Sunday, June 15, 2014

သင့်သွေးဖြင့်အသက်ကယ်ပါ မြန်မာ့အရုဏ်သစ်ဖြစ်ပါသည်။ ။


သွေးလှုပွဲကြီးနီးလာပြီ
တန်ဘိုးမဖြတ်နိုင်သောသွေးများ
လှုဒါန်းကြမည်
ခန့်မှန်းအလှုရှင်၅၀၀ဖြစ်၏
ကိုအေးကိုကိုပေါက်စီလှုမည်
မခင်စန္ဒာထွန်းရှုဆေးလှု၏
ကိုအောင်လေးအအေးလှုမည်
ကျနော်ကြက်ဥတာဝန်ထားပါ
ရေသန့်လှုမည့်သူလည်းသဲ့သဲ့ကြားထား၏
အသင်းယူနီဖောင်းများပေးမည်
ဖယ်ရီလှုကြပါဦးလား
တစ်စီး၃၅၀၀၀ ထဲပါ
၁၂စီးလောက်ကုန်မည်
ဂုဏ်ပြုလွှာများလည်းပေး၏
July လ 11 ရက်နေ့ဖြစ်သည်
ဝါဆိုလပြည့် ရက်မြတ်ပါ
အမျိုးသားသွေးလှုဘဏ်တွင်ဖြစ်သည်
သတ္တမအကြိမ်ဖြစ်၏
သင့်သွေးဖြင့်အသက်ကယ်ပါ
မြန်မာ့အရုဏ်သစ်ဖြစ်ပါသည်။ ။

photo အမှုဆောင်အစည်းအဝေး
post by Ko Soe Naing

Sunday, March 16, 2014

မြန်မာ့အရုဏ်သစ် Crazy animated gif

ကြည့်မိလို့ မူးသွားရင် တာဝန်မယူ။

မူးတတ်သူ မကြည့်ရ။


Inline image 1

အလံ waving in the sky
Inline image 2
ဂေါက်သီး Sphere


Inline image 3




Thursday, January 30, 2014

၂၁ ရာစု ကာလနာ သုတ်

အို--
ချစ်သား-- ကာလနာတို့
ဖေ့စ်ဘွတ်တစ်ခွင် ပြဲပြဲစင်အောင်
ဝင်ရောက်ဖတ်ရှု့ သင်စပ်စုစဉ်---

၁၊ ငါ၏စတေ့တပ် ဖတ်မိရုံမျှ
ကြိုက်ရုံမျှဖြင့်
စဉ်းစားချင့်ချိန် ဥာဏ်တိမ်တိမ်နှင့်
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၂။ ``ဖွတ်``ရဲ့လော်ဘီ ``ဒေါင်း`` လော်ဘီနှင့်
``အာမီ``ငမိုက်သား ငမူးသမားတို့
လက်ကမြင်းသမျှ ပြောသမျှလည်း
စဉ်းစားဝေဖန် သင့်ဥာဏ်မပါဘဲ
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၃။ အနောက်တလွှား ပူမီးပွားတုန်း
ကြိမ်မီးအုံးသို့ ``ရိုဟင်ဂျာ``အရေး
သူငါ ရေးစဉ်
သူ့ဘက် ငါ့ဘက်
ခံစားချက်ပြင်း ဘက်လိုက်ခြင်းဖြင့်
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၎။ ဘာသာရေးအတွက် ရိုက်ချက်ပြင်းထန်
ဝေဖန်ရှုံ့ချ ဒေါသမီးမွှေး
သွေးခွဲသပ်လျှို လိုရာကိုဆွဲ
ကကြိုးထဲတွင် သင်မပါဝင်အောင်
ဝေဖန်ထောက်ရှု့ သင်မပြုဘဲ
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၅။ ``တရုတ်````ကုလား``
ဝှက်ဖဲထား၍
အများအမြင် မျိုးချစ်ထင်ယောင်
မိုက်မှောင် မှိုင်းတိုက် ထိုငမိုက်တို့
တို့မီးရှို့မီး လုပ်ကြံမီးကြောင့်
ဒေါသမီးတောင် စွဲမလောင်ရန်
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၆။ ဆယ်လီဗျစ်တီ နာမည်ကျော်ကြား
ထောက်ခံများ၍ Like ပေါင်းထောင်ချီ
ရနေသည်ဟု သက်သေပြုကာ
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၇။ သာသနာရေး ဘာသာရေးဟု
ဟစ်ကြွေးဂုဏ်ဖော် တကြော်ကြော်အော်လည်း
နောက်ကွယ်စိတ်ထား ဘယ်သို့သွားမှန်း
ရှင်းလင်းထင်မြင် မသိခင်မှာ
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၈။ အငိုဘုရင် အပြောကျင်လည်
ဆွဲဆောင်လှုပ်ကိုင် သင့်သည်းခိုင်ကို
အမှန်တစ်ချို့ မှားတစ်ချို့နှင့်
လိုရာပန်းတိုင် မျှားစေနိုင်သည့်
ကဝေဘုရင် မှော်ကလောင်ရှင်လည်း
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

၉။ ပုဂ္ဂလအမုန်း မီဒီယာသုံး၍
ငြိုးဖော်ရန်ဖက် ဆိုးကွက်ကိုရှာ
မညှာတာ ထောက်ရှု့ အပြုမဆန်
ဝေဖန်တိုက်ခိုက် မုန်းမီးတိုက်လည်း
လွယ်လင့်တကူ အမှန်မယူနှင့်။ ။

အို--
ချစ်သား
ကာလနာတို့

၁၀။ ချင့်ချင့်ချိန်ချိန် သုခမိန်ဟု
ရှေးကဆိုထား ထိုစကားအတိုင်း
အမှား အမှန် ဝေဖန်ထောက်ရှု့
မြင်အောင်ပြုလော့။
သူလှော်တိုင်းသာ ရွေ့နေပါလျှင်
သူ-ငါ-တို့တတွေ သက်မဲ့``လှေ``ပေါ့။
သူမောင်းတိုင်းသာ ကျုံးဝင်ပါလျှင်
သူ-ငါ-တို့တတွေ တိရိစ္ဆာန်ပေပေါ့။
တို့တတွေ ``လူသား``
သိဥာဏ်များလို့ လှော်တိုင်းမရောက်
ချောက်တိုင်းမဝင်
``သတိယှဉ်လော့``။ ။

၂၁ရာစု- (ကာလနာသုတ်-းအင်္ဂုလိသုတ္တန်)

by U Soe Naing

Laptop ဝယ်သုံးတာ ၁နှစ်လောက်ရှိပြီဆိုရင်

Laptop များဝယ်သုံးတာ ၁နှစ်လောက်ရှိပြီဆိုရင်
မဖြစ်မနေ service လုပ်သင့်ပါပြီ။ဒါတောင် ရိုရိုသေ
သေသုံးတဲ့သူတွေအတွက်ပါ။ကြမ်းပြင်ပေါ်၊မွေ့ရာ
စောင်ပေါ်၊ဖုံမှူံ့ရှိတာကိုဂရုမစိုက် သုံးတတ်သူတွေဆို
၆ လကျော်တာနဲ့လုပ်ပါတော့။Laptop ရဲ့လေဝင်လေ
ထွက်ပုံစံကြောင့်ဖြစ်ပါတယ်။အောက်ကလေကိုစုပ်ယူပြီး
ဘေးဖက်ကိုတွန်းထုတ်ပါတယ်။အောက်က အမှူံတွေစုပ်
ယူသလိုဖြစ်နေပါတယ်။အောက်မှာပန်ကာထပ်ခံပြီးသုံး
တဲ့စက်ဆိုသိသာပါတယ်။၃-၄ ရက်ဆိုLaptop အောက်
ဘော်ဒီမှာဖုံတွေအကွက်လိုက်တွေ့ရပါမယ်။

service မှာအပျော့ အပြင်းရှိပါတယ်။အပျော့ဆိုလို့မရီပါ
နဲ့။စုတ်တံ၊လေမှုတ်ရာဘာ tube နဲ့လုပ်တာကိုပြောတာ။
သူက စက်ဘော်ဒီကိုတစ်စဆီ ဖွင့်ထုပ်လုပ်ရတာမဟုတ်ပါ။
တစ်စဆီဖြုတ်လုပ်တာကို အပြင်းစာနည်းလို့ပြောတာ။ဒါမျိုးကို
လုပ်တတ်သူဆီမှာပဲလုပ်သင့်ပါတယ်။မဖွင့်တတ်ရင် ဘော်
ဒီသားတွေနာမယ်။အထဲက နပ်ဒေါက်တိုင်တွေပဲ့ကုန်မယ်။
အဆိုးဆုံးက ကီးဘုတ်။နောက်ပြီး နပ်အတိုအရှည် နေရာ
မှားတပ်ရင် ဘော်ဒီပါပေါက်ထွက်ကုန်ရော။

မလုပ်ရင်ဘာဖြစ်မလဲ ။
လေဝင်လေထွက်မမှန်လို့ အပူလွန်ပြီး အတွင်းပိုင်းပစ္စည်းတွေ
သက်တမ်းတိုမယ်။အရင်ဆုံးထိတာ ဟတ်ဒစ်။ပြီးရင် ကီးဘုတ်။
နောက်စက်ကြောင်လာမယ်။ဟိုကလိုလို ဒီကလိုလိုနဲ့။ရှိသေး
တယ်။CMOS ဘထ္ထရီ။ခဏလေးနဲ့အားကုန်ပြီး BIOS ထိရော။
နောက်ပိုင်းစက်တွေမှာ လေဝင်လေထွက်ပေါက်တွေ ဒီဇိုင်း
ကောင်းလာပါပြီ။LENOVO ကအညံ့ဆုံးပါပဲ။

ဒီနေ့ဝင်းဒိုးလာတင်တဲ့ 2006 Acer လက်တော့လေး။အသစ်
အတိုင်းပါပဲ။တစ်လက်ကိုင်သန့်သန့်လေး။မင်္သကာလို့ဓါတ်မီးနဲ့
ထိုးကြည့်တာ cpu လေထွက်ပေါက်မှာပိတ်နေတာပဲ။တစ်စဆီဖွင့်
ရှင်းတော့ cpu ထွက်ပေါက်မှာ ကောဇော အမျှင်တွေ။ပိုင်ရှင်က
အဲယားကွန်းခန်းထဲမှာသုံးတာ။ကြမ်းခင်းတဲ့ ကောဇော ကြောင့်။
မဆိုင်တာလုပ်ရလို့ပိုင်ရှင်နဲ့စကားမများအောင် ဓါတ်ပုံရိုက်ထား
လိုက်တယ်။ Acer Aspire 4315 မှတ်တမ်း။၂၉-၁-၂၀၁၄။၁၀:၄၀PM။

Sunday, January 19, 2014

၁၅၀၀ အချစ် နဲ့ ၅၂၈ အချစ် တို့ရဲ့ တကယ့်ဆိုလိုရင်း !!

အချစ်အကြောင်း ပြောကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုး အများစုက
"၁၅၀၀ အချစ်" နဲ့ "၅၂ ၈မေတ္တာ" ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြတယ်။
သမီးရည်းစား အချစ်ကို "၁၅၀၀ အချစ်" ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့
ပြောပြီး . . . မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ "၅၂၈ မေတ္တာ" ၊
အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ယူဆ ပြောဆိုလေ့ ရှိပါတယ်။

ဘာလို့ (၁၅၀၀) ရှိနေရတာလဲ၊ (၅၂၈) ဆိုတာကကော ဘာလို့ ဖြစ်လာရတာလဲ . . .။
ပူလောင်တဲ့ အချစ်မို့ ၁၅၀၀ ရှိတာက ထားပါတော့ . . . အေးမြတဲ့မေတ္တာကျမှ
ဘာလို့ ၅၂၈ ဆိုပြီး ကိုးလို့ကန့်လန့် လာဖြစ်နေရ တာလဲ ( ၅၀၀ ဆိုပြီး
ရှိနေရင် ပိုတောင် အေးမလားလို့လေ၊ နောက် အစွန်းထွက် ဂဏန်းလည်း မရှုပ်ဘူး)။

မထင်မှတ်ဘဲ ၁၅၀၀/၅၂၈ ဆိုတဲ့ ဂဏန်းတွေ ဘာလို့ အဲလို ဖြစ်နေရတာလဲ ဆိုတာကို
ဆရာမ "ဂျူး" ရေးတဲ့ "မျှော်လင့်ချက် နှင့် အခြား
မျက်နှာဖုံးဆောင်းပါးများ" စာအုပ်လေး ဖတ်လိုက်ရမှ အဖြေထွက်သွားတယ်။ အဲဒီ
၁၅၀၀ နဲ့ ၅၂၈ ဂဏန်းတွေ ဘယ်လို ရလာသလဲ ဆိုရင်တော့ အောက်ပါ အတိုင်း
ဖြစ်ပါတယ် -

၁။ ၁၅၀၀ အချစ် (သမီးရည်းစား အချစ်)


ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ် (၁၀) ပါးကတော့ အောက်ပါအတိုင်း
ဖြစ်ပါတယ် -


၁/ လောဘ ( တပ်မက်ခြင်း)
၂/ ဒေါသ (ကြမ်းတမ်းခြင်း)
၃/ မောဟ (တွေဝေခြင်း)
၎/ မာန (ထောင်လွှားခြင်း)
၅/ ဒိဋ္ဌိ ( မှားသော နှလုံးသွင်းခြင်း၊ အယူရှိခြင်း)
၆/ ဝိစိကိစ္ဆာ (အာရုံကို မဆုံးဖြတ်နိုင်ခြင်း)
၇/ ထိန (စိတ်၏ မခန့်ခြင်း)
၈/ ဥဒစ္စ (စိတ်၏ မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း)
၉/ အဟီရိက (ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း)
၁၀/ အနောတ္တပ္ပ (ကာယဒုစရိုက် ပြုရခြင်း၌ မလန့်ခြင်း)


အဲဒီ ကိလေသာ(၁၀)ပါးကို ရုပ် စုစုပေါင်းနဲ့ မြှောက်ရပါတယ်။
ရုပ်စုစုပေါင်းဆိုတာက -

- လက္ခဏာရုပ် (၄) ခု
- နိပ္ဖန္နရုပ် (၁၈) ခု
- နာမ် (၅၃) ပါး


ပေါင်းလိုက်ရင် (၇၅) ရပါတယ်။ အဲဒီ ရုပ်စုစုပေါင်း (၇၅)ကို ကိလေသာ(၁၀)ပါး
နဲ့ မြှောက်တော့ ၇၅၀။ အဲဒီမှာမှ အဇ္ဈတ္တ သဏ္ဍာန်၊ ဗဟိဒ္ဓ သဏ္ဍာန် ရယ်လို့
နှစ်ပါးရှိတဲ့ အတွက် (၂)နဲ့ ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ အတိုကောက်ကတော့
ဒီလိုလေးပါ -

( ကိလေသာ (၁၀) ပါး x ရုပ်စုစုပေါင်း (၇၅) ) x ၂ = ၁၅၀၀ အချစ်


၂။ ၅၂၈ မေတ္တာ (မိဘတို့၏ အချစ်)


မေတ္တာဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာ ရှိသင့်ရှိအပ်တဲ့ စိတ်သဘာဝ တစ်ခုပါပဲ။
မေတ္တာပို့ရာမှာ ပုဂ္ဂိုလ် (၁၂) ယောက်ကို ပို့ပါတယ်။
အဲဒါတွေကတော့ -

(၁) သဗ္ဗေသတ္တာ၊ (၂) သဗ္ဗေပါဏာ၊ (၃) သဗ္ဗေဘူတာ၊(၄) သဗ္ဗေပုဂ္ဂလာ၊ (၅) သဗ္ဗေအတ္တဘာဝ
ပရိယပ္ပန္န၊ (၆) သဗ္ဗေက္ကိထိယော၊ (၇) သဗ္ဗေပုရိသာ၊ (၈) သဗ္ဗေအရိယာ၊ (၉)
သဗ္ဗေအနရိယာ၊ (၁၀) သဗ္ဗေဒေဝါ၊ (၁၁) သဗ္ဗေမနုဿာ၊ (၁၂) သဗ္ဗေဝိနိပါနိကာ
တို့ဖြစ်ပါတယ်။


အဲဒီ ပုဂ္ဂိုလ် (၁၂)ပါးကို မေတ္တာ(၄)ပါး ပို့ပါတယ်၊ "အဝေရာဟောန္တု၊
အဗျာဘစ္ဆာဟောန္တု၊ အနီဃာ ဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု၊" တဲ့ . . .၊ ဒီတော့ (
၁၂ x ၄ = ၄၈ ရပါမယ်)။ ဒါက အရပ်မျက်နှာ အမည်မတပ်ဘဲ (မရည်မှန်းဘဲ) ပို့တဲ့
"အနောဒိတ္တာ" မေတ္တာအပါး လို့ ဆိုပါတော့ ။ အဲဒါကိုမှ ထပ်ပြီး
အရပ်မျက်နှာတွေနဲ့ အမည်တပ်ပြီး ထပ်ပို့ပါတယ်၊ အရပ် (၁၀)မျက်နှာ ရှိပါတယ် -


- အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ အရပ် (၄) မျက်နှာ။
- အရှေ့တောင်၊ အနောက်မြောက် ဆို့တဲ့ ထောင့် (၄) မျက်နှာ။
- အထက်နဲ့ အောက် (၂) မျက်နှာ ။

အဲဒီ အရပ်မျက်နှာတပ် ရည်မှန်းမှု့(၁၀)ခု နဲ့ စောစောက (၄၈) ကို
မြောက်လိုက်တော့ (၄၈၀) ရပါတယ်၊ အဲဒီ ရလာတဲ့ (၄၈၀)ကိုမှ ပထမဆုံး
မရည်မှန်းဘဲ ပို့ထားတဲ့ မေတ္တာအပါး (၄၈)ပါးကို ထပ်ပေါင်းကြည့် လိုက်တော့
(၅၂၈) ရယ်လို့ ဖြစ်လာပါတယ်။ အတိုကောက် ကတော့ ဒီလိုလေးပါ -

ပုဂ္ဂိုလ် (၁၂) ယောက် x မေတ္တာ(၄)ပါး = ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး]
(၄၈ x အရပ် (၁၀) မျက်နှာ ) + ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး] = ၅၂၈
မေတ္တာ

၁၅၀၀ အချစ်နဲ့ ၅၂၈ ကိုတော့ သိပါပြီ၊ ဒါပေမယ့် ဘယ်သူတွေမှာများ (၅၂၈)
မေတ္တာကို ထားနိုင်မလဲ မသိ တော့ပါ။ မိဘတွေအနေနဲ့ သားသမီးတွေကို
ချစ်တဲ့အချစ်ဟာ (၅၂၈) လို့ မသေချာပါဘူး (မဟုတ်ဖို့ များပါ တယ်)။
ဘာဖြစ်လို့လဲ ဆိုတော့ (၅၂၈) ဟာ အရမ်း မြင့်မြတ်လွန်း နေလို့ပါ၊ ဆရာမ
"ဂျူး" ကတော့ (၅၂၈) မေတ္တာရဲ့ သဘာဝကို မြတ်စွာဘုရားက တပည့်သာဝက ရဟန်းတွေ
အပေါ်ထားတဲ့ မေတ္တာမှာပဲ တွေ့ရတယ်လို့ ရေးထားပါတယ်။


တင်ပြသူ

ရောက်လုနီးမှ လက်ပန်းကျသလား?

October 28, 2013 at 10:43pm                                                        [နည်းပညာဆောင်းပါး]       

    မှတ်ချက်။    ။ "IDM မှာ ဟတ်ကော့ဖြစ်သွားလျှင်" လို့ ခေါင်းစဉ်တပ်မလို့ပဲ။
ဒါပေမည့် ကိုယ်စိတ်ထဲရှိသလို ခေါင်းစဉ်တပ်ပလိုက်တယ်ဗျို....။


IDM နဲ့ ဆွဲနေရင်း ရလုနီးနီး၊ ၉၉.၉၉% မှာ ပြတ်ကျသွားသည်။ Resume မပေးလို့ အစက ပြန်ဆွဲရမယ်လို့ Error ပေးတာမျိုး ကြုံရဘူးပါသလား? ဤ ဘဒ္ဒကမ္ဘာ ဒန္တယာကြီးမှာ မကြုံဘူးသေးတဲ့သူရှိမယ်လို့ မထင်ပါ။ :)

အောက်က ပုံမှာ လေ့လာကြည့်ပါခင်ဗျာ။ ကိုမျိုးချစ် ဆီမှ ရယူလာပါတယ်။


image credit to ဦး မျိုး ချစ်

image credit to ဦး မျိုး ချစ်


မြင်ရတဲ့အတိုင်းပါပဲ။ Complete ဖြစ်လုဆဲဆဲ ၉၉.၉၉% မှာ ဂန့်သွားပါတယ်။ အစက ပြန်မဆွဲလို့ မဖြစ်တဲ့ အခြေအနေပါ။ ဘာတတ်နိုင်မလဲ။ လိုချင်ရင် အစက ပြန်ဆွဲရပေမပေါ့။  resume ပြန်ဆွဲမယ်ကြံရင် resume မရတဲ့အတွက် ဖျက်ပြီး တစ်ကပြန်စမလား မေးပါလိမ့်မယ်။ Yes / OK ပေးလိုက်ရင် ဆွဲပြီးသမျှကို ခဝါချပြီး အသစ်တစ်ခု တစ်ကစ ပြန်ဆွဲချပါလိမ့်မယ်။ မိတ်ဆွေ OK လုပ်လိုက်မလား?


ဟိုးထား - ဟိုးထား ဆရာ ဟိုးထား


အိုကေ မလုပ်ပါနဲ့ဦး။ မဖျက်လိုက်ပါနဲ့ဦး။ ဒီလို အခြေအနေမှာ နှမြောစရာ ကောင်းပါတယ်။ ဆွဲလက်စ ဖိုင် ရဲ့ အနေအထား ကို ပြန် သုံးသပ်သင့်ပါတယ်။ ၉၉.၉၉% တဲ့။ ပြီးပဲ ပြီးတော့မယ်။ နောက် bit အနည်းငယ် ရတာနဲ့ ၁၀၀% ပြီးသွားနိုင်ပါပြီ။


ဒါ့ကြောင့်... ကျနော်တို့ ဆွဲပြီးသမျှနဲ့ သုံးလို့ ရ၊ မရ စမ်းသပ်ကြည့်သင့်ပါတယ်။


*** ဥပမာ။  မူဗွီဖိုင်ဆိုရင် အဆုံးသတ် စာတမ်းထိုး THE END OF THE VERY END ပဲ ကျန်တော့တာ။ ဒါကို လက်ခံပြီး ကြည့်နိုင်တာပဲ။ ဒီလို အခြေအနေမျိုးမှာဆိုရင် ၀% က ပြန်စဆွဲဘို့ လုံးဝ မလိုအပ်ပါဘူး။ ၈၀% ပဲ ဖြစ်ဖြစ် ဆွဲပြီးသလောက်တော့ ကြည့်ချင် ကြည့်နိုင်ပါတယ်။ ထောက်ခံတယ်မလား။ အိုကေ - ထောက်ခံရင် ဆက်ပြောပြမယ်။ မထောက်ခံရင် မဖတ်နဲ့တော့ ဖတ်ရင် အချိန်ကုန်တယ်။ ၀% က ပြန်စဆွဲဘို့ အချိန်ပေးလိုက်ပါလေ။ ;)

တကယ်တော့ ဒီ trick ကို မွေးရာပါ တတ်လာတာ မဟုတ်ပါဘူး။ ကွန်ပျူတာနှင့် နည်းပညာဆိုင်ရာ အမေးအဖြေ ဆွေးနွေးခန်းမှာ မျှဝေနေတဲ့ နည်းပညာဆရာကြီးများထံက တဆင့် ရယူ၍ ဖောက်သည်ချခြင်း ဖြစ်ပါတယ်။

၁) ပထမဦးစွာလုပ်ရမှာက ဆွဲလက်စ ဂန့်သွားတဲ့ ဖိုင်အမည် သိထားရပါမယ်။ ဘယ်လိုသိနိုင်မလဲ ? IDM ကနေ ၎င်းဖိုင်ကို ရွေးပြီး Right Click ခေါက်၊ Properties ရွေးလိုက်ပါ။ Save to အကွက်ပါ File Name ပါလာပါမယ်။ ကော်ပီကူးယူလိုက်ပါ။ အောက်က ပုံမှာ Right Click ခေါက်ရန် နေရာ ပြထားပါတယ်။

ဆွဲလက်စ ဂန့်သွားတဲ့ ဖိုင်အမည်ရှာရန်
ဆွဲလက်စ ဂန့်သွားတဲ့ ဖိုင်အမည်ရှာရန်


၂) ဒုတိယအဆင့်က ဂန့်သွားတဲ့ ဖိုင် (ယာယီဖိုင်) ဘယ်နားမှာ ထားသလဲ ဖော်ထုတ်ရပါမယ်။ IDM က ပရိသတ်မျက်စိနောက်မစိုးလို့ ဆွဲလက်စဖိုင်တွေကို မပြပါဘူး။ ဖွက်ထားပါတယ်။ ဒါ့ကြောင့် ရှာရပါမယ်။ IDM - Option ကို နှိပ်လိုက်ပါ။ Save To ကနေ Temporary Directory ကို မြင်ရပါမယ်။ အောက်က ပုံမှာ Temporary Directory ကို နေရာ ပြထားပါတယ်။

ဂန့်သွားတဲ့ ဖိုင် (ယာယီဖိုင်) ဘယ်နားမှာ ထားသလဲ ဖော်ထုတ်ရန်
ဂန့်သွားတဲ့ ဖိုင် (ယာယီဖိုင်) ဘယ်နားမှာ ထားသလဲ ဖော်ထုတ်ရန်


၃) တတိယအဆင့်က ဂန့်သွားတဲ့ ဖိုင် (ယာယီဖိုင်) ကို ဖော်ထုတ်ပါမယ်။ Temporary Directory ကို Windows Explorer ကနေ ဝင်လိုက်ပါ။ ဥပမာ C:\Users\CurrentUserName\AppData\Roaming\IDM\ လိုနေရာမျိုးပေါ့။

Search Box ကနေ ဂန့်သွားတဲ့ ဖိုင် (ယာယီဖိုင်) အမည်ကို ရိုက်ရှာလိုက်ပါ။ ဒါဆို တွေ့ပါပြီ။

Search Box ကနေ ဂန့်သွားတဲ့ ဖိုင် (ယာယီဖိုင်) အမည်ကို ရိုက်ရှာရန်
Search Box ကနေ ဂန့်သွားတဲ့ ဖိုင် (ယာယီဖိုင်) အမည်ကို ရိုက်ရှာရန်


အကယ်၍ တွေ့တဲ့ ဖိုင်က အသုံးမတည့်လည်း အရှုံးမရှိပါဘူး။ ၀% က ပြန် စမဆွဲခင် စမ်းသပ်ကြည့်သင့်တဲ့ နည်းဖြစ်ပါတယ်။ မြန်မာပြည်က မပုတု နဲ့ အီးပီစီကြောင့် စိတ်ညစ်ရတဲ့ ဒုက္ခ၊ ဟတ်ကော့ဖြစ်ရတဲ့ ဒုက္ခက ကင်းဝေးကြပါစေကြောင်း ....

တင်ပြသူ Lu Zein  ( မြန်မာ့ အရုဏ်သစ် )
28-Oct-2013

Facebook ကျင့်ဝတ် ဆောင်ရန်-ရှောင်ရန် များ


 

Facebook ကျင့်ဝတ် ဆောင်ရန်-ရှောင်ရန် များ
၁)
ဆောင်ရန်။ နှစ်ကိုယ်ကြား ကိုယ်ရေးကိုယ်တာကိစ္စများ Wall-Timeline ပေါ်တွင် မရေးပဲ Chat / Private Message ပို့၍သာ ပြောရန်
သင့်တွင် လျှို့ဝှက်ချက်များ ဖောက်သည်ချလိုစိတ် ရှိနိုင်သည်။ ဒါကို စောဒက မတက်လိုပါ။ သို့သော် ကာယကံရှင်များ နစ်နာမည့် အရေးကိုလည်း နည်းနည်းတွေးပေးလိုက်ပါ။ ဥပမာ။ သင့်ဆီ အလည်လာသော မိတ်ဆွေများ မူးရူးနေပုံကို သင့်စာမျက်နှာတွင် တင်လိုက်သင့်ပါသလား ?
သူတို့ မူးရူးနေကြသည်ဆိုသော်လည်း လူပုံအလယ်တွင် မူးရူးနေခြင်း မဟုတ်၊ စိတ်ချ လုံခြုံသော သင်၏အိမ် တနေရာတွင် မူးရူးနေခဲ့ခြင်းသာ ဖြစ်သည်။ နံရံတွင် နားရှိသည်။ Facebook Wall တွင်လည်း နားပေါင်း များစွာ ရှိလေသည်။

၂)
ဆောင်ရန်။ ပို့စ်မတင်ခင် တင်သင့်၊ မတင်သင့် သေချာစဉ်းစားပါ။
သင့်တွင် Friends ပေါင်း ရာချီ၍ ရှိနေနိုင်သည်။ ၎င်းတို့ လူချင်းမတူ အသက်ရှူခြင်းလည်း မတူပါ။ ရေမြေ၊ နောက်ခံအကြောင်းချင်းရာ၊ အလုပ်အကိုင်၊ ယုံကြည်ကိုးကွယ်မှု၊ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထား စသည် ကွဲပြားနေကြပါမည်။ ကိုယ်တင်လိုက်သည့် ပို့စ်သည် မိမိအတွက် ဘာမှ ထိခိုက်မှု မရှိသော်လည်း ၎င်းတို့ အမြင်တွင် ထိခိုက်သွားနိုင်သည်။ မိမိပို့စ်ကို အထင်မလွဲစေရန် ဘက်ပေါင်းစုံ စဉ်းစား၍ တင်သင့်မှ တင်ပါ။

၃)
ဆောင်ရန်။ အရေးကြီး သတင်း၊ ကိစ္စများ ပို့စ်တင်၍ မပြောပဲ ဖုန်းဆက်ပေးလိုက်ပါ။

ဒါကတော့ ဖေ့စ်ဘုတ်ကျင့်ဝတ်လို့ ပြောရမည့်အစား လူမှုကျင့်ဝတ် တစ်ခုပါပဲ။ မိတ်ဆွေနှင့် ၎င်း၏မိသားစုထံ အရေးကြီး သတင်း၊ ကိစ္စများ (ဥပမာ နာရေး) ပြောရန် ရှိလာပါက လူအများမြင်အောင် ပို့စ် မတင်ပဲ ဖုန်းနဲ့ ချက်ချင်း ဆက်သွယ်ပေးလိုက်ပါ။ ဖုန်းဆက်မရ၍ အကြောင်းပြပြီး SMS နဲ့ သတင်းမေးခြင်း မလုပ်ရပါ။ ရိုင်းသွားတတ်ပါသည်။

၎)
ဆောင်ရန်။ ကွန်းမန့်ထဲတွင် မိမိအတွက် မေးခွန်းပါလာပါက ဖြေပေးရပါမည်။
မိမိတင်လိုက်သော ပို့စ်အား မိတ်ဆွေများက ဖတ်၍ ကွန်းမန့် ပေးခြင်း Like လုပ်ခြင်း ပြုကြလိမ့်မည်။ ထိုအခါ မိမိ ဘက်မှ ပြန်၍ ၎င်းကို အသိအမှတ်ပြုကြောင်း ကွန်းမန့် ပြန်ပေးရပါမည်။ အထူးသဖြင့် ကွန်းမန့်တွင် မိမိအတွက် မေးခွန်းပါလာပါက ဖြေပေးရပါမည်။ ဒါ ကိုယ့်ကို ကွန်းမန့်ပေးသည့် မိတ်ဆွေများကို လေးစားသမှုပြုခြင်းပင် ဖြစ်ပါသည်။

၅)
ဆောင်ရန်။ နေရာတကာ ကွန်းမန့် လိုက်ပေးခြင်း ဆင်ခြင်ပါ။
ခြွင်းချက်။ မိမိ စိတ်ဝင်စားနေသော သူမှ လွဲ၍ ဖြစ်ပါသည်။
နေရာတကာ ကွန်းမန့် လိုက်ပေးသည့် အကျင့်ကို ပြင်ပါ။ မိတ်ဆွေများ၏ Wall ကို ဝင်ကြည့်သည့် အကျင့် Facebook သုံးသူတိုင်းတွင် ရှိသည်။ ဒါပေမည့် ပို့စ်တိုင်းတွင် ကွန်းမန့် လိုက်မရေးပါနှင့်။ မကောင်းသော အလေ့အကျင့် ဖြစ်ပါသည်။ နေရာတကာ ကွန်းမန့်လိုက်ရေးသူကို “pest” ဟု ခေါ်ကြပါသည်။

မှတ်ချက်။
အပြောအဆို ဆင်ခြင်ပါ။


Facebook သည် စာရေးဆက်သွယ်သည့် နေရာ ဖြစ်သော်လည်း စာထဲတွင် လေသံကော ဟန်ပန်ကော ရောပါနေတတ်သည်။ စာဖတ်ကြည့်ရုံဖြင့် သင်သည် ထေ့၊ ငေါတတ်သူလားဟု ထင်ခံရနိုင်သည်။ လူတိုင်းတွင် ကိုယ်ပိုင်အမူအရာနှင့် ဟန်များရှိကြသည်။ ၎င်းသည် စာမှတဆင့် မြင်တွေ့နိုင်လေသည်။
သံသယများကို ခြေဖျက်ရန် နည်းလမ်း တစ်ခု ရှိလေသည်။ ၎င်းမှာ အပြုံး ပင် ဖြစ်သည်။ သင်္ကေတအားဖြင့် :)  ဖြစ်သည်။ အကန့်အသတ်ဖြင့် သုံးပါက တင်းမာမှုများ ပြေပျောက်နိုင်သည်။ ထို့ကြောင့် သင်လည်း ပြုံးပါ။ ကမ္ဘာကြီးက ပြန်ပြုံးပြပါလိမ့်မည်။  :)

Don’ts ရှောင်ရန်
၁)
ရှောင်ရန်။ လူစိမ်းများကို မိတ်လိုက်ဖွဲ့ခြင်း ဆင်ခြင်ပါ။

အချို့သူများတွင် Friends အရေအတွက် များများရအောင် လုပ်ချင်စိတ် ရှိကြသည်။ ပြင်ပရှိ မိတ်ဆွေအရေအတွက်ထက် Facebook တွင် Friends အရေအတွက် များနေတတ်တာတော့ မထူးဆန်းပေမည့်။ လူစိမ်းများကို မိတ်လိုက်ဖွဲ့ခြင်းကတော့ ကောင်းသော အမူအကျင့် မဟုတ်ပါချေ။ ဒါကို ဆင်ခြင်လိုက်ရုံဖြင့် သင့်အပေါ် မကောင်းမြင်မှု လျော့ကျသွားမည်။ အမှန်က ဒီလို မကောင်းမြင်မခံရခြင်းကပ သင် အဖြစ်ချင်ဆုံး ကိစ္စပဲ မဟုတ်ပါလား။

၂)
ရှောင်ရန်။ ပုံဆိုးပန်းဆိုးများ (‘Unglam’ Shots ) တွင် မိတ်ဆွေများကို တက်ဂ် Tag ခြင်း
ယောင်္ကျားလေးများအတွက် မမှုလောက်သော ကိစ္စဖြစ်နိုင်ပေမည့်၊ မိန်းခလေးများအတွက်တော့ အလွန်ရေးကြီးခွင်ကျယ်ကိစ္စ ဖြစ်ပါသည်။ ကျကျနန ဆတက်တင်ချိန်ရိုက်သော ပုံပင်ဖြစ်သော်ငြား ‘Unglam’ Shots ဖြစ်ပါက မတင်ပါနဲ့။

၃)
ရှောင်ရန်။ Status တင်လွန်းခြင်း
သင့် Newsfeed / Noti ကို သင်စစ်ကြည့်ချိန်တွင် လူတစ်ဦးတည်းက သူ့ Status နဲ့တင် ပြည့်နေသည် ဆိုပါစို့။ (၁၀) မိနစ် တစ်ခါ သူဘာလုပ်နေသည်ကို တောက်လျောက် တင်နေသည်ကို မြင်နေရသည် ဆိုပါစို့။ သင် ဘာလုပ်မည်နည်း။ သူ့ status များကို Noti မတက်စေရန် သင် ဆုံးဖြတ်ပေလိမ့်မည်။ ဒီလို အဖြစ်မျိုး ကြုံဘူးကြမယ် ထင်ပါသည်။ အလွန် အာရုံနောက်သော ကိစ္စပင် ဖြစ်ပါသည်။ ဘယ်သူမှ သူများတကာ ၁၀ မိနစ်ခြားတစ်ခါ ဘာလုပ်သလဲ မသိလိုကြပါ။ ၎င်းအစား မိမိ၏ Noti တွင် မိတ်ဆွေတိုင်း၏ ရေးကြီးခွင်ကျယ်ကိစ္စများသာ မြင်လိုကြပါသည်။

၎)
ရှောင်ရန်။ အလုပ်ကိစ္စ ပေါက်ကွဲပြခြင်း
Facebook သည် နှစ်ဘက်ချွန် ဓားသွား ဖြစ်သည်။ mutual friendships မှတဆင့် သင့်မိတ်ဆွေ၏ မိတ်ဆွေ၏ မိတ်ဆွေလည်း သင့် Status ကို ဖတ်ခွင့် ရနေနိုင်သည်။ ဒီလို ဖတ်ခွင့်ရခြင်းဟာ တခါတရံကောင်းသော်လည်း တခါတရံမှာ သင်မသိပဲ သင့် Information များကို သူများ အလွယ်တကူ ရယူနိုင်လေသည်။ သူများ မဖတ်အောင် privacy settings ကို မည်မျှ မြှင့်သည် ဆိုစေကာမူ သင် ပြဿနာ မတက်ချင်ဆုံး သူများ (ဥပမာ။ ဘော့ဇ်၊ လုပ်ဘော်ကိုင်ဘက်များ) ဆီ နောက်ဆုံး သင့် Status ရောက်သွားနိုင်သည်။ ထို့ကြောင့် ပေါက်ကွဲတော့မည်ဆိုရင် တခြားနေရာ သွားပေါက်ကွဲပါ။ Facebook ပေါ်တွင် မပေါက်ကွဲပါနှင့်။

၅)
ရှောင်ရန်။ မြှောက်တိုင်း ခြောက်တိုင်း လိုက်မရှဲပါနှင့်။
ဒီစာရရင် လူဘယ်နှစ်ယောက်ကို ပြန်ရှဲပါ။ မရှဲရင် သင်ဘာဖြစ်မယ် ညာဖြစ်မယ်။ စသည့်စာမျိုး၊ ဒီပုံကလေး Like / Share လုပ်ရင် ဘယ်ကုမ္ပဏီကြီးက ပုံထဲက ကလေးအတွက် တစ်ခါရှဲ တစ်ဒေါ်လာ ပေးမည်စသည့်စာမျိုး သင် ရဘူးပါသလား။ မရှဲရ မနေနိုင်အောင် ရေးထားသော စာများကို လက်ခံရရှိသော် လုံးဝ ပြန်မရှဲပါနှင့်။ ကောင်းကျိုးပေမည့် စာများ မဟုတ်ပဲ၊ အရူးထ၍ ရေးသော စာများသာ ဖြစ်ပါသည်။ သင့် စိတ်ကို မကောင်းဖြစ်စေပြီး သင့်ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတတ်သော စာများသာ ဖြစ်ပါသည်။


မှတ်ချက် ။
သူများ ဒေါသထွက်အောင် မလှုံ့ဆော်ပါနှင့်။ မီးမရှို့ပါနှင့်။


လူတိုင်းတွင် မိမိအမြင်ကို လွတ်လပ်စွာ အင်တာနက်တွင် တင်ပြ ဖော်ထုတ်ခွင့်ရှိသည်။ သို့သော် မိမိအမြင်နှင့် မတူသူများ မိမိနှင့် မတည့်သူများ နောက်ကောက်ကျ ရှုံးနိမ့်အောင် လုပ်ရန် နေရာ မဟုတ်ပါ။ သူတို့၏ လွတ်လပ်ခွင့်ကိုလည်း မိမိက ပြန်လေးစားရမည် ဖြစ်ပါသည်။
အချို့သူများသည် မိမိနှင့် အယူအဆ မတူသော မိမိမိတ်ဆွေ၏ မိတ်ဆွေ၏ ရေးသားချက်ကို လွန်ကဲစွာ တုံ့ပြန်တိုက်ခိုက်မှု ပြုတတ်ကြသည်။ ၎င်းအမူအကျင့်မှာ မိမိကိုယ်တိုင်ကိုကော မိမိမိတ်ဆွေကိုပါ သိက္ခာကျစေသော အမူအကျင့်ပင် ဖြစ်သည်။ မိမိရေးသော စာများ အပြုသဘောဆောင်သော ကောင်းသောစာများ ဖြစ်ပါက သူများကို မပုတ်ခတ် မတိုက်ခိုက်မိရန် အလေးထား ရေးစေလိုပါသည်။ မိမိကြောင့် သူများတကာ စိတ်မငြစ်နူးပါစေနှင့်။

Essential Facebook Etiquette: 10 Dos and Don'ts မှ ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။


အပေါ်က စာနှင့် အတူတူ ဖြစ်ပါသည်။ ဇယားဖြင့် ဖော်ပြလိုက်ပါသည်။

Facebook ကျင့်ဝတ် ဆောင်ရန်-ရှောင်ရန် များ

DO ဆောင်ရန်
Don'ts ရှောင်ရန်
ဆောင်ရန်။ နှစ်ကိုယ်ကြား ကိုယ်ရေးကိုယ်တာကိစ္စများ Wall-Timeline ပေါ်တွင် မရေးပဲ Chat / Private Message ပို့၍သာ ပြောရန်
သင့်တွင် လျှို့ဝှက်ချက်များ ဖောက်သည်ချလိုစိတ် ရှိနိုင်သည်။ ဒါကို စောဒက မတက်လိုပါ။ သို့သော် ကာယကံရှင်များ နစ်နာမည့် အရေးကိုလည်း နည်းနည်းတွေးပေးလိုက်ပါ။ ဥပမာ။ သင့်ဆီ အလည်လာသော မိတ်ဆွေများ မူးရူးနေပုံကို သင့်စာမျက်နှာတွင် တင်လိုက်သင့်ပါသလား ?
သူတို့ မူးရူးနေကြသည်ဆိုသော်လည်း လူပုံအလယ်တွင် မူးရူးနေခြင်း မဟုတ်၊ စိတ်ချ လုံခြုံသော သင်၏အိမ် တနေရာတွင် မူးရူးနေခဲ့ခြင်းသာ ဖြစ်သည်။ နံရံတွင် နားရှိသည်။ Facebook Wall တွင်လည်း နားပေါင်း များစွာ ရှိလေသည်။
ရှောင်ရန်။ လူစိမ်းများကို မိတ်လိုက်ဖွဲ့ခြင်း ဆင်ခြင်ပါ။
အချို့သူများတွင် Friends အရေအတွက် များများရအောင် လုပ်ချင်စိတ် ရှိကြသည်။ ပြင်ပရှိ မိတ်ဆွေအရေအတွက်ထက် Facebook တွင် Friends အရေအတွက် များနေတတ်တာတော့ မထူးဆန်းပေမည့်။ လူစိမ်းများကို မိတ်လိုက်ဖွဲ့ခြင်းကတော့ ကောင်းသော အမူအကျင့် မဟုတ်ပါချေ။ ဒါကို ဆင်ခြင်လိုက်ရုံဖြင့် သင့်အပေါ် မကောင်းမြင်မှု လျော့ကျသွားမည်။ အမှန်က ဒီလို မကောင်းမြင်မခံရခြင်းကပ သင် အဖြစ်ချင်ဆုံး ကိစ္စပဲ မဟုတ်ပါလား။
ဆောင်ရန်။ ပို့စ်မတင်ခင် တင်သင့်၊ မတင်သင့် သေချာစဉ်းစားပါ။
သင့်တွင် Friends ပေါင်း ရာချီ၍ ရှိနေနိုင်သည်။ ၎င်းတို့ လူချင်းမတူ အသက်ရှူခြင်းလည်း မတူပါ။ ရေမြေ၊ နောက်ခံအကြောင်းချင်းရာ၊ အလုပ်အကိုင်၊ ယုံကြည်ကိုးကွယ်မှု၊ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထား စသည် ကွဲပြားနေကြပါမည်။ ကိုယ်တင်လိုက်သည့် ပို့စ်သည် မိမိအတွက် ဘာမှ ထိခိုက်မှု မရှိသော်လည်း ၎င်းတို့ အမြင်တွင် ထိခိုက်သွားနိုင်သည်။ မိမိပို့စ်ကို အထင်မလွဲစေရန် ဘက်ပေါင်းစုံ စဉ်းစား၍ တင်သင့်မှ တင်ပါ။
ရှောင်ရန်။ ပုံဆိုးပန်းဆိုးများ ('Unglam' Shots ) တွင် မိတ်ဆွေများကို တက်ဂ် Tag ခြင်း
ယောင်္ကျားလေးများအတွက် မမှုလောက်သော ကိစ္စဖြစ်နိုင်ပေမည့်၊ မိန်းခလေးများအတွက်တော့ အလွန်ရေးကြီးခွင်ကျယ်ကိစ္စ ဖြစ်ပါသည်။ ကျကျနန ဆတက်တင်ချိန်ရိုက်သော ပုံပင်ဖြစ်သော်ငြား 'Unglam' Shots ဖြစ်ပါက မတင်ပါနဲ့။
ဆောင်ရန်။ အရေးကြီး သတင်း၊ ကိစ္စများ ပို့စ်တင်၍ မပြောပဲ ဖုန်းဆက်ပေးလိုက်ပါ။

ဒါကတော့ ဖေ့စ်ဘုတ်ကျင့်ဝတ်လို့ ပြောရမည့်အစား လူမှုကျင့်ဝတ် တစ်ခုပါပဲ။ မိတ်ဆွေနှင့် ၎င်း၏မိသားစုထံ အရေးကြီး သတင်း၊ ကိစ္စများ (ဥပမာ နာရေး) ပြောရန် ရှိလာပါက လူအများမြင်အောင် ပို့စ် မတင်ပဲ ဖုန်းနဲ့ ချက်ချင်း ဆက်သွယ်ပေးလိုက်ပါ။ ဖုန်းဆက်မရ၍ အကြောင်းပြပြီး SMS နဲ့ သတင်းမေးခြင်း မလုပ်ရပါ။ ရိုင်းသွားတတ်ပါသည်။
ရှောင်ရန်။ Status တင်လွန်းခြင်း
သင့် Newsfeed / Noti ကို သင်စစ်ကြည့်ချိန်တွင် လူတစ်ဦးတည်းက သူ့ Status နဲ့တင် ပြည့်နေသည် ဆိုပါစို့။ (၁၀) မိနစ် တစ်ခါ သူဘာလုပ်နေသည်ကို တောက်လျောက် တင်နေသည်ကို မြင်နေရသည် ဆိုပါစို့။ သင် ဘာလုပ်မည်နည်း။ သူ့ status များကို Noti မတက်စေရန် သင် ဆုံးဖြတ်ပေလိမ့်မည်။ ဒီလို အဖြစ်မျိုး ကြုံဘူးကြမယ် ထင်ပါသည်။ အလွန် အာရုံနောက်သော ကိစ္စပင် ဖြစ်ပါသည်။ ဘယ်သူမှ သူများတကာ ၁၀ မိနစ်ခြားတစ်ခါ ဘာလုပ်သလဲ မသိလိုကြပါ။ ၎င်းအစား မိမိ၏ Noti တွင် မိတ်ဆွေတိုင်း၏ ရေးကြီးခွင်ကျယ်ကိစ္စများသာ မြင်လိုကြပါသည်။
ဆောင်ရန်။ ကွန်းမန့်ထဲတွင် မိမိအတွက် မေးခွန်းပါလာပါက ဖြေပေးရပါမည်။
မိမိတင်လိုက်သော ပို့စ်အား မိတ်ဆွေများက ဖတ်၍ ကွန်းမန့် ပေးခြင်း Like လုပ်ခြင်း ပြုကြလိမ့်မည်။ ထိုအခါ မိမိ ဘက်မှ ပြန်၍ ၎င်းကို အသိအမှတ်ပြုကြောင်း ကွန်းမန့် ပြန်ပေးရပါမည်။ အထူးသဖြင့် ကွန်းမန့်တွင် မိမိအတွက် မေးခွန်းပါလာပါက ဖြေပေးရပါမည်။ ဒါ ကိုယ့်ကို ကွန်းမန့်ပေးသည့် မိတ်ဆွေများကို လေးစားသမှုပြုခြင်းပင် ဖြစ်ပါသည်။
ရှောင်ရန်။ အလုပ်ကိစ္စ ပေါက်ကွဲပြခြင်း
Facebook သည် နှစ်ဘက်ချွန် ဓားသွား ဖြစ်သည်။ mutual friendships မှတဆင့် သင့်မိတ်ဆွေ၏ မိတ်ဆွေ၏ မိတ်ဆွေလည်း သင့် Status ကို ဖတ်ခွင့် ရနေနိုင်သည်။ ဒီလို ဖတ်ခွင့်ရခြင်းဟာ တခါတရံကောင်းသော်လည်း တခါတရံမှာ သင်မသိပဲ သင့် Information များကို သူများ အလွယ်တကူ ရယူနိုင်လေသည်။ သူများ မဖတ်အောင် privacy settings ကို မည်မျှ မြှင့်သည် ဆိုစေကာမူ သင် ပြဿနာ မတက်ချင်ဆုံး သူများ (ဥပမာ။ ဘော့ဇ်၊ လုပ်ဘော်ကိုင်ဘက်များ) ဆီ နောက်ဆုံး သင့် Status ရောက်သွားနိုင်သည်။ ထို့ကြောင့် ပေါက်ကွဲတော့မည်ဆိုရင် တခြားနေရာ သွားပေါက်ကွဲပါ။ Facebook ပေါ်တွင် မပေါက်ကွဲပါနှင့်။
ဆောင်ရန်။ နေရာတကာ ကွန်းမန့် လိုက်ပေးခြင်း ဆင်ခြင်ပါ။
ခြွင်းချက်။ မိမိ စိတ်ဝင်စားနေသော သူမှ လွဲ၍ ဖြစ်ပါသည်။
နေရာတကာ ကွန်းမန့် လိုက်ပေးသည့် အကျင့်ကို ပြင်ပါ။ မိတ်ဆွေများ၏ Wall ကို ဝင်ကြည့်သည့် အကျင့် Facebook သုံးသူတိုင်းတွင် ရှိသည်။ ဒါပေမည့် ပို့စ်တိုင်းတွင် ကွန်းမန့် လိုက်မရေးပါနှင့်။ မကောင်းသော အလေ့အကျင့် ဖြစ်ပါသည်။ နေရာတကာ ကွန်းမန့်လိုက်ရေးသူကို "pest" ဟု ခေါ်ကြပါသည်။
ရှောင်ရန်။ မြှောက်တိုင်း ခြောက်တိုင်း လိုက်မရှဲပါနှင့်။
ဒီစာရရင် လူဘယ်နှစ်ယောက်ကို ပြန်ရှဲပါ။ မရှဲရင် သင်ဘာဖြစ်မယ် ညာဖြစ်မယ်။ စသည့်စာမျိုး၊ ဒီပုံကလေး Like / Share လုပ်ရင် ဘယ်ကုမ္ပဏီကြီးက ပုံထဲက ကလေးအတွက် တစ်ခါရှဲ တစ်ဒေါ်လာ ပေးမည်စသည့်စာမျိုး သင် ရဘူးပါသလား။ မရှဲရ မနေနိုင်အောင် ရေးထားသော စာများကို လက်ခံရရှိသော် လုံးဝ ပြန်မရှဲပါနှင့်။ ကောင်းကျိုးပေမည့် စာများ မဟုတ်ပဲ၊ အရူးထ၍ ရေးသော စာများသာ ဖြစ်ပါသည်။ သင့် စိတ်ကို မကောင်းဖြစ်စေပြီး သင့်ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတတ်သော စာများသာ ဖြစ်ပါသည်။

မှတ်ချက် အပြောအဆို ဆင်ခြင်ပါ။
Facebook သည် စာရေးဆက်သွယ်သည့် နေရာ ဖြစ်သော်လည်း စာထဲတွင် လေသံကော ဟန်ပန်ကော ရောပါနေတတ်သည်။ စာဖတ်ကြည့်ရုံဖြင့် သင်သည် ထေ့၊ ငေါတတ်သူလားဟု ထင်ခံရနိုင်သည်။ လူတိုင်းတွင် ကိုယ်ပိုင်အမူအရာနှင့် ဟန်များရှိကြသည်။ ၎င်းသည် စာမှတဆင့် မြင်တွေ့နိုင်လေသည်။
သံသယများကို ခြေဖျက်ရန် နည်းလမ်း တစ်ခု ရှိလေသည်။ ၎င်းမှာ အပြုံး ပင် ဖြစ်သည်။ သင်္ကေတအားဖြင့် :) J ဖြစ်သည်။ အကန့်အသတ်ဖြင့် သုံးပါက တင်းမာမှုများ ပြေပျောက်နိုင်သည်။ ထို့ကြောင့် သင်လည်း ပြုံးပါ။ ကမ္ဘာကြီးက ပြန်ပြုံးပြပါလိမ့်မည်။  :)
မှတ်ချက် သူများ ဒေါသထွက်အောင် မလှုံ့ဆော်ပါနှင့်။ မီးမရှို့ပါနှင့်။
လူတိုင်းတွင် မိမိအမြင်ကို လွတ်လပ်စွာ အင်တာနက်တွင် တင်ပြ ဖော်ထုတ်ခွင့်ရှိသည်။ သို့သော် မိမိအမြင်နှင့် မတူသူများ မိမိနှင့် မတည့်သူများ နောက်ကောက်ကျ ရှုံးနိမ့်အောင် လုပ်ရန် နေရာ မဟုတ်ပါ။ သူတို့၏ လွတ်လပ်ခွင့်ကိုလည်း မိမိက ပြန်လေးစားရမည် ဖြစ်ပါသည်။
အချို့သူများသည် မိမိနှင့် အယူအဆ မတူသော မိမိမိတ်ဆွေ၏ မိတ်ဆွေ၏ ရေးသားချက်ကို လွန်ကဲစွာ တုံ့ပြန်တိုက်ခိုက်မှု ပြုတတ်ကြသည်။ ၎င်းအမူအကျင့်မှာ မိမိကိုယ်တိုင်ကိုကော မိမိမိတ်ဆွေကိုပါ သိက္ခာကျစေသော အမူအကျင့်ပင် ဖြစ်သည်။ မိမိရေးသော စာများ အပြုသဘောဆောင်သော ကောင်းသောစာများ ဖြစ်ပါက သူများကို မပုတ်ခတ် မတိုက်ခိုက်မိရန် အလေးထား ရေးစေလိုပါသည်။ မိမိကြောင့် သူများတကာ စိတ်မငြစ်နူးပါစေနှင့်။


Essential Facebook Etiquette: 10 Dos and Don'ts မှ ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ရော သ မ မွှေ ဖောင့်

January 16, 2014 at 1:25am

 

ဖောင့်ဆက်တင်ချိန်မရတဲ့ ဆော့ဝဲမှာ ကိုယ်မြင်ချင်တဲ့ ဖောင့်က လေးထောင့်အတုံးတွေပဲ ဖြစ်နေတယ် ဆိုရင် ...

 

ဒီဆောင်းပါးကို ပညာရှင်တွေ မြင်ရင် ထိုင်ငိုမလား မသိဘူး။ Lu Zein မင်းကွာ မဟုတ်တရုတ်လုပ်ချလိုက်ပြန်ပြီလို့ ကွန်းမန့် ပေးကောင်း ပေးလိမ့်မယ်။ (တရုတ်စပ်တဲ့ သူငယ်ချင်းများ ဖတ်မိရင် ဆောရီးပါ)

 

ကျနော် ခု ပြောပြမှာက ဖောင့် တစ်ခုနဲ့ တစ်ခု ရောမွှေနည်း ဖြစ်ပါတယ်။

 

ဇော်ဂျီပေါ်ကာစ ယူနီကုတ် မြင်းရိုင်း ဇောင်းက လွတ်ချိန်ကို မှတ်မိကြမလား မသိဘူး။ တစ်ချက်လောက် ပြန်သွားကြည့်ရအောင် ...။ အဲ့တုန်းကဆို ASCII ဖောင့်တွေ ဖြစ်တဲ့ ဝင်းအင်းဝ၊ CE, Gandamar စတာတွေနဲ့ PageMaker နဲ့ နပန်းလုံးနေရာကနေ အင်္ဂလိပ်စာထဲ မြန်မာလိုပါ တန်းပေါ်အောင် လုပ်လို့ ရတဲ့ ခေတ်ဖြစ်ထွန်းကာစ ကာလပေါ့။ ဇော်ဂျီဖောင့်ပဲ ပီပီပြင်ပြင် ရှိသေးတယ်။ ဖောင့်လုပ်ပေးတဲ့ Developer နာမည်တော့ မမှတ်မိတော့ပါဘူး။

 

ထိုစဉ်က ဇော်ဂျီဖောင့် ပေါ်ပေမည့် ဆော့ဝဲတိုင်းမှာ မြန်မာလို မပေါ်သေးဘူး။ ပေါ်အောင် ဖောင့်ရွေးဘို့ နေရာ မပါတဲ့ ဆော့ဝဲတွေ ရှိပါတယ်။ အခုခေတ်နဲ့ ယှဉ်ပြောရင် Viber မှာ  ဖောင့် ဆက်တင်ချိန်ဘို့ နေရာ မပါတော့ မြင်ကွင်းမှာ ဇော်ဂျီဖောင့် အစား စာလေးထောင့်အတုံး လေးတွေပဲ တန်းစီ မြင်နေရသလိုပေါ့။ ဒီတော့ မဟုတ်တရုတ် ဘာလုပ်တယ် မှတ်သလဲ။ အဲ့ဒီ ဖောင့် ဆက်တင်ချိန်မရတဲ့ ဆော့ဝဲက ဘာဖောင့်ကို အဓိက သုံးနေသလဲ လိုက်ရှာတယ်။ ရှာလို့ တွေ့ရင် အဲ့ဖောင့်ထဲကို ဇော်ဂျီဖောင့်ထဲက Characters တွေ သွင်းထည့်ပစ်လိုက်တယ်။ အပ်ချလောင်းပဲ။ ခုန လေးထောင့်အတုံးတွေ အကုန် ဖတ်လို့ ရတဲ့ စာ ဖြစ်ကုန်ရော...။ ဟဲ ဟဲ။ ဗမာပီပီ ဥာဏ်နီဥာဏ်နက်ကတော့ တယ်များသကိုး။ ကော်ပီရိုက်နဲ့တော့ အသေငြိမည့် ကိန်းနေား။ ဖောင့်ပိုင်ရှင်သာသိသွားရင် ဒေါသထွက်ပြီး ထိုင်ငိုလိမ့်မယ်  :D

 

အခု ဘာလို့ ရေးရသလဲဆိုတော့ ကနေ့ မှတ်မှတ်ရရ ကွန်ပျူတာထဲကို Viber for Desktop ထည့်ကြည့်လိုက်တာ အလားတူ အဖြစ်ကြုံလိုက်လို့ပါပဲ။ ဖောင်ဆက်တင်ချိန်ဘို့ နေရာမပါဘူး။ ဗမာစာတွေက လေးထောင့်အတုံးတွေပဲ ဖြစ်နေတယ်။ ဒီတော့ လုပ်နေကျအတိုင်း သူသုံးတဲ့ဖောင့်ထဲကို ဇော်ဂျီဖောင့်ကို ရောသမမွှေလိုက်တယ်။ (အဲ... ရောသမမွှေဆိုတဲ့ စကားလုံးတော့ ကော်ပီရိုက် မရှိလောက်သေးပါဘူးနေား :D ) 

 

ဖောင့် ရောသမမွှေဘို့ ဘာတွေ လိုအပ်သလဲ ဆိုတော့...

 

၁) ဖောင့်ပြင်တဲ့ ဆော့ဝဲ

၂) ထည့်လိုတဲ့ဖောင့် (ဥပမာ ဇော်ဂျီ)

၃) အထည့်ခံရမည့်ဖောင့် (ဥပမာ Arial)

 

ဒီ (၃) ခုပါပဲ။

 

အသေးစိတ် ပြောပြပါမယ်။

 

၁) ဖောင့်ပြင်တဲ့ ဆော့ဝဲ (စာ သေချာ ဖတ်ပေးပါနေား။ ဖောင့်ပြင်တဲ့ဆော့ဝဲပါ။ အောက်ကမြင့်ပါတယ်။ ကျနော် အကြိုက်ဆုံးကတော့ FontCreator ပါပဲ။ အလွယ်တကူ ရှာမရရင် ဒီလင့်က ယူပါ။ rar ဖြည်ဘို့ ပတ်စ်ဝပ်ကတော့ mmit ဖြစ်ပါတယ်။

 

၂) ထည့်လိုတဲ့ဖောင့်

ဥပမာ ဇော်ဂျီ ဖောင့်ကလည်း မရှားပါဘူးနော်း။ စက်ထဲက C:/Windows/Fonts ထဲမှာ ရှိနေပါတယ်။

 

၃) အထည့်ခံရမည့်ဖောင့်

ဥပမာ Arial ဖောင့်ကလည်း မရှားပါဘူးနော်း။ စက်ထဲက C:/Windows/Fonts ထဲမှာ ရှိနေပါတယ်။

 

ဒါဆို ရောသမမွှေဘို့ စလိုက်ရအောင်။

(သတိ။    ။ ဘာကို ကလိ ကလိ။ မူရင်း မပျက်စီးရလေအောင် ၎င်း အထည့်ခံရမည့်ဖောင့် Arial ကို ဟတ်ဒစ်တစ်နေရာရာမှာ မှတ်မှတ်ရရ အရင် သိမ်းထားလိုက်ပါ။)

 

1) FontCreator ကို run လိုက်ပါ။ (Install လုပ်တာ, crack ဖိုင်နဲ့ လဲတာ ဗမာတွေ ကျွမ်းပြီးသားမို့ ကျော်ချလိုက်သည်)

 

 

2) Installed Fonts ထဲကနေ ထည့်လိုတဲ့ဖောင့်ကို ရွေးဖွင့်လိုက်ပါ။ (ဥပမာ အနေနဲ့ ဇော်ဂျီဖောင့်ကို လုပ်ပြထားပါတယ်။)

 

 

3) Unicode - Myanmar ကို ရွေးပါ။ စာလုံး အလုံးရေကို စစ်ပါ။ ၎င်း စာလုံးအလုံးတိုင်းကို Select မှတ်ပြီး Copy (Ctlr+c) ကူးယူထားပါ။ စာလုံး အလုံးရေက ပုံမှာ မြင်ရတာ ၁၃၂ လုံးပေါ့။

 

 

4) 2) Installed Fonts ထဲကနေ အထည့်ခံရမည့်ဖောင့်ကို ရွေးဖွင့်လိုက်ပါ။ (ဥပမာ Arial ပေါ့ဗျာ) ၎င်းဖောင့်ပေါ်မှာ မြေကွက်လပ်အလွတ်လုပ်ယူပါမယ်။ ကျူးကျော်တဲ ဆောက်ဘို့။ အဲ... ထည့်လိုတဲ့ဖောင့်က အလုံး ၁၃၂ လုံးကို လာထည့်ဘို့ပေါ့။ ၁၃၂ ကွက်ပေါ့။ လွတ်လွတ်ကျွတ်ကျွတ် နောက်ဆုံးမှာ ထည့်ပါ။

 

 

5) ထည့်လိုက်တဲ့ အကွက်တွေက Select မှတ်ပြီးသား ဖြစ်နေပါမယ်။ ဒါဆို ခုနက ကော်ပီကူးထားတဲ့ အလုံးတွေကို တန်းပြီး Paste special လုပ်လိုက်ရုံပါပဲ။ ဒါဆို ဖောင့်နှစ်ခု ရောသမမွှေပြီးသား ရပါပြီ။

 

 

6) ရလာတဲ့ဖောင့်ကို ဆေ့ပြီး ခုနက C:/Windows/Fonts ထဲ ပြန်ထည့်ပေးလိုက်ရင်... Arial ကြီး ကိုယ်တိုင်က ဇော်ဂျီမွှေပြီးသား ဖြစ်သွားပါပြီခင်ဗျား။

 

ဒီမှာ ကျနော် လုပ်ပုံလုပ်နည်းပဲ ဖောက်သည်ချခြင်း ဖြစ်ပါတယ်။ လုပ်ပြီးသား မတင်ထားပါဘူး။ မိမိဘာသာ လုပ်ကြည့်ဘို့ပဲ လိုပါတယ်။ နည်းပညာသက်သက် မျှဝေခြင်းဖြစ်ပါတယ်။ ဇော်ဂျီဖောင့်နှင့် Arial ဖောင့်အား နမူနာ ပေးခြင်းအတွက် ဖောင့်ပိုင်ရှင်များ အနေဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။

 

ဖောင့်ရေးဆွဲတဲ့ ဆော့ဝဲကို ဖောင့်ရောသမမွှေဘို့ သုံးလိုက်တဲ့အတွက် ဆောင်းပါးအစမှာ ပညာရှင်တွေ မြင်ရင် ကဲ့ရဲ့မယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ကဲ့ရဲ့လည်း တတ်နိုင်ဘူးဗျာ။ ကိုယ်သိတာကလည်း ဂလောက်လေးပဲ ဆိုတော့ :D

အသိချင်း ဖလှယ်၍ ပိုသိ ပိုတတ်တဲ့ ဗမာလူငယ်များ ဖြစ်ကြပါစေကြောင်း....။

 

Lu Zein @ မြန်မာ့ အရုဏ်သစ်

Lu Zein  @ ကွန်ပျူတာနှင့် နည်းပညာဆိုင်ရာ အမေးအဖြေ ဆွေးနွေးခန်း

 

16-Jan-2014

ဖုန်းကတ်ပျက် လျှောက်ထားခြင်း နေရာမှား လျှောက်ထားသူ များလာ [Ref : Internet Journal]


 

မိုဘိုင်းဖုန်းကတ်ပျောက် ကတ်ပျက်လျှောက်ထားရာ၌ သတ်မှတ်နေရာများ ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း နေရာမှား လျှောက်ထားခြင်း များလာကြောင်း ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး အနီးရှိ မိုဘိုင်းဖုန်း အကျိုးဆောင်များထံမှ မေးမြန်းသိရှိရသည်။ ကတ်ပျောက် ကတ်ပျက် လျှောက်ထားခြင်းအတွက် သက်ဆိုင်ရာဆက်သွယ်ရေး ရုံးအသီးသီးက ဆောင်ရွက်ပေးသော်လည်း ဖုန်းအမျိုးအစားအပေါ် မူတည်၍ နေရာ ကွဲပြားကြောင်း သိရသည်။ "ကတ်ပျက် လျှောက်ထားဖို့ နေရာမှားလာကြတာ တစ်နေ့ကို ဆယ်ဦးထက်မနည်းဘူး ရှိတယ်" ဟု အကျိုးဆောင် တစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောသည်။ ကတ်ပျောက် ကတ်ပျက် လျှောက်ထားခြင်းအတွက် ဝန်ဆောင်ခ တစ်သောင်းကျပ် ဝန်းကျင် ယူကြောင်း အကျိုးဆောင် တစ်ဦးက ပြောသည်။ ၁၅၀၀ တန်ဖုန်းများ ကတ်ပျောက် ကတ်ပျက် အတွက် ရန်ကုန်စာတိုက်ကြီးတွင် လျှောက်ထားရခြင်းဖြစ်ပြီး ၇၃၊ ၄၃ စသည့် ဖုန်းများအတွက် ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးတွင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

"ဝန်ဆောင်ခကတော့ တန်ဖိုးနည်းဖုန်း ငါးသိန်းဖုန်းဆိုပြီး သတ်မှတ်မထားပါဘူး။ အတူတူပါပဲ၊ နေရာမှား လျှောက်ထားသူတွေက နောက်တစ်နေရာလောက်ကို ထပ်မသွားချင်တော့ ပွဲစားအပ်လိုက်တာ များတယ်" ဟု အကျိုးဆောင် တစ်ဦးက ဆိုသည်။ ဖုန်းကတ်ပျောက်၊ ကတ်ပျက် ကိစ္စရပ်များ၊ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုရာ မေးမြန်းနိုင်ရန် ဖုန်းနံပါတ်များ သတ်မှတ်ထားရှိပြီး အဆိုပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာ ရှိပါက GSM/WCDMA (UMTS) မိုဘိုင်းဖုန်းများ အတွက် ဖုန်း-၀၁-၅၅၅၄၇၆ CDMA 450, CDMA 800 WLL မိုဘိုင်းဖုန်းများအတွက် ဖုန်း-၀၁-၂၁၇၂၁၉ နှင့် ၀၉-၇၃၀၀၀၀၀၀၊ CDMA 800 (MEC Tel) မိုဘိုင်းဖုန်းများ အတွက် ဖုန်း ၀၁-၆၅၆၉၉၄ နှင့် ၀၁-၆၅၆၉၉၅ တို့သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ကတ်ပျောက်၊ ကတ်ပျက် ကိစ္စရပ်များနှင့် ပတ်သက်၍ မိုဘိုင်းဆက်သွယ်ရေးဌာန ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် အလုံ စီးပွားရေး ဌာနအပြင် တန်ဖိုးနည်း မိုဘိုင်းဖုန်းအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ တိုင်းသေကြီး မန်နေဂျာရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်မန်နေဂျာ ရုံးများတွင် ဆောင်ရွက်ပေးလျက် ရှိသည်ဟု သိရသည်။ ကတ်ပျက်ခြင်းအတွက် ပြန်လည်လျှောက်ထားရာတွင် အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကတ်ပျောက်ခြင်းအတွက် ဆောင်ရွက်ရာတွင် နှစ်သောင်းကျပ် ကျသင့်မည် ဖြစ်ကြောင်း ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းရုံးမှ စုံစမ်းသိရှိရသည်။

Ref : Internet Journal