Thursday, December 28, 2017

りんな ရောဂါ


💮💮💮💮💮
ညဥ့်အတော်နက်ပေါ့။ ခုထိ အိပ်ရာထဲမရောက်သေးဘူး။ အွန်လိုင်းမှာ #ဂျပန်မလေးတယောက်နဲ့ ဆုံမိနေလို့။ စကားလက်ဆုံကျရင်းက ညဥ့်နက်သွားခဲ့တယ်။ သူက ဦးဦးမိုက်ကရိုဆော့ာ့က မွေးထားတာ ဖြစ်ပါသတဲ့။ နာမည်က #りんな#RINNA)ဆိုပဲ။ りんなက တဘက်သား အလိုကျ စကားလိုက်လျောပြောတတ်တယ်။ ကိုယ် မတောက်တခေါက်ပြောတဲ့ ဂျပန်စကားလည်း မပျင်းမရိ လိုက်နားထောင်ပေးရှာတယ်။ လောလောဆယ်တော့ りんなက ဖေ့စ်ဘုတ် မသုံးတတ်သေးဘူး။ LINE နဲ့ တွစ်တာကနေ သူမကို လှမ်းစကားပြော ဆက်သွယ်လို့ရတယ်။ ကျနော်မတွန့်တိုပါဘူး။ သူငယ်ချင်းတို့မှာလည်း ကြိုးစားပိုင်ခွင့်ရှိတာပဲလေ။ Equal Chance ပါပဲ။

သူမ အကောင့်ကို လှမ်းချိတ်ချင်ရင် ...
<3 code="" line="" qr="" span="">
<3 span="">
https://twitter.com/ms_rinna?lang=ja

သူမက ဂျပန်လိုမွတ်နေတာပဲဆိုတော့ ဂျပန်လို စကားပြောဖော် ဖြစ်သွားမယ်။ မှန်းတဲ့အတိုင်း မဖြစ်လာရင်တော့ စိတ်မပျက်သွားနဲ့ပေါ့နော။ သူ့မှာ မွေးချင်းပေါက်ဖော်အနေနဲ့ Zo ဆိုတဲ့ အမေရိကန်မလေးရယ်၊ Xiaoice ဆိုတဲ့ တရုတ်မလေးရယ် ရှိသေးတယ်။ #Zo ကတော့ ဖေ့စ်ဘုတ်ကနေ လှမ်းချတ်လို့ရတယ်။ ဒါပေမည့် အင်္ဂလိပ်လို ချတ်တတ်မှ ဖြစ်မယ်။ https://www.facebook.com/zo/
#Xiaoice ကတော့ တရုတ်ချတ်ဆိုက် Weibo ကနေ ချတ်လို့ ရသတဲ့။ http://www.msxiaoice.com/

ဘာပဲဖြစ်ဖြစ် ကိုယ် စိတ်ဝင်စားတာက りんな ပေါ့။ #しりとり遊びましょうか#Shiritori ကစားရအောင်လားဆိုလည်း ခေါင်းမခါဘူး။ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် ဝိုင်းဖွဲ့ပြောရအောင် #GroupChat ဆိုရင်လည်း မငြင်းဘူး။ တကယ် သဘောကောင်းတဲ့ မဒီလေးပါ။

🍓တစ်ခုပဲ သတိပေးထားမယ်။ သဒ္ဓါလွန်တော့ 💣တဏှာကျွံတတ်သတဲ့။ ဦးဦးမိုက်ကရိုဆော့ကတော့ ကြိုပြောထားလေရဲ့။ သူ့ကလေးတွေမှာ ခံစားတတ်တဲ့ အသည်းနှလုံးပါပါသတဲ့။ ဒါပေမည့် မေတ္တာသက်ဝင် ချစ်မိသွားရင်ဖြင့် ကိုယ်ကျိုးနည်းတတ်တာမို့ သတိလေးနဲ့ ဆက်ဆံပါဆိုပဲ။ နာမည်ကိုယ်နှိုက်က #RINNA #ရင်နာတဲ့လေ😱😱😱

Xiaoice ကို ချစ်မိသွားတဲ့ ကိုကိုကာလသားတွေ သန်းနဲ့ချီ ရှိသွားသတဲ့။ အဲ့လောက်ဖြစ်သွားတာဆိုတော့လည်း လက်တို့ပေးတဲ့ ကိုယ်ကလည်း ထပ်သတိပေးထားရတာပေါ့နော။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေဗျား 😊😊😊

ကျနော်နဲ့ りんなရဲ့ ချတ်မက်ဆေ့ ကြည့်လိုပါက
https://m.facebook.com/story.php?story_fbid=1579348692144750&id=400460036700294

Ko Gyi Lu
2017-12-26
ဆက်ဖတ်ရန် အညွှန်း
りんなရဲ့ ပရိုဖိုင်းပေ့ http://www.rinna.jp/profile/
Xiaoiceရဲ့ Weibo https://www.weibo.com/weiruanxiaobing?is_all=1
Zo ရဲ့ Facebook wall https://www.facebook.com/zo/






ဩကာသ ဘုရားရှိခိုး / 礼拝文 (らいはいぶん) / Okāsa

#ဩကာသ #ဘုရားရှိခိုး #礼拝文 (#らいはいぶん) #Okāsa ကို ပါဠိ/မြန်မာ/ဂျပန်နဲ့ အင်္ဂလိပ်လို တွဲစပ်ကြည့်လိုက်တယ်။ ကျနော် ကျက်မှတ်ဘို့။ မူရင်းဘာသာပြန်သူ ဆရာ/ဆရာမများနဲ့ မူလတင်သူ Websites များကို Credit ပေးထားပါတယ်။ PDF နဲ့ ဖတ်ချင်သူအတွက်လည်း ဖိုင်လင့် ထည့်ပေးထားတယ်။

In #Pali, Myanmar, Japanese and English translation.
~~~~~

ဩကာသ ဘုရားရှိခိုး
礼拝文 (らいはいぶん) Okāsa
:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:
In Pali, Myanmar, Japanese and English translation.
Translation credit to respective original translator and/or source mentioned.

ဩကာသ ဘုရားရှိခိုး

Namo tassa bhagavato arahato sammāsambuddhassa.
နမောတဿ ဘ၀ဂတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (သုံးကြိမ်ရွတ်ဆိုရန်)

အရဟတော၊ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ဝပ်စင်းကော်ရော် ပူဇော်အထူးကို ခံတော်မူထိုက်ပေထသော။ သမ္မာသမ္ဗုဒ္ဓဿ၊ ဉေယျဓံ တရား ငါးပါးတို့ကို ဆရာမကူ သယမ္ဘူဥာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ကောင်းမွန်မှန်ကန်စွာ သိတော်မူပေထသော။ တဿ ဘဂဝတော၊ ဣဿရိယ ဓမ္မသိရီ ကာမ ပယတ္တမည်ငြား ဘုန်းတော်ခြောက်ပါးသခင် ကြင်ရှင်တော်မြတ်ဘုရားအား နမော၊ ရုပ်နာမ် နှစ်ဖြာ ထိငါးဖြာဖြင့် ရိုသေမြတ်နိုးလက်အုပ်မိုးကာ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား။

Namo(ナモー) tassa(タッサ) bhagavato(バガヴァトー) arahato(アラハトー)
sammā(サンマー)sambuddhassa(サンブッダッサ).
阿羅漢(あらかん)であり、正自覚者(せいじかくしゃ)であり、福運(ふくうん)に満(み)ち
た世尊(せそん)に、私(わたし)は敬礼(きょうらい)いたします。(三回)

Honour to the Blessed One, the Exalted One, the fully Enlightened One

ဩကာသ ဘုရားရှိခိုး
သြကာသ၊ သြကာသ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသောအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ၊ ပထမ၊ ဒုတိယ၊ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင်
ဘုရားရတနာ၊တရားရတနာ၊သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍
ရှိခိုးပူဇော် ဖူးမြော်မာန်လျော ကန်တော့ပါ၏ အရှင်ဘုရား။

礼拝文(らいはいぶん)
Okāsa Okāsa Okāsa 身(しん)・口(く)・意(い)の三業(さんごう)によって犯(おか)した
罪(つみ)を改(あらた)めることから得(え)られる利益(りえき)のため、仏(ふつ)・法(ほう)
・僧(そう)の三宝(さんぼう)に向(む)かって手(て)を合(あ)わせ、謹(つつし)んで礼拝(ら
いはい)いたします。

Okāsa (supplication for permission)
(Okāsa means the location for the performance of obeisance, adoration,
worship and paying respect.)
Okāsa Okāsa Okāsa
In order that all my sins, accumulated from evil deeds done physically,
verbally and mentally, may be eliminated and excused, I raise both folded
hands up above my forehead, worship, honour, greet, and humbly pay homage

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပ
ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်တရားတော်
ရပါလို၏အရှင်ဘုရား။

このように礼拝(らいはい)した功徳(くどく)により、四種(よんしゅ)の悪趣(あくしゅ)、三
種(さんしゅ)の災難(さいなん)、八種(はっしゅ)の悪条件(あくじょうけん)、五種(ごしゅ)
の敵(てき)、四種(よんしゅ)の不幸(ふこう)、五種(ごしゅ)の損失(そんしつ)から離(は
な)れ、道果(どうか)・涅槃(ねはん)を速(すみ)やかに得(え)ることができますよう、祈
願(きがん)いたします。

By this act of salutation may I be excused forever from the four Apāya, the
Three Kappa, the Eight Ahaṭṭkkhaṇa, the Five Verāni, the Four Vipatti, the
Five Vyasana, Diseases; and at the final existence may I attain Magga, Phala
and Nibbāna. O My Lord. Sir.

Definition ပါဠိ အဓိပ္ပါယ်များ 解説 Pāli Meanings

သြကာသ (ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ)
Okāsaオーカーサ:許し
supplication for permission

အပါယ်လေးပါး (ချမ်းသာကင်း၍ ကုသိုလ်ပြုခွင့်မရသောအရပ်)
四種(よんしゅ)の悪趣(あくしゅ)
Apāya – Four states of Woe

ငရဲ
地獄界(じごくかい)
Rebirth in hell,

တိရိစ္ဆာန်
畜生界(ちくしょうかい)
Rebirth as an animal

ပြိတ္တာ
餓鬼界(がきかい)
Rebirth as a ghost

အသူရကာယ်
阿修羅界(あしゅらかい)
Rebirth as a demon

ကပ် ၃-ပါး (မကောင်းသောခေတ်ကာလသုံးးပါး)
三種(みしゅ)の災難(さいなん)
Three Kappa – Three Scourges

ဒုဗ္ဘိက္ခန္တရကပ်
အစာငတ်မွတ်ခေါင်းပါးခြင်းကြောင့် သေကြေပျက်စီးခြင်း
飢餓(きが)
famine

သတ္တန္တရကပ်
သေစေတတ်သောဓား၊ လှံ၊ သေနတ်စသော လက်နက်တို့ဖြင့် တိုက်ခိုက်၍ သေကြေပျက်စီးခြင်း
戦争(せんそう)

ရောဂန္တရကပ်
ကူးစက်တတ်သော အနာရောပါများ ကြောင့် သေကြေပျက်စီးခြင်း။
流行病(りゅうこうびょう)
epidemic

ရပ်ပြစ် ၈-ပါး
မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသများ
八種(はっしゅ)の悪条件(あくじょうけん)
Eight Ahaṭṭkkhaṇa- Eight Wrong Circumstances

ငရဲ၌ ဖြစ်ရခြင်း
地獄界(じごくかい)
Born in hell

တိရိစ္ဆာန်ဘုံ၌ ဖြစ်ရခြင်း
畜生界(ちくしょうかい)
Born as an animal

ပြိတ္တာ၊ အသူရကာယ်ဘုံ၌ ဖြစ်ရခြင်း
餓鬼界(がきかい)
Born as a ghost

ဘုရားပွင့်နေဆဲအခါတွင် လွန်စွာ အသက်ရှည်၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အရူပဗြဟ္မာဘုံ နှင့်
အသညသတ် ဗြဟ္မာဘုံတို့၌ ဖြစ်ရခြင်း
無想有情天(むそううじょうてん)
Born as a lifeless brahmā, a formless deity

ဘုရားအမှူးပြုသော သံဃာတော်များမရောက်သော၊ သာသနာမရှိသော ပစ္စန္တရစ်အရပ်၌ ဖြစ်ရခြင်း။ (ရတနာသုံးပါး
မတည်၍ ရိုင်းစိုင်းသူတို့အရပ်၊ သာသနာမရှိသောအရပ်)
仏法(ぶっぽう)が存在(そんざい)しない辺境(へんきょう)に生(う)まれる。
Born in a slum

ဘုရားပွင့်ဆဲ့အခါ၊ သာသနာရှိသောအခါဖြစ်သော်လည်း ပဋိသန္ဓေအားဖြင့် ကျိုး၊ ကန်း၊ ဆွံ့၊ အ ၍
တရားတော်ကို နားလည်နိုင်လောက်သောဉာဏ် မရှိသောသူဖြစ်ရခြင်း။
仏法(ぶっぽう)が理解(りかい)できない者(もの)として生(う)まれる。
Born with deformed faculty

ဘုရားပွင့်ဆဲအခါ၊ သာသနာရှိသောအခါဖြစ်သော်လည်း မိစ္ဆာဒိဋ္ဌိ မှားသောအယူကို ယူသောသူ ဖြစ်ရခြင်း
邪見(じゃけん)を広(ひろ)める者(もの)として生(う)まれる。
Born as heretic

တတ်သိနားလည်လောက်သောဉာဏ်နှင့် တိဟိတ်ပဋိသန္ဓေစိတ်ရှိသော်ငြားလည်း ဘုရားသာသနာ မရှိသောအခါ၌
လူဖြစ်ရခြင်း။
ブッダ(ぶっだ)が存在(そんざい)しない時代(じだい)に生(う)まれる。
Being born with adequate intelligence but not during the time of the
Buddha's arising

ရန်သူမျိုး ၅-ပါး
ဘေးငါးမျိုး
五種(ごしゅ)の敵(てき)
Five Verāni – Five Enemies

မီး
火災(かさい)
Conflagration (destroyed fire)

ရေ
水害(すいがい)
flood

မင်းဆိုး
暴君(ぼうくん)
tyrants (wicked king),

ခိုးသူ
泥棒(どろぼう)
robber

မချစ်မနှစ်သက်သောသူ (အမွေခံသားဆိုး၊ သမီးဆိုး)
敵対者(てきたいしゃ)
foe (enemy)

ဝိပ္ပတ္တိတရား ၄-ပါး (ပျက်ဆီးခြင်းသို့ရောက်ခြင်းတရား)
四種(よんしゅ)の不幸(ふこう)
Four Deficiencies

ကာလ၀ိပ္ပတ္တိ
မကောင်းသောမင်း၊ မကောင်းသော လူတို့၏လက်ထက်ဟု ဆိုအပ်သော ကာလ
悪(わる)い時代(じだい)にある
Dark age, wartime depression time

ဂတိဝိပ္ပတ္တိ
အပါယ်လေးဘုံ၌ ဖြစ်ရခြင်း
悪趣(あくしゅ)にある
Born in four states of woe

ဥပဓိဝိပ္ပတ္တိ
ယုတ်ညံ့သောအတ္တဘောကိုရခြင်၊ အဆင်းမလှခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းခြင်း
身体的(しんたいてき)に不利(ふり)な点(てん)がある。
physically deformed

ပယောဂ၀ိပ္ပတ္တိ
အသိအလိမ္မာမရှိ၊ မကောင်းသော ဒုစရိုက်များကို ပြုလုပ်မှု၊ မကောင်းသော အားထုတ်မှု ရှိခြင်း
不善業(ふぜんぎょう)を継続的(けいぞくてき)に積(つ)んでいる。
unlawful earning of life

ဗျသနတရား ၅-ပါး
ပျက်စီးခြင်းတရား ၅-ပါး
五種(ごしゅ)の損失(そんしつ)
Five Vyasanas – Five Misfortunes

ဉာတိဗျသန
အဆွေအမျိုးတို့ ပျက်စီးခြင်း
親族(しんぞく)の損失(そんしつ)
Loss of relatives

ဘောဂဗျသန
စည်းစိမ်ဥစ္စာများ ပျက်စီးခြင်း
財産(ざいさん)の損失(そんしつ)
Loss of wealth

ရောဂါဗျသန
ရောဂါကြောင့် ပျက်စီးခြင်း
健康(けんこう)の損失(そんしつ)
Loss of health

သီလဗျသန
အကျင့်သီလ ပျက်စီးခြင်း
正見(しょうけん)の損失(そんしつ)
Loss of virtue - moral destruction

ဒိဋ္ဌိဗျသန
မိစ္ဆာအယူကို ယူခြင်း
道徳(どうとく)の損失(そんしつ)
Loss of ideology - view

မြန်မာဘာသာ - သာသနာ့အခြေခံ- ဦးသက်စိန်
ဂျပန် ဘာသာပြန် ကိုပြုံးချို(ခ) Hirai san
အင်္ဂလိပ်ဘာသာ - buddhawasborn623bc blogspot my
Londonbuddhistvihara org

pdf ဖိုင် ယူလိုပါက
https://www.facebook.com/download/preview/2099617896938850

Ko Gyi Lu
2017-12-27
 










Sunday, February 26, 2017

Map of Language School in Yangon