါ့ [$-10000455] ဆိုတဲ့ ကိန်းစုပါ။ လေးထောင့်ကွင်းထဲ ထည့်ထားတယ်။ $- နဲ့ အစချီ ရပါတယ်။ အဲ့တာ locale component ပါ။

သရုပ်ခွဲကြည့်မယ်ဆိုရင်... [$- ] ကို ဖယ်လိုက်ရင် ...
10 00 0455 ဆိုပြီး အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။
ဒါဟာ (Numeral shape) + (Calendar type) + (Locale and language) ပဲ ဖြစ်ပါတယ်။

ပထမအပိုင်းက Numeral shape ကို ညွှန်းပါတယ်။
10 က Myanmar ပါ။ (10 ကို ပေးလိုက်တဲ့ အတွက် ၁ ၂ ၃ ၄ ၅ တွေကို ကိန်းဂဏန်းတွေအဖြစ် လက်ခံဖော်ပြပေးပါတယ်။

ဒုတိယအပိုင်းက Calendar type ကို ညွှန်းပါတယ်။
00 လို့ ပေးလိုက်ပါတယ်။ မြန်မာ ပြက္ခဒိန်က အဆင်မပြေသေးဘူးဆိုတော့လည်း သုံည ပေါ့ဗျာ ...

တတိယအပိုင်းက Locale and language ကို ညွှန်းပါတယ်။
0455 က မြန်မာရဲ့ Locale ID (LCID) ဖြစ်ပါတယ်။


[$-10000455] ဆိုတဲ့ "locale component" ကျေးဇူးနဲ့ ၁ ၂ ၃ ၄ ၅ တွေ Excel မှာ လူရာဝင်ခဲ့ပါပြီ...။ :)

ဒါကို Myanmar Family ဖိုရမ် မှာ 23 DEC 2011 က ဖြည့်စွက်ဖော်ပြခဲ့ပါတယ်။

ကိုးကားရာ source:
NUMERAL SHAPE CODES
The numeral shape code determines what the numbers will look like in the formatted cells.

CALENDAR TYPE CODES
The calendar type code allows you to select which calendar will be applied to the number format.

LOCALE AND LANGUAGE DESIGNATION CODES
The locale and language designation code component allows you to specify which locale should be applied to the number format. This number requires the hexadecimal value of the Locale Identifier (LCID) for the appropriate language and location.
Once the locale specifier has been added to a number format, numbers typed in the formatted cells will be formatted using the appropriate locale-specific information.


Locale IDs Assigned by Microsoft

The following table lists the locales/languages with an assigned Locale ID (LCID). The purpose of the document is to help developers who are defining NLS services (sorting, time/date formatting, and keyboards/IMEs) for locales that do not yet have native support in Windows to avoid conflict.
Note:The appearance of a language/locale on this list does not indicate that Microsoft will offer support for it in the future.



Excel Tips: မြန်မာလိုပေါ်တဲ့ ကြားထဲ ကော်မာ ( , ) ပါပေါ်စေဘို့ အတွက် နည်းတစ်ခု [custom number format]

Quote:
ကိုအောင်လွင်ဦး မှ ...
မေးဦးမယ်ဗျာ။ Excle မှာ 1,000,000,000 ဆိုပြီး အင်္ဂလိပ် ဂဏန်း ပေါ်အောင် လုပ်လို့ရပြီး ဗမာဂဏန်းပြောင်းလိုက်ရင် ၁ယ၀၀၀ယ၀၀၀ယ၀၀၀ ဖြစ်သွားပါတယ်။ ဗမာဂဏန်းနဲ့ ၁,၀၀၀,၀၀၀,၀၀၀ ပေါ်အောင်လုပ်လို့ရပါသလား သိချင်လို့ပါ။
Quote:
Originally Posted by တောဂေါ်လီ View Post
( , ) အစားပေါ်ပေးတဲ့ ယပက်လက် ( ယ ) ကို မြန်မာဖောင့်ပြောင်းတဲ့ အခါ မပေါ်ချင်ရင် သက်ဆိုင်ရာ အကွက်အားလုံးကို စလပ်မှတ် Right Click / Format Cells / Number / ထဲက Number ကိုထပ်ရွေး / Use 1000 Separator ( , ) ကို အမှန်ခြစ်ဖြုတ်လိုက်ရင် ရပါပြီ။

ဒါပေမယ့် တစ်ခုရှိတာက 1,000,000,000 ရိုက်တဲ့အခါမှာ အင်္ဂလိပ်ဖောင့်နဲ့ ( , ) ကို သီးသန့်ရိုက်ထည့်ခဲ့မယ်ဆိုရင်တော့ မရပါဘူး။ မူလ အင်္ဂလိပ်ဖောင့်နဲ့ရိုက်တဲ့အခါ ( , ) လေးတွေ မရိုက်ထည့်ပဲ 1000000000 ရိုက်ပြီး ကြားထဲမှာ ( , ) ပါချင်ရင်တော့ စောစောက ပြောခဲ့တဲ့ ( ......... ) အမှန်ခြစ်ကို ခြစ်ပါ။ Cell တွေမှာ ( , ) ပေါ်ပေးနေမှာဖြစ်ပြီး အဲလို ( , ) သီးသန့်မရိုက်ထည့်ခဲ့တဲ့ Cell အကွက်တွေကိုမှ အမှန်ခြစ်ပြန်ဖြုတ်ရင် ယပက်လက်မပေါ်ပဲ မြန်မာလို ၁၀၀၀၀၀၀၀၀၀ သာ ပေါ်တော့မှာဖြစ်ပါတယ်။

မြန်မာလိုပေါ်ထဲကြားထဲ ( , ) ပေါ်အောင်ဘယ်လိုလုပ်ရလဲတော့ မသိပါဘူးဗျ။ အဆင်ပြေပါစေ။ ကိုတောလည်း သိပ်သိလို့တော့ မဟုတ်ပါဘူး။
ကိုအောင်လွင်ဦး နဲ့ ကိုတော တို့ ဆွေးနွေးထားချက် ဖတ်ရပါတယ်။ မြန်မာလိုပေါ်တဲ့ ကြားထဲ ကော်မာ ( , ) ပါပေါ်စေဘို့ အတွက် နည်းတစ်ခု ရထားတယ်ခင်ဗျ။ ဇော်ဂျီဖောင့်နဲ့ အိုကေပါတယ်။အဲ့နည်းက ပြချင်တဲ့ Cell ရဲ့ Number Format ကို ဝင်ပြင်ရပါမယ်။ Cell ရဲ့ ကိန်းဂဏန်းတန်ဘိုး မပြောင်းလဲသွားတဲ့အတွက် အတွက်အချက် (ပေါင်းနှုတ်မြှောက်စား)မှာလည်း အသုံးတည့်ပါတယ်။ သုံးနိုင်တဲ့ ဖော်မက်အမျိုးမျိုးကို ဇယားနဲ့ နှိုင်းယှဉ်ပြပါရစေ...။

မြန်မာလိုပေါ်တဲ့ ကြားထဲ ကော်မာ ( , ) ပါပေါ်စေဘို့ အတွက် နည်းတစ်ခု

သုံးရမည့် Number Formatသုံးရမည့် Number Format သုံးရမည့် Number Formatသုံးရမည့် Number Format
General
[$-10000455]0
[$-10000455]#,##0
[$-10000455]#,##0_)
ဖောင့်ဖောင့်ဖောင့်ဖောင့်
Zawgyi-OneZawgyi-OneZawgyi-OneZawgyi-One
ရှင်းလင်းချက်။ရှင်းလင်းချက်။ရှင်းလင်းချက်။ ရှင်းလင်းချက်။
General ဆိုတာ Number Format ဖြုတ်ထားတာပါ။ [$-10000455] သုံးပြီး ဂဏန်းအဖြစ်ပြမယ်။ [$-10000455] သုံးပြီး ထောင်ဖြတ်ဂဏန်းအဖြစ်ပြမယ်။[$-10000455] သုံးပြီး ထောင်ဖြတ်ဂဏန်းအဖြစ်ပြမယ်။ နောက်ပြီး ဘယ်မျဉ်းကို ခွာရေးမယ်။

အပေါ်က ဇယားမှာ ကြည့်ရတာ အဆင်မပြေရင် အောက်က ပုံကို ကြည့်ပါရန်။
12-23-2011%252520%25255B%252524-10000455%25255D.jpg

ပြင်ရမည့်နေရာက Number Format Dialog Box က Custom Format မှာပဲ ဖြစ်ပါတယ်။ (* မနေ့က တင်ပေးတဲ့ Excel Tips: စာမေးပွဲ အောင်စာရင်း ကို လိုက်လုပ်ကြည့်ထားတဲ့သူဆို ချက်ချင်း သိပါလိမ့်မယ်။) Number Format ပြောင်းချင်တဲ့ Cell ကို select မှတ်ပြီး Number Format Dialog Box ကို ခေါ်တင်ပါ။ Shortcut key က Ctrl + 1 ဖြစ်ပါတယ်။ Custom Format ကို ရွေးပါ။ ဝင်ပြင်ရမည့် နေရာကို အဝါရောင် ချယ်ပြထားပါတယ်။ (ဒါမှမဟုတ်) Right Click / Format Cells / Category ထဲက Custom ကိုရွေး / Type (အဝါရောင် ချယ်ပြထားတယ်) မှာ ကိုယ်ဖြည့်ချင်တဲ့ ဖော်မက်ကို ဝင်ဖြည့်ပါ။ ဖော်မက် ဥပမာ။  [$-10000455]#,##0
အောက်ပုံကို ရှုပါ။
3%252520Condt%2525204%252520Custom%252520Format_.jpg

မြန်မာလိုပေါ်တဲ့ ကြားထဲ ကော်မာ ( , ) ပါပေါ်စေဘို့ သုံးနိုင်တဲ့ ဖော်မက်အမျိုးမျိုးကို နှိုင်းယှဉ်ပြလိုက်ပါတယ်။ အော် .. ဒါနဲ့ ပြောရဦးမယ်။ အခုသုံးပြထားတဲ့ ဖော်မက်တွေ အကုန် One Section only သာ ဖြစ်ပါတယ်။ Section တွေ အကုန်ပြချင်ရင် တခြား Section တွေအတွက် ဆက်ရေးရပါဦးမယ်။

အဆင်ပြေပါစေ။ Shrek® လည်း သိပ်သိလို့တော့ မဟုတ်ပါဘူး။ ဧဝံမေသုတံလေးတွေ ပြန်မျှတာပါ :)
ဒီပို့စ်ကို Myanmar Family ဖိုရမ်မှာ တင်ခဲ့ပါတယ်။ [23 Dec 2011]

Thursday, December 22, 2011

Excel Tip: စာမေးပွဲ အောင်စာရင်း [Custom Number Format]

ဆိုပါစို့ ကျောင်းသားတွေရဲ့ စာမေးပွဲ ရလဒ်တွေ ရှိမယ်။ နာမည်နဲ့ ရမှတ် ကော်လံတွေ ရှိမယ်။ စာမေးပွဲရလဒ် အနေနဲ့ ...
အမှတ် ( ၄၀ ) အောက်ဆို ကျ၊
( ၄၀ )  နှင့်အထက် အောင်၊
( ၈၀ ) နှင်အထက် ဂုဏ်ထူး ဆိုပါစို့။
အောင်စာရင်း မှာ စာမေးပွဲရလဒ် ( အောင်၊ ကျ၊ ဂုဏ်ထူး ) ကို ဘေး ကော်လံမှာ လက်နဲ့ ဝင်မရိုက်ပဲ အော်တို ပြစေချင်တယ်။ ဘယ်လို လုပ်မလဲ စဉ်းစားပြချင်ပါတယ်။ သုံးမည့်နည်းက Excel ရဲ့ Custom Number Format ဖြစ်ပါတယ်။

 (*** ဤနည်းသည် Excel ၏ Formula ကို သုံးပြီး တွက်ထုတ်တဲ့ နည်း၊ Excel ၏ Conditional Formatting Rules စသည်တို့နဲ့ မသက်ဆိုင်ပါ။)

Excel Tips: Custom Number Format


ပေးထားမည့် စာရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။ (* ပုံမမြင်ရရင် display images ကို နှိပ်ပါရန်)
given%252520data_.jpg
ပုံ(၁) ပေးထားသော ဇယား



အပေါ်ဆုံးကျောင်းသားရဲ့ ရလဒ် cell မှာ ရမှတ် cell ကို ပြန် reference လုပ်ပါမယ်။
cellRef.jpg
ပုံ(၂) ရလဒ် cell မှာ ရမှတ် cell ကို ပြန် reference လုပ်ပုံ

ပြီးတော့ အလားတူ reference ကို ကျောင်းသားအားလုံးအတွက် drag လုပ်ပေးလိုက်ပါမယ်။
cellRef%252520drag.jpg
ပုံ(၃) cell reference ကို ကျောင်းသားအားလုံးအတွက် drag လုပ်ပေးလိုက်ပုံ


အခုဆို ကျောင်းသားအားလုံးရဲ့ ရလဒ်cell တွေမှာ ရမှတ်တွေ reference ဝင်သွားပါပြီ။
All%252520cellRef%252520dragged.jpg
ပုံ(၄) ရလဒ်cell တွေမှာ ရမှတ်တွေ reference ဝင်သွားပုံ

ရလဒ်cell အားလုံးကို select မှတ်ပါ။ Number Format Dialog Box (Shortcut key = Ctrl + 1) ကို ခေါ်တင်ပါ။ Custom Format ကို ရွေးပါ။ ဝင်ပြင်ရမည့် နေရာကို အဝါရောင် ချယ်ပြထားပါတယ်။ အောက်ပုံကို ရှုပါ။

ပုံ(၅) Select မှတ်ထားသော cell များ၏ Number Format ကို ဝင်ချိန်ပုံ
3%252520Condt%2525204%252520Custom%252520Format_.jpg

အဝါရောင် ချယ်ထားတဲ့  နေရာမှာ ပြင်ရေးရမည့် စာက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
[>=80]"ဂုဏ်ထူး";[<40]"ကျ";"အောင်"

ဒါကို Custom Number Format လို့ ခေါ်ပါတယ်။
( ; ) လေးနဲ့ ကန့်ထားတဲ့ အပိုင်း (၃) ပိုင်း ရှိကြောင်း တွေ့နိုင်ပါတယ်။
3%252520Condt.jpg
ပုံ(၆) Custom Format

တစ်ပိုင်းဆီအတွက် ကန့်သတ်ချက်ကို လေးထောင့်ကွင်းထဲ ထည့်ရေးရပါမယ်။

အပိုင်း (၁) အတွက် ကန့်သတ်ချက် က (၈၀) နှင့် အထက်ဆိုတော့ >=80 ပေါ့။ လေးထောင့်ကွင်းထဲ ထည့်ရေးမယ်။  [>=80] လို့ ဖြစ်သွားပါတယ်။
ကန့်သတ်ချက်ပြီးရင် ပြလိုတဲ့ Number Format ကို ရေးရပါမယ်။ ဒီကိစ္စ မှာကျတော့ ၈၀ နှင့်အထက်ဆို ပြစေချင်တာက ဂုဏ်ထူး မလား? ဒါကို Double Quote ထဲ ထည့်ရေးလိုက်ပါမယ်။ "ဂုဏ်ထူး" ပေါ့။ ဒီတော့ [>=80]"ဂုဏ်ထူး" ဖြစ်သွားပါပြီ။ အပိုင်း(၁) ပြီးတာမို့ Semi-Colon ( ; ) ခံပါတယ်။ 
[>=80]"ဂုဏ်ထူး" ;
အပိုင်း (၂) အတွက် ကန့်သတ်ချက် က (၄၀) နှင့် အထက်ဆိုတော့ >40 ပေါ့။ လေးထောင့်ကွင်းထဲ ထည့်ရေးမယ်။  [>40] လို့ ဖြစ်သွားပါတယ်။ ဒီတော့ [<40]"ကျ" ဖြစ်သွားပါပြီ။ အပိုင်း(၂) ပြီးတာမို့ Semi-Colon ( ; ) ခံပါတယ်။ 
[<40]"ကျ" ;
အပိုင်း (၃) အတွက် ကန့်သတ်ချက် မလိုအပ်တော့ပါဘူး။ ကန့်သတ်ချက်(၁) နဲ့ ကန့်သတ်ချက်(၂) ဆီက လွတ်ကင်းသမျှ ရမှတ်တွေ အားလုံး အကျုံးဝင်ပါမယ်။  ဒီတော့ ပြစရာ ဆိုလို့ Custom Format တစ်ခုပဲ ကျန်ပါမယ်။ "အောင်" သက်သက်ပါပဲ။

Custom Format ကို စိတ်တိုင်းကျပြီ ဆိုရင် အိုကေ နှိပ်လိုက်ပါ။ ရလဒ် ကော်လံမှာ အောက်ပါအတိုင်း မြင်တွေ့ ရပါလိမ့်မယ်။
3%252520Condt%252520set.jpg
ပုံ(၇) Custom Format သုံးထားသော ရလဒ်ကော်လံ

မှတ်ချက်။ ကန့်သတ်ချက် ၂ ခုနဲ့ ပိုင်းခြားနိုင်တဲ့ ဖော်ပြချက်တွေ လိုအပ်မယ်ဆိုရင် ဖော်မြူလာတွေ ရှုပ်ရှုပ်ရှက်ရှက် ဖြေရှင်းစရာ မလိုဘဲ လက်တန်းလုပ်နိုင်တဲ့ Excel ရဲ့ Custom Format အကြောင်း ဖောက်သည်ချပါတယ် ခင်ဗျာ။ တစ်ခုမှတ်ထားရမှာက အပိုင်း (၃) အတွက် ကန့်သတ်ချက်  ထပ်မံ ဖော်ပြခွင့် မရှိပါဘူး။ ကန့်သတ်ချက်(၁) နဲ့ ကန့်သတ်ချက်(၂) ဆီက လွတ်ကင်းသမျှ  အားလုံး အကျုံးဝင်ပါမယ်။ 

ဒီအဆင့်ကို အခြေခံလို့ သတ်မှတ်မယ်ဆိုရင် နောက် တစ်ဆင့်မြင့်တာလေး ဆက်ပြောပြပါဦးမယ်။
--- အပေါ်က အပိုင်းက နားလည်မှသာ ဆက်ဖတ်ပါ။ ----
ဆိုပါစို့ ကျောင်းသားတွေရဲ့ စာမေးပွဲ ရလဒ်တွေ ရှိမယ်။ နာမည်နဲ့ ရမှတ် ကော်လံတွေ ရှိမယ်။ အောင်စာရင်းမှာ စာမေးပွဲရလဒ် အနေနဲ့ အမှတ်(၄၀)အောက်ဆို ကျ၊ (၄၀) နှင့်အထက် အောင်၊ (၈၀)နှင့်အထက် ဂုဏ်ထူး ဆိုပါစို့။ စာမေးပွဲရလဒ် ( အောင်၊ ကျ၊ ဂုဏ်ထူး ) ကို ဘေး ကော်လံမှာ မရိုက်ပဲ အော်တို ပြစေချင်တဲ့ အပြင်...
( ကျ ) ကို မှင်အနီနဲ့၊
( အောင် ) ဆို မှင်အနက်၊
( ဂုဏ်ထူး ) ဆို မှင်အစိမ်းနဲ့ ပြစေချင်တယ်။ ဘယ်လို လုပ်မလဲ ?
နည်းလမ်းတွေ အများကြီး ရှိပါတယ်။ (* တစ်ခုပဲ cell ကို select မှတ်ပြီး ဖောင့်ကို အရောင်ခြယ်လို့တော့ မပြောကြေး :D)

လုပ်နည်းက ... ခုနက Custom Format မှာ ပြောင်းစေချင်တဲ့ မှင်အရောင်လေး ဖော်ပြပေးလိုက်ရုံပါပဲ။ သုံးနိုင်တဲ့ မှင်အရောင်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
BLACK  
BLUE  
CYAN  
GREEN  
MAGENTA  
RED  
WHITE  
YELLOW  

သုံးမည့် မှင်အရောင်ကို Custom Format တွင် ဖော်ပြရာမှာ အရောင်ထည့်ပေးဘို့ ညွှန်းမှန်း သိစေရန် အရောင်ကို လေးထောင့်ကွင်းထဲ ထည့်ရေးရပါမယ်။ * လာပြန်ပြီ လေးထောင့်ကွင်း :)
(၈၀)နှင့်အထက် ဂုဏ်ထူး ကို မှင်အစိမ်းနဲ့ ပြစေချင်တယ်ဆိုတော့ [GREEN]  ပေါ့။ ဒီတော့ အပေါ်က အခြေခံမှာ အရောင်တွေ ထပ်ဖြည့်ကြမယ် ဆိုရင်....
[Green][>=80]"ဂုဏ်ထူး";

[Red][<40]"ကျ";

"အောင်"

လို့ ဖြစ်သွားပါမယ်။ အပိုင်း (၃) ကိုတော့ အရောင် ထပ်မပေးတော့ပါဘူး။ နဂို CELL မှာလည်း အနက်ဆိုတော့ ပို ထူးမလာလို့ပါ။

3%252520Condt%252520with%252520Color.jpg
ပုံ(၈) အရောင်တန်ဘိုးပါ ဖော်ပြထားသော Custom Format

Custom Format မှာ အရောင်တန်ဘိုးတွေ ဖြည့်စွက်ပြီးလို့ အိုကေပေးလိုက်တဲ့ အခါ ရလဒ်မှာ အောက်ပါအတိုင်း အရောင်လေးတွေ ပါလာပါလိမ့်မယ်။

3%252520Condt%252520with%252520Color%252520Set.jpg
ပုံ(၉) အရောင်တန်ဘိုးပါ ဖော်ပြထားသော Custom Format သုံးထားသည့် ရလဒ်ကော်လံ

*** Custom Format မှာ ပေးထားတဲ့ အရောင်တွေပါတဲ့ cell ကို ရိုးရိုး ဖောင့်အရောင် ပြောင်းသလို ဝင်ပြောင်းလို့ မရနိုင်ပါဘူး။

တကယ်ကို စိတ်ဝင်စားဘို့ ကောင်းတဲ့ Excel ရဲ့ Custom Number Format ဖြစ်ပါတယ်။ နမူနာမှာ စာမေးပွဲ အောင်စာရင်း အနေနဲ့ ရိုးရိုးစင်းစင်း ဖော်ပြထားပေမည့် မိတ်ဆွေရဲ့ လက်တွေ့ဘဝ လုပ်ငန်းခွင်မှာလည်း တစ်ဒေါင့်တစ်နေရာက အသုံးတည့်ပါစေကြောင်း ဆန္ဒပြုပါတယ်။ နမူနာ ဆောက်ပြထားတဲ့ ဖိုင်ကို အတက်ခ်ျတွဲထားပါတယ်။ 22-12-2011 (THU)

Shrek® @ Google+
Shrek® @ Facebook
Shrek® @ Blog Spot
Shrek® @ WordPress
Shrek® @ Real Family Google mailing Group
Shrek® @ Myanmar Family ဖိုရမ်

Tuesday, December 20, 2011

Download Movie with Internet Download Manager [FireFox +IDM +IDMcc]


အင်တာနက်ကနေ မူဗွီဖိုင်တွေ ဆွဲချနည်း မျိုးစုံရှိပါတယ်။
ဒါကတော့ မသိင်္ဂံလို Internet Download Manager ရှိပြီးသား သူအတွက် အင်တာနက်ကနေ မူဗွီတွေ ဆွဲချနည်းပါ။
နမူနာအဖြစ် FireFox Browser ကို သုံးပြထားပါတယ်။

FireFox +IDM +IDMcc သုံးပြီး ဆွဲချနည်း

ကိုယ့်စက်မှာ ...
1)  FireFox ရှိမယ်။ ပြီးတော့ ...
၂)  Internet Download Manager (အတိုကောက် IDM ပေါ့) ရှိမယ်။ ပြီးတော့ ...
၃)  FireFox ရဲ့ Add-ons စာရင်းမှာ IDM CC လန်းနေ (enabled) ဖြစ်နေတယ် ဆိုရင် ...
player ရှိတဲ့ ဘယ်စာမျက်နှာက မူဗွီဖိုင် ဖြစ်ဖြစ် အလွယ်တကူ ဆွဲချနိုင်ပါတယ်။

YouTube မှာ ကိုယ်ဆွဲချချင်တဲ့မူဗွီ (တကယ်တမ်းက player ရှိတဲ့ ဘယ်စာမျက်နှာက မူဗွီဖိုင် ဖြစ်ဖြစ်ပါ) ရှိတဲ့ စာမျက်နှာကို သွားပါ။ play လုပ်လိုက်ပါ။ အောက်ကပုံလို smart-tag လေး (Download this video ဆိုပြီး) ကိုယ်ကြည့်နေတဲ့ မူဗွီရဲ့ ညာအပေါ်ထောင့်ဘက်မှာ ပေါ်လာမယ်။
07_YouTube_DownloadThisMovie_Prompt.jpg

အဲ့ smart-tag လေး (Download this video) ကို ကလစ်ခေါက်လိုက်ရင် ထိုမူဗွီမှာ ဒေါင်းလို့ရတဲ့ ဖိုင် စာရင်း ပေါ်လာမယ်။ အောက်ကပုံလိုပေါ့။ ကိုယ် လိုချင်တဲ့ ဖိုင်ကို ရွေးခေါက်လိုက်ပါ။ IDM က ဆွဲချသွားပါလိမ့်မယ်။
08_YouTube_DownloadThisMovie_ChooseDL_Quality.jpg


သုံးပြီး ဆွဲချနည်း က ဒါလေးပါပဲ။ အရမ်းလွယ်ကူပါတယ်။ တစ်ခုသတိထားရမှာက
FireFox ကို update လုပ်ရင် ဖြစ်စေ၊ IDM ကို update လုပ်ရင် ဖြစ်စေ FireFox+IDM+IDMcc အတွဲပြုတ်ပြီး ခုနက smart-tag လေး (Download this video) ပြန်ပေါ်တော့မှာ မဟုတ်ပါ။
.
.
.
.
.
.
.
.
အောက်မှာ ဆက်ပြောပြမှာက Troubleshooting အပိုင်းပါ။
အမေး = player ရှိတဲ့ ဘယ်စာမျက်နှာက မူဗွီဖိုင် ဖြစ်ဖြစ် ရှိတဲ့ စာမျက်နှာကို သွားပါ။ play လုပ်လိုက်ပါတယ်။ အဲ့ smart-tag လေး (Download this video) မပေါ်လာပါ။ ထို့ကြောင့် ဒေါင်းလုပ်ဆွဲ၍ မရပါ။ ဘယ်လို လုပ်ရမလဲ ?
အဖြေ = FireFox+IDM+IDMcc အတွဲ ပြုတ်နေပါတယ်။ ပြန်စစ်ဘို့ လိုပါမယ်။ ပြန်စစ်မယ်ဆိုရင် အောက်ပါအတိုင်း စစ်ပါ။

၁) IDM မှာ options ကို click ခေါက်ပါ။
01_IDM_Option.jpg

၂) General Tab က Use Advanced Browser Integration ကို အမှန်ခြစ်ပေးပါ။ ခဏစောင့်ပါ။ သူဘာသာ ဘရောက်ဇာတွေ ရှာပြီး အင်တီဂရိတ်လုပ်ပါမယ်။ ပြီးရင် Mizilla Firefox မှာ အမှန်ခြစ်ထားတာ စစ်ပြီး အိုကေ ပေးလိုက်ပါ။
02_IDM_BroswerIntegration.jpg

၃) ပြီးတော့ FireFox မှာ စစ်ပါမယ်။ မီနူးကနေ Add-ons ကို နှိပ်ပါး
03_FireFox_Addons.jpg

၎) IDM CC လန်းနေလားဆိုတာ ပြန်စစ်ပါ။ အောက်ကပုံမှာ IDM CC လန်းနေပြီး Ant Video Downloader မလန်းနေပါဘူး။ IDM CC မလန်းနေရင် Enable လုပ်ပေးရပါမယ်။ ဒါဆို FireFox+IDM+IDMcc ကို ပြန်တွဲလို့ အောင်မြင်ပါပြီ။ * IDM CC ကို လန်းအောင်လုပ်လို့ မရရင်  တခြား နည်းလမ်း နဲ့ ဖြေရှင်းနည်းကို စဉ်းစားရပါမယ်။
04_FireFox_IDMCC_Addon_enabled.jpg

၅) ဒီအဆင့်ကတော့ သိပ်မလိုအပ်ပါဘူး။ YouTube မှာ ကိုယ်ဆွဲချချင်တဲ့မူဗွီ (တကယ်တမ်းက player ရှိတဲ့ ဘယ်စာမျက်နှာက မူဗွီဖိုင် ဖြစ်ဖြစ်ပါ) ရှိတဲ့ စာမျက်နှာကို သွားပါ။ အောက်ကမျှားက ကိုယ်ကြည့်ချင်တဲ့ မူဗွီရဲ့ Quality ကို ချိန်ဘို့ နေရာပြပုံပါ။
05_YouTube_Quality.jpg

၆) ဒီအဆင့်လည်း သိပ်မလိုအပ်ပါဘူး။အဆင့်(၅) ကလို  Quality ကို ချိန်ဘို့ နေရာကို နှိပ်လိုက်လို့ Quality ရွေးချယ်ခွင့် ကျလာပုံပါ။ 480p, 360p, 240p ကြိုက်တဲ့ ကွာလတီကိုရွေးပါ။
06_YouTube_Quality_Check.jpg

၇) YouTube မှာ ကိုယ်ဆွဲချချင်တဲ့မူဗွီ ကို play လုပ်လိုက်ပါ။ အောက်ကပုံလို smart-tag လေး (Download this video ဆိုပြီး) ကိုယ်ကြည့်နေတဲ့ မူဗွီရဲ့ ညာအပေါ်ထောင့်ဘက်မှာ ပေါ်လာမယ်။
07_YouTube_DownloadThisMovie_Prompt.jpg

၈) အဲ့ smart-tag လေး (Download this video) ကို ကလစ်ခေါက်လိုက်ရင် ထိုမူဗွီမှာ ဒေါင်းလို့ရတဲ့ ဖိုင် စာရင်း ပေါ်လာမယ်။ အောက်ကပုံလိုပေါ့။ ကိုယ် လိုချင်တဲ့ ဖိုင်ကို ရွေးခေါက်လိုက်ပါ။ IDM က ဆွဲချသွားပါလိမ့်မယ်။
08_YouTube_DownloadThisMovie_ChooseDL_Quality.jpg


* IDM တင်ထားရဲ့သားနဲ့ FireFox မှာ ဖော်ပြပါနည်းလမ်းအတိုင်း IDM CC ကို လန်းအောင်လုပ်လို့ မရတဲ့ သူအများစုမှာ ဖြစ်တတ်တာက IDM CC နဲ့ Firefox ဗားရှင်းချင်း မတည့်လို့ ဖြစ်တာ များပါတယ်။ ဒါမျိုးကြုံရလျှင် တခြား နည်းလမ်း နဲ့ ဖြေရှင်းနည်းကို စဉ်းစားရပါမယ်။

2011/12/16 ≧°◡°≦ သိင်္ဂီ ≧°◡°≦ 
ကိုဧးသိမ်းရေ ကျမ Download Manager 6.05 ရပြီ ဒါပေမဲ့ You Tube ဆိုဒ်က ရုပ်ရှင်ကားတွေကို Download လုပ်ပြီး stick ထဲ သိမ်းထားပြီး အိမ်မှာ ကြည့်ချင်တယ် ဘယ်လိုလုပ်ရမလဲဆိုတာသိချင်ပါတယ် အားရင် ပြောပေးပါနော်......ပညာလဲရတာပေါ့နော်. :)

Thursday, December 8, 2011

ဂျပန်စာ ခန်းဂျိ (Kanji) စာလုံး ရေးနည်း လေ့လာရအောင်


မိတ်ဆက်
ဒီပို့စ်မှာ ဂျပန်စာလုံး (၃) မျိုး ရှိတဲ့အနက်က ခန်းဂျိ (kanji) လို့ခေါ်တဲ့ တရုတ်ဆီက မွေးစားထားတဲ့ စာလုံးတွေ ဘယ်လိုရေး (စုတ်ချက်ဆွဲ) ကြသလဲ ဆိုတာ နည်းနည်း ဆွေးနွေးပါမယ်။ ကျနော်တို့ မြန်မာစာမှာ ပါဠိစာ ကို မွေးစားထားသလိုပါပဲ။ ဂျပန်စာမှာလည်း တရုတ်စာလုံးတွေ မွေးစားထားပါတယ်။ ကွာခြားချက်က မြန်မာစာမှာ ပါဠိစာရဲ့ အသံတွေကိုပဲ မွေးစားခဲ့ကြပေမယ့် (*ပါဠိဘာသာဟာ အသံပဲ ရှိတယ်ဆိုပဲ) ဂျပန်စာမှာကျတော့ တရုတ်စာလုံးတွေနဲ့ သူတို့၏ အသံတွေကို တပါတည်း မွေးစားခဲ့ကြပါတယ်။ တရုတ်လူမျိုးတွေက han-ji လို့ ခေါ်ပြီး ဂျပန်တွေက kan-ji လို့ ခေါ်တဲ့ ဒီစာလုံးတွေဟာ တရုတ်လူမျိုးတွေအတွက်တော့ ခေတ်ဟောင်းက စာလုံးတွေပါပဲ။ ဒီတော့ စာလုံးမြင်လိုက်တာနဲ့အသံထွက်ကွဲပေမည့်
ဂျပန်ကော တရုတ်ပါ စာလုံး၏အဓိပ္ပါယ်ကို နားလည်နိုင်ကြပါတယ်။ ခန်းဂျိ စာလုံးပေါင်း ငါးသောင်းလောက်ရှိတယ်လို့ ဆိုကြပါတယ်။ ယေဘုယျအားဖြင့်တော့ စာလုံးရေ နှစ်ထောင်၊ သုံးထောင်လောက် သိထားတယ်ဆိုရင် အတော်ဟုတ်နေပါပြီ။ စာလုံးမြင်တာနဲ့ ဘယ်လို ရေး (စုတ်ချက်ဆွဲ) ရမလဲ ဆိုတာ နားလည်စေချင်တာ ဒီပို့စ်ရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

နမူနာ စာလုံး
အခု အောက်က စာလုံးလေးကို လေ့လာကြည့်ပါ။ လှုပ်နေသော ပုံလေး ဖြစ်တာမို့ ဆွဲတဲ့ စုတ်ချက်ကို လိုက်ကြည့်နိုင်ပါလိမ့်မယ်။ မြန်မာလို "မေးခွန်း" လို့ အဓိပ္ပါယ်ရသော စာလုံးဖြစ်ပါတယ်။ (* ပုံမမြင်ရပါက display images ကို နှိပ်ရန် လိုပါသည်။)

ဒါလေး ကြည့်ပြီးရင် အောက်က စုတ်ချက်ဆွဲနည်းတွေ ဆက်ဖတ်ပါ။ ဆွဲနည်း ဥပဒေသတွေ နားလည်ပြီးသွားရင် ဒီပုံလေးကို လာပြန်ကြည့်ကြည့်ပါ။ ဘယ်နေရာမှာ ဘာကြောင့် ဘယ်လိုဆွဲလိုက်သလဲ ဆိုတာ သဘောပေါက်သွားမယ်လို့ ယူဆပါတယ် ခင်ဗျာ။

ခန်းဂျိစာလုံးများ၏ ရေးသားနည်းသဘောတရား...
ခန်းဂျိ စာလုံးတွေကို ကြည့်လိုက်ရင် လေးထောင့်စပ်ပါတယ်။ ပိန်ရှည်ရှည်ကြီးတို့ ပုပြားပြားကြီးတို့ မရှိပါဘူး။ သစ်ရွက်နဲ့ ဥပမာ ပေးရမယ်ဆိုလျှင် တစ်ချို့စာလုံးတွေဟာ စာတစ်လုံးပဲ ပါပါတယ်။ တစ်ချို့စာလုံးတွေကျတော့ စွယ်တော်ရွက်လို စာနှစ်လုံးပေါင်းပြီး တစ်လုံး လုပ်ထားပါတယ်။ ဒီလိုပေါင်းစပ်ထားတဲ့ အစိတ်အပိုင်းတွေကို radical (ဂျပန်လို ဘုရှူ bushu 部首) လို့ ခေါ်ကြပါတယ်။ စာလုံးတစ်လုံးမှာ ဘယ်လောက်ပဲ radical တွေ ပေါင်းစပ်ထားပါစေ ပြီးပြည့်စုံတဲ့ စာလုံးတစ်လုံးဟာ လေးထောင့်စပ်စပ် ပုံစံနဲ့ ရှိနေပါတယ်။ ဒီတော့ radical နှစ်ခု ဘေးချင်းယှဉ်ထားတဲ့ စာလုံးမှာ radical တွေဟာ ရှည်လမျောပုံစံ တည်ရှိနေပြီး radical နှစ်ခု အပေါ်အောက် ပူးထားတဲ့ ပုံတွေမှာ radical တွေဟာ ပြားချပ်ချပ်ပုံစံနဲ့ စာလုံးကို အထောက်အကူပြုနေပါမယ်။ အောက်က စာလုံးတွေ လိုက်ဆွဲကြည့်တဲ့ အခါ မိမိရေးလိုက်တဲ့ စာလုံးဟာ လေးထောင်စပ်နေမှသာ သရုပ်မှန်သော စာလုံးဖြစ်ပါမယ်။ လေးထောင်စပ်အောင် ဘယ်လို ဆွဲမလဲ ? စဉ်းစားကြည့်တဲ့အခါ ဘယ်ဘက်အပေါ်ထောင့်ကို ဦးစားပေးဆွဲပါတယ်။ နောက်ဆုံးစုတ်ချက်ဟာ ညာဘက်အောက်ထောင့် ဖြစ်ပါတယ်။

စုတ်ချက်ဆွဲနည်း ဥပဒေသများမှာ...
အောက်ပါအတိုင်းဖြစ်ပါတယ်။


၁) အပေါ်ကနေအောက်၊ ဝဲမှယာ
ရေးဆွဲရပါမယ်။

အပေါ်ကပုံဟာ
မျဉ်းကြောင်းသုံးကြောင်း
အထက်အောက်ထပ်ထားတဲ့
စာလုံးပါ။ ဥပဒေသအရ
အပေါ်မျဉ်းကြောင်းမှ စဆွဲပါတယ်။
မျဉ်းတစ်ကြောင်းချင်းဆီကို ဝဲမှယာသို့ ရေးဆွဲရပါမယ်။


၂) ဦးစွာ အလျားလိုက်၊ ပြီးမှ ဒေါင်လိုက်
ရေးဆွဲရပါမယ်။

အပေါ်ကပုံမှာ
အလျားလိုက်မျဉ်းတစ်ကြောင်း၊
ဒေါင်လိုက်မျဉ်းတစ်ကြောင်းနဲ့
ဖွဲ့စည်းထားပါတယ်။ ဥပဒေသအရ
အလျားလိုက်မျဉ်းကို အရင်ဆွဲပါတယ်။
ပြီးမှ ဒေါင်လိုက်မျဉ်းကို ဆွဲရပါတယ်။
စုတ်ချက်တိုင်း ဥပဒေသ(၁)အရ
အပေါ်ကနေအောက်၊ ဝဲမှယာ
ရေးဆွဲရပါတယ်။


၃) တံစို့ထိုးတံသည် နောက်ဆုံးမှ
ရေးဆွဲရပါမယ်။

အပေါ်ကပုံမှာ
အပေါ်အောက်တန်းနေတဲ့
ဒေါင်လိုက်မျဉ်းဟာ တံစို့လို ဖြစ်နေပါတယ်။
ဒီမျဉ်းမျိုးကို နောက်ဆုံးမှ ဆွဲရပါမယ်။


၎) စလွယ်ကန့်လန့် ညာမှစ
ရေးဆွဲရပါမယ်။

အပေါ်ကပုံမှာ
စလွယ်ကန့်လန့်စင်း နှစ်ကြောင်း
ပါနေပါတယ်။ ဥပဒေသ(၁) အရ
အပေါ်ကနေအောက် အရင်ဆွဲလာပါတယ်။
ကန့်လန့်စင်းနှစ်ကြောင်းအနက်
ညာဘက်က အကြောင်းကို
ညာမှဘယ်သို့ စဆွဲရပါမယ်။


၅) ဒေါင်လိုက်ခေါက်ချိုးညီရင် အလယ်ကစ၊ ဘယ်ပြီးမှ ညာ
ရေးဆွဲရပါမယ်။

အပေါ်ကပုံဟာ
ဒေါင်လိုက်ခေါက်ချိုးညီနေတယ်လို့
ဆိုနိုင်ပါတယ်။ ဒါဆို ဥပဒေသအရ
အလယ်မျဉ်းမှ စဆွဲပါမယ်။ ပြီးရင်
ဘယ်ဘက်ကို ဖြည့်ပါတယ်။
နောက်ဆုံးမှ ညာဘက်ကို ဖြည့်ပါတယ်။


၆) ဘယ်ဘက်ဒေါင်လိုက်မျဉ်းကို ဦးစားပေး
ရေးဆွဲရပါမယ်။

ဒေါင်လိုက်မျဉ်းကော
အလျားလိုက်မျဉ်းကော
ပါနေပါတယ်။ ဘယ်မျဉ်းကို
ဦးစားပေးဆွဲရမလဲ။ ဒီဥပဒေသအရ
ဘယ်ဘက်က ဒေါင်လိုက်မျဉ်းကို
ဦးစားပေးဆွဲရပါမယ်။ ဒါတကယ်တမ်းတော့
ဘယ်ဘက်အပေါ်ထောင့်ကို
စနေရာချလိုက်တဲ့ သဘောပါ။
စာလုံး လေးထောင့်စပ်အောင်လို့ပေါ့။


၇) ဘောင် အရင်ခတ်ပါ။

အပေါ်ကပုံမှာ လေးဘက်လေးတန်
ဘောင်ခတ်ပြီး အထဲမှာ တစ်ခုခု
ထည့်ထားတာ တွေ့နိုင်ပါတယ်။
ဒါဆို အဲဒီ့ ဘောင်ကို အရင် ခတ်ပေးရပါမယ်။
လေးထောင့်စပ်မှာဖြစ်တဲ့အတွက်
ဘယ်အစွန်ဒေါင်လိုက်အကြောင်းဆွဲပါတယ်။
ပြီးရင် ညာဝိုက်အောက်ချတစ်ကြောင်းဆွဲပါမယ်။
ပြီးရင် အောက်က တစ်ကြောင်းပိတ်ပါမယ်။
ဒါ့ကြောင့် ဘောင်လေးဘက်ကို
စုတ်သုံးချက်တည်းနဲ့ ဆွဲရတယ်လို့
မှတ်သားထားရပါမယ်။


၈) အောက်ပိတ်မျဉ်းဆို နောက်ဆုံးမှ
ရေးဆွဲရပါမယ်။

အပေါ်ပုံမှ radical နှစ်ခု
ပေါင်းစည်းပြီး စာလုံးဖြစ်နေပါတယ်။
အောက်ပိတ်မျဉ်းပါတဲ့ radical သည်
ဘယ်ဘက်တွင် ရှိသော်ငြားလည်း
နောက်ဆုံးမှ ရေးဆွဲရပါတယ်။


၉) အစက်၊ အပျောက်တွေ နောက်ဆုံးမှ

အပေါ်ပုံမှာ အစက်၊အပျောက် တစ်ခု
ပါပါတယ်။ ဒီအစက်၊အပျောက် ကို နောက်ဆုံးမှ ရေးဆွဲရပါမယ်။

ဥပဒေသက အားလုံးပေါင်းမှ ဒီကိုးချက်ပဲ ရှိပါတယ်။ ဒါလေးတွေ မှတ်မိပြီဆိုရင် မိတ်ဆွေ အနေနဲ့ ဘယ်စာလုံးမဆို (ကိုယ်မသိတဲ့ စာလုံးပင် ဖြစ်စေ) ဘယ်လို ရေးဆွဲရမလဲ၊ စုတ် ဘယ်နှစ်ချက် ရှိမလဲဆိုတာ သိနိုင်ပါပြီ။

ကဲ.... အခု ကျနော်တို့ လေ့ကျင့်တဲ့ အနေနဲ့ အောက်မှာ ဖော်ပြထားသော "လူ" ဆိုတဲ့ စာလုံးကို ဘယ်အကြောင်းက စဆွဲရမလဲ ခန့်မှန်းပေးကြည့်ပါလား။ အဖြေကို အောက်မှာ ဖော်ပြထားပါတယ်။ ကျော်တော့မဖတ်နဲ့နော်း :)



မှန်းကြည့်လို့ ရပါသလား ခင်ဗျာ ? ပုံမှာ စလွယ်ကန့်လန့် နှစ်ခုတည်း ပါပါတယ်။ ဒါ့ကြောင့် ဥပဒေသ (၄) အရ ကန့်လန့်စင်းနှစ်ကြောင်းအနက် ညာဘက်က အကြောင်းကို ညာမှဘယ်သို့ စဆွဲရပါမယ်။ အောက်မှာ ဆွဲနည်းကို ကြည့်ပါ။


ကဲ.... အခု ကျနော်တို့ လေ့ကျင့်တဲ့ အနေနဲ့ အောက်မှာ ဖော်ပြထားသော "နှလုံးသား"
"မုချ၊ ဆက်ဆက်၊ မပျက်မကွက်" ဆိုတဲ့ စာလုံးကို ဘယ်အကြောင်းက စဆွဲရမလဲ ခန့်မှန်းပေးကြည့်ပါလား။ အဖြေကို အောက်မှာ ဖော်ပြထားပါတယ်။ (* 2011-12-16 နေ့တွင် စာအမှား ပြင်ပါသည်။)

မှန်းကြည့်လို့ ရပါသလား ခင်ဗျာ ? ဆွဲရမည့် စုတ်ချက်အစဉ်ကို အရောင်နဲ့ ခွဲခြားထားပါတယ်။ အနက်ရောင် အရင့်ဆုံး စုတ်ချက်ကို အရင်ဆုံးဆွဲပါ။ အဖျော့ဆုံးစုတ်ချက်ဟာ နောက်ဆုံးပါ။ ပုံမှာ စလွယ်ကန့်လန့် နှစ်ခုနဲ့ အစက်အပြောက်တွေ ပါပါတယ်။ ဒါ့ကြောင့် ဥပဒေသ (၄) အရ ကန့်လန့်စင်းနှစ်ကြောင်းအနက် ညာဘက်က အကြောင်းကို ညာမှဘယ်သို့ စဆွဲရပါမယ်။ ပြီးရင် ဘယ်ကန့်လန့်စင်းဆွဲရပါမယ်။ ဒီအချိန်မှာ ဒေါင်လိုက်ခေါက်ချိုးညီသွားပါတယ်။ ဒါ့ကြောင့် ဥပဒေသ (၅) အရ အစက်သုံးချက်အနက် အလယ်အစက်ကို အရင်ချ၊ ပြီးတော့မှဘယ်အစက်ကိုချ၊ နောက်ဆုံးမှ ညာအစက်ကို ချပါတယ်။

ကျနော် ဖော်ပြချင်တာကတော့ ဒီလောက်ပါပဲ ခင်ဗျ။ အခု အပေါ်မှာ ဖော်ပြခဲ့တဲ့ "မေးခွန်း" ဆိုတဲ့ စာလုံးကို ပြန်ကြည့်ကြည့်ပါ။ မိတ်ဆွေ ထိုစာလုံးရဲ့ စုတ်ချက်ဆွဲပုံနဲ့ စုတ် ဘယ်နှစ်ချက်ဆွဲထားတယ်ဆိုတာ နားလည်လောက်ပြီဟု ထင်ပါတယ်။

လေးစားရပါသော ဆရာ ဦးအောင်ဆွေအား ဦးညွှတ်လျှက် ဤဆောင်းပါးကို ရေးပါသည်။ အချက်အလက် ခိုင်မာမှုရှိစေရန် ဝိကီ ကို မှီငြမ်း ထားပါသည်။ ပုံများလည်း ဝိကီမှ ရယူပါသည်။
uıǝɥʇǝʎɐ
credit to: www.myanmarfamily.org , aye-ninty.blogspot.com , layhtankone.wordpress.com
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq
ပြန်လည်ကူးယူဖော်ပြပါပါက အထက်ပါလင့်များအား source အဖြစ် creditပေး ဖော်ပြပေးရန် လိုပါသည်။

Monday, September 26, 2011

အချစ်တစ်ခုတည်းနဲ့ ဘဝ တည်ဆောက်လို့ မရဘူး

"အချစ်" တစ်ခုတည်းနဲ့ "ဘဝ"တည်ဆောက်လို့ မရဘူး ဆိုတဲ့ စကား လူပြောများကြတယ်။ သီချင်းတွေထဲမှာလည်း တွေ့ရတယ်။ အောင်မြင်တဲ့ "ဘဝ"တစ်ခုတည်ဆောက်ဘို့ "အချစ်" တော့လိုမယ် ထင်ပါတယ်။ အဲ့ဒီ "အချစ်" တစ်ခုတည်းနဲ့ "ဘဝ" ကို တည်ဆောက်လို့ မရရင်....."ဘဝ" တစ်ခုတည်ဆောက်ဘို့ "အချစ်" အပြင် တခြား ဘာတွေလိုမလဲ သိချင်မိပါတယ်။ ဖတ်သင့်တဲ့ လင့်တွေ့ရင်လည်း ညွှန်းပါဦး...။

bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq


Monday, September 12, 2011

ဂျီမေးက ခုန်ပျံကျော်လွှား Jump to Oldest messages

မိတ်ဆွေတို့ မင်္ဂလာပါ။
ဒီနေ့ ဟိုလျောက်ကလိ ဒီလျောက်ကလိ လုပ်ရင် ဒါလေး တွေ့လာသဗျ



အပေါ်က ပုံလေး ကြည့်တာနဲ့ ဒါ ဘယ်နားက ဘာလေးလဲ ဆိုတာ စာဖတ်သူ တန်းသိမှာပါ။ ဟုတ်ပါတယ် ဂျီမေး Inbox ဖြစ်ဖြစ် All Mail ဖြစ်ဖြစ် Gmail မျက်နှာစာ ညာဘက် အပေါ်ထောင့်မှာ ပြတဲ့ မေးစာရင်းပါ။ စာရင်း အရဆို ဒီစာရင်းမှာ စာပေါင်း 4493 စောင် ရှိတယ်ဗျာ။ အခု စာမျက်နှာမှာ ပြနေတာက 1 ကနေ 50 အထိ တမျက်နှာ အစောင် ၅၀ နှုန်းနဲ့ ပြထားတယ်ပေါ့။ ► ကို နှိပ်ရင် ပိုဟောင်းတဲ့ အစောင် ၅၀ (51 မှ 100 ထိ) ကို ဆက်ပြပေးလိမ့်မယ်။ ထားပါတော့ ကျနော်က အဟောင်းဆုံးစာကို (အစောင်နံပတ် 4993 ကို) ဖတ်ချင်တယ်ဗျာ ဘယ်လိုလုပ်မလဲ။ အစောင်နံပတ် 4993 ပေါ်တဲ့အထိ တမျက်နှာချင်း ► ကို နှိပ်ပြီး လှန်သွားမလား။ ရတာပဲ။ အချိန်တော့ ကုန်မယ်။ ဒီတော့ .... ပိုမြန်အောင် အခုတွေ့လာတဲ့ ခလုတ်ကလေးကို သုံးမယ်ဗျ...။ ကြည့်ပါ...။

ခုနက မေးစာရင်း 1- 50 of 4493 စာပေါ်ကို မောက်စ် တင်လိုက်ပါတယ် (နှိပ်စရာ မလိုပါဘူး)။
ဟော... Newest နဲ့ Oldest ဆိုတဲ့ စာ၂ကြောင်းပါတဲ့ drop-down menu လေး ကျလာပါတယ်။
Oldest ကို ရွေးပြီး ကလစ်ခေါက်လိုက်ပါတယ်။



ခဏစောင့်ပါ။ ... အဟောင်းဆုံး စာပါတဲ့ စာမျက်နှာကို ခုန်ပျံကျော်လွှားပြီး ရောက်သွားပါပြီ။
အောက်ပုံကို ကြည့်ပါ.။ စာ 4451 မှ 4493 အထိ စာစာရင်းကို ပြနေပါတယ်။ ပြောပြချင်တာ ဒါလေးပါပဲ။ အသစ်ဆုံးကို ပြန်ပြစေချင်ရင်တော့ ခုနက drop-down menu လေး ပြန်ခေါ်ပြီး Newest ကို နှိပ်လိုက်ရုံပေါ့ဗျာ...။



သိပြီးသားဆိုလည်း ဘွေမယူပါနဲ့ဗျို့...။ ကျနော်ကတော့ ဒါလေးကို ဒီနေ့မှ သိတယ်ဗျ။ သိသိချင်း ဝေမျှလိုက်ပါတယ် :)

uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

[gallery include="751,752,753"]

Wednesday, August 31, 2011

WMP9: Add Lyric / Album Artto a MP3 file

♪ သစ်ငုတ်ကို ရွှေချလို့ လှမလာတော့၊

မင်းလေးသာ ခြစားလို့ အသားလေးတွေ

ပွန်းကုန်မယ့် အရေးဖြစ်တယ်၊

ပျံပါ ရွှေဟင်္သာရယ်။ ♫

♪ ကုန်းမြင့်မှာ ပျံဝဲလို့ စောင့်နေတဲ့

မင်းအဖွဲ့တွေ အသံပေးလို့ နားချနေတုန်းပါပဲ

နောက်မကျခင်။ ပျံပါ ရွှေဟင်္သာရယ် ♫

ပျံပါ --- ရွှေဟင်္သာ၊ --- ပျံပါ --- ရွှေဟင်္သာ လေးရယ် ----

ဒီအပင်အိုအပေါ် သံယောဇဉ်ကြိုး ရစ်တွယ်ငြိ မနေနဲ့။

ပျံပါသာ ပျံပါ အမြန်ပျံပါ၊ ရွှေဟင်္သာရယ်။

ပျံပါ --- ပျံပါတော့ ♫ ပျံပါ ---- ပျံပါတော့။

ပျံသာ ပျံပါ ရွှေဟင်္သာရယ်။

ပျံသာ ပျံပါ ရွှေဟင်္သာရယ် ♪ ♫

*** မှတ်ချက်။ MP3 ဖိုင်ထဲ သီချင်းစာသား နဲ့ ခွေကာဘာပုံ ထည့်ခြင်း အကြောင်း [ID3 Tag editing] ဆွေးနွေးတင်ပြခြင်း ဖြစ်ပါသည်။ မိတ်ဆွေ စိတ်မဝင်စားပါက မဖတ်ပဲ နေပါရန်... :)

ပုံများနှင့် ဆွေးနွေးပြထားခြင်း ဖြစ်ပါသည်။ ပုံများ မမြင်ရပါက Display Images below ကို နှိပ်ရပါမယ်။



ကာရာအိုကေ ပေါ်လာမှ သီချင်း တွေ စာသား ကြည့်ပြီး ဆိုနေကျ ဖြစ်လာတယ်။ အလွတ်ဆိုရရင် စာသားတွေကို ဝါးချချင်ချင်...။ အပေါ်က ကိုစိုင်းထီးဆိုင်ရဲ့ သီချင်းလေး ဒေါင်းပြီး နားလည်းထောင်၊ အားရင် လိုက်ဆို ကြည့်ချင်မိတယ်။ စာသား မပါ ဗျောင်ချည့် ပေါ်နေတဲ့ Media Player ကို ကြည့်ပြီး တစ်ခုခု လိုနေသလို ခံစားရတယ်။ ဘာလိုနေလဲဆိုတော့... တချို့သီချင်းတွေမှာလို အောက်မှာ ပြနေတတ်တဲ့ သီချင်းစာသားရယ် နောက် သီချင်းခွေကာဗာ ပုံရယ်ပေါ့။ ဒါလေးတွေ MP3 ဖိုင် ထဲ ထည့်ကြည့်ကြမယ်။

ဒီနည်းလေးက ကိုယ်ပိုင်သံစဉ်လေးတွေ အွန်လိုင်းမှာ ဝေမျှလေ့ရှိတဲ့ အပေါင်းအသင်းတွေအတွက်လည်း အသုံးတည့်မယ် ထင်ပါတယ်။

ဘာဆော့ဝဲလိုမလဲ?

Windows Media Player version 9, 10, 11

ပိုက်ပိုက်မကုန်ပဲ လုပ်လို့ရတာကတော့ (လွယ်လည်း လွယ်တယ်) Windows Media Player နဲ့ပါပဲ။ Windows Media Player ဗားရှင်း ၉၊ ၁၀၊ ၁၁ နဲ့ လုပ်ရမှာပါ။ Windows XP သမားတွေ ဒီတစ်ခါ သာသွားပြီ။ Windows 7 သမားတွေ ဒီတခါ နောက်ကောက်ကျသွားရပါပြီ။ ဘာလို့လဲ... *** Windows 7 မှာ ပါတဲ့ WMP12 (Windows Media Player 12) နဲ့ လုပ်လို့ မရတော့ဘူးလေ...။

Windows 7 ပေါ်မှာ ဒါမျိုး လုပ်ချင်ရင်တော့ တခြား Third Party Software တစ်ခုခု (ဥပမာ။ WinAmp) တင်မှ ရမယ် ဆိုပါတယ်။

ဘာတွေ လိုအပ်မလဲ

၁) MP3 ဖိုင် တစ်ဖိုင်

၂) သီချင်း စာသား Text တွေ

၃) ကာဗာအဖြစ် သုံးမည့် ပုံတစ်ပုံ

ကဲ... အခု .... ကျနော်တို့ စိုင်းထီးဆိုင်ရဲ့ "ပျံသာ ပျံပါ ရွှေဟင်္သာ" သီချင်း MP3 ဖိုင်ကိုသုံးပြီး လက်တည့်စမ်းကြည့်ရအောင်ပါ...။

သီချင်း MP3 ဖိုင် အလွယ် ဆွဲချရန် လင့် ဒီမှာပါ Sai Htee Saing - pyan tar pyan par shwe hintar.mp3

စာသား Text ဖိုင် အလွယ် ဆွဲချရန် လင့် ဒီမှာပါ Lyric [Sai Htee Saing - pyan tar pyan par shwe hintar].txt

Album Art အဖြစ် စိုင်းထီးဆိုင်၏ အောက်ပါ ပုံတစ်ပုံကို ဤနေရာက ရယူ၍ သုံးထားပါတယ်။

အောက်မှာ မထည့်ရသေးတဲ့ MP3 ဖိုင်ကို WMP9 နဲ့ play ပြထားပါတယ်။



STEP - A

MP3 ဆိုတော့ play ရင် အသံပဲ ကြားမှာပေါ့။ Visualization သာ Off ထားရင် ဘာမှ ပေါ်မှာ မဟုတ်ဘူး။

ကဲ... စာသားထည့်ပါမယ်။ ပထမဦးဆုံး သီချင်းစာသားText ဖိုင်ထဲက စာသားတွေ မောက်စ် ကော်ပီ ကူးထားလိုက်ပါတယ်။

ပြီးရင်။ အထည့်ခံ MP3 ဖိုင်ကို Windows Media Player နဲ့ ဖွင့် (play) လိုက်ပါတယ်။

အောက်က ပုံကို ကြည့်ပါ...။

၁) Media library ကို ရွေးပါတယ်။

၂) Now Playing ကို ရွေးပါတယ်။ ညာဘက်က စာရင်းမှာ လက်ရှိ play နေတဲ့ သီချင်း ပေါ်လာပါတယ်။

၃) ထို သီချင်းကို right click ခေါက်ပါတယ်။

၎) ကျလာတဲ့ Dropdown Menu မှာ "Advanced Tag Editor" ကို ရွေးပါတယ်။



STEP - B

"Advanced Tag Editor" Box ပေါ်လာပါမယ်။ အောက်က ပုံကို ရှုပါ။

၁) Lyrics ကို ရွေးပြီး Add ကို နှိပ်ပါ။ Lyric အကွက်တစ်ခု ပေါ်လာပါမယ်။

၂) မောက်စ်ထဲ ကူးထားတဲ့ သီချင်းစာသားတွေ Text Box ထဲ ပိတ် (paste) လိုက်ပါ။

၃) "Apply" ကို နှိပ်ပြီး လုပ်သမျှ အတည် ပြုပေးလိုက်ပါ။

*** Language ရွေးတာတို့ ကာရာအိုကေလို သီချင်းဆိုတာလိုက်ပြီး လိုက်ပြောင်းပေးနေတဲ့ စာသာ (Synced Lyric) တို့လည်း ဤစာမျက်နှာမှာ လုပ်၍ ရပါတယ်။ အဂျွမ်းကြီး ဖြစ်သွားရင်ပေါ့...။



အကယ်၍ "Apply" နှိပ်မည့်အစား "OK" နှိပ်ပြီး ထွက်မိရင် အတည်ပြုထားတဲ့ သီချင်း စာသားတွေ ချက်ချင်း မြင်ရပါမယ်။

အောက်ပုံမှာ ရှုပါ။ စာသားတွေ မမြင်ရရင် WMP ရဲ့ Play Menu က Captions and Subtitles ကို "On if available" ဟု ရွေးပေးပါ။

(Shortcut key က Ctrl+Shift+C ဖြစ်ပါတယ်။) ဇော်ဂျီဖောင့်နဲ့ ရိုက်ထားတာတွေ player မှာ မပေါ်ရင်တော့ မိတ်ဆွေရဲ့ဇော်ဂျီကို update အဖြစ်ဆုံး ဗားရှင်းကို ပြောင်းတင်ပါ။



STEP - C
"Advanced Tag Editor" Box မှာ Pictures ကို ရွေးပါ။ ("Advanced Tag Editor" Box ပျောက်သွားရင် Step -A ကို ပြန်ုလုပ်ပါ)

၁) Add ကို နှိပ်ပါ။ (ပုံ ထည့်ရအောင်) ပုံရွေးခိုင်းပါလိမ့်မယ်။ တစ်ပုံရွေးပေးလိုက်ပါ။
*** ပုံ ကို တစ်ပုံမက ထည့်လို့ ရပါတယ်။ (သီချင်းစာသားလည်း အလားတူပါပဲ)
၂) ကျေနပ်ပြီဆိုရင် "OK" နှိပ်ပြီး ထွက်လိုက်ပါ။



Windows Media Player ကို ပိတ်ပြီး ပြန်ဖွင့်ကြည့်ပါ။ အထည့်ခံ MP3 ဖိုင်ကို ပြန် Play လိုက်ရင် ခုနက ထည့်ထားတဲ့ သီချင်းစာသားနဲ့ Album Art တွေ တက်လာတာ မြင်ရပါပြီ။

အောက်က ပုံကို ရှုပါ။ ပုံကို မမြင်ရသေးရင် Player ကို Right Click ခေါက်ပြီး Visualization မှာ Album Art ကို ရွေးပေးရပါမယ်။



ပြီးပါပြီ။

မှားတာရှိရင် တောင်းပန်ပါတယ်။ အဲ... ပြင်ဆင်ပေးပါ ပြောတာပါ။
လိုအပ်တာ တွေ့ရင် ဆက်ဆွေးနွေးကြတာပေါ့။ :)

စာသားနဲ့ပုံထည့်ပြီးသား သီချင်းဖိုင်ကို ဒီနေရာမှာ သိမ်းထားပါတယ်။ လေ့လာကြည့်ဘို့ပါ။ ကွန်မကောင်းတဲ့ ကြားက တင်နေဆဲပါ.. :)

ဒီပို့စ်ကို http://ayenintyblog.shwebo.org/2011/08/mp3-wmp9-add-lyric-album-art-to-mp3.html ဧးသိမ်းရဲ့ ထေန်ကုန်း မှာ တင်မှာပါ။ နောက် လက်လှမ်းမှီရာ မိတ်ဆွေများရဲ့ Google Groups များကို ဝေငှဖြစ်မှာပါ..။

Credits:
ပျံသာ ပျံပါ ရွှေဟင်္သာ သီချင်း MP3 ဖိုင်ကို music.all-channel.com မှ တဆင့် ရယူထားပါတယ်။
ပျံသာ ပျံပါ ရွှေဟင်္သာ Lyric သီချင်း စာသားကို www.google.com/search မှ တဆင့် ရယူထားပါတယ်။
Album Art အဖြစ်သုံးရန် အဆိုတော် စိုင်းထီးဆိုင်ပုံတစ်ပုံကို ဤနေရာက ရယူ၍ သုံးထားပါတယ်။
bHappy_1_s.gif

uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

လမ်းကြုံရင် ဧးသိမ်းရဲ့ လေထန်ကုန်းကိုလည်း လာလည်လှည့်ပါ။ :)

Wednesday, June 15, 2011

ရန်ကုန်က ပေါက်ဈေး တွေ များ သိချင်ကြမလား လို့...

ကြော်ငြာတယ်တော့ မထင်ပါနဲ့ ဧးသိမ်းနဲ့ ပတ်သက်မှု့ မရှိပါဘူး :)

ရန်ကုန်က ပေါက်ဈေး တွေ သိချင်တာရှိရင် ချက်ချင်း မေးကြည့်နိုင်ဘို့ပါ။

××××××××××××××××××××

အက်ဘို့အကောင့်က....

××××××××××××××××××××

ဂျီမေး၊ ဂျီတော့ ဆို myanmar.exchange@gmail.com ကို အက်ပါ။

Windows Live Messenger ဆို myanmar.exchange@live.com ကို အက်ပါ။

Yahoo! Messenger ဆို myanmar.exchange@yahoo.com ကို အက်ပါ။

AIM ဆို myanmarexchange@aim.com ကို အက်ပါ။

Facebook မှာဆို https://www.facebook.com/myanmarexchange ကို Friend လုပ်ပါ။

××××××××××××××××××××

အက်ပြီးရင်....

××××××××××××××××××××

FEC ဈေး သိချင်တယ်ဆို ရိုက်ရမှာက FEC

ဒေါ်လာ ဈေး သိချင်တယ်ဆို ရိုက်ရမှာက USD

စင်ကာပူဒေါ်လာ ဈေး သိချင်တယ်ဆို ရိုက်ရမှာက SGD

ငွေလဲနှုန်းတွေ အကုန် သိချင်တယ်ဆို ရိုက်ရမှာက Exchange

ကမ္ဘာ့ဒေါ်လာ ဈေး သိချင်တယ်ဆို ရိုက်ရမှာက World Dollar

ရွှေ ဈေး သိချင်တယ်ဆို ရိုက်ရမှာက Gold

Export Earning ဈေး သိချင်တယ်ဆို ရိုက်ရမှာက Earning

သတ္တု တွေရဲ့ဈေး သိချင်တယ်ဆို ရိုက်ရမှာက Metal

ဆီ ဈေး သိချင်တယ်ဆို ရိုက်ရမှာက Fuel

ဆန် ဈေး သိချင်တယ်ဆို ရိုက်ရမှာက Rice

စပါး ဈေး သိချင်တယ်ဆို ရိုက်ရမှာက Paddy

ဆီ ဈေး သိချင်တယ်ဆို ရိုက်ရမှာက Oil Crop

ကုန်စည် ဒိုင်တွေက အဝင်ကုန် ဈေး သိချင်တယ်ဆို ရိုက်ရမှာက Commodity

ဈေးကွက် ပေါက် ဈေး သိချင်တယ်ဆို ရိုက်ရမှာက Market

××××××××××××××××××××××××

မြန်မာလို သိချင်တယ်ဆိုရင်...

××××××××××××××××××××××××

အဲ....ခုနက ပြောတဲ့ ဈေးတွေကို မြန်မာလို ဖတ်ချင်တယ်ဆိုရင် အနောက်က .mm ခံ ရိုက်ရပါမယ်တဲ့

(ဥပမာ FEC အစား FEC.mm ပေါ့) စမ်းကြည့်တာ မြန်မာလိုတော့ အကုန် မရသလိုပဲ...။

×××××××××Credit ကတော့ ×××××××××××

credit to: https://www.facebook.com/myanmarexchange

ဗဟုသုတ အနေနဲ့ မျှဝေပါတယ်။

bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq