Google SketchUp မိတ်ဆက်
ပုံလေးတွေ အများကြီးပါနေတယ်။ အဟဲ...ဘန်းခံရမှာတော့ အကြောက်သား...
ပုံတွေ ခဏစောင့်လို့မှ မပေါ်ရင် အတက်တွဲတဲ့ ပုံတွေသာ view all images လုပ်ပါဗျိုး..အတူတူပါပဲ...။
ဒီတော့ Google SketchUp ကို အားလုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ SketchUp က @last က ထုတ်ခဲ့တဲ့ ဆော့ဝဲတစ်ခုပါ။ ကျနော် တော်တော်ကလိခဲ့တဲ့ ဆော့ဝဲပေါ့။ နောက် Google က SketchUp ကို ဝယ်ယူလိုက်ပါတယ်။ သူ ဝယ်ယူပီး နောက်ပိုင်းမှာ SketchUp က ပို အသက်ဝင်လာပါတယ်။ (*** Google က Corel Draw လို မဟုတ်ဘူးဗျ။ Corel Draw ကဝယ်လိုက်တဲ့ ဆော့ဝဲတွေဆို တော်တော်များများ ပျောက်ပျက်ကုန်တာပဲ။ အသစ်ထပ်မထွက်တော့ဘူး။ အရမ်း နှမြောဘို့ကောင်းတယ်နော်။)
SketchUp ဟာ AutoCad, 3DMax လိုမျိုးပါပဲ။ 3D ပုံတွေကို ဖန်တီး၊ ပြင်ဆင်၊ ဝေမျှသုံးစွဲနိုင်တဲ့ ဆော့ဝဲ တစ်မျိုးပါ။ သူ့မှာ အမျိုးတူ ဆော့ဝဲတွေထက်စာရင် ပုံတွေ လွယ်ကူစွာ ဆွဲနိုင်အောင် စွမ်းအားကောင်းပြီး ရှင်းလင်း လွယ်ကူတဲ့ ကိရိယာ (toots) တွေ ပါဝင်ပါတယ်။ အော်တိုကက်တတ်ပြီးသားသူ ဆိုရင် အောက်ကလို Tools animationလေးတွေ မြင်ရုံနဲ့ ဘယ်လို သုံးရမှန်း တန်းသိနိုင်ပါတယ်။
Things that make SketchUp great
Pencil Tools
က ဒေါင့်တွေ မျက်နှာပြင်တွေ ဆွဲဖို့ပါ။
SketchUp နဲ့ ဆွဲတဲ့ပုံ (model) တွေဟာ မျက်နှာပြင်နဲ့ ဒေါင့်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ခဲတံကိုင်တတ်ရင် ဆွဲလို့ရပါပြီ။
အောက်က RECTANGLE TOOL ပါ။
အောက်က CIRCLE TOOL ပါ။
အောက်က POLYGON TOOL ပါ။
အောက်က ARC TOOL ပါ။
အောက်က MOVE TOOL ပါ။
အောက်က ROTATE TOOL ပါ။
အောက်က OFFSET TOOL ပါ။
အောက်က GROUP TOOL ပါ။
အောက်က Protractor TOOL ပါ။
အောက်က TEXT TOOL ပါ။
Push/Pull
ကတော့ ဆွဲတင်၊ ဆွဲချ လုပ်ခြင်းဖြင့် 2D ပုံတစ်ခုကို 3Dဖြစ်သွားစေပါတယ်။
Precision
ကတော့ တိကျတဲ့ အတိုင်းအတာတွေ (Accurate measurements) အတွက် သုံးရပါတယ်။
Follow Me
ကတော့ ရှုပ်ထွေးတဲ့ ပုံတွေကို ခေါင်းမစားပဲ ဖန်တီးနိုင်ပါတယ်။
Paint Bucket:
ဆေးပုံးကတော့ အရောင်တွေ တက်ချာ texture တွေ ချယ်ဘို့ပေါ့ဗျာ
Groups and Components
ဆွဲထားတဲ့ မော်ဒယ်ကို အခြားပရောဂျက်မှာ ကွန်ပိုးနန့်အဖြစ် ပြန်ယူသုံးလို့ ရပါတယ်။
အောက်က ROTATE TOOL ပါ။အောက်က Hand TOOL ပါ။ လက်နဲ့ ကိုင်ရွေ့ဘို့ပေါ့။
အောက်က ZOOM TOOL ပါ။
Shadows:
အရိပ်ချခြင်းအားဖြင့် ယုတ္တိရှိတဲ့ ပုံတစ်ပုံရပါတယ်။
Scenes: Save views and create animations
ပုံကို လှည့်ပတ်ပြီး animate လုပ်လို့လည်း ရပါတယ်။
Look Around and Walk: Explore your creations firsthand Dimensions and Labels: Add information to your designs
အတိုင်းအတာ တွေ ပြလို့ ရပါတယ်။
The Instructor: Catch on quickly
Layers and the Outliner: Stay organized
ဖိုတိုရှော့လိုပဲ လေယာ အလွှာတွေ ခွဲဆွဲနိုင်ပါတယ်။
Google Earth: See your models in context ဥပမာ။ ကိုယ့်အိမ်ပုံ 3D ဆွဲပီး ကမ္ဘာလုံး ထဲက ကိုယ့်လိပ်စာမှာ ချထားချင်တာမျိုး၊ ကိုယ့်မြို့ ရွာ က ဘုရား၊ စေတီပုံ ကို 3D ဆွဲပီး ပြချင်တာမျိုးပေါ့။
Sandbox tools: Work on terrain
3D Warehouse: Find models of almost anything you need
Import 3DS: 3DS ဖိုင်တွေကို ထဲ့သွင်း အသုံးပြုနိုင်ပါတယ်။
Import images: ရိုးရိုး jpeg ပုံတွေလည်းထဲ့သုံးနိုင်ပါတယ်။ ပုလင်းမှာ ပတ်ပြီး ပတ်ချာလှည့်ကြည့်နိုင်ပါတယ်။ Export TIFF, JPEG and PNG = ရလဒ်ကို ရိုးရိုး 2D ပုံ အဖြစ် ထုတ်နိုင်သလို၊ 3D ပုံအဖြစ်လည်း ထုတ်နိုင်ပါတယ်။
SketchUp 7 နဲ LayOut 2 ပါတဲ့ features အသစ်တွေကို ဒီမှာ ဖတ်ကြည့်ပါ။အလကားရတဲ့ ဒီဆော့ဝဲလေးကို လိုလိုမယ်မယ် ဆွဲချယူထားချင်ရင်ဖြင့် ဒီမှာ ရနိုင်ပါတယ်။ ထိုစာမျက်နှာမှာ ပိုက်ပိုက်ပေးရတဲ့ pro ဗားရှင်းရယ် အလကားရမည့် free ဗားရှင်းရယ် ရှိပါတယ်။ ကြိုက်တာ ယူပါ။ ဆွဲပြီးရင် ပုံချင်း ဖလှယ်ကြမယ်။ ဒါ အော်တိုကက်ကို အလွယ်ချဉ်းကပ်နည်းပါပဲ။
[gallery include="440,441,442,443,444,445,446,447,448,449,450,451,452,453,454,455,456,457,458,459,460"]
No comments :
Post a Comment
ကွန်းမန့်လေး ထားခဲ့ပါလား