Friday, December 28, 2012

မင်္ဂလာ နံနက်ခင်းနဲ့ မေတ္တာသုတ္တံ


အားလုံးကို မင်္ဂလာ နံနက်ခင်းနဲ့ အတူ ဆုတောင်း...
Dhammadownload Web Master 28 December 07:19
အားလုံးကို မင်္ဂလာ နံနက်ခင်းနဲ့ အတူ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်..

ဘေးအန္တရယ်နှင့် ဒုက္ခဆင်းရဲတို့ကို ခံစားနေရသော လူ၊ နတ်၊ သတ္တဝါတွေ၊
ဘေးဒုက္ခအန္တရယ်များကို ကျော်လွှားနိုင်ကြပါစေ...
ဘေးဒုက္ခခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ..
ကျန်းမာ..ချမ်းသာ ကြပါစေ...

မေတ္တာသုတ္တံ

၁။ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။ ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘဝန္တု သုခိတတ္တာ။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာဝ နဝသေသာ။ ဒီဃာ ဝါ ယေဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၇။ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။
၉။မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနောယာဝတာဿ ဝိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာတု။
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။ မေတ္တသုတ္တံ နိဋ္ဌိတံ။

*****************************
အနက် အဓိပ္ပါယ်(ပထမ ၂ ပိုဒ် သည် ဘုရားဟောထဲ မပါ .ပါ) - မေတ္တာသုတ် အညွှန်း
******************************
၁။ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။ ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။

*************************************************
မေတ္တာသုတ္တံ (ဒုတိယ ၂ ပိုဒ်) - မေတ္တာ ဘာဝနာ ပွားများ သူများ ပြည့်စုံရမည့် အင်္ဂါ ၁၄ ချက်
*************************************************
၃။ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ - နိဗ္ဗာန်ကို လိုချင်သော လိမ္မာပါးနပ်သော ပုဂ္ဂိုလ်တဦးသည် တကယ်ကို အလုပ် လုပ်ရပါမည်။ နိဗ္ဗာန်ကို လိုချင်သော ပုဂ္ဂိုလ်တဦးသည် အင်္ဂါ ၁၄ ချက်နှင့် ပြည့်စုံအောင် ကြိုးစားရပါမည်။

၁) သက္က - စွမ်းနိုင်သူ (လုံလ ဝိရိယနှင့် ပြည့်စုံခြင်း၊ ယုံကြည်ချက် ပြင်းထန်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်ခြင်း၊) သူ ဖြစ်ရပါမည်။
၂) ဥဇူစ - ကိုယ်စိတ် နှစ်ပါး သည် ရိုးသား ဖြောင့် မတ် သူ ဖြစ်ရပါမည်။
၃) သုဟုဇူ - မနော ဒွါရသည်လဲ ရိုးသား ဖြောင့် စင်းသူ ဖြစ်ရပါမည်။
၎) သုဝစ - အကြံပေးသည့်အခါ ပြောလို့ ဆိုလို့ လွယ်သူ ဖြစ်ရမည်။
၅) မုဒု - ကိုယ် နှုတ် စိတ် ၃ ပါး ယဉ်ကျေး သိမ်မွေ့နေသူ ဖြစ်ရမည်။
၆) အနတိမာနီ - အလွန်မောက်မာသော မာန်မာနတွေ မရှိရပါ။
၇) သန္တုဿကော - ရသမျှနဲ့ ရောင့်ရဲ တင်းတိမ်နေသော ပုဂ္ဂိုလ် ဖြစ်ရပါမည်။ ဇီဇာကြောင်သော ဂျီးများသော ပုဂ္ဂိုလ် မဖြစ်ရပါ။ (ဥပမာ - အချို၊ အငံ မစားချင်၊ စသည်)
၈) သုဘရော - မွေးမြူလွယ်သူဖြစ်ရမည်။
၉) အပ္ပကိစ္စော - ကိစ္စ နည်းပါးသူ ဖြစ်ရပါမည်။
၁၀) သလ္လဟုကဝုတ္တိ - Simple Life ဝန်ထုပ် ဝန်ပိုး မများသော ပေါ့ပါး နေထိုင် သွားလာနိုင်သူ ဖြစ်ရပါမည်။
၁၁) သန္တိန္ဒြိယော - ငြိမ်သက်သော အိနြေ္ဒ ရှိသူ ဖြစ်ရပါမည်။
၁၂) နိပကော - အသိပညာ ဥာဏ်ပညာ ရင့်ကျက်နေရပါမည်။ ကမ္မဋ္ဌာန်း ၄ဝ မှ တမျိုးမျိုးကို နားလည် သဘောပေါက်ထားရပါမည်။
၁၃) အပ္ပဂဗ္ဘော - ကိုယ်ရော စိတ်ရော နှုတ်ရော ကြမ်းတမ်းသော ပုဂ္ဂိုလ် မဖြစ်ရပါ။
၁၄) ကုလေသွ န နုဂိဒ္ဓေါ - ရဟန်းတော်များသည် ဒါယိကာ၊ ဒါယိကာမတွေ အပေါ်မှာ တွယ်တာနေမှု၊ မရှိရပါ၊

***************************************************
၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။

ဘုရား အမှုးပြုသော ရဟန္တာ အရိယာပုဂ္ဂိုလ်ကြီးတွေက မကြိုက်မနှစ်သက်သော အရာတွေ၊ ဒီအမှုကိစ္စတွေဟာ မကောင်းဘူးလို့ သတ်မှတ်ထားတာတွေကို ဘယ်တော့မှ မလုပ်ပါဘူးဟု စိတ်ကို ဒုံးဒုံးချရပါမည်။

****************************************************
မေတ္တာပွားနည်း (၁၁) မျိုး

သတ္တဝါတို့ အကျိုး စီးပွား ကို လိုလား တဲ့ အနေနဲ့ ပို့သသောမေတ္တာ (၈) မျိုး
===== ၃၁ ဘုံ ရှိသတ္တဝါတွေကို ဘာမှ မခွဲခြားဘဲ အကုန်ပေါင်းပြီး ပို့သသောမေတ္တာ (၁)မျိုး
===== ၂ မျိုး တစုစီ ၄စု ခွဲပြီး ပို့သသောမေတ္တာ (၄)မျိုး
===== ၃ မျိုး တစုစီ ၃စု ခွဲပြီး ပို့သသော မေတ္တာ (၃)မျိုး
သတ္တဝါတို့ အကျိုး စီးပွား မဲ့ခြင်းကို ပါယ်ရှား တဲ့ အနေနဲ့ ပို့သသောမေတ္တာ (၂) မျိုး
သတ္တဝါတို့ အကျိုး စီးပွား ရှိခြင်းကို ဆောင်လိုသော အနေနဲ့ ပို့သသောမေတ္တာ (၁) မျိုး
**********************************************
မေတ္တာပို့ အစ….

သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘဝန္တု သုခိတတ္တာ။

လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
************************************************
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာဝ နဝသေသာ။

(ဒေါသကိလေသာကို မပါယ်သတ် ရသေးသဖြင့် ကြောက်တတ်သော ပုထုဇဉ်၊ သောတာပန်၊ သဒ္ဒါဂါမ်) ၊
(ဒေါသကိလေသာကို ပါယ်သတ် ပြီးသဖြင့် မကြောက်တတ်သော အနာဂါတ်၊ရဟန္တာ)
ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
*************************************************
ဒီဃာ ဝါ ယေဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

ဒီဃာ - ရှည် တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

မဟန္တာ - ကြီး ငယ် အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

ထူလာ - ဆူ ကြုံ အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

*************************************************
၇။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ - မြင်အပ်၊မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ - ဝေးနေ၊ နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

ဘူတာဝ သမ္ဘဝေသီဝ - ( ဘဝဇာတ်ဆုံး ပြီဖြစ်သော ဘုရား၊ ရဟန္တာ ပုဂ္ဂိုလ်)၊ (ဘဝဇာတ် မဆုံးသေးသော ဘုရား၊ ရဟန္တာ မဟုတ်သော များလှစွာ သော ပုထုဇဉ်၊ သောတာပန်၊ သဒ္ဒါဂမ်၊ အနာဂါမ်များ) ဘဝဇာတ်ဆုံး၊ မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

***************************************************
သတ္တဝါတို့ အကျိုး စီးပွား မဲ့ခြင်းကို ပါယ်ရှား တဲ့ အနေနဲ့ ပို့သသော မေတ္တာ (၂) မျိုး

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။

န ပရော ပရံ နိကုဗ္ဗေထ၊ - လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

နာတိမညေထ ကတ္ထစိ န ကဉ္စိ။ - အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။ - ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

***************************************************
၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

ငါသည် လောကကြီးတခုလုံးရဲ့ မိခင်တဦးဖြစ်သည်။ လောကကြီးမှာ ရှိသော သတ္တဝါတိုင်းကို မိမိ၏ ရင်မှ မွေးဖွားလာသော တဦးတည်းသော သား သမီးငယ် ကို မေတ္တာဖြင့် အသက်ပေး စောက်ရှောက်သကဲ့သို့ သတ္တဝါတိုင်းအပေါ် မေတ္တာစိတ် ထားရှိ ရပါမည်။

***************************************************
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။

ငါသည် ငါနှင့်သက်ဆိုင်သော ဘုံ တမျိုးကိုသာ မေတ္တာပို့မည်၊ အမျိုးတူ၊ ဘာသာတူတွေကိုဘဲ မေတ္တာပို့မည်ဟု စိတ်မထားဘဲ အထက်ဆုံးဖြစ်သော အရူပ လေးဘုံ၊ အောက်ဆုံးဖြစ်သော အပါယ်လေးဘုံ အလယ်အလတ် ဖြစ်သော ရူပ ၁၆ ဘုံ၊ အစရှိသော ၃၁-ဘုံတွင် ရှိရှိသမျှသော သတ္တဝါအားလုံးတို့အား ရန်ငြိုးလုံးဝမရှိသော မေတ္တာစိတ် ထားရပါမည်။

***************************************************
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနောယာဝတာဿ ဝိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာတု။

မေတ္တာဘာဝနာ ကမ္မဋ္ဌာန ဘာဝနာ ပွားများသူသည် တိဋ္ဌံ (ရပ်ခြင်း) စရံ (သွားခြင်း) နိသိန္နော (ထိုင်ခြင်း) သယာနော (လျှောင်းခြင်း) အရိယာပုတ်မရွေး ပွားများ အားထုတ်နိုင်ပါသည်။
မေတ္တာဘာဝနာ ပွားများနေသူသည် ဗြဟ္မကြီးတွေရဲ့ နေခြင်းနှင့် တူသော မြတ်သော နေထိုင်ခြင်းဖြင့် နေထိုင်နေသော ပုဂ္ဂိုလ် ဖြစ်ပါသည်။
***************************************************
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ ၻေသယ် ပုန ရေတိ။ မေတ္တသုတ္တံ နိဋ္ဌိတံ။

မေတ္တာဘာဝနာဖြင့် သမာဓိ ထူထောင်လာသော ပုဂ္ဂိုလ်သည် ဥပဇာန သမာဓိ အဆင့်ရောက်ရှိလာသည့်အခါ သတ္တဝါတွေကို အခြေခံပြီး ပွားနေရသဖြင့် မတော်တဆ အတ္တဒိဋ္ဌိ၊ ပုဂ္ဂလဒိဋ္ဌိတွေနဲ့ မယိုင်သွားရအောင် အနတ္တလက္ခာသုတ်မှာ ပါရှိသည့်အတိုင်း အတိတ်၊ ပ္ပုစ္စုပ္ပါန်၊ အနာဂါတ် (၁၁)မျိုး ပြရှိသော ရုပ်တွေ မှန်သမျှ အပေါ်မှာ ငါ၊ ငါ့ ဥစ္စာ မဟုတ်ပါဟု ရှုမှတ်ပွားများ အားထုတ်ရပါမည်။
မေတ္တာဘာဝနာမှ သမာဓိဘာဝနာထူထောင်ပြီး၍ အနတ္တလက္ခာသုတ်မှာ ပါရှိသည့်အတိုင်း လက္ခာရေး ၃ ချက် အတိုင်း ဝိပဿနာ တရားတွေ အာထုတ်နေသော ပုဂ္ဂိုလ်သည် သောတာပန်၊ သဒ္ဒါဂါမ်၊ အနာဂါမ် အထိ အရိယာတွေ ဖြစ်လာကြပါမည်။
***************************************************
ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋက ဓမ္မနာဒ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဘာသာပြန် ဖွဲ့ဆိုထားသော မေတ္တာသုတ် (မှတ်ချက်။ ကြောက်တတ်၊ မကြောက်တတ်နှင့် ဘဝဇာတ်ဆုံး မဆုံးများစွာ ကိုရွတ်ဆိုရာတွင် အရိယာတို့၏ စိတ်ထားကို မူတည်၍ ၂ စု ခွဲထားကြောင်း မှန်းဆရပါမည်။)

လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ကြောက်တတ်၊မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
မြင်အပ်၊မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဝေးနေ၊နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ကြီးငယ်အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

**************************************

ပါချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ၏ မေတ္တာ သုတ်အနှစ်ချုပ် တရားတော်

http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/DVD-02/267-Dr-Nandamalabhivamsa-DVD-Mp3.mp3

http://dhammadownload.com/File-Library/Dr-Nandamalabhivamsa/Dr-Nandamalabhivamsa-MyitTarThotAhNitChoke.pdf

**************************************
ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသ၏

၁၄-၄-၂၀၁၂ (ညနေ) မေတ္တာ မန္တာန် (၁) (မေတ္တာသုတ္တန်) တရားတော်

http://dhammadownload.com/MP3Library/Bhaddanta-ThuseilthaBhivamsa/05-Bhaddanta-ThuseilthaBhivamsa-14-4-2012-evening.mp3

http://www.ustream.tv/recorded/21830189

၁၅-၄-၂၀၁၂ (နံနက်) မေတ္တာ မန္တာန် (၂) (မေတ္တာသုတ္တန် အဆက်)

http://dhammadownload.com/MP3Library/Bhaddanta-ThuseilthaBhivamsa/06-Bhaddanta-ThuseilthaBhivamsa-15-4-2012-morning.mp3

http://www.ustream.tv/recorded/21851184
dhammadownload.com

by Dhammadownload Web Master

Saturday, December 22, 2012

“ဝိမောက္ခ” အွန်လိုင်းဓမ္မဂျာနယ် အမှတ်စဉ် - ၁၊ အတွဲ - ၁။ (ဒီဇင်ဘာလ ၂၃၊ ၂၀၁၂။)

ဓမ္မမိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ…။

"ဝိမောက္ခ" အွန်လိုင်းဓမ္မဂျာနယ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။

ဒီဂျာနယ်ကို စီစဉ်ဖြန့်ဖြူးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာအနှံ့အပြားမှာ ရှိနေကြတဲ့ တရားဓမ္မစာပေတွေကို လေ့လာလိုက်စား တန်ဖိုးထားဖတ်ရှုချင်ကြတဲ့ ကွန်ပျူတာနည်းပညာကို မကျွမ်းကျင်ကြသူများ၊ အင်တာနက်သုံးစွဲခွင့် မရကြသူများ၊ သုံးခွင့်ရပေမယ့် အချိန်ကြာကြာ မသုံးဖြစ်ကြသူများ၊ အင်တာနက်ကော်နက်ရှင်အခက်အခဲရှိသူများအတွက် ဒေါင်းလုဒ်ဆွဲချထားပြီး အချိန်အားရမှ အေးအေးဆေးဆေး စိတ်တိုင်းကျ ဖတ်ရှုနိုင်စေရန် နှင့် တခြားအင်တာနက်နှင့်ကွန်ပျူတာ မသုံးဖြစ်ကြတဲ့ မိတ်ဆွေများကိုလည်း လက်ဆင့်ကမ်း ဓမ္မဒါနပြု မျှဝေနိုင်ရန်အတွက် ဖြစ်ပါတယ်။

ဂျာနယ်ထဲမှာဖော်ပြပါရှိတဲ့ အချက်အလက်များ အားလုံးနီးပါးဟာ Facebook နှင့် တခြားအင်တာနက်စာမျက်နှာများမှ ဓမ္မဒါနဖြန့်ဖြူးရေးသားနေကြတဲ့ ပုဂ္ဂိုလ်များရဲ့  အသိပညာပိုင်း ဆိုင်ရာ၊ အနုပညာဆိုင်ရာ ပိုင်ဆိုင်မှုများ (Intellectual Properties) သာ ဖြစ်ပြီး ၄င်းတို့ကို မိမိတို့ ဂျာနယ်မှ ထပ်ဆင့်ဝေမျှခြင်းသာဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ဤဂျာနယ်နှင့်တကွ ဂျာနယ်ပါအကြောင်းအရာများအားလုံးကို ဓမ္မဒါနဖြန့်ဖြူးခြင်းကိစ္စမှတစ်ပါး မိမိတို့၏ ပုဂ္ဂလိက အကျိုးစီးပွားအတွက် မူလပိုင်ရှင်ပုဂ္ဂိုလ်များ၏ ခွင့်ပြုချက်ကို မတောင်းခံပဲ အသုံးမပြုကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်ခင်ဗျာ။


လေးစားစွာဖြင့်
ဝိမုတ္တိသုခ

http://minus.com/lblqlVL7obAUly
http://www.mediafire.com/view/?wlt7l30eb5mrbw4
https://plus.google.com/photos/106121406073143775443/albums/5824628378126696385/5824628394615891874?banner=pwa&authkey=CMzg0aOC7OD7zwE

credit: https://www.facebook.com/photo.php?fbid=498463690176304&set=a.218762134813129.56131.100000380319925&type=1

Friday, December 21, 2012

ကမ္ဘာ မပျက်ပါ ၊ သို့သော်... [myastroview]

ကမ္ဘာ မပျက်ပါ ၊ သို့သော်...
▬▬▬▬▬▬▬▬▬▬▬
မနက်ဖြန် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်တော့မတဲ့။ ရုပ်သံတွေမှာ ဂျာနယ်တွေမှာ၊ စာအုပ်စာတမ်းတွေမှာ မာယာတွေရဲ့ ကမ္ဘာပျက်ကိန်းနဲ့ ပတ်သက်လို့ တော်ကီပစ်၊ အာထု၊ လေပန်း မဆုံးနိုင် ဖြစ်နေခဲ့တာ ၂ဝဝ၉ လောက်တည်းကပါပဲ။ အဲဒီ အပြောတွေ အဟောတွေထဲမှာ ကျွန်တော် ဘဝင်ကျမိတဲ့ သဘောတူ ကျေနပ်အားရမိတဲ့ အယူအဆတွေ ပါဝင်ပါတယ်။ အဲဒါလေးတွေ စုစည်း တင်ပြချင်ပါတယ်။

တကယ်တော့ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန် ပြီးဆုံးတာနဲ့ ကမ္ဘာ ပျက်တာ တခြားစီပါပဲ။ ဆီနဲ့ရေ၊ နံ့သာဆီနဲ့ မစင် လုံးဝ ကွဲပြားသလို သင်္ကေတသရုပ်ဖော်တဲ့ Symbolism နဲ့ အရမ်းကာရော တိုက်ရိုက်နိမိတ် အဖြစ် ကောက်ယူခြင်းဟာ တမျိုးစီ ကွဲပြားတယ်လို့ ပြောပါရစေ။

သမိုင်းထဲက ကမ္ဘာပျက်ကိန်းများ

၁၉၅၅ ခုနှစ်၊ ခရစ်စမတ် အကြိုညမှာ ကမ္ဘာကြီးကို ရေတွေ လွှမ်းပြီး ပျက်စီးတော့မယ်လို့ ယုံကြည်ထားတဲ့ The Seekers အမည်ရ အဖွဲ့တစ်ဖွဲ့ဟာ အဲဒီညမှာပဲ ဂြိုဟ်သားတွေက ပန်းကန်ပြားပျံတွေနဲ့ လာကယ်လိမ့်မယ် လို့ ယုံကြည်ပြီး တစ်မျှော်တည်း မျှော်ခဲ့ဖူးပါတယ်။ ခရစ်စမတ်နေ့ မနက်အာရုံသာ တက်လာတယ်။ ဘယ်လို ရေဘေးမှ ပေါ်ပေါက်မလာတဲ့အတွက် အဖွဲ့ခေါင်းဆောင် ဘွားတော်ကြီးက ဘုရားသခင်ဟာ သူတို့အဖွဲ့ရဲ့ ကြိုးပမ်းချက်တွေကို လေးစားတဲ့အနေနဲ့ ကမ္ဘာကို ကယ်တင်သွားတယ်လို့ သံကောင်းဟစ်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ အဲဒီနေ့မှာ ကမ္ဘာကြီး ရေဘေးသင့် ပျက်စီးမယ်လို့ ယုံကြည်ပြီး အလုပ်တွေ ထွက်၊ ရှိတာလေးတွေ ရောင်းထုတ်ပြီး မျှော်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

သမ္မာကျမ်းစာကို ဂဏန်းသင်္ချာ လျှို့ဝှက်သင်္ကေတအဖြစ် ယုံမှတ်ထားသူ Harold Camping ဆိုတဲ့ အငြိမ်းစားအင်ဂျင်နီယာ တစ်ဦးကလည်း ၁၉၉၄၊ စက်တင်ဘာလမှာ ကမ္ဘာပျက်မယ်လို့ ဟောကိန်း ထုတ်ခဲ့ ဖူးပါတယ်။ ဟောတဲ့အတိုင်း ဖြစ်မလာတော့ သူက ဒါဟာ သုတေသန မပြည့်စုံလို့ ဆိုပြီး ယူဆခဲ့ပါတယ်။ ဒါပေမယ့် သူက လက်မလျှော့ပါဘူး။ ၂ဝ၁၁၊ မေလ ၂၁ ရက်နေ့မှာ ကမ္ဘာ ပျက်မယ်လို့ ထပ် ဟောပြန်ပါသေးတယ်။ ဒါပေမယ့် ဟောကိန်းအတိုင်း ဖြစ်မလာဘဲ ကမ္ဘာကြီးက သူ့ဖာသာ ဆက်လက် လည်ပတ် ဖြစ်တည်နေတဲ့အတွက် အောက်တိုဘာ ၂၁ ရက်ကို ထပ်ရွှေ့ပြီး ဟောကိန်းကို ပြင်ဆင်ခဲ့ပါတယ်။ အောက်တိုဘာ ၂၁ ရက်မှာလည်း ဘာမှ ထူးမခြားနား ဖြစ်ခဲ့တဲ့အတွက် လျှို့ဝှက်ဂဏန်းတွေအပေါ် အဓိပ္ပါယ် တလွဲတွေ ကောက်ယူ ခဲ့တာ ဖြစ်တယ်လို့ ပြောသွားပြန်ပါတယ်။

၁၉၁ဝ တုန်းကလည်း အဲဒီနှစ်မှာ ကောင်းကင်ပေါ်က သာမန်မျက်စိနဲ့ မြင်ရတဲ့ ဟေလီကြယ်တံခွန်ရဲ့ အမြီးဖျားက အဆိပ်ငွေ့တွေကြောင့် သေကြေပျက်စီးလိမ့်မယ်လို့ ကောလာဟတွေ ထွက်ခဲ့ဖူး ပါတယ်။ ဟေလီ ကြယ်တံခွန်ဟာ ကမ္ဘာဆီ ၇၆ နှစ်ကြာတိုင်း တစ်ကျော့ပြန် လှည့်လာလေ့ ရှိပါတယ်။ အဲဒီနှစ် မေလ ၁၈ ရက်နေ့မှာ ကြယ်တံခွန် ကမ္ဘာကို ဖြတ်သန်းတဲ့အခါ အမြီးဖျားက အဆိပ်ငွေ့ တန်းတွေကြောင့် လူတွေ တသီကြီး သေကုန်လိမ့်မယ် ဆိုတဲ့ ကောလာဟလကြောင့်လည်း အကြံအဖန် ဆေးဝါးတွေ၊ မျက်နှာစည်းပုဝါတွေ ရောင်းကောင်းခဲ့ပါတယ်။ တကယ်တမ်း ကြယ်ခံခွန် ဖြတ်သွားတော့ ဘာမှ မဖြစ်တဲ့အခါ ကံကောင်းလို့ မသေသူများ အဖြစ် တချို့တွေက ပျော်ပွှဲရွှင်ပွဲတောင် လုပ်ခဲ့ပါသေးတယ်။

၁၉၉၇ တုန်းကဆိုရင် ဂျပန်က တိုကျိုမြေအောက် ရထားလိုင်းမှာ အဆိပ်ငွေ့နဲ့ တိုက်ခိုက်ခဲ့တဲ့ (ကမ္ဘာပျက်မယ်) ဆိုတဲ့ ဘာသာရေး အစွန်းရောက်ဂိုဏ်း၊ နောက်တစ်ခါ ဟေးဘော့ဂ် ကြယ်တံခွန် ပေါ်လာချိန်မှာ အရူးထပြီး ကိုယ့်ဖာသာ သတ်သေကြတဲ့ Heaven's Gate အဖွဲ့ စတဲ့ ကမ္ဘာပျက်ကိန်း ခရေဇီတွေကိုလည်း သမိုင်းမှာ ပြန်လှန်ကြည့်နိုင်ပါသေးတယ်။ အနီးဆုံး ဆိုရရင် ၂ဝဝဝ ပြည့်နှစ်က Y2K ဆိုတဲ့ ကွန်ပျူတာထဲက ဂဏန်းတွေကိစ္စဟာ ယုံကြည်လွဲမှား အစွန်းရောက်သူများ ပါးစပ်ဖျားမှာ ကမ္ဘာပျက်ကိန်းအဖြစ် ရေပန်းစားခဲ့လို့ တတ်ကျွမ်းနားလည်သူတွေက မနည်းကို ရှင်းပြခဲ့ရပါတယ်။

၂ဝ၁၂၊ ဒီဇင်ဘာ ၂၁

သမိုင်းထဲက ကမ္ဘာပျက်ကိန်းတွေ အလီလီ ဂွမ်းခဲ့သလို လာမယ့် ဒီဇင်ဘာ ၂၁ ကမ္ဘာပျက်ကိန်းကရော အလွဲကြီး လွဲဖို့ ရှိနေပါသလား။ မာယာပြက္ခဒိန် အဆုံးသတ်လို့ ကမ္ဘာလည်း ကိစ္စချောမယ်လို့ ယူဆသူတွေ အကြောင်းကိုတော့ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။ တောင်ပေါ် တက်ပြေးမယ့်သူ၊ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ ဝင်အောင်း နေမယ့် သူတွေ၊ အရေးပေါ် ကယ်ဆယ်ရေး အသုံးအဆောင်တွေ ဝယ်စုနေသူတွေ စသဖြင့် မျိုးစုံ မြင်တွေ့နေ ရပါတယ်။ တော်သေးတာက မြန်မာပြည်မှာ အဲလို ပြင်ဆင်နေသူတွေ ကိုယ်လက်လှမ်းမီ သလောက် မတွေ့မြင်ရသေးပါဘူး။ ရှိရင်လည်း သူ့သဘော သူဆောင် သူ့အမြင်နဲ့သူ လုပ်တာမို့ ဘာမှ ပြောစရာ မရှိပါ။

တစ်ကမ္ဘာလုံးက အာကာသသိပ္ပံ ပညာရှင်တွေနည်းတူ ဗေဒင်နက္ခတ်ဆရာအပေါင်းကလည်း မာယာပြက္ခဒိန် ပြီးဆုံးပေမယ့် ကမ္ဘာနိဂုံးချုပ်မှာ မဟုတ်ဘူးလို့ အတိအလင်း ကြေငြာ ပြောဆိုထားပါတယ်။ မြန်မာပြည် မှာတော့ ဟိုတလောကတင် ဆရာစံဇာဏီဘိုနဲ့ မင်းခိုက်စိုးစန် တို့က ရုပ်သံလိုင်းတစ်ခုမှာ ဆွေးနွေးခန်းပုံစံနဲ့ တင်ဆက်သွားပါသေးတယ်။ မာယာတွေနဲ့ ပတ်သက်လို့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ စာအုပ် စာတမ်း တချို့ကိုလည်း ဆိုင်တွေမှာ မြင်တွေ့ရပါတယ်။ ကျွန်တော်လည်း တတ်သိ နားလည်သူတွေ ရေးသားတဲ့ ရှင်းလင်းချက်တွေ စုဆောင်း ဖတ်ရှု ကြည့်ဖြစ်ပါတယ်။

အဲဒီမှာ နောက်ဆုံးအနှစ်ချုပ်အဖြစ် ၂ဝ၁၂၊ ဒီဇင်ဘာ ၂၁ နဲ့ ပတ်သက်လို့ ဘာသွားတွေ့သလဲ ဆိုတော့ ရုပ်ရှင်တွေ ရိုက်ပြသလို၊ အယူသည်းသူတွေ လန့်ဖြန့်နေသလို အဲဒီနေ့မှာ ကမ္ဘာကြီး ပျက်စီးမ သွားနိုင်ပေမယ့် အဲဒီနေ့က စလို့ အထူးသဖြင့် ၂ဝ၁၂ အကုန် ၂ဝ၁၃ အတွင်းမှာ မကြုံစဖူး ထူးကဲပြင်းထန်တဲ့ သဘာဝဘေးမျိုးစုံတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရဖို့ ရှိတယ်လို့ ပညာရှင်တွေက ရေးသား ဖော်ပြကြပါတယ်။

ဒီနေရာမှာ ၂ဝ၁၂ ဟောကိန်းအကြောင်း ရေးသားတင်ဆက်ခဲ့သူတွေထဲက တစ်ဦး ဖြစ်တဲ့ ဆရာနျူမန်ရဲ့ (၂၁.၁၂.၂ဝ၁၂ သို့မဟုတ် စကြာဝဠာတွင် ထူးခြားမည့်နေ့) စာအုပ်ပါ အချက်တချို့ကို ထုတ်နုတ် ဖော်ပြ လိုပါတယ်။

(သောကြာနှင့် တနင်္ဂနွေ ဂြိုဟ် ၂ လုံး နောက်ဆုံး ပူးခဲ့သော ကာလမှာ ဇွန်လ ၈ ရက်၊ ၂ဝဝ၄ ခုနှစ်က ဖြစ်ခဲ့ပြီး လူသိန်းပေါင်းများစွာ သေဆုံးခဲ့ရသည့် ဆူနာမီ ဖြစ်ခဲ့သော နေ့မှာ ဒီဇင်ဘာ ၂၆၊ ၂ဝဝ၄ ခုနှစ် ဖြစ်ကာ ၎င်းတို့ နှစ်လုံး ပူးခဲ့ပြီးနောက် စုစုပေါင်း ၆ လ၊ ၁၈ ရက်အကြာတွင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၂ တွင် ကြည့်ပါက ဇွန်လ ၆ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အကြား ကာလမှာ ၆ လ၊ ၁၅ ရက် ဖြစ်နေသည်ကို သတိပြုမိပါသည်။)

ဆိုလိုတာက ၂ဝဝ၄ ဆူနာမီ ဖြစ်ခဲ့တုန်းက အဲဒီနှစ် ဇွန်လမှာ သောကြာဂြိုဟ်က နေကို ဖြတ်သန်းခဲ့ဖူးပါတယ်။ အဲဒီ ဖြတ်သန်းတဲ့ နေ့နဲ့ ဆူနာမီ ဖြစ်ပွားရာ နေ့တို့ အကွာအဝေးရယ်၊ လက်ရှိ ၂ဝ၁၂ မှာ သောကြာ နေကို ဖြတ်သွားခဲ့တဲ့ နေ့နဲ့ မာယာပြက္ခဒိန် နောက်ဆုံးနေ့က အကွာအဝေးရယ်ဟာ ထပ်တူနီးပါး ဆင်နေတာကို ရည်ညွှန်းတာပါ။

ဒီအချက်က ကျွန်တော် အင်မတန် စိတ်ဝင်စားတဲ့ အချက်ပါ။ ကိန်းဂဏန်းတွေရဲ့ ဆင်တူထပ်ကိန်းကျော့လာတဲ့ ဖြစ်စဉ်တစ်ခုလို ခံစားမိတာပါ။ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ်ဆိုဒ်က ဆရာဇေယျာမောင်ကလည်း ဒါနဲ့ပတ်သက်လို့ ၁၂. ဝ၁. ၂ဝ၁ဝ Vs ၂၁. ၁၂. ၂ဝ၁၂ ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးဖူးပါတယ်။ တွေးတော ချင့်ချိန်စရာ အမြင်တွေမို့ လေ့လာကြည့်စေလိုပါတယ်။
မြန်မာစာနယ်ဇင်းများနဲ့ Skynet ရုပ်သံမှာ နေရာ အတော်ရနေတဲ့ မြန်မာနိုင်ငံ နက္ခတ်ပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးဇေယျာကိုက Planet X ဆိုတဲ့ နီဘီရူဂြိုဟ်ကြီး ကမ္ဘာကို ဝင်ဆောင့်ဖို့ ဆိုတာ ခုထိ ကောင်းကင်မှာ မမြင်ရသေးလို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ နဂါးငွေ့တန်းဗဟိုချက်နဲ့ ကမ္ဘာ တစ်တန်းတည်း ကျတာကလည်း နှစ်တိုင်း ဇွန်နဲ့ ဒီဇင်ဘာလတွေမှာ ဖြစ်နေကျမို့ မထူးခြားကြောင်း ဂျာနယ်တွေမှာ ပြောထားပါတယ်။

( ၂ဝ၁၂၊ ဒီဇင်ဘာ ၂၁ ကတော့ လွန်ခဲ့တဲ့ လေးနှစ်တည်းက ကျွန်တော်တို့ နက္ခတ်သိပ္ပံပညာရှင်တွေရဲ့ ဦးနှောက်ထဲမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကြီးတစ်ခုအဖြစ် ထည့်စဉ်းစားတဲ့ အကြောင်း ကိစ္စလည်း မရှိဘူး။ အခုချိန်ထိလည်း အဲဒါနဲ့ ပတ်သက်ပြီး ဘာဖီလင်မှ မရှိဘူး။ ) လို့ ဦးဇေယျာကိုက ခပ်ပြတ်ပြတ် ပြောပါတယ်။ ဆရာစံဇာဏီဘိုကလည်း ( ကမ္ဘာကြီး ကြေပျက်သွားတာတို့ မရှိပါဘူး။ ပြောင်းလဲဥွားတာ ပြောတာ။ မာယာ ပြက္ခဒိန်ကြီး ပြောင်းလဲသွားသလို အသစ်တွေ ပေါ်မယ်။) လို့ သုံးသပ်ပါတယ်။ အဟောင်း ချုပ်ငြိမ်းလို့ အယူအဆသစ်၊ အတွေးအခေါ်သစ်၊ ကမ္ဘာသစ်တစ်ခုဆီ ဦးတည်တဲ့ သဘောမျိုး သူက ပြောပါတယ်။

ဟောကိန်းတွေ အမြင်တွေ သုံးသပ်ချက်တွေကို စုစည်းကြည့်တဲ့အခါ မာယာပြက္ခဒိန် ပြီးဆုံးလို့ မနက်ဖြန် ကမ္ဘာပျက်မယ် ဆိုတာကို ယုံကြည်ရလောက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပညာရှင် အပေါင်းက ငြင်းဆိုထားတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီနေ့အလွန် ၂ဝ၁၃ နဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ကမ္ဘာကြီးဟာ သဘာဝဘေးမျိုးစုံနဲ့ ဆက်လက် ရင်ဆိုင်တိုး ရမယ် လို့တော့ ကောက်ချက်ချမိပါတယ်။ အကောင်းမြင်၊ အပြုသဘော ပြောရ ရင်တော့ မနက်ဖြန်ဟာ စိတ်သစ်၊ လူသစ်၊ ကမ္ဘာသစ်ဆီ အတူတကွ ချီတက်ကြရမယ့် မှတ်တိုင်နေ့လို့ ပြောရမှာပါ။

တကယ်လို့များ မနက်ဖြန်မှာ ပညာရှင်တွေ ယတိပြတ် ငြင်းဆိုထားတာနဲ့ တခြားစီ ဖြစ်ပြီး ရုပ်ရှင်ထဲကလို ရုတ်တရက် ကမ္ဘာပျက်ပြီဟေ့ ဆိုရင်တော့ ရင်ကော့ပြီး အသေခံလိုက်ရုံပါပဲ။ သေခြင်းအတွက် အာမခံ လက်မှတ်လို ဖြစ်နေတဲ့ ကုသိုလ်ကောင်းမှုတွေလည်း ကျွန်တော် များများစားစား လုပ်မထားပါဘူး။ လူတကာ ကြောက်တဲ့ အကုသိုလ်တွေနဲ့လည်း ယခုတိုင် ပတ်သက် ယှက်နွယ်နေဆဲပါ။ အဲဒီတော့ ချော်ရည်ပူတွေ လာမလား၊ ဆူနာမီလှိုင်းတွေ ဝင်မလား။ ငလျင်ထဲ ပါသွားမလား။ ရေထဲ နစ်မြုပ် သွားမလား။ ကြိုက်တာ လာထားပါပဲလို့ ပြောရင်း ဒီစာစုကို နိဂုံးချုပ်လိုက်ပါတယ်။

မူရင်းလင့် - http://www.myastroview.com/2012/12/blog-post_20.html

Wednesday, December 19, 2012

'do's and dont's' travel guide to Myanmar





PDF file လိုချင်ရင် ဒီမှာ ယူပါ http://www.dosanddontsfortourists.com/book/dos_and_donts_for_tourists.pdf

ဖေ့ဘုတ် လင့် Facebook Link https://www.facebook.com/media/set/?set=a.551407828220359.138392.100000534413059&type=1&l=538b7f8dab

Sunday, December 16, 2012

QR Generator

QR Generator လေးပါ။

Wednesday, December 12, 2012

Interview with တွံတေးမြို့က မသန်သော်လည်းစွမ်းသူတစ်ဦး

ဒီဇင်ဘာ မှာ ကျွန်တော်တို့စက်ရုံက အမြဲတန်း ဘုရားဖူးထွက်လေ့ရှိသည်။ ထို့အတွက် စက်ရုံက နှစ်ရက် ဆက်ပိတ်ပေးသည်။ ဒီနှစ် ကျွန်တော်တို့မိသားစု ဘယ်ကိုမှမသွားဖြစ်သည့်အတွက် နီးလည်းနီး အလွယ်တကူ သွားလို့ရကာ လမ်းလည်းကောင်းနေပြီဖြစ်သော တွံတေး ရွှေဆံတော်ဘုရားနှင့် ဗောင်းတော်ချုပ်ဘုရား။ ဗောဓိတစ်ထောင် ဘုရား၊ ကျိုက်ဖူးကျိုက်ပါ ဘုရား စသည်တို့ကို ဖူးမျှော်ရန် ကိုလူစိမ်းတို့မိသားစု ကိုအဖော်စပ်၍ မိသာစုနှစ်စု ကြိုတင်မရည်ရွယ်ဘဲ picnic ဘုရားဖူးထွက်ြ့ဖစ်ခဲ့ကြသည်။

မနက်အစော ၇ နာရီတွင် လှိုင်သာယာ သပြေရိပ်မှာ မနက်စာ စားပြီး ဘီအိုစီတွင် ဆီဖြည့်ကာ တွံတေးတံတား (လှိုင်သာယာ)ကို ဖြတ်ပြီး ဘယ်သူမှ မရောက်ဖူးဘဲ ခြေဦးတည့်ရာမောင်းခဲ့ကြသည်။ ယခင်က လမ်းမကောင်း၍ ဆိုင်ကယ်နှင့် ဂျစ်ကားလောက်သာ သွားခဲ့သော လမ်းမှာ ယခုလမ်းကောင်းသဖြင့် ကားမျိုးစုံ သွားလာ နေတာကိုလည်း တွေ့ရသည်။ ပါတ်ဝန်းကျင်တွင် တမြော်တစ်ခေါ် လယ်ကွင်းပြင်များ တွံတေးမြို့ဝင်ကာနီးတွင် ရာဘာတောစိုက်ခင်းများ စိမ်းလမ်းစိုပြေစွာ တွေ့ရသဖြင့် မြို့၏မွန်းကျပ်သော အချုပ်အနှောင်မှ ခတ္တ လွတ်မြောက်ခဲ့ရသဖြင့် စိတ်ကြည်နူးမိသည်။

တွံတေးမရောက်ခင် ဗောင်းတော်ချုပ်သို့ ခွဲသော မြေနီလမ်းကလေးသို့ချိုးဝင်ခဲ့သည် ။ ဗောင်းတော်ချုပ်မှာ နောက်ခေါ်တွင်သောနာမည်ဖြစ်ပြီး ယခင်နာမည်မှာ ဗောင်းတော်ကျ ဖြစ်ကြောင်း လိုက်လံရှင်းပြသော ဦးဇင်းတစ်ပါးမှ မိန့်ကြားပါသည်။ နတ်တို့ စုဝေးရာ ဋ္ဌာနေတစ်ခုဖြစ်မည်။ ကိုပေါင်ပေါင် သွားသင့်သည့် နေရာပါ(သူက နတ်ကိုးကွယ်လို့)။ နောက် ယခုမှ အသစ်တည်နေသော ဗောဓိတစ်ထောင်သို့လည်း ရောက်ခဲ့သည် ။ ရုပ်ပွားတော်များစွာကို တစ်ပုံစံတည်း တည်ထားသည်မှာ ကြည့်လို့ သပ္ပါယ်လှပါသည်။ ဗောင်းတော်ချုပ်သည် မန္တလေးနားက စစ်ကိုင်းတောင်အလား သာသနာ့နယ်မြေတစ်ခုသဖွယ်ဖြစ်သည်။ ပါတ်ဝန်းကျင်တွင်လည်း သစ်တောကြီးများ ရှင်သန်နေကြသည်မှာ ကျိုက်ထီးရိုး များရောက်နေသလား ထင်မိသည်။

ကျွန်တော်တို့ ဗောင်းတော်ချုပ်မှ ထွက်ကာနီးတွင် ဗုဒ္ဓဂါယာ နှင့် ဆင်အောင်တည်ထားသော ဘုရားသို့ဝင်ဖူး သည်။ အေးချမ်းပြီး သစ်ပင်များ ပေါများသောခြင်း။ ဆိတ်ငြိမ်ပြီး သာယာလှသဖြင့် ကျွန်တော် နောက်တစ်ခေါက် လာဦးမည်ဟု စိတ်မှာ မှန်းထားသည်။ မိသားစု နှစ်စု ယူလာသော လက်ဖက်နှင့်အကျော် တို့ကို ဘုရားရိပ်ခိုရင်း ဝိုင်းထိုင်ကာ လက်ယာယစ် လှည့်ပြီး လက်ဆင့်ကမ်းစားကြရာ ဆယ်ပါတ်လောက်တွင် လဘက်ကုန်သွားလေသည်။ ဆာနေကြတာကိုး နေ့လည်စာကို တွံတေးက နာမည်ကြီးထမင်းဆိုင်မှာ စားကြမည် ဟုအားခဲထားကြ၍ဖြစ်သည်။ ကျွန်တော်တို့ ဆရာတော်ကြီး၏ ရုပ်တုကို သွားရောက်ဖူးမျှော်ပြီး ပြန်ရန် ထွက်လာ ကြစဉ် ဘုရားဝင်းလမ်းဘေးတွင် အကျီခပ်နွမ်းနွမ်း ဝတ်ထားကာ လက်နှစ်ဖက် လက်မောင်းရင်းမှ မပါသော(မွေးရာပါ) လူငယ်လေးတစ်ယောက် ထိုင်ပြီး တစ်စုံတစ်ခု ပြုလုပ်နေတာကို မြင်လိုက်ရသည်။

ကိုယ်လက်အင်္ဂါ ချို့ယွင်းသောအသက်နှစ်ဆယ်ကျော် လူရွယ်လေး တစ်ယောက်ကို မြင်ရသဖြင့် (အကျီနွမ်းနွမ်း လေးနှင့် ခေါင်းမှာလည်း ဆီနှင့် ဝေးနေသဖြင့် စုတ်ဖွာနေခြင်း) တို့ကြောင့် ကျွန်တော့်အမျိုးသမီး မှာ အလှုခံစားသူ (ရင့်ရင့်သီးသီးပြောရပါမူ ငွေတောင်းစားနေရသူ) ဟု အထင်လွဲကာ ကျွန်တော့်အား မျက်နှာရိပ်မျက်နှာကဲဖြင့် ငွေပေးရမလားဟု နှစ်ရာတန်လေးကို ကိုင်ကာ လှမ်းမေးသည်။

ကျွန်တော်ကခေါင်းငြိမ့်ပြရာ ကျွန်တော့်အမျိုးသမီးက ပေးမယ်အလုပ်--
``ဟို --- ဟို သားက ကျောင်းသားပါခင်ဗျ---``
ဟု ပြာပြာသလဲရှင်းပြသဖြင့် ကျွန်တော်လည်းခေါင်းနပမ်းကြီးကာ (ကြီးမှာပေါ့ လူတစ်ယောက်ကို အပေါ်ယံမြင်ပြီးလွယ်လွယ်သတ်မှတ်လိုက်တာကိုး) ထို လူငယ်လေးအားကြည့်လိုက်ရာ ဗလာစာအုပ်ကို မြေတွင်ချပြီး ဘယ်ဘက်ခြေထောက်ဖြင့် ဘောလ်ပင်ကို ခြေမနှင့် ခြေညိုးကြား ညှပ်ပြ်ီး စာရေးနေဖြင်းဖြစ်သည်။ ရေးနေတာက အင်္ဂလိပ်လို အဆောက်အဦးတွေအကြောင်း ဗိသုကာနှင့် ပါတ်သတ်သော စာတမ်းပြုစုနေခြင်းဖြစ်သည်။ ဒါကြောင့် လည်း ဘုရားဝင်းအတွင်း ဟိုဟိုဒီဒီ သွားကြည့်ကာ လမ်းဘေးတွင် ဖြစ်သလို ထိုင်ရေးရာက မှားယွင်းမိခြင်းဖြစ်သည်။ ကျွန်တော်မှာ အားနာခြင်း တောင်းပန်ခြင်း လေးစားခြင်း စသော အမည်မဖော်နှိုင်သော ခံစားချက်တို့ဖြင``့် ညီလေး အကိုတို့ မုန့်ဘိုးပေးတာတော့လက်ခံပေးပါ`` ဟု ပြောပြောဆိုဆို မုန့်ဘိုး တစ်သောင်းခွဲကို သူ၏ လွယ်အိပ်ထဲသို့ ထည့်ပေးပြီး စကားစမြည်ပြောဖြစ်သည်။

သူနှင့်စကားပြောမိမှ သူ၏အမည်မှာ ပိုင်လေး ဟုခေါ်ကြောင်း။ သူသည် ဆယ်တန်းကို လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း။ ဆေးတက္ကသိုလ် တတ်ရန် အမှတ်ပေါင်း လေးရာကိုးဆယ်ကိုး ရမှတ်ဖြင့် မှီခဲ့သော်လည်း သူ၏ ကိုယ်အင်္ဂါ ချို့ယွင်းမှုကြောင့် စက်မှုတက္ကသိုလ် Civil တတ်နေကြောင်း။ အမှတ်တရ စာရေးပေးပါမည့်အကြောင်း။ ကျွန်ပြူတာလည်း တတ်ကျွမ်းပါကြောင်း (လုံးဝ ကြွားဝါလိုခြင်း မာန်တတ်လိုခြင်း မရှိပဲ ) ရှင်းပြပါသည်။ ဘဝကို လုံးဝလက်မလျှော့ အားမငယ်ပဲ လှေခွက်ချည်းကျန် အလံမလှဲမည့် စိတ်ဓါတ်မှာ တစ်ခါတစ်လေ အကြောင်းမဲ့ စိတ်ဓါတ်ကျနေသော ကျွန်တော်တို့ များစွာရှက်မိပါသည်။ သူ့တွင် ကိုင်စရာ လက်နှစ်ဖက်လုံးမပါသဖြင့် ဖယ်ရီကို တစ်လ သုံးသောင်းခွဲပေးစီးရသည်။

ကဲ------ သူငယ်ချင်းတို့ရေ ---- အားငယ်သူအားပေးပါ လဲနေသူ ထူပေးပါ ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်နဲ့ ဒို့တတွေ တတ်အားသ၍ လေး ကူညီကြရင် ကောင်းမလားကွယ်။ လိုအပ်တဲ့ တစ်ခုခုပေါ့။ သူ့ကြည့်ရတာ ငွေကြေးလည်း ချို့တဲ့မယ့်ပုံ ပေါ်လို့ပါခင်ဗျာ။ ကျွန်တော်တို့အများသိတဲ့`` စုပုံချစ်`` က သူ့ပါတ်ဝန်းကျင်မှာ ပြည့်စုံတဲ့ မိသားစုလေး ရှိတာ အားသာချက်ပါဘဲ။ ကျွန်တော်တို့ အမှတ်မထင်တွေ့ ခဲ့တဲ့ မောင်ပိုင်လေး ကတော့ဖြင့် အဲဒီအပိုင်းပါ အားနဲ သိမ်ငယ်နေရမယ်လို့ ထင်မိလို့ပါခင်ဗျာ။
အားလုံးကို လေးစားခင်မင်လျှက်

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

ဲJoin us at https://www.facebook.com/groups/Myanma.ArunThit.Org/

Friday, December 7, 2012

Myanmar News Reader


Myanmar News Reader

မန်မာသတင်း ရသအစုံကို သင့် Android ဟန်းဖုန်းကနေ ဖတ်နိုင်ဘို့ Reader Software ဖြစ်ပါတယ်။
Apk ဆွဲချယူရန် download QR code









Apk ဆွဲချယူရန်လင့်
http://dl.dropbox.com/u/11126335/Softs/My%20Products/com.myanmar.news.reader.apk

 




အောက်ပါဆိုဒ် ၃၅ ဆိုဒ်နှင့်ချိတ်ဆက်ထားပါတယ်။ ၎င်းဆိုဒ်များမှ ဆောင်းပါးများအလွယ်တကူ ဖတ်နိုင်ပါပြီ။
နောက်ထပ် ရှာဖွေချိတ်ဆက်ပေးပါဦးမယ်။ ထပ်ချိတ်ချင်တဲ့ ဆိုဒ်တွေ
့ပါက ပြောပါ။

1 Mailing Group: Real Family
2 Blog: Nine Nine SaNay
3 News: Eleven Media Group
4 Blog: The Gardener
5 Blog: Fine Leaves
6 Blog: IT Reshare Site
7 Blog: ဆေးစာ
8 Blog: ကိုစိုးနိုင်၏ ဘလော့
9 Blog: ဧးသိမ်း
10 News: Internet Journal
11 Blog: တည်ငြိမ်အေး
12 Blog: ချစ်ကြည်အေး
13 News: ဆုံဆည်းရာ
14 Blog: ပန်ဒိုရာ
15 Blog: သက်တန့်ချို
16 Blog: Mr Jugger
17 Blog: ၀ိမုတ္တိသုခ
18 Blog: ကောင်းကင်ကို
19 Blog: ဇင်မျိုး hazylife
20 Blog: မြန်မာ့အရုဏ်သစ်
21 Blog: မေဒါဝီ
22 Blog: မြန်မာကျောင်းဆရာ
23 Blog: Diary of IT Men
24 Blog: ၀ိမုတ္တိရသ
25 Blog: အိပ်မက်လှိုင်းစာအုပ်စင်
26 Blog: Public Health in Myanmar
27 Blog: နက္ခတ်ဗေဒင်မှတ်စုများ
28 Blog: Myanmar Astronomy
29 Blog: Ven. Vicitta
30 Blog: White angel
31 Blog: မင်္ဂလာသတင်းစဉ်
32 Blog: မင်းဒင်
33 Blog: မမသီရိ
34 News: ခေတ်လူငယ် ပြည်တွင်းသတင်း
35 News: ခေတ်လူငယ် ပြည်ပသတင်း

Sunday, December 2, 2012

Google Drive ထဲက files တွေကို Gmail attachments အဖြစ် အခုအချိန်မှာ လုပ်လို့ရနိုင်ပါပြီလို့ ...။

Google Drive ထဲက files တွေကို Gmail attachments အဖြစ် အခုအချိန်မှာ လုပ်လို့ရနိုင်ပါပြီလို့ ...။


Wednesday, November 21, 2012

ကိုရီးယားဖောင့် မရှိလို့ ထပ်ထည့်ဘို့ လိုမလို

Other Language အသုံးပြုလို့ ရအောင် ဖောင့်တစ်ခုခု ဘာညာ ထပ်ထည့်ဘို့ မလိုပါဘူး။ ဝင်းဒိုးမှာ ပါပြီးသား ဖြစ်ပါတယ်။

ဥပမာ ကိုရီးယားဖောင့်နဲ့ စာရိုက်ဘို့အတွက် ကိုရီးယားကီးဘုတ်သာ လိုပါတယ်။


ကိုရီးယားကီးဘုတ် ထပ်ထည့်ဘို့ Control Panel > Regional & Language > Keyboards & Languages > Change Keyboard > Add Input Languages မှာ ကိုယ်လိုချင်တဲ့ ကီးဘုတ်ကို ထည့်ထားနိုင်ပါတယ်။


ထည့်နည်း အောက်မှာ ပုံတွဲလိုက်ပါတယ်။

ကွန်ပျူတာမှာ ဂျပန်စာရိုက်ကြည့်ချင်သူ



မင်္ဂလာပါ။ ဂျပန်စာလေ့လာနေကြသော ညီ၊ ညီမငယ်များထဲမှာ ကိုယ့်ကွန်ပျူတာနဲ့ ဂျပန်စာရိုက်ကြည့်ချင်တဲ့သူ၊ ဂျပန်စာ ထည့်ချင်၊ စာရိုက် လေ့ကျင့်ချင်တဲ့သူတွေ ရှိကြမှာပါ။ ဒီအတွက် လုပ်ပုံလုပ်နည်းကို ကွန်ပျူတာနဲ့ IME အကြောင်း မိတ်ဆက် အနေနဲ့ ဖော်ပြလိုက်ပါတယ်။ စာရှည်ရင် ဖတ်ရတာ ပျင်းမစိုးလို့ ကိုကိုနဲ့ ညီညီတို့ နှစ်ဦး စကားအချီအချ ပြောဆိုဟန်ဖြင့် တင်ဆက်လိုက်ပါတယ်။

၁)
ညီညီ» ကျနော့်ကွန်ပျူတာမှာ ဂျပန်စာရိုက်ကြည့်ချင်ပါတယ်။ အဲ့တာ ဂျပန်ဖောင့် ဘယ်လိုထည့်ရမလဲ ?
ကိုကို» いそのあわびのかたおもい  အခုရေးပြတဲ့ ဂျပန်စာ မြင်ရသလား။

ညီညီ» မမြင်ဘူး။ လေးထောင့်အတုံးတုံးပဲ ပေါ်တယ်။ (*မြင်တယ်ဆို (၂) ကို ကျော်ဖတ်ပါရန်။)
ကိုကို» ဒါဆို ညီ့ စက်မှာ ဂျပန်ဖောင့် မရှိနေဘူး။ ဂျပန်ဖောင့် ထည့်ရမယ်။

ညီညီ» ဂျပန်ဖောင့် ထည့်ရင် ဂျပန်စာကော ရိုက်လို့ ရမှာလား ?
ကိုကို» ဂျပန်ဖောင့် ထည့်ရင် ဂျပန်လို ရေးထားတဲ့ စာတွေ ဖတ်လို့ ရရုံပဲ ရှိမယ်။

၂)
ညီညီ» ဖတ်ရုံတင် အားမရဘူး။ ကျနော်က ဂျပန်စာပါ ရိုက်ကြည့်ချင်တာ။
ကိုကို» ဂျပန်စာ ရိုက်ချင်ရင် ဂျပန် လက်ကွက် ပါတဲ့ ဆော့ဝဲကီးဘုတ် တင်ရမယ်။

ညီညီ» ဂျပန် လက်ကွက် ဆော့ဝဲကီးဘုတ် က ဆိုင်မှာ ရောင်းသလား။
ကိုကို» ဆော့ဝဲကီးဘုတ်ကို ဆိုင်မှာ သွားဝယ်စရာ မလိုဘူး။ သူက Hardware မဟုတ်ဘူး။ ဆော့ဝဲပါ။ Input Method Editor (အတိုကောက် IME) လို့လဲ ခေါ်တယ်။ IME တင်ရင် ဆိုင်ရာ ဂျပန်ဖောင့်ပါ တက်လာမယ်။ အဲ... ဖောင့်အလှအပ ထပ်လိုချင်တာက တပြဿနာပေါ့ကွာ။

ညီညီ» ဟုတ်။ IME ကို ဆော့ဝဲကီးဘုတ် လို့ မှတ်သားလိုက်ပါပြီ။ IME က ဘာလုပ်ပေးသလဲ ?
ကိုကို» ဇော်ဂျီဖောင့်+ဇော်ဂျီကီးဘုတ်နဲ့ ဥပမာ ပေးကြည့်မယ်။ ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ ညီ ရိုက်လိုက်တဲ့ စာတစ်လုံး ဥပမာ "a" ပဲ ထားပါတော့။ အလိုလို သဝေထိုး "ေ" ဖြစ်သွားတယ် မလား။ IME ဟာ ဇော်ဂျီကီးဘုတ် နဲ့ အလားတူပဲ။ ကိုယ်ရေးလိုက်တဲ့ စာလုံး "a" ကို ဂျပန်စာလုံးဘဝ ရောက်အောင် ပြောင်းလဲပေးတယ်။

ညီညီ» ဟုတ်ပါပြီ။ a b c d ကနေ ဂျပန်စာ ဖြစ်အောင် ဘယ်လိုရေးရမှာလဲ။
ကိုကို» အင်း... ဂျပန်စာ ရေးနည်း တစ်ခုခုကို သိထားဘို့ လိုမယ်။

ညီညီ» ကျနော် ရိုးမန်းဂျိ (romanji) နဲ့ ရေးတတ်၊ ဖတ်တတ်တယ်။ မြန်မာမိသားစုဖိုရမ် မှာ "ကို Zaw Min Han" , "ဆွိ" , "မောင်ပေါ်ဦး" နဲ့ "ကို နေမင်းမောင်" တို့ ရေးထားတဲ့ ဂျပန်စာသင်တန်း သင်ခန်းစာတွေ ဖတ်ဖြစ်တယ် အကို။
ကိုကို» တယ်ဟုတ်ပါလား။ ဒါဆို romanji နဲ့ ရေးရုံပဲပေါ့။ ညီ့စက်မှာ IME ရှိရင် ရပြီပဲ။

၃)
ညီညီ» ကျနော့် စက်မှာ အကို ပြောတဲ့ IME တပ်မယ်။ ဘယ်လို လုပ်ရမလဲ ပြောပြပေးပါ။
ကိုကို» IME က ဆော့ဝဲလေ။ တပ်လို့ မရဘူး။ တင် (install) လုပ်မှ ရမယ်။

ညီညီ» ဒါဆို ကွန်ပျူတာ CD ရောင်းတဲ့ ဆိုင်မှာ သွားဝယ်ရမှာလား ?
ကိုကို» ကိုယ် က ဘယ် IME ကို တင်ချင်လဲ ဆိုတာပေါ် မူတည်မယ်။ ဂျပန်စာနဲ့ ပတ်သက်လို့ကတော့ ...
- Google ရဲ့ IME (http://www.google.com/intl/ja/ime/ ကနေ ဖရီး ဒေါင်းလုပ် ရတယ်)
- Microsoft ရဲ့ IME (ဝင်းဒိုး တင်တဲ့ ခွေ ထဲမှာ ပါတယ်)
- Microsoft ရဲ့ Office IME (Microsoft Office System 2000, 2003, 2007, 2010 ခွေ ထဲမှာ ပါတယ်)
- နောက်ပြီး Justsystems - Ichitaro ရဲ့ ATOK IME (Ichitaro တင်တဲ့ ခွေ ထဲမှာ ပါတယ်) စသဖြင့် ရှိကြတယ်။
ညီညီ» ဘယ် IME က ပိုကောင်းသလဲ ညွှန်းပေးပါ အကို။
ကိုကို» အားလုံးက သူ့ဟာသူတော့ ကောင်းကြတာပဲ။ အဓိကက တစ်ခုခုကို စွဲသုံးကြည့်ပါ။ ဒါမှ ဂျပန်စာရိုက်တာ ကျွမ်းကျင်လာမယ်။

ညီညီ» ကျနော့်မှာ လက်ရှိတင်ထားတာ ဝင်းဒိုး ဆဲဗင်းပါ။ ဝင်းဒိုးတင်တဲ့ ခွေလည်း ရှိတယ်။ ဒီတော့ စက်မှာ တင်ဘို့ Microsoft ရဲ့ IME ကို ရွေးချယ်မယ်ဗျာ။
ကိုကို» ဝင်းဒိုးခွေရှိတယ်ပေါ့။ ကောင်းပါတယ်။ ဒါဆို ချက်ချင်း တန်းသုံးလို့ ရပြီပဲ။

၎)
ညီညီ» ဒါထက် စကားမစပ် တစ်ခုလောက် မေးချင်တယ်။ စက်ထဲမှာ IME က တစ်ခုမက ထည့်လို့ ရပါသလား ?
ကိုကို» ကိုရီးယားစာ၊ ဂျပန်စာ နဲ့ အင်္ဂလိပ်စာ နောက်ပြီး မြန်မာစာပေါ့လေ။ ဒီလို ဘာသာစကား တစ်ခုမက တတ်တဲ့ မြန်မာပြည်ပေါက် တလုတ်မ တစ်ယောက်အနေနဲ့ စဉ်းစားကြည့်ရအောင်။ သူ့ အနေနဲ့ သူကိုင်တဲ့ စက်ထဲမှာ English, Myanmar, Korea, Japanese, Chinese စတဲ့ ဆော့ဝဲကီးဘုတ်တွေ အကုန် ထည့်ထားချင်မှာပဲ။ ဒါမှလည်း အလုပ်ဖြစ်မှာကိုး။ ဒီနေရာမှာ Input Language (ဘာသာစကား) နဲ့ IME (ဆော့ဝဲကီးဘုတ်) ကို ခွဲခြားမှတ်သားနော်း။ အဲ့ တလုတ်မ စက်ထဲကို ဝင်ကြည့်ရင် ဒီလို မြင်ရမှာပဲ။
- Chinese (Simplified)
- Microsoft Pinyin ABC Style Keyboard
- Chinese (Traditional)
- Changjie Keyboard
- English (United State)
- US Keyboard
- Zawgyi Keyboard Layout (Myanmar Language က မပါသေးတော့ Emglish အောက်ထဲ ထည့်ထားတယ်)
- Japanese
- Miscrosoft IME
- Google IME
- Korean
- Miscrosoft IME
ဒီတော့ Input Language (ဘာသာစကား) က ပေါင်း (၅) မျိုး၊ ဆော့ဝဲကီးဘုတ်က ပေါင်း (၇) ခု တင်ထားတယ်။ ဆိုလိုတာက ကွန်ပျူတာ OS ထဲမှာ Input Language ဖြစ်စေ၊ IME ဖြစ်စေ တစ်ခုထက်မက တင်ထားနိုင်ပါကြောင်း။

၅)
ညီညီ» ဒီလောက်များတဲ့ ကီးဘုတ်တွေနဲ့ .. အကို့ တလုတ်မတော့ စိတ်မရှုပ်ဘူးလား မသိဘူး။ ကျနော်ဖြင့် စာရိုက်ခါနီး ဇော်ဂျီနဲ့ အင်္ဂလိပ်ပြောင်းနေရတာတောင် တခါတလေ လည်တယ်တယ်ရယ်... :)
ကိုကို» ညီကလည်း ပြောရော့မယ်။ မရှုပ်ပါဘူးကွ။ ကိုယ့်စက်ပဲ ကိုယ် ဘာကီးဘုတ်တွေ တပ်ထားလဲ သိနေရင် ပြီးတာပဲ။ နောက် ရှော့ကပ်ကီးတွေ ရှိနေသားပဲ။ ရှော့ကပ်ကီးသုံးပြီး လှမ်းရွေးလိုက်ရုံပဲဟာ။

ညီညီ» ရှော့ကပ်ကီးတွေက ဘာတွေလဲ အကို။
ကိုကို» ပန်ကာကို လည်နှုန်း အနှေးအမြန် ချိန်တဲ့ ခလုတ်လိုပဲကွ။ Rotate အလှည့်နဲ့ သွားတယ်။ ၁ ပြီးရင် ၂၊ ၂ ပြီးရင် ၃၊ ၃ ပြီးရင် ၀၊ ဝ ပြီးရင် ၁ ပေါ့။ တစ်ခါနှိပ်တကြိမ် လည်နေမယ်။
ခွဲခြား မှတ်ထားဘို့က ...
- Input Language တစ်ခုကနေ နောက်တစ်ခုကို ပြောင်းဘို့ နှိပ်ရမှာက - Alt + Shift key
- ဆော့ဝဲကီးဘုတ် တစ်ခုကနေ နောက်တစ်ခုကို ပြောင်းဘို့ နှိပ်ရမှာက - Ctrl + Shift key ဒါလေးပဲ
ညီညီ» အော် ဂလိုလား ဆော့ဝဲကီးဘုတ် တစ်ခုတည်း ရှိတဲ့ Language မှာ Ctrl + Shift key နှိပ်ကြည့်ရင် ဘာဖြစ်မလဲ အကို။
ကိုကို» Ctrl + Shift key နှိပ်လည်း နှိပ်နှိပ်ပဲ။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဘာလို့လည်း ဆိုတော့ လှည့် စရာ (rotate) တခြား ဆော့ဝဲကီးဘုတ်မှ မရှိတာကိုး။

ညီညီ» အိုခေ.. ကျနော် ရှော့ကပ်ကီးတွေ အသေ မှတ်ထားလိုက်ပြီ။ ကျနော် Input Language နှစ်ခု (English, Japanese) နဲ့ ဆော့ဝဲကီးဘုတ် သုံးခု (US, Zawgyi, Japanese IME) တင်ကြည့်မယ်။
ကိုကို» အိုခေ.. ဝင်းဒိုးခွေသာ ယူလာပေတော့။

၆)
ညီညီ» ဝင်းဒိုးခွေ ဒီမှာပါ အကို။ အော်.. မေ့နေလိုက်တာ။ ကျနော် ဂျပန် Input Language တင်လိုက်ရင် ဝင်းဒိုး အသွင်အပြင်ပါ ဂျပန်စာတွေ ပြောင်းသွားမှာလား။ အဲ့တာဆို မတင်ရဲဘူးဗျ။
ကိုကို» မပြောင်းပါဘူး။ ဝင်းဒိုး အသွင်အပြင်ကို ကိုယ့်စိတ်ကြိုက် ဘာသာစကားနဲ့ ဖော်ပြတဲ့ နည်းပညာက သတ်သတ်ပါ။ အဲ့တာကို MUI (Multilingual User Interface) လို့ ခေါ်တယ်။ Display Language ချိန်းပေးတယ်လို့လဲ ခေါ်နိုင်တယ်။ ဥပမာ စောနက တလုတ်မ တင်ထားတာက English Windows 7 ပေမည့်၊ ဝင်းဒိုး အသွင်အပြင်ကို တရုတ်လို ကြည့်ချင်မှာပဲ။ အဲ့တာဆို သူ့အနေနဲ့ MUI (or) Display Language ထဲက Chinese ကို ရွေးထားပေးရတယ်။ ဒီလို လုပ်မှသာ English Windows 7 ကနေ တလုတ်ဝင်းဒိုး Windows 7 ဘဝ ရောက်သွားမယ်။ အင်္ဂလိပ်မက တလုတ်မိတ်ကပ်လိမ်းထားသလိုပေါ့ကွာ။ အထဲက ဝင်းဒိုးကတော့ အင်္ဂလိပ်ဝင်းဒိုး ကာနယ် ပါပဲ။

၇)
ညီညီ» IME ကိစ္စ ပြန်ဆက်ပါဦး။ ကျနော့်စက်က အင်္ဂလိပ်လို၊ ဗမာလို ရိုက်လို့ ရပြီးသား ဆိုတော့ Japanses IME တစ်ခုပဲ လိုမယ်ထင်တယ်။
ကိုကို» ဟုတ်ပါတယ်။ အခုပဲ Control Panel ထဲက Region and Language > Keyboards and Lauguages > Change Keyboards ကနေ ဝင်ကြည့်လိုက်တယ်။ Japanses IME တစ်ခုပဲ ထပ်ထည့်ဘို့ လိုမယ်။ ဝင်းဒိုးခွေ DVD Drive ထဲ ထည့်ထားလိုက်ပေတော့။ (လိုရင် ခွေတောင်းတယ်။ စက်ထဲမှာ ကိုယ့်ထည့်လိုတဲ့ Language ရှိပြီးသားဆို မတောင်းဘူး)

ညီညီ» ကျနော် Change Keyboards နှိပ်လိုက်ပြီ။ Installed services အုပ်စု ဘေးက Add ခလုတ်ကို နှိပ်တယ်။ ပြီးတော့ Japanese (Japan) - Keyboard Microsoft IME ဆိုပြီး ရွေးပြီး အိုကေ ပေးလိုက်တယ်။ ခွေကို လှမ်းဖတ်နေသလိုပဲဗျ။ Drive က မီးလင်းနေတယ်။
ကိုကို» အင်း... ခွေကို သူ့ဘာသာ ရှာတွေ့သွားတယ်။ မတွေ့လို့မေးရင် ခွေကို ပြန်ညွှန်းပေး၇တာလည်း ကြုံဘူးတယ်။

ညီညီ» ဟော.. ပြီးသွားပြီဗျ။ Installed services အုပ်စုထဲမှာ Japanese (Japan) - Keyboard Microsoft IME ဆိုပြီး ပေါ်လာပြီ။
ကိုကို» ဒါဆို ငါ့ညီ မှန်ပါတယ်ဗျာ...။ Desktop ပေါ်က Language bar မှာလည်း Input Language နှစ်ခု မြင်နေရပြီပဲ။

၈)
ညီညီ» ကျနော် အခု Notepad ဖွင့်ပြီး နည်းနည်း ရိုက်ကြည့်ချင်တယ်ဗျာ။ Input Language ကို Japanese ဖြစ်အောင် ရှော့ကပ်ကီး Alt+Shift key ကို နှိပ်လိုက်မယ်။ ဟော... Language bar မှာ EN ကနေ JP ဖြစ်သွားပြီ။ JP ဘေးနားက နီနီအလုံးလေးနဲ့ ခလုတ်က ဘာလဲဗျ။
ကိုကို» EN, JP စတာတွေက Input Language ကို ကိုယ်စားပြုတယ်။ ဘေးက ခလုတ်က အခုတက်နေတဲ့ IME ကို ကိုယ်စားပြုတယ်။ နီနီအလုံးလေးဆိုတော့ Microsoft IME ပေါ့ကွာ။

ညီညီ» အင်.. ကျနော် "a" ရိုက်လိုက်တာ အကိုပြောသလို ပြောင်းမသွားပါလားဗျာ။
ကိုကို» IME ဘေးက ခလုတ်က Input Mode ကို ညွှန်းတယ်။ သူ ဘာပြနေလဲ ကြည့်ကြည့်ပါ။ "A" လို့ ပြနေတာ တွေ့ရမယ်။ ဒါ ညီ "a" ရိုက်ရင် "a" ထွက်မယ် လို့ ပြောတာ။ ညီက "a" ရိုက်ရင် ဘာစာလုံး ထွက်စေချင်တာလဲ ?

ညီညီ» "a" ရိုက်ရင် ဂျပန်စာလုံး "" ဒါမှမဟုတ် "" လို့ ထွက်စေချင်တာပါ အကို။
ကိုကို» ဂျပန်စာမှာ စာလုံး (၃) မျိုး ရှိတာ သိပြီးသားမလား။

ညီညီ» ဒီလောက်တော့ သိပြီးသားပါဗျ။ Hiragana, Katakana နဲ့ Kanji မလား။
ကိုကို» အင်း..ဟုတ်တယ်။ ပုံနှိပ် အက္ခရာ ဂျပန်စာလုံးတွေက Hiragana, Katakana နဲ့ Kanji အကုန်လုံး လေးထောင့်စပ်ကြတယ်။ ဒါကို Double Width လို့ခေါ်တယ်။ Double Width စာလုံးတစ်လုံးဟာ Single Width စာလုံး (a b c d) နှစ်လုံးစာ နေရာယူတယ်။ ကွန်ပျူတာ ခေတ်ဦးပိုင်းမှာ ယူနီတွေ ဘာတွေ မကုတ်နိုင်သေးတဲ့ ကာလမှာ Double Width Character တွေကို ရေးဘို့ အခက်အခဲ ရှိခဲ့တယ်။ တို့ဗမာတွေ Win Inwa ဖောင့်တွေ ဖန်တီးခဲ့သလိုပေါ့။ ဂျပန်တွေမှာလည်း Katakana အတွက် single width ဖောင့်ရှိတယ်။ (* ဂျပန် Family Game တွေ နင်တန်းဒိုး ဂိမ်းတွေမှာ မြင်ရတဲ့ စာလုံးတွေပေါ့ကွာ။ ပိန်ရှည်ရှည်နဲ့လေ) ခုထက်ထိ အသုံးတည့်နေဆဲပဲ။ ဒီတော့ ကွန်ပျူတာပေါ်မှာ ဂျပန်အက္ခရာ ပေါင်း (၄) မျိုး ရှိတယ် မှတ်ထားပါ။ Hiragana, Katakana (double-width), Katakana (Single-width) နဲ့ Kanji ပေါ့။

ညီညီ» ဟားဟား ကွန်ပျူတာ user တစ်ယောက်အတွက် သုံးလို့ရတဲ့ ဂျပန်အက္ခရာ ပေါင်း (၄) မျိုးပေါ့ ဟလား။
ကိုကို» ဒါတင် မကသေးဘူး။ စက်မှာ ဂျပန်စာသုံးနေတဲ့ သူတစ်ယောက်ဟာ ဂျပန်အက္ခရာ ပေါင်း (၄) မျိုး + အင်္ဂလိပ် အက္ခရာ = ပေါင်း ၅ မျိုးကို ရေလဲ ရိုက်နေနိုင်တယ်။ ဒီအတွက် အဆင်ပြေအောင် ရှော့ကပ်ကီး တစ်ခုတော့ မှတ်ထားမှ ဖြစ်မယ် ညီရ။ ဂျပန်စာ IME သုံးနေသူအတွက် သီးသန့် ရှော့ကပ်ကီးပါ။ အသေ မှတ်ထားရမယ်။

ညီညီ» ဟုတ်ကဲ့။ အသေချာ မှတ်ထားပါမယ်။
ကိုကို» မှတ်ရမည့် ရှော့ကပ်ကီးက Alt + ~ ကီးပါ။ (Alt ကီးနှင့် tilde ကီး ကို တွဲနှိပ်ရန် ဖြစ်ပါသည်။)

ညီညီ» ~ ကီးတော့ သိတယ်ဗျ။ ဇော်ဂျီကီးဘုတ်မှာ အဲ့ကီးကို Dead Key လားဘာလား မသိဘူး ခေါ်တယ်မလား။ "ဤ၊ ၍၊ ဪ၊ ၎င်း" တို့ ဘာတို့ သူနဲ့ အခြား ကီးတစ်ခုခု တွဲနှိပ်ရတယ်လေ။
ကိုကို» အစစ်ပဲ။ အဲ့ "~" နဲ့ Alt ကီးနဲ့ တွဲနှိပ်ရမှာ...။ ဘာပြောင်းလဲသွားမလဲ သိချင်ရင် နှိပ်ကြည့်လိုက်။

ညီညီ» ပြောင်းတယ်။ Language Bar ပေါ်က Input Mode မှာ "A" ကနေ "あ"ကို ပြောင်းသွားပြီ။ ကျနော် အခု Notepad မှာ "a" ရိုက်လိုက်ရင် "あ" လို့ ပေါ်သွားပြီ။ Katakana နဲ့ ပေါ်ချင်ရင်ကော ဘယ်လို ရိုက်ရမှာလဲ။
ကိုကို» Alt + ~ ကီး နှိပ်ခြင်းအားဖြင့် Input mode နှစ်ခု (A or ဂျပန်အက္ခရာ) rotate လှည့်နေလိမ့်မယ်။ Hiragana "あ" ဖြစ်ဖြစ်၊ Katakana "ア" (or) "ア" ဖြစ်ဖြစ်၊ Kanji စာလုံးပဲ ဖြစ်ဖြစ်၊ ရိုက်ရမှာက romanji အသံထွက်အတိုင်း "a" ပါပဲ။ (ဘယ်လောက်လွယ်လိုက်သလဲ :P) အဲ.... "a" လို့ရိုက်ရင် "あ" ရလာမယ်။ ကိုယ်တကယ်လိုချင်တာက "ア" ဆိုရင် စပိတ်ဘား (space bar) တစ်ချက်ပုတ်လိုက်ပါ။ ရေးသူကို ဘာစာလုံးရေးချင်တာလဲဆိုတာ IME က ရွေးချယ်ခွင့်ပေးပါလိမ့်မယ် ရွေးပြီးရင် Enter Key ခေါက်ပြီး (ဒါမှမဟုတ်) စာဆက်ရိုက်ခြင်းအားဖြင့် စောနက စာလုံးကို အတည်ပြုပေးလိုက်ရုံပါပဲ။

ညီညီ» ဟောဗျာ။ စပိတ်ဘား (space bar) ပုတ်တာ ဘာပြုလို့ စပိတ်မခံပေးပဲ စာပြောင်းပေးရတာလဲ အကို။ နားမရှင်းဘူးဗျာ။
ကိုကို» ဒီလိုကွ ညီရ။ ဂျပန်စာမှာ space မပါရဘူး သိလား။ ရှိတော့ ရှိတယ်။ ဗမာစာနဲ့ မတူဘူး။ အလကားနေရင်း စပိတ်တွေ လျောက်မခံရဘူး။ အဲ့တော့ အားနေတဲ့ space bar ကို အက္ခရာ ပြောင်းဘို့ ကီး အဖြစ် အသုံးချလိုက်တာပဲ။ နောက်တစ်ခုက အက္ခရာက ကိုယ်ရိုက်ပြီးပြီးချင်းပဲ (စာအရှင် ဖြစ်နေတုန်းပဲ) စပိတ်ဘားပုတ်ပြီး ပြောင်းခွင့်ရှိတယ်။ အတည်ပြုပြီးသား စာအသေနောက်မှာ စပိတ်ပုတ်ရင်တော့ စပိတ်ပဲ ခံပေးမှာပဲ။

ညီညီ» အော် ဂလိုလား။ ကျနော် လက်ကျင့်ရအောင် နည်းနည်းလောက် ရိုက်ကြည့်ဦးမယ် အကို။ နောက်မှ ထပ်မေးတော့မယ်။
ကိုကို» ကောင်းပါပြီ။ ရိုက်ကြည့်လေ သိလေပဲ။ အခက်ခဲပေါ်လာရင် မှတ်ထားလေ။ ပြီးမှ ဆက်ဆွေးနွေးကြတာပေါ့။
~-~-~-~-~-~-~-~-~-

Shrek
2011-12-16

http://www.myanmarfamily.org/forum/showthread.php?p=219527#post219527 မှာ 16-12-2011 က တင်ခဲ့တဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။

Monday, November 19, 2012

Advance Appearance က ဖောင့်စာရင်းမှာ မိမိလိုချင်တဲ့ ဖောင့် မပေါ်နေခြင်း

ဖောင့်တစ်ခုဗျာ (otf or ttf) ကို ကျနော် Windows Settings, Desktop Appearance ရဲ့ Advance Appearance က ဖောင့်စာရင်းထဲ ထည့်ချင်ပါတယ်။ ဘာလိုနေလဲမသိ။ ဘယ်လို ထည့်ရမလဲ အကြံပေးပါဦး။ Font folder ထဲ Install font လုပ်ရုံနဲ့ မပေါ်လာလို့ပါ။ ကုတ် ဖြစ်ဖြစ် reg hack ဖြစ်ဖြစ် တစ်ခုလောက် :) — with Speak Nut and 4 others.

လို့ တလောက ကျနော် မေးခဲ့ဘူးပါတယ်။ ခုတော့ ဟိုကလိ ဒီကလိရင်းနဲ့ အဖြေသိသွားပါပြီ။ ဘော်ဒါများ ဖတ်ချင် ဖတ်ရအောင် မှတ်စုထုတ်လိုက်ပါတယ်

 

အပေါ်က ပုံမှာ Advance Appearance က ဖောင့် စာရင်းမှာ ဇော်ဂျီ မပါကြောင်း ပြထားပါတယ်။ ဘာကြောင့် မပါရသလဲ? အဖြေကို တန်းမပြောခင် Advance Appearance မှာ ပါတဲ့ ဖောင့်စာရင်းအကြောင်းပြောကြည့်ပါမယ်။ သူ့စာရင်းဟာ ထိုစက်ထဲ အင်စတော ထည့်ထားသမျှ ဖောင့်တွေ အကုန် ပြတယ်လို့ ထင်တတ်ကြတယ်။ ဒါ မမှန်ပါဘူး။ တိကျအောင် ပြောရရင် "အင်စတော ထည့်ထားသမျှ ဖောင့်တွေအနက်က system locale နဲ့ ကိုက်တဲ့ဖောင့်တွေပဲ Advance Appearance မှာ ပြပါတယ်" လို့ ကွန်းမန့်ပေးလိုပါတယ်။

 

ဒီလို ထောက်ပြလိုက်ရင် ပုံမှာပါတဲ့ system ရဲ့ locale က ဘာလဲဆိုတာ မှန်းကြည့်ရင် သိသာပါပြီ။ System Locale က Japanese ဖြစ်ပါတယ်။ ဒါ့ကြောင့် အပေါ်က ပုံမှာ Advance Appearance က ဖောင့် စာရင်းမှာ Japanese Unicode code point တွေ ပါတဲ့ ဖောင့်တွေပဲ စာရင်းဝင်ပါတယ်။

 

ဒါဆို ဇော်ဂျီဖောင့်က Japanese Unicode code pointတွေ ပါလား မပါဘူးလား စစ်ကြည့်ရအောင်ပါ။ အောက်ပုံကို ကြည့်ပါ။

ဒါ ဇော်ဂျီဖောင့် ရဲ့ naming properties ဖြစ်ပါတယ်။ Japanese Unicode code point တွေ မပါတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် Japanese System Locale စက်မှာ Advance Appearance က ဖောင့် စာရင်းမှာ ဇော်ဂျီ မပါတာ ရှင်းသွားပါပြီ။

 

နောက်တစ်ဆင့်က အဲ့ဒီစက်ရှိ Advance Appearance က ဖောင့် စာရင်းမှာ ဇော်ဂျီဖောင့် ပါအောင် ဘယ်လို လုပ်မလဲ။ စဉ်းစားခြင်း ဖြစ်ပါတယ်။

ဇော်ဂျီဖောင့်ကို Icon ဖောင့်အဖြစ် မြန်မာများ ဘာလို့ ထည့်ချင်နေတာလဲ ဆိုရင် Icon မှာ ဇော်ဂျီဖောင့်ကို ရွေးပေးမှသာ မြန်မာစာတွေ အတုံးအတုံး ပေါ်ခြင်းကို ပြေလည်စေမှာမို့ ဖြစ်ပါတယ်။

ဒါဆိုရင် ပြေလည်ဘို့ နည်းလမ်းများ အောက်ပါအတိုင်း စဉ်းစားကြည့်မိပါတယ်။

 

၁) System Locale ကို English ထားပေးလိုက်မယ်။ (သို့မဟုတ်) ဇော်ဂျီဖောင့်က လက်ခံတဲ့ အခြား Locale တစ်ခုခု ထားပေးလိုက်မယ်။ ပြီးတော့ Icon font ကို ဇော်ဂျီပေးလိုက်မယ်။

အကျိုး = ဇော်ဂျီဖောင့်နဲ့ ရေးထားတဲ့ မြန်မာစာတွေ ဝင်းဒိုး အိုင်ကွန် Desktop မှာ မြင်ရမယ်။

အပြစ် = ဇော်ဂျီဖောင့်မှာ မပါတဲ့ Unicode Code Point တွေ အတုံးတုံး ဖြစ်ကုန်မယ်။ (ကုစားရန် နည်းလမ်း။ ဇော်ဂျီနဲ့ ၎င်း Unicode Code Point တွေ ဖတ်လို့ ရနေခဲ့တဲ့ ဖောင့်နဲ့ Font Link လုပ်ရပါမယ်။)

 

or

 

၂) ဇော်ဂျီဖောင့်ထဲမှာ မပါသေးတဲ့ Unicode Code Point က Glyph တွေ ၎င်းဇော်ဂျီဖောင့်ထဲ ကူးထည့်မယ်။ ဒီ ဖြစ်စဉ်မှာ ဆိုရင်တော့ Japanese code point က Glyph တွေပေါ့။ ဇော်ဂျီဖောင့် ပြုလုပ်သူ Maker က ဒါကို (သူ့ဖောင်ကို ဝင်ပြင်တာကို) ခွင့်ပြူချက် ပေးချင်မှပေးမယ်) လက်ရှိ ဇော်ဂျီဖောင့်ကို မွမ်းမံထားတဲ့ ဇော်ဂျီဖောင့်နဲ့ အစားထိုးမယ်။ စက်ကို ရီစတတ်ပေးမယ်။ ဒါဆို Advance Appearance က ဖောင့် စာရင်းမှာ ဇော်ဂျီဖောင့် ပါလာမယ်။

အကျိုး = ဇော်ဂျီဖောင့်နဲ့ ရေးထားတဲ့ မြန်မာစာတွေ ဝင်းဒိုး အိုင်ကွန် Desktop မှာ မြင်ရမယ်။ System Locale ကိုလည်း ပြင်စရာ မလိုတော့။

အပြစ် = Open Type (ttf) ဇော်ဂျီဖောင့်ထဲမှာ True Type Collection (ttc) ထဲက Double Width Characters တွေ လာထည့်တာ ရေရည် print/view render အဆင်ပြေပါ့မလား တွေးမိတယ်။ ဇော်ဂျီနဲ့ဂျပန်ဖောင့် ပြုလုပ်သူတွေ သိရင် ခွင့်ပြုပါ့မလား တွေးမိတယ်။

 

or

 

၃) က (၂) နဲ့ ပြောင်းပြန်ပေါ့။  ဇော်ဂျီဖောင့်ထဲက Myanmar Unicode Code Point က Glyph တွေကို လက်ရှိအိုင်ကွန်ဖောင့်ထဲ ကူးထည့်မယ်။ (Tahome / SegoeUI / Ms Gothic စသဖြင့် တစ်ခုခု) ၎င်းဖောင့် ပြုလုပ်သူ Maker က ဒါကို (သူ့ဖောင်ကို ဝင်ပြင်တာကို) ခွင့်ပြူချက် ပေးချင်မှပေးမယ်) လက်ရှိဖောင့်ကို မွမ်းမံထားတဲ့ ဖောင့်နဲ့ အစားထိုးမယ်။ စက်ကို ရီစတတ်ပေးမယ်။ ဒါဆို Advance Appearance က ဖောင့် စာရင်းမှာ ဇော်ဂျီ Glyph တွေ သွတ်သွင်းထားတဲ့ လက်ရှိအိုင်ကွန်ဖောင့်ဖြစ်လာမယ်။ Icon font ကို ဇော်ဂျီပေးစရာ မလိုတော့။

အကျိုး = ဇော်ဂျီဖောင့်နဲ့ ရေးထားတဲ့ မြန်မာစာတွေ ဝင်းဒိုး အိုင်ကွန် Desktop မှာ မြင်ရမယ်။ System Locale ကိုလည်း ပြင်စရာ မလိုတော့။ Icon font ကိုတောင် ဇော်ဂျီပြောင်းပေးစရာ မလိုတော့။

အပြစ် = ဇော်ဂျီနဲ့ဂျပန်ဖောင့် ပြုလုပ်သူတွေ သိရင် ခွင့်ပြုပါ့မလား တွေးမိတယ်။ အခြား ပြဿနာ မရှိ။

 

or

 

၎)  လက်ရှိအိုင်ကွန်ဖောင့် (Tahome / SegoeUI / Ms Gothic စသဖြင့် တစ်ခုခု)နဲ့ ဇော်ဂျီဖောင့်နဲ့ Font Link လုပ်မယ်။ စက်ကို ရီစတတ်ပေးမယ်။ ဒါဆို Advance Appearance က ဖောင့် စာရင်းမှာ Icon font ကို ဇော်ဂျီပေးစရာ မလိုပဲ မြန်မာစာတွေ မြင်ရမယ်။

အကျိုး = ဇော်ဂျီဖောင့်နဲ့ ရေးထားတဲ့ မြန်မာစာတွေ ဝင်းဒိုး အိုင်ကွန် Desktop မှာ မြင်ရမယ်။ System Locale ကိုလည်း ပြင်စရာ မလိုတော့။ Icon font ကိုတောင် ဇော်ဂျီပြောင်းပေးစရာ မလိုတော့။ သူများ ဖောင့်တွေ ဝင်ပြင်စရာ မလိုတော့။

အပြစ် = Regedit သုံးပြီး လုပ်ရလို့ အမှားအယွင်း ဖြစ်နိုင်ခြေရှိ။ မပြင်ခင် အခြေအနေကို Backup လုပ်ထားသင့်။ အခြား ပြဿနာ မရှိ။

 

အခြားနည်း တွေ့ရင် update လုပ်ပါဦးမည်။  2012-နိုဝင်ဘာ-18 Lu Zein မှ တင်ပြလိုက်ပါသည် :)

source: https://www.facebook.com/notes/lu-zein/advance-appearance-%E1%80%80-%E1%80%B1%E1%80%96%E1%80%AC%E1%80%84%E1%80%B9%E1%80%B7%E1%80%85%E1%80%AC%E1%80%9B%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%AC-%E1%80%99%E1%80%AD%E1%80%99%E1%80%AD%E1%80%9C%E1%80%AD%E1%80%AF%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%90%E1%80%B2%E1%80%B7-%E1%80%B1%E1%80%96%E1%80%AC%E1%80%84%E1%80%B9%E1%80%B7-%E1%80%99%E1%80%B1%E1%80%95%E1%81%9A%E1%80%B1%E1%80%94%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8/10151288930315891

Tuesday, November 6, 2012

dfsvc.exe has encountered a problem and needs to close

dfsvc.exe has encountered a problem and needs to close ဆိုတဲ့ ပြဿနာမျိုး ကြုံဘူးကြပါသလား ?

ဘယ်လို အခြေအနေမျိုးမှာဖြစ်တတ်သလဲ ဆိုရင် သင်ဟာ
- ဝင်းဒိုး Vista, ဝင်းဒိုး 7 စက်ကို သုံးနေမယ်။
- Dotnet Clickonce feature ပါတဲ့ ပရိုဂရမ်တစ်ခုကို စက်ထဲ အင်စတော သွင်းဘို့ လုပ်နေမယ် ဆိုရင်
ထိုကဲ့သို့သော ပရိုဂရမ်မျိုးကို စက်ထဲ သွင်းလို့ မအောင်မြင်ပဲ ဖော်ပြပါ Error နဲ့ ရပ်တန့်သွားပါလိမ့်မယ်။ ဒါဟာ သင့် စက်ထဲရှိ Dotnet Framework ကြောင်သွားလို့လည်း ဖြစ်နိုင်ပါတယ်။ မိမိ စက်ထဲ ရှိ DotNet Framework ကို ပြန် Re-install လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ အခြားနည်းလမ်းဖြင့် ဖြေရှင်းနည်းတွေလည်း ရှိနိုင်ပါသေးတယ်။

အလွယ်ကူဆုံး ဖြေရှင်းနည်းကတော့ Dotnetfx Cleanup Tool ကို အသုံးပြုခြင်းပါပဲ။
Credit to http://clientsupport.curse.com

ဒီ Tool က သေးငယ်သလို ထိရောက်ပါတယ်။ သင့်စက်ထဲမှာရှိတဲ့ DotNet Framework ပြဿနာတွေ ချက်ချင်း ပြေလည် သွားပါလိမ့်မယ်။

၎င်း Tool ကို မူရင်း Source က ဆွဲချယူနိုင်ပါတယ်။ ကျနော် သိမ်းထားတဲ့ ဒီနေရာကလည်း ဆွဲချယူနိုင်ပါတယ်။ ပြဿနာချင်း တိုက်ဆိုင်လို့ အခက်အခဲတစ်ခု ပြေလည်သွားရင် ကူညီရကျိုးနပ်တာပေါ့ ခင်ဗျာ :)

Firefox မှာ IDM အတွက် ဆွဲချဘို့ လင့်ခလုတ် မတက်လာသော်

Internet Download Manager Integration module for Mozilla Firefox Browser
IDM CC 7.3.25

IDM CC enable လုပ်မရလို့ Firefox ကနေ IDM နဲ့ ဒေါင်းလို့ မရသည် ရှိခဲ့သော် ၎င်း IDM CC ကို ဗားရှင်းမြင့်တာနဲ့ လဲပေးဘို့ လိုပါတယ်။

အောက်ကပုံပါအတိုင်း Firefox ရဲ့ Add-on ->Extensions စာရင်းက IDM CC ကို စစ်ပါ။ disable ဖြစ်နေရင် ၎င်းIDM ကောင်းပါလျက် ၎င်းကြောင့် လင့်ခလုတ် မပေါ်တာဖြစ်ပါတယ်။ ပုံပါအတိုင်း Check for updates ကို နှိပ်ပြီး update လုပ်ကြည့်ပါ။

Inline image 2

အပေါ်ကလို Check for updates လုပ်မရတဲ့ သူများအနေနဲ့ Manual Install လုပ်ဘို့ လိုပါမယ်။

ထို့ကြောင့် အဆင်ပြေစေရန် IDM cc version 7.3.25 ကို ဝေမျှလိုက်ပါတယ်။
IDM CC ကို မူလပိုင်ရှင် IDM ရဲ့ site မှာ သွားရောက် ရှာဖွေယူနိုင်ပါတယ်။ လင့်က
ဖြစ်ပါတယ်။

ဖော်ပြပါ ဆိုဒ်မှာ မတွေ့သော် (ဝါ) အမြန်လိုချင်သော်..
ဖိုင်ကို ဒီမှာ ဝင်ယူပါ။ ဖိုင် အမည်က idmmzcc.xpi ဖြစ်ပါတယ်။


Firefox ရဲ့ Add-on ->Extensions စာရင်း က ပင်နယံလေးကို ဆွဲချပြီး Install Add-on from file လုပ်ပါ။
Inline image 1

ခုနက ယူထားတဲ့ ဖိုင် idmmzcc.xpi ကို ရွေးပေးပြီး Firefox ကို restart ပေးလိုက်ရုံနဲ့ ပြေလည်သွားမည် ဖြစ်ပါတယ်။

Sunday, November 4, 2012

Myanmar-English-Czech Students Dictionary 1st Edition (Off-line version, mssqlce, dotnet 3.5 sp1)


မြန်မာ <-> အင်္ဂလိပ် <-> ချက် ဒေရှင်နရီ
ဝင်းဒိုး စက်ထဲ ထည့်ထားပြီး သုံးဘို့ပါ။


လိုအပ်ချက်
DOWNLOAD ဆွဲချရန် အင်စတော်လာ - http://db.tt/3ekPuwsT ဒလော့ဘောက်ထဲမှာ ရှိပါမယ်။
ဇစ်ဖိုင် (zip) ပါ။ ဆွဲချလို့ ရလာလျှင် right click ခေါက် တနေရာရာမှာ extract ဖြည်ပါ။ ရလာတဲ့ setup.exe ဖိုင်ကို run ပါ။ ဒါဆို ShweBo -> Myanmar-English-Czech Students Dictionary 1st Edition အမည်နဲ့ Programs အုပ်စုထဲရောက်သွားပါပြီ။ အင်တာနက် မရှိတဲ့ နေရာမှာလည်း သုံးနိုင်ပါတယ်။



Source & Credit: http://code.google.com/p/myanmar-english-czech-students-dictionary/

Friday, October 26, 2012

မိဘအပေါ် အမြဲသိတတ်တဲ့ သားသ္မီးများအတွက်

``Grandpa told me that God gives us children so that we could have roses in December. ``

(သူ့အဓိပ္ပါယ်နဲ့သူ စာသားလေး အရမ်းလှလို့ ထပ်ပြီး မြန်မာမှု မပြုတော့ပါဘူး)

မိဘအပေါ် အမြဲသိတတ်တဲ့ သားသ္မီးများအတွက် သီတင်းကျွတ် အခါသမယမှာ ဒီစာလေးနဲ့ ကိုလူစိမ်းမှ ဂုဏ်ပြုလိုက်ပါကြောင်း ...




ကိုဧးသိမ်း a.k.a လူစိမ်း

Saturday, October 20, 2012

ဘယ်ဖိုင်မဆို Win Zip သုံးပြီး လော့ချနိုင်ပါတယ်။


Thursday, October 18, 2012

This is our nation, this is our land and it belongs to us.

အကြိုက်ဆုံး စကားလုံးတွေပါပဲ ဆရာတင်ခင်ဗျာ လေးစားပါတယ်။

Burmese Spirit

Until the world ends up shattering, long live Burma!
We love our land because this is our real inheritance.
Until the world ends up shattering, long live Burma!
We love our land because this is our real inheritance.
We will sacrifice our lives to protect our country,
This is our nation, this is our land and it belongs to us.
Being our nation and our land, let us do good causes to our nation in unity!
And this is our very duty to our invaluable land.

ကမ္ဘာမကြေ မြန်မာပြည်... တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ...
ဒါ တို့ပြည် ဒါ တို့မြေ တို့ ပိုင်တဲ့မြေ...
တို့ပြည် တို့မြေ အကျိုးကို ညီညာစွာတို့တတွေ ထမ်းဆောင်ပါစို့လေ...

in Unicode Font

(ကမ္ဘာမကျေ၊ မြန်မာပြည်၊
တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ။)
ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ၊
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ။
တို့ပြည် တို့မြေ အကျိုးကို ညီညာစွာတို့တစ်တွေ
ထမ်းဆောင်ပါစို့လေ တို့တာဝန်ပေ အဖိုးတန်မြေ။

နားထောင်ရန် လင့်
http://www.youtube.com/watch?v=WtzZrX8pzuo&feature=related

Tuesday, October 16, 2012

ဟက်ကာ ဟူသည်...

Define Hacker

Source: NetGuide Journal

Sunday, October 14, 2012

သင့် ဖေ့ဘုတ်အကောင့် အဟက်မခံရစေရန် နှင့် ဖေ့ဘုတ်အကောင့် လုံခြုံရေး အတွက်...

သင့် ဖေ့ဘုတ်အကောင့် အဟက်မခံရစေရန်...

၁) မလိုအပ်တဲ့ Active Sessions တွေ ဖျက်ပါ။ https://www.facebook.com/settings?tab=security&section=sessions

၂) App password များကို ချိန်ထားပါ။ https://www.facebook.com/settings?tab=security&view

၃) ကိုယ်အကောင့်ကို ဝင်လိုက်ရင် ခွင့်ပြုမိန့် လှမ်းတောင်းခိုင်းတဲ့ စံနစ် (Login Approvals) ကို ON ထားပါ။ SMS လက်ခံနိုင်တဲ့ ဖုန်းနဲ့မှ ရမယ်။ Myanmar နိုင်ငံအတွင်းက အကောင့်များ အဆင်မပြေနိုင်သေးပါ။

၎) Recovery Email Address ကို တစ်ခုထက်ပို၍ ပေးထားပါ။ https://www.facebook.com/update_security_info.php

၅) Security question ကို ပေးထားပါ။ ပြီးတော့ မမေ့ပါစေနှင့်။ https://www.facebook.com/update_security_info.php

၆) အလကားရတဲ့ Wifi များ သတိထားပါ။

သင့်အကောင့် လုံခြုံရေးအတွက်...

၁) strong password သုံးပါ (Use a combination of at least six numbers, letters, and punctuation marks (like ! and &))

၂) အီးမေး အကောင့် မပေါက်အောင်လည်း သတိထားပါ။ အီးမေး အကောင့်ပေါက်ရင် ဖေ့ဘုတ်လည်း ပါသွားမှာပဲ။

၃) သူများစက် သွားသုံးတယ်ဆိုလျှင် သုံးပြီးတာနဲ့ Log-out လုပ်ပါ။

၎) Anti-virus software တစ်ခုခု စက်မှာ မပျက်မကွက် တင်ထားပါ။

၅) Security question ကို ပေးထားပါ။


၆) အပေါ်မှာ ဖော်ပြထားတဲ့ အကောင့်မဟက်ခံရစေရန် နည်းလမ်းများ အကောင်အထည် ဖော်ပါ။

၇) တွေ့ကရာ လိုက် ကလစ်နှိပ်ခြင်း၊ ဒေါင်းလုပ်ဆွဲခြင်း ရှောင်ကြဉ်ပါ။

အကျယ်ဖတ်ရန် - https://www.facebook.com/help/379220725465972/

၈) Secure browsing ကို ON ထားပါ။ https://www.facebook.com/settings?tab=security&view

တွေ့တာရှိရင် ထပ်ဖော်ပြပါဦးမယ်။

Friday, October 5, 2012

မေတ္တာတရားကို အစားအစာနဲ့ မသတ်မှတ်ပါနဲ့ by သီတဂူဆရာတော်


စာရိုက်ရင် ဝါကျအစက စာလုံး ပြောင်းသွားခြင်း ( မြန်မာ ASCII Font + Microsoft Word)


ASCII Font တွေရဲ့ သဘောတရားက Font Typeface ကို လိမ်ထားတာ ဖြစ်ပါတယ်။ ဥပမာ `a` နေရာမှာ `ေ` ကို အစားထိုးထားတာပါ။ စက်က ၎င်းစာလုံးကို `a` လို့ ပဲ သိနေပါတယ်။ အလားတူစွာ `ဘာ` လို့ ရေးထားပေမယ့် `bm` လို့ စက်က သိမှတ်ပါတယ်။ ဝါကျ အစ မှာ ရေးလိုက်တဲ့ `bm` ဖြစ်တဲ့ အတွက် Auto Correct က ထအလုပ်လုပ်လိုက်တော့ `Bm` ဖြစ်သွားပါတယ်။ ထို `Bm` ကို ဖောင့်ကညွှန်းတဲ့ Typeface နဲ့ မော်နီတာမှာ ပြန်ပြတော့ `ြာ` ဖြစ်သွားပါတယ်။ ∴ မြန်မာ ASCII Font တွေကို မဖြစ်မနေသုံးနေရတဲ့ စက်တွေမှာ AutoCorrect, AutoFormat As You Type နှင့် AutoFormat တွေကို ပိတ်ထား (အမှန်ခြစ် ဖြုတ်ထား) သင့်ကြောင်း အကြံပြုလိုပါတယ်။

ပိဋကတ်သုံးပုံကို အပြည့်အစုံ ယုံတဲ့ သဒ္ဓါတရား (ဝါ) ဓမ္မရတနာကို ယုံကြည်တဲ့ စိတ်ဓါတ်


Tuesday, October 2, 2012

ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နှစ်လျှင် လူပျောက်မှု (၃၀၀) မှ (၄၀၀) ကြားရှိနေပြီး တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်နေ Credit to http://www.7daynewsjournal.com/ Vol.11, No.28 September 20 , 2012 ကလေးတွေ ဟေ့ ကလေးတွေ ဘယ်ရောက်နေလဲ

ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နှစ်လျှင် လူပျောက်မှု (၃၀၀) မှ (၄၀၀) ကြားရှိနေပြီး တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်နေ
Credit to http://www.7daynewsjournal.com/
Vol.11, No.28  September 20 , 2012

ကလေးတွေ ဟေ့ ကလေးတွေ ဘယ်ရောက်နေလဲ

မြန်မာ့အရုဏ်သစ်ရဲ့ အလှု Sunday, October 7, 2012

Sunday, October 7, 2012
စုရပ် ဆယ်မိုင်ဈေး ကိုရီးယားအထည်ဆိုင်ရှေ့ နံက် ကိုးနာရီအရောက် လာပေးကြပါခင်ဗျာ
အသေးစိတ်ကို https://www.facebook.com/events/370966736309942/ မှာ ဝင်ဖတ်ပေးကြပါ။
လိုက်မည့်သူများလည်း စာရင်းပေးကြပါဦး။ လူအရေအတွက်ကြည့်ပြီး ကားစီစဉ်ရမှာမို့ပါ။
(၇) ရက် အောက်တိုဘာ ၂၀၁၂ (တနင်္ဂနွေနေ့) တွင် ရွှေပြည်သာ
``မြိုင်`` သီလရှင် ပရဟိတ ကျောင်း။ အခမဲ့ ဘ/က ပညာသင်ကြားရေးကျောင်းသို့
ဆန်အိတ် ၃၀ နှင့် ဗလာစာအုပ် ဒါဇင် ၁၅၀ ဘောလ်ပင် တစ်ထောင်ချောင်း၊ ခဲတံ
ဒါဇင်တစ်ရာ နှင့် အခြား ပေတံစသော ကျောင်းသုံးပစ္စည်းများ ၊ နေ့ဆွမ်း အလှု
တို့ကို စုစုပေါင်း ၁၀ သိန်းကျော်ခန့် လှုဒါန်းကြပါမည်။
လိုက်ပါလှုဒါန်းလိုသူများ ဆက်သွယ်နိုင်ပါသည်။ အနယ်နယ် အရပ်ရပ်မှ
နည်းများမဆို အမျိုးဘာသာ သာသနာကို စောင့်ရှောက်လိုသော
မိတ်ဆွေများအနေဖြင့် ကမ္ဘောဇ ဘဏ်ရှိပါက အောက်ပါ အကောင့်နံပါတ်ကို မှတ်သား၍
ထိုအကောင့်သို့ အလှုငွေ ထည့်ခြင်းဖြင့် လှုဒါန်းနိုင်ပါကြောင်း
နှိုးဆော်အပ်ပါသည်။
အကောင့်နံပါတ် A/C No 0621220001501 ကမ္ဘောဇ ဘဏ် (လှိုင်သာယာ ဘဏ်ခွဲ)
အကောင့်ပိုင်ရှင် ကိုစိုးနိုင် ၊ ကိုဇော်မင်းလွင်
အသင်းမှ ဆက်လက်၍ ၂၀၁၂ နိုဝင်ဘာ ၂၅ တွင် တန်ဘိုးသတ်မှတ်၍မရသော
စုပေါင်းသွေးလှုဒါန်းခြင်း (ဒုတိယ အကြိမ် အလှုရှင် အင်အား ၁၅၀ ဖြင့် )
လှုဒါန်းပါမည်။
ထို့အပြင် အစိုးရမိဘမဲ့ဂေဟာဖြစ်သော ရွှေဂုံတိုင် မိဘမဲ့ဂေဟာသို့လည်း အဟာရ
လှုဒါန်းရန် ချိတ်ဆက်ထားပြီးပါကြောင်း။
အမျိုး ဘာသာ သာသနာ ကို ကာယကံ ၊ မနောကံ ၊ ဝစီကံ (ကံသုံးပါး ) လုံးဖြင့်
ကူညီစောင့်ရှောက်ကြပါစို့။
ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ်)




Thursday, September 20, 2012

ဖဘ ချစ်သူများအတွက် - သင့်၏ ဖဘ လျှို့ဝှက်အီးမေးလိပ်စာ သိပါသလား ?


ဖဘ ချစ်သူများအတွက် - သင့်၏ ဖဘ လျှို့ဝှက်အီးမေးလိပ်စာ သိပါသလား ?
https://m.facebook.com/upload.php?refid=8 ကို ဝင်ပါ။ ယူပြီး မှတ်သားထားပါ။
အီးမေးက ပုံအတက်တွဲ၍ မိမိဝေါပေါ် မိမိ ပို့လိုသော် သုံးပါ။ သတိ - သူများ
မသိပါစေနှင့်။



What is my post-by-email address?
Your post-by-email address is an email address you can use to upload
photos or videos to your account from your mobile phone.

Find your post-by-email address:

From your mobile browser, log in on m.facebook.com
Click Photo under the space to type a status update
Underneath "Upload via Email" you'll see a unique email address

Status updates or photos you send to this email address will be
published directly onto your Facebook account, so don't share it with
anyone else.

Using your personalized upload email address:

To add a caption to your photo or video, include a subject in the
email. If you don't include any photos or videos, the email subject
will be your updated status.
Photos and videos uploaded via email are public by default, but you
can always change the privacy setting of any photo album.

Credit: www.facebook.com

Tuesday, September 18, 2012

ကမ္ဘာ့ရွှေဈေး -> ရွှေတွေ ဟော့နေတယ်

ဧးသိမ်း: ကမ္ဘာ့ရွှေဈေး:

ရွှေတွေ ဟော့နေတယ်

ကမ္ဘာ့ရွှေဈေး

1 tkl = 0.576 oz
တစ်ကျပ်သားမှာ ၀.၅၇၆ အောင်စရှိတယ်။ မြန်မာ့ဈေးနဲ့ ချိန်ချင်ရင် အခု အောင်စ ဈေးကို 0.576 နဲ့သာ မြှောက်ပေတော့။ တစ်ကျပ်သားဈေး ရမယ်။ http://aye-ninty.blogspot.com/p/blog-page_703.html မှာ ဝင်ကြည့်ပါ။

Friday, August 3, 2012

The Real Meaning of Words



မိတ်ဆွေကောင်း Best friends
စာနာမှု Compassion
ခွဲခွာခြင်း Departure
ခြောက်ပစ်ကင်း သဲလဲစင် Divine
ချစ်ကြည်ရင်းနှီးမှု Friendship
အပြစ်ကင်းခြင်း Innocence
ချစ်ခြင်း Love
စိတ်ရှည်သည်းခံ Patience
ကယ်ဆယ်ခြင်း Rescued
လေးစားသမှု Respect
ဝမ်းနည်းခြင်း Sorrow
ဝေဒနာ Pain
"Life is not about waiting for the storms to pass...it's about
learning how to dance in the rain."
Have a great life. Enjoy!!

---------- Forwarded message ----------
From: လွမ်း <pyaephyowin21522@gmail.com>
Date: 2010/4/29