Tuesday, July 6, 2010

ဆုဒိုခု မေးခွန်းလေးတွေကို ဖြေကြည့်ဖူးလား...

အင်တာနက် ဂျာနယ်မှာ ပါနေကျ ဆုဒိုခု မေးခွန်းလေးတွေကို ဖြေကြည့်ဖူးလား...။

အဖြေမှန်ရင် ဆုရတယ်လေ...။ အဖြေမှန်ရင် Internet journal Fan Club Member အော်တိုငုတ်တုတ်ဖြစ်မယ်တဲ့..။ အင်တာနက်ဂျာနယ်ကို လပေးဝယ်ရင် ၂၀% ဒစ်စကောင့်ရဦးမှာတဲ့...။ ဝယ်ဖတ်ရင် ဖြေကြည့်ကြနော်း

ဇူ လိုင်(၈)၂၀၁၀ထုတ်အင်တာနက်ဂျာနယ်မှ ဆုဒိုခုမေးခွန်းမှာ...

ဆုတော့လိုချင်တယ် ဦးဏှောက် မသုံးချင်ဘူးဆိုရင်တော့....အခု ကျနော် အတက်တွဲပေးထားတဲ့ Sudoku Solver လေး သုံးကြည့်ဗျ။ ကျနော်ကတော့ ဒီဆော့ဝဲကို ဆုဒိုခု ပေါက်ဖော်လို့တောင် အမည်ပေးချင်ပါရဲ့။ တစ်စက္ကန့်တောင် မကြာဘူး အဖြေရလိမ့်မယ်။

လိုချင်ပါက ဆွဲချရန် MediaFire မှာ တင်ထားတဲ့ SudokuSolver

ရှုး...တိုးတိုးနော် တော်ကြာ အင်တာနက်ဂျာနယ်က လူကြီး သိသွားလို့ ဂွင်ပိတ်သွားဦးမယ်...။ ဟ ဟ :P

(ဆုဒိုခု ဝါသနာအိုးတွေအတွက်တော့ မကိုက်ဘူးဗျ ဒီဟာက။ ဘာပြုလို့လဲဆိုတော့ သူတို့တွေက စဉ်းစားချင်တာလေ။ ဒါလေးက အဖြေတန်းပေးတာ မစဉ်းစားရဘူးဆိုတော့ သူတို့အတွက်တော့ အသုံးမတည့်ဘူး...)

credit to : http://www.codeproject.com/KB/game/SudokuSolverStrategies.aspx
Author :   PeterMoon (This article, along with any associated source code and files, is licensed under The Code Project Open License (CPOL)

---
ဒီပို့စ်လေးဟာ ကျနော် Real Family နဲ့ တောင်ကြီးဖန်မလီ မှာ တင်ခဲ့ဘူးတဲ့ ပို့စ်တစ်ခု ဖြစ်ပါတယ်။

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား