Wednesday, July 21, 2010

Gmail feature: undo send

@pinmyintsan01
undo က အမြဲတစေ မရဘူးလေ ညီမ။


ပို့ပြီးသားစာတွေ လိုက်ဘွာတေး လုပ်ဖို့ ကာလအတိုင်းအတာ တစ်ခုအထိပဲ ရတာ...။ အဲ့ဒီ ခွင့်ပြုကာလ လွန်ရင် (အချိန်လွန်မှ) ဘွာတေး လုပ်လို့ မရတော့ဘူးလေ။

အောက်ကပုံကို ကြည့်ပါ။ ဒါ undo ကို အွန်ထားရင် ဂျီမေးအကောင့်၏ Settings ထဲမှာ ပေါ်နေမှာ။



ခွင့်ပြုကာလကို သတ်မှတ်ပေးလို့ရတယ်။ ၅စက္ကန့် - ၁၀စက္ကန့် - ၂၀စက္ကန့် ဒါ အများဆုံးပဲ။

*** အဲ့ဒီ ခွင့်ပြုကာလ အတွင်းမှာတောင် undo ခလုတ်ကို မမြင်ရဘူးဆိုရင်တော့ labs တွေ off / disable ဖြစ်နေတာလား စစ်ကြည့်ပါဦး။

အဲ့ဒီ ခွင့်ပြုကာလ လွန်တာနဲ့ အီးမေးဆာဗာက လက္ခံသူဆီ စာကို လွှတ်လိုက်ကရော။ အဲ့ဒီအချိန်ကျမှ ပြန်ဘွာတေးလို့ မရတော့ဘူး။ ခလုတ်မှားနှိပ်တတ်၊ စာရိုက်မှားတတ်တဲ့သူမျိုး (ကျနော့်လိုပေါ့) ဆိုရင် ဒီလိုလုပ်။ recipient address(es) တွေ ပို့ခါနီးကျမှ ဖြည့်။ ခလုတ်မှားနှိပ်တောင် စာက မထွက်တော့ဘူး။ လက္ခံမည့်လိပ်စာမှ မဖြည့်ရသေးတာကိုး။ စာမှားရင်လည်း ပရုဖတ်ဖို့ အချိန်ရသွားတာပေါ့။ ပြီးမှ send လုပ်ပေါ့။ အဲ့ဒီ ခွင့်ပြုကာလ လွန်တာနဲ့ စာက ဒိုးပြီဆရာပဲ။ ပြန်ဘွာတေးလို့ မရတော့ဘူး။ အိုကေနော်း...။ ^_^

/ဧးသိမ်း/

2010/7/20 may
ညီမလည်းတစ်ခုလောက်မေးချင်တယ်

ပို့ပြီးသားစာတွေကိုဖျက်တဲ့undo ကို setting ကနေပြောင်းပြီးသားပါ။အဲဒါ undo ကိုရှာမတွေ့လို့
ကူညီပါအုန်းနော်။

[gallery include="398,399"]

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား