Tuesday, February 28, 2012

မီတာ ၂၀၀ ပြေးပွဲ တာထွက်စံနစ်

 

ပုသိမ်ကောလိပ် ပထမအကြိမ် ပြေးခုန်ပစ် ပြိုင်ပွဲကို ဧရာဝတီတိုင်း အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ကျောင်းသား၊ကျောင်းသူ အများအပြား ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဝင်ရောက်မယှဉ်ပြိုင်သော ကျောင်းသား၊ကျောင်းသူများလည်း လာရောက် အားပေးကြသည်။ စာရေးသူသည်လည်း အားပေးသူတစ်ဦး ဖြစ်သည်။

ဧရာဝတီတိုင်း အားကစားကွင်းသည် မီတာ ၄၀၀ ပြေးလမ်းရှိသော ကွင်း ဖြစ်သည်။ လမ်းကြောင်းပေါင်း ခြောက်လမ်း ရှိသည်။ ဆိုလိုသည်မှာ တစ်ကြိမ်လျှင် အားကစားသမား (၆) ဦး ယှဉ်ပြိုင်နိုင်သည်။ မီတာနှစ်ရာပြေးပွဲ စတင်ကျင်းပသောအခါ အားကစားသမားများသည် တာထွက်နေရာတွင် မိမိတို့ မဲကျရာလမ်းကြောင်းများ၌ အဆင်သင့်ရပ်နေကြသည်။ စာရေးသူသည် ထူးခြားသော အချက်တစ်ချက်ကို သတိပြုမိသည်။ အားကစားသမား ခြောက်ဦးသည် တာထွက်မှတ် မတူကြပေ။ အပြင်ဆုံးလမ်း ပြေးသူသည် အရှေ့ဆုံး တာထွက်မှတ်တွင် နေရသည်။ ဒုတိယ အပြင်လမ်း ပြေးသူသည် ဒုတိယအရှေ့ဆုံးတာထွက်မှတ်၊ အတွင်းဆုံးပြေးလမ်းတွင် ပြေးရသောသူ၏ တာထွက်မှတ်သည် ခြောက်ဦးထဲတွင် နောက်အကျဆုံးသော တာထွက်မှတ်မှ စထွက်ရသည်။


အပြင်လမ်းပြေးသူသည် အဘယ်ကြောင့် အတွင်းလမ်းပြေးသူများထက် တာထွက်တွင် ရှေ့မှ ပြေးရသနည်း။

ကျွန်ုပ်တို့ သိသည်မှာ စက်ဝိုင်းတစ်ခုတွင် စက်ဝန်းနှင့် အချင်း၏ အချိုးသည် ကိန်းသေ ဖြစ်သည်။ ယင်းကိန်းသေသည် π "ပိုင်" ဖြစ်သည်။ π ၏ တန်ဖိုးသည် ၃ ဒသမ ၁၄ ဖြစ်သည်။ ထို့ကြောင့် အထက်ပါသဘောတရားအရ စက်ဝိုင်းတစ်ခု၏ စက်ဝန်းသည် ယင်းစက်ဝိုင်းအချင်း၏ ၃ ဒသမ ၁၄ ဆရှိသည်။ ဆိုလိုသည်မှာ အချင်းဝက်၏ ၆ ဒသမ ၂၈ ဆ ရှိမည်။

 

 

Inline image 1

The circumference of a circle is slightly more than three times as long as its diameter. The exact ratio is called π.

C = ၆.၂၈ R

C = စက်ဝန်းအရှည်

R = အချင်းဝက်

အကယ်၍ အချင်းဝက် တစ်မီတာတိုးလျှင် စက်ဝန်းအရှည် ၆ ဒသမ ၂၈ မီတာ တိုးရမည်။

 

စက်ဝန်းနှင့် အချင်း ၏ ဆက်စပ်ချက် (π)

Inline image 2

When a circle's diameter is 1 unit, its circumference is π units.

စက်ဝိုင်းပုံ ပြေးလမ်းများဖြင့် ပြေးပွဲကျင်းပရာတွင် အကယ်၍ ပြေးလမ်းတိုင်း၏ အကျယ်သည် တစ်မီတာရှိပါလျှင် အနီးကပ်နေသော ပြေးလမ်းနှစ်ခု၏ အချင်းဝက်သည် တစ်မီတာ ကွာနေလိမ့်မည်။ ထို့ကြောင့် အပြင်ပြေးလမ်းသည် အတွင်းပြေးလမ်းထက် ၆ ဒသမ ၂၈ မီတာ ပိုရှည်လိမ့်မည်။ ဆိုလိုသည်မှာ စက်ဝိုင်းပုံပြေးလမ်းများ၏ အချင်းဝက်သည် တစ်ခုနှင့် တစ်ခု မတူပေ။ အနီးကပ်နေသော ပြေးလမ်းနှစ်ခုသည် တစ်မီတာမျှ အချင်းဝက်ကွာလျှင် စက်ဝန်းတစ်ပတ်တွင် အရှည် ၆ ဒသမ ၂၈မီတာ ကွာနေမည်။

မီတာ ၂၀၀ ပြေးပွဲတွင် များသောအားဖြင့် မီတာ ၄၀၀ ကွင်း၏ တစ်ဝက် ပြေးရသည်။ မီတာ ၂၀၀ ပြေးပွဲတွင် ပထမ မီတာ ၁၀၀ ၏ ပြေးလမ်းကို စက်ဝန်းပုံတွင် ပြေးရပြီး ကျန်မီတာ ၁၀၀ ကို မျဉ်းဖြောင့်အတိုင်း ပြေးနိုင်ရန် စီစဉ်ထားသည်။ ကွင်းတစ်ပတ်သည် မီတာ ၄၀၀ ဖြစ်၍ မီတာ ၂၀၀ ပြေးပွဲ၏ စက်ဝန်းပုံပြေးလမ်းသည် စက်ဝိုင်း၏ နှစ်ပုံတစ်ပုံ ရှိသည်။ (နှစ်ကြိမ် ကွေ့ပြေးရမည်။ ကွေ့တစ်ခုသည် စက်ဝန်း၏ ၁/၄ (လေးပုံတစ်ပုံ) ဖြစ်သည်။) အကယ်၍ အနီးကပ်နေသော ပြေးလမ်းနှစ်ခု၏ အချင်းဝက်သည် တစ်မီတာ ကွာခြားပါက တစ်ပတ်၏ ၁/၂ ရှိသော ထိုစက်ဝန်းကွေ့ နှစ်ခုသည် ၆ ဒသမ ၂၈ မီတာ × ၁/၂ = ၃ ဒသမ ၁၄ မီတာ (၃ ဒသမ ၁ မီတာ) ပိုရှေ့ရောက်ရမည်။

အကယ်၍ ပြိုင်နေသော ပြေးလမ်း ခြောက်လမ်း ရှိလျှင် အပြင်ဘက် အကျဆုံး ပြေးလမ်းတွင် ပြေးရသောသူသည် အတွင်းဘက် အကျဆုံးပြေးလမ်းတွင် ပြေးရသော သူထက် ၁၅ ဒသမ ၅ မီတာမျှ တာထွက်လျှင် ရှေ့မှ နေရာယူ ပြေးရပေမည်။ ဤကဲ့သို့ တာထွက်တွင် တာထွက်မှတ်ကို တွက်ချက်ပြီး သတ်မှတ်ပေးခြင်းကြောင့် တာဝင်တွင် မျှတမှု ရှိပေလိမ့်မည်။ ဤသဘောတရားကို နားလည်ထားပါက အားကစားကွင်းများတွင် ပြေးလမ်းများဆွဲသောအခါ အတွင်းဘက်အကျဆုံး ပြေးလမ်းကိုသာ မီတာ ၄၀၀ ရှိအောင်ဆွဲပြီး ကျန်ပြေးလမ်းများကို တစ်မီတာအကျယ်စီဆွဲသည်။

မီတာ ၂၀၀ ပြေးပွဲ ကျင်းပသောအခါတွင်လည်း ပြေးလမ်း ခြောက်လမ်းကို တစ်ခုစီ တိုင်းမနေရဘဲ အထက်ပါ တွက်ထားသည့်အတိုင်း တာထွက်မှတ်ကိုသာ ရှေ့တိုး သတ်မှတ်ရသည်။ ဤသည်မှာ အားကစားကွင်းမှ သင်္ချာပညာ ဖြစ်ပေသည်။


မှတ်ချက်။ စာပေဗိမာန်ထုတ် သိပ္ပံမျိုးသန့်၏ ပတ်ဝန်းကျင်မှ သင်္ချာပညာ (၁၉၉၀) တွင် ပါရှိသော ဆောင်းပါးကို ဗဟုသုတအလို့ငှါ စာစီ၍ ဖော်ပြပါသည်။ (Lu Zein)

ပုံများ ဝိကီ မှ ရယူပါသည်။ Image source: http://en.wikipedia.org/wiki/Pi

မြန်မာ့သမိုင်း [ဒေါက်တာသန်းထွန်း၏ မြန်မာဆိုတာမှ ကောက်နှုတ်တင်ပြချက်ပါ]

မြန်မာ့သမိုင်း


မြန်မာ့အကြိုသမိုင်း


မြန်မာ့သမိုင်းကို သက်ကြီးစကား သက်ငယ်ကြား မဟုတ်တဲ့၊ သဘာဝ ယုတ္တိ မတန်

တာတွေ ပုံပြင်သက်သက် ပြောခဲ့တာတွေကို ဖြုတ်ပစ်သင့်ပေမဲ့ မဖြုတ်ခဲ့တဲ့၊ ဖြည့်သင့်

တာတွေကိုလည်း မဖြည့်ခဲ့တဲ့၊ ပုံပြင်နဲ့ သမိုင်းနဲ့ ခွဲမရအောင်တွဲနေတဲ့ သမိုင်းပုံပြင်တွေ

မဟုတ်တဲ့၊ ဒီ မြန်မာ့မြေထဲကတူးဖော်ရရှိတဲ့ အထောက်အထားတွေကို ကိုးကားပြီး ရေးသား

ထားတဲ့ "မြန်မာအကြိုသမိုင်း" အကြောင်းကိုရသလောက် စုစည်းတင်ပြလိုက်တာ ဖြစ်ပါ

တယ်။ ဒါတွေအပြင် ရှေးနှစ် သန်းပေါင်း များစွာက မြန်မာ့ မြေပေါ်မှာ ရှင်သန် နေထိုင်ခဲ့ကြ

တဲ့ သတ္တဝါတွေနဲ့ ရေမြေတောတောင်အနေအထားနဲ့ ပတ်သက်တဲ့ အသစ်တွေ့ရှိချက်တွေ

ကိုလည်း စုစည်းပေးထားပါတယ်။

 

ရှမ်းကုန်းပြင်မြင့်အနောက်ကုန်းလျှောက ပဒတ်လိုဏ်(ပြဒါးလင်း) အမှတ်(၁)မှာ နံရံဆေးရေး

ရှိတယ်။ အဲဒီ အရုပ်တွေဟာ အရင်အနှစ် ၂၀,ဝ၀ဝ က ၁၀,ဝ၀ဝ အတွင်းရေးဆွဲ ခဲ့တာတွေ

ဖြစ်ပါတယ်။

 

မြန်မာ့အကြိုသမိုင်း လေ့လာရေးက နုသေးတော့ ဒီမှာ တွေ့ ထားတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းနဲ့

ကျောက်လက်နက်တွေကနည်းသေးတယ်။ ဒီတော့ရှေးလူတွေရဲ့အနေအထိုင် အစားအသောက်

အခြေအနေတွေကို စုံအောင်မပြောတတ်သေးပါ။ တခြားကလေ့လာ ပြီးသမျှနဲ့စပ်ဟပ်ပြီး

သရုပ်ဖော်ရမှာဖြစ်ပါတယ်။ အောက်ကလူဆင့်ကဲ ဖြစ်စဉ်ပုံမှာ မြန်မာဘက်က အညာသား

ဆိုတာ ဂျာဗာလူ၊ ဘေဂျင်လူနဲ့ တတန်းတည်း ဟိုမိုအိရက်တပ်စ် (မတ်ရပ်လူ) အဆင့်

ရောက်ပြီးပါပြီ။ သူနဲ့ ဆိုင်တဲ့ အထောက်အထားတွေအရ အရင် အနှစ် ၄၀ဝ,ဝ၀ဝ က စပြီး

ရှိနေပါပြီ။

 

တခြား ဒေသတွေမှာတွေ့ရတဲ့ လူတွေလိုပဲ အညာသားရဲ့ဘဝကိုလည်း နေရာဒေသ ဆိုင်ရာ

သဘာဝအနေအထားက ပုံသွင်းပေးမှာ ဖြစ်ပါတယ်။ တမျိုး ပြောရရင် သူနေရတဲ့ အပူပိုင်း

တောထဲကစားလို့ ဖြစ်တဲ့ အပင်၊ အသီး၊ အရွက်၊ အခေါက်၊ အမြစ်တွေကို စားမယ်။ သူ့လိုပဲ

အပင်တွေမှရတဲ့ အစာကိုစားတဲ့ (အခု မျိုးတုံးပြီ ဖြစ်တဲ့) အကောင်တွေကို လူက

သတ်ဖြတ်စားမယ်။ ရေအိုင်ရေကန်တွေက ရေချိုငါးကို မျှားစားမယ်။ အပူအအေး၊ မိုး၊ လေနဲ့

သတ္တဝါကြီးတွေရဲ့ အန္တရာယ်က ကင်းလွတ်အောင် ဂူထဲမှာ ခိုအောင်း နေမယ်။ သူ နေထိုင်

ခဲ့တဲ့ နေရာက မြန်မာ အထက်ပိုင်း ဖြစ်လို့ သူ့ကို ခပ်လွယ်လွယ် အညာသားလို့ နာမည်

ပေးထား ပါတယ်။ သူက မုဆိုးတံငါ ဖြစ်ပါတယ်။ တခြားအမျိုးက မိန်းမကို အတင်း ဖမ်းယူ

လာပြီး အိမ်ရာထူထောင်မယ်လို့ ပြောနိုင်ပါတယ်။

 

တကယ်က ရန်သူလာတိုက်ပြီဆိုလျှင် မိန်းမတွေကပြေးရပုန်းရတယ်။ ရန်သူအသာရပြီ ဆိုရင်

အထီးကိုသတ်၊ အမကိုသားမယား ပြုမြဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ရှေးလူတွေဟာ ကိုယ့်အမျိုး

ထဲကမိန်းမကိုမယူဘဲ အမျိုးလွတ်တဲ့ မိန်းမကိုခိုးယူ ပေါင်းသင်းတယ်လို့ ပြောနိုင်ပါတယ်။

ရှေးဦး လူတွေရဲ့ မိသားစုမှာ အမျိုးသမီးက ထားရာမှာနေဆိုသလို အောက်တန်းကျတဲ့အနေ

မျိုးနေရတယ်လို့ ထင်ရင် မှားမယ်။ လင်မယား ဖြစ်တဲ့ အခါ ကိုယ်စီကိုယ်ငှကိုယ်စွမ်းရာဝင်ပြီး

အိမ်ထောင်ဝန်ကို ထမ်းကြရမယ်။ သားမယား အသားစားရဖို့ လင်ယောင်္ကျားက အမဲ လိုက်

တယ်။ သားကောင်က အမြဲလိုသလောက် သတ်ရမယ် မဟုတ်ပါ။ မယားက တောလည်ပြီး

စားကောင်းမယ့် အသီးအရွက်၊ အခေါက်အမြစ်နဲ့ငှက်ဥရှာပေးပါမှ နေ့စဉ်မှန်မှန် စားသောက်

ရမှာ ဖြစ်တယ်။ ပြီးတော့ မိန်းမက မျိုးဆက်သစ် ရအောင် ကလေး မွေးပေးတယ်။

 

ဒီလို ကိုယ်စီကိုယ်ငှစွမ်းရာက အမှုထမ်းတာကို ခါတိုင်းပြောနေကျ တာဝန်ဝေထားတယ်လို့

ပြောရင် အတိအကျမမှန်ပါ။ လင်ရောမယားပါပူးတွဲပြီး မိသားစုအစားအစာနဲ့ အန္တရာယ်

ကင်းဖို့တာဝန်ယူကြတာဖြစ်တယ်။ အဲဒါအပြင် အမျိုးသမီးကြောင့်လူတိုးပွားတယ်။ လူများရင်

လုပ်သားများလာမယ်။ လက်နက်ကိုင်ပြီး ရန်အန္တရာယ်ကို တွန်းလှန် ပေးမယ့်သူပိုများလာ

မယ်။ ဒါကြောင့်သားမွေးပေးသူကိုတလေးတစားထားပြီး ဆက်ဆံမယ်လို့ တောင် ယူဆစရာ

ရှိပါတယ်။ သူ့ကြောင့် မိသားစုဟာကြီးထွားပြီး အားကောင်းလာပါတယ်။ ဂူနံရံမှာ အမျိုးသမီး

ကဏ္ဍကို တလေးတစား နေရာပေးထားပုံကို တဘက်စာမျက်နှာမှာပြထားပါတယ်။

ကိုယ်ဝန်ရှိတဲ့ မိန်းမကို ဂရုတစိုက် စောင့်ရှောက်ပြီး သားဖွားတဲ့အခါ အသေအပျောက် နည်း

အောင် ဂရုစိုက်မယ်လို့တောင် မှန်းဆနိုင်ပါတယ်။

 

သားသမီးငယ်ငယ်နဲ့သေရင်လူတစုလုံးအတွက် ဝမ်းနည်းစရာဖြစ်တယ်လို့ ယူဆကြပါတယ်။

အမျိုးသမီးပုံ အငယ်လေးတွေကို (မလှပေမယ့်) ဗိနပ်စ် ခေါ်ကြတယ်။ ဒီပုံလေးတွေက

ခေါင်းသေးသေး၊ မျက်နှာမပီမသ၊ လက်သေးငယ်ပြီး ရင်၊ ဗိုက်နဲ့တင်ပါးဆုံ အဆမတန်

ကြီးတာကို တွေ့ရတတ်တယ်။ လိင်ကိုလည်း ထင်ရှားပေါ်လွင်စေတယ်။ ကျောက်ဟောင်း

ခေတ် လူတွေ နေထိုင်ခဲ့တဲ့ အရပ်တွေမှာ ဗိနပ်စ်ကို ရုပ်လုံး ရုပ်ပြား နံရံဆေးရေး အမျိုးစုံ

တွေ့ရတတ်ပါတယ်။ ကျောက်ဟောင်းကာလက လူတွေဟာအင်မတန်လိုလား တမ်းတကြပုံ

ပေါ်ပါတယ်။

 

မြန်မာမြေက မုဆိုး တွေဟာ တောကျွဲ၊ မွေးရှည်ဆင်၊ ရေခဲ သမင်နဲ့ ဝက်ဝံလို အကောင်ကြီး

တွေကို သတ်ခွင့်ရမယ်မထင်ပါနဲ့။ အဲဒီ အကောင်တွေက သမပိုင်းဇုံမှာမှ ရှိတတ်တာ မျိုးပါ။

ဒီမှာလည်း အခု ကျွဲ၊ နွား၊ ကြံ့၊ ဆင်၊ ဆိတ်၊ မြင်း၊ သမင် ဆိုတဲ့ သတ္တဝါ တွေရဲ့ အထက်

ရှေးသတ္တဝါကိုပဲ ကိုယ်နဲ့ နီးစပ်တဲ့ တောထဲမှာ လိုက်လံ ဖမ်းဆီး သတ်ဖြတ်ရမှာ ဖြစ်ပါတယ်။

တချို့အကောင်ရဲ့ပုံကို ပဒတ်လိုဏ် (ပြဒါးလင်းဂူ) အမှတ် (၁)ရဲ့ အလယ်နံရံမှာ တွေ့ရမှာ

ဖြစ်ပါတယ်။

 

ရှမ်းကုန်းပြင်မြင့် အနောက် ကုန်းလျှောက ပဒတ်လိုဏ် (ပြဒါးလင်း) အမှတ် (၁) မှာ နံရံ

ဆေးရေး ရှိတယ်။ အဲဒီ အရုပ်တွေဟာ အရင်အနှစ် ၂၀,ဝ၀ဝ က ၁၀,ဝ၀ဝ အတွင်း ရေးဆွဲ

ခဲ့တာတွေ ဖြစ်ပါတယ်။

 

ရှေးဟောင်း ကာလက လူရိုင်းတွေ သုံးတဲ့ လက်နက် ဆိုရင် ကျောက်သက်သက် မဟုတ်ဘဲ၊

သစ်သား တင်းပုတ်တွေ၊ ဝါးချွန်တွေ၊ လောက်လွှဲတွေ ဖြစ်ပါတယ်။ ကျောက်ဟောင်း

ကိရိယာကို ခေတ်ကိရိယာနဲ့ ရှင်းပြမှ ဒါတွေကို ဖြစ်အောင် ဘယ်လိုလုပ်ပြီး၊ ဘယ်လို အသုံး

ချမယ်ဆိုတာ မှန်းဆနိုင်မှာ ဖြစ်ပါတယ်။

 

စင်းလုံးချော သွေးထားတဲ့ လက်ပုဆိန်တခုကို ချင်းတွင်းမြစ် အနောက်ဘက်ကမ်း မုံရွာ

တဖက် မိုးကြိုးပြင်မှာ (ကောက်) ရတယ်။ အဲဒီ ကျောက်ဖိစပ်ဖူး လက်နက်မှာ ကျောက်သစ်

ကာလ လယ်သမား၊ ယာသမားဟာ သားငါး စားရဖို့ မုဆိုး တံငါ တပိုင်း လုပ်နေရတုန်း ဆိုတဲ့

သက်သေခံချက် တခုကို တွေ့ရတယ်။ လေးမြားကို မိုးများက မိုးပါး ကာလ ကို အကူး၊ အရင်

အနှစ် တသောင်း အထက်ကပဲ တီထွင် သုံးစွဲခဲ့ကြတာ ဖြစ်လို့ အမဲလိုက်ရာမှာ ရှေးကထက်

ပိုပြီး ကျင်လည်လို့ သားကောင်အရ များမယ်။

 

အခုလို ခေတ်ကာလ ရောက်တော့ ရန်ဖြစ်ကြရင်လည်း နှစ်ဖက်စလုံး လေးမြား စွဲကိုင်ပြီး

တိုက်ခိုက်ကြမယ် ထင်ရပါတယ်။ မြန်မာ တံငါ တွေဟာ ကနေ့ထိ ကျောက်ခေတ်ဟောင်းက

တံငါတွေ သုံးခဲ့တဲ့ ဝါးယက်သဲ့လို ငါးဖမ်း ကိရိယာတွေ သုံးနေကြဆဲ ဖြစ်တယ်လို့ ယူဆ

ပါတယ်။ အဲဒီ ကိရိယာ တွေက ကြမ်း၊ ခရာ၊ ဆင်လိမ်၊ ဆောင်း၊ ဆုတ်ကပ်၊ ဒိုင်းဝန်း၊ ဓမင်း၊

ပက်ခွံပုံ၊ ရင်ကွဲမြုံး အစရှိသဖြင့် ဖြစ်ပါတယ်။

 

ကျောက်ခေတ်သစ် တော်လှန်ရေး စပြီ ဆိုရင် လူတွေဟာ လွင်ပြင်မှာ ရှိတဲ့ သစ်တောကို

ခုတ်ထွင်ပြီး စိုက်ခင်းတွေ လုပ်တယ်၊ ရွာတည်တယ်၊ တိရစ္ဆာန် မွေးတယ်။ အနောက်

အာရှမှာ ဆိုရင် ကျောက်ခေတ်သစ်ဟာ အရင်နှစ် ၉၀ဝ၀ က ၅၀ဝ၀ အထိ ရှည်ကြာ

ခဲ့ပါတယ်။ မြန်မာမှာ ဆိုရင် အရင် အနှစ် ၈၀ဝ၀ လောက်က ဆန်ကို စိုက်ပျိုး စားသောက်

ကြမယ်လို့ ထင်ရတယ်။ ပြီးတော့ ကျောက်သစ် ကာလဟာ အရင် အနှစ် ၃၀ဝ၀ အထိ ရှိနေ

သေးတယ်လို့ ထင်ရတယ်။ အပင် စိုက်တာနဲ့ အကောင် မွေးတာ ဘယ်ဟာက အရင်

ကျသလဲ ပြောဖို့ ခက်ပါတယ်။ ပြိုင်တူလည်း ဖြစ်နိုင်ပါတယ်။

 

 

မြန်မာ့ဓလေ့ (Myanma Culture)

မြန်မာ့သမိုင်းအကျဉ်း (Myanma History in Brief) (၁)

The WAVES မဂ္ဂဇင်း Vol 4, September, 2006 မှ ဒေါက်တာသန်းထွန်းရဲ့ "မြန်မာ့ဓလေ့

Myanma Culture (မြန်မာ့သမိုင်းအကျဉ်း Myanma History in Brief)" ကို ပြန်လည်ကူးယူ

ဖော်ပြတာဖြစ်ပါတယ်။

 

အကြိုသမိုင်း။ ။ ယနေ့ မြန်မာနိုင်ငံဟုခေါ်သော နေရာတွင် ယခင်အနှစ် ၄၀ဝ,ဝ၀ဝ လောက်က

လက်နက်ကို အသုံးပြုတတ်ပြီဖြစ်သော ရှေးလူများနေထိုင်ခဲ့ကြသည်။ ရာသီဥတုမှာ ယခု

အခါထက် ပို၍အေးသည်။ မိုးမှာ၊ ယခုထက် သုံးဆမှ ခြောက်ဆခန့် ပိုသဖြင့်၊ မိုးစွေကာလဟု

ခေါ်ရပါသည်။ ယခင်အနှစ် ၂၀ဝ,ဝ၀ဝ လောက်မှစ၍ ထိုရှေးလူများသည် လက်နက် လုပ်

တတ်သော အဆင့်သို့ ရောက်လာသည်။ အလွန်အေးသော မြောက်လေကို ကြောက်သဖြင့်၊

တောင်စောင်းများ၌ တောင်ဘက်သို့ အပေါက် လှည့်သော ဂူများတွင်သာ နေကြသည်။

ယခင်အနှစ် ၄၀,ဝ၀ဝ လောက်မှ စ၍ လူအစစ်များ ဖြစ်လာ ကြသည်။ မွန်ဂိုလွိုက်မျိုး ဖြစ်ပါ

သည်၊ ရာသီဥတုမှာ ယခင်အနှစ် ၁၀,ဝ၀ဝ မှ စ၍၊ တဖြည်း ဖြည်း ယခု ရာသီဥတုမျိုး ဖြစ်လာ

ပါသည်။ ယခင်အနှစ် ၁၁,ဝ၀ဝ ခန့်က၊ ထိုသူများ နေခဲ့သော ပြဒါးလင်းဂူတွင် သူတို့ ရေးဆွဲခဲ့

သော ကျောက်ခေတ်ဟောင်း နံရံ ပန်းချီကား တို့ကိုတွေ့နိုင်ပါသည်၊ ယခု ဆင်၊ ဝက်၊ သမင်

တို့နှင့် တူသော ပုံများ၊ အရိုးသာ ဖော်ပြသော ငါးနှင့် လက်ဝါးပုံများကို ရေးဆွဲခဲ့သည်။ ဂူတွင်း

မှ မြင်ရသော နေထွက်ပုံမှာ၊ ရှုခင်းကား ဖြစ်မည်ထင်ရပါသည်။

ယခင်အနှစ် ၉,ဝ၀ဝ မှ ၃,ဝ၀ဝ အထိ ကျောက်သစ် ကာလ အတွင်း၊ စိုက်ပျိုးရေးနှင့် တိရစ္ဆာန်

မွေးမြူရေး စတင်ပေါ်ပေါက်လာပါသည်။ မြစ်ဝှမ်းမြေပြန့်တွင် ရွာများတည်၍၊ အိမ်ဆောက်

ကာ နေထိုင်ကြပြီ ဖြစ်ပါသည်။ ကျောက်ခေတ်ကာလ နောက်ပိုင်းတွင် အိုး လုပ်တတ်သည်။

လေးသောဝန်ကိုဆွဲရန် လှည်းနှင့်နွားရှိလာသည်။ လက်နက်တွင်လေးနှင့်မြား ပေါ်လာသည်။


အစသမိုင်း။ ။ ယခင်အနှစ် ၃,ဝ၀ဝ လောက်မှစ၍ မြို့တည်သောအဆင့်သို့ ရောက်လာပါ

သည်။ အစောဆုံးဟုထင်ရသော မြို့မှာ၊ ယခု ကူမဲမြို့ အနီးရှိ မိုင်းမော မြို့ဟောင်းဟု ခေါ်

သောမြို့ဖြစ်ပါသည်။ ယခင်အနှစ် ၂,၁၀ဝ ကမြို့ဟုယူဆသည်။ ထို့နောက်ယခု တောင်တွင်း

ကြီး မြို့အနီးရှိ ဗိဿနိုး မြို့ဟောင်းဟုခေါ်သော မြို့ဖြစ်သည်။ ယခင်အနှစ် ၂,ဝ၀ဝ က မြို့ဟု

ယူဆသည်။ ယခု ဝက်လက်မြို့ အနီးရှိ ဟန်လင်း မြို့ဟောင်းမှာ ယခင်အနှစ် ၁,၇၀ဝ မှ

မြို့ဖြစ်သည်။ မော်ဇာအနီး သရေခေတ္တရာ မြို့ဟောင်းမှာ ယခင် အနှစ် ၁,၆၀ဝ က

မြို့ဖြစ်သည်၊ သရေခေတ္တရာမြို့တည်သူများကို ပျူလူမျိုးဟု ခေါ်ပါသည်


စကားချပ်။ ဒေါက်တာသန်းထွန်း၏ အယူအဆအရဆိုလျှင် ထိုမိုင်းမောမြို့ဟောင်းသည်
ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူပြီးနောက် အနှစ်ငါးရာခန့်က တည်ရှိနေခဲ့သော မြို့ ဖြစ်ပါသည်။ (LuZein)

Inline image 1

ပုံ-၁)  မဇ္ဇိုမဒေသနယ်ပုံ (ဒေါက်တာသန်းထွန်း၏ မြန်မာ့သမိုင်းမြေပုံများမှ)


Inline image 2

ပုံ-၂)  ဘီစီ၎ရာစု (ဗုဒ္ဓနှစ်၂၀၀ကျော်)မှ အေဒီ၁၄၀၀ (ဗုဒ္ဓနှစ်၂၀၀၀) အတွင်း ဗုဒ္ဓသာသနာပျံ့နှံ့တည်ရှိခဲ့ရာ အရိယ ဗုဒ္ဓသာသနိကမြေပုံ (ဒေါက်တာသန်းထွန်း၏ မြန်မာ့သမိုင်းမြေပုံများမှ)



Inline image 3
ပုံ-၃)  ကိုးတိုင်းကိုးဌာန ဗုဒ္ဓသာသနိက မြေပုံ (ဒေါက်တာသန်းထွန်း၏ မြန်မာ့သမိုင်းမြေပုံများမှ)



မြန်မာ့သမိုင်းအကျဉ်း (Myanma History in Brief) (၂)

 

ပျူခေတ်။ _______။ ပျူလူမျိုးများသည် ယနေ့ မြန်မာတို့နှင့်အမျိုး တူသောအုပ်စုတစု ဖြစ်ပါသည်။

ပျူတို့ ယနေ့ မြန်မာနိုင်ငံခေါ်သော နေရာကို မြန်မာတို့ထက် စော၍ ရောက်ရှိနေထိုင်သူများ

ဖြစ်ပါ၍၊ မြန်မာနိုင်ငံအလယ်ပိုင်းမြေပြန့်တွင်နေသည်။ အိန္ဒိယမှရောက်လာသော သာသနာ

ပြုတို့ ကျေးဇူးဖြင့်၊ ဗြာဟ္မဏဘာသာနှင့် ဗုဒ္ဓသာသနာကိုရယူလျက် ပျူဘာသာစကားကို

အိန္ဒိယ အက္ခရာများအသုံးပြုကာ စာရေးနည်းပညာကို ခရစ်(၇)ရာစုမှစ၍ တတ်မြောက်လာ

ကြပါသည်။ မြန်မာနိုင်ငံသမိုင်းတွင် ခရစ် (၄) ရာစု နှစ်မှ စ၍ (၉) ရာစုနှစ် အထိကာလကို

ပျူခေတ်ဟု ခေါ်သည်။

 

မွန်လူမျိုး။ ။ ဧရာဝတီ မြစ်ဝ၊ စစ်တောင်း မြစ်ဝနှင့် သံလွင်မြစ်ဝဖြစ်သော မုတ္တမဝန်းကျင်

နေရာများတွင် ယနေ့ ဗီယက်နမ်နှင့် ကမ်ဖူချတွင် နေသူတို့နှင့် အမျိုးတူသော မွန်လူမျိုးသည်

ခရစ်နှစ်မပေါ်မီကပင် လာရောက်နေထိုင်ကြသည်။ ပျူလူမျိုးကဲ့သို့ပင် အိန္ဒိယဓလေ့ကို

လက်ခံ၍ ဗြာဟ္မဏသာသနာဝင်နှင့် ဗုဒ္ဓသာသနာဝင်များဖြစ်လာ၍၊ ခရစ်(၈)ရာစုနှစ်လောက်

တွင် စာရေးနည်းပညာကို တတ်လာသည်။ ပျူတို့နှင့်အတူ မွန်တို့ကို နန်ကျောင်တို့က ခရစ်

(၉) ရာစု နှစ်ဝက်ခန့်တွင်လာရောက်တိုက်ခိုက်၍ ပျူမြို့တော်၊ မွန်မြို့တော်တို့ကို ဖျက်ဆီး

သည်။ ပျူနှင့်မွန်တို့၏ နိုင်ငံရေးတန်ခိုးကျဆင်းပြီးသည့်နောက်မှ၊ ခရစ်(၉)ရာစုနှစ် နောက်ပိုင်း

တွင် မြန်မာလူမျိုးတို့ မြန်မာနိုင်ငံ အလယ်ပိုင်း မြေပြန့်သို့ဝင်ရောက်လာကြခြင်း ဖြစ်သည်။

ထို့ကြောင့် ပျူဓလေ့၊ မွန်ဓလေ့ကို မြန်မာတို့ ရရှိလျက်၊ မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိလာပြီး

နောက်မှ မြန်မာတို့ ဗုဒ္ဓသာသနာဝင်များ ဖြစ်လာကြသည်

 

မြန်မာလူမျိုး။ ။ မြန်မာတို့သည် တပိန်မြစ်ဟု ခေါ်သော မောမြစ်ညာ ဒေသတွင် နေထိုင်

ခဲ့ကြ၍ ခရစ် (၉) ရာစု နှစ်နောက်ပိုင်းတွင် ရှမ်းကုန်းမြင့်မှ မြန်မာနိုင်ငံ အလယ်ပိုင်း မြေပြန့်သို့

ဆင်းလာနေထိုင်ကြသည်။ ပထမကျောက်ဆည်နယ်နှင့်မင်းဘူးနယ်များကို သိမ်းယူပြီးနောက်

ပုဂံကို ဗဟိုပြု၍ နိုင်ငံတည်ထောင်သည်။

 

ဗုဒ္ဓ သာသနာဝင်များ ဖြစ်လာသည်။ ခရစ် (၁၁) ရာစု နှစ်လယ်ခန့်တွင် အားကောင်းသော

နိုင်ငံကို တည်ထောင်နိုင်ကြသည်။ ထိုအခါမှ စ၍ မြန်မာစကားကို အိန္ဒိယမှ ရောက်လာသော

အက္ခရာကိုသုံး၍စာရေးတတ်သည်။ ဗုဒ္ဓဘာသာဆိုင်ရာအဆောက်အအုံများစွာတည်ဆောက်

ခဲ့သည်။ ပုဂံခေတ်ခေါ်သော ခရစ်(၁၁)ရာစုနှစ်နှင့် (၁၃)ရာစု နှစ်များအတွင်း ကျောက်စာ

များစွာ ရေးထိုး ခဲ့သဖြင့် မြန်မာနိုင်ငံ၏ ပုဂံခေတ်ဓလေ့ကို ကောင်းစွာသိရှိ နိုင်ပါသည်။ ခရစ်

(၁၃) ရာစု နှစ်အကုန်တွင် မွန်ဂိုတို့ ဝင်ရောက် တိုက်ခိုက်သဖြင့် ပုဂံနိုင်ငံ ပျက်စီးရပါသည်။

ပုဂံ ပျက်စီး ပြီးနောက် ခရစ် (၁၄) ရာစု နှစ်အတွင်း၌ ပင်းယသည် မြို့တော်ဖြစ်လာသည်။

ထို့နောက် စစ်ကိုင်းလည်း မြို့တော်ဖြစ်လာသည်။ နောက်ဆုံး ၁၃၆၅ မှ စ၍ အင်းဝသည်

မြန်မာ တို့၏ မြို့တော်ဖြစ်သည်။ ခရစ် ၁၇၅၁ တွင် မွန်တို့ဖျက်၍ အင်းဝ ပျက်စီးသည်။ အင်းဝ

ခေတ်တွင် မြန်မာစာပေများစွာ ထွန်းကား တိုးတက်သည်။

အင်းဝနိုင်ငံ၏ နောက်တွင်ပေါ်သောမင်းဆက်ကို ကုန်းဘောင်မင်းဆက်ဟု ခေါ်သည်။ ၁၇၅၁

မှ ၁၈၈၅ အထိကို ကုန်းဘောင်ခေတ်ဟု ခေါ်ပါသည်။ မြန်မာတို့၏ နိုင်ငံရေး အာဏာ

အမြင့်ဆုံး ကာလ ဖြစ်သည်။ အနုပညာ စာပေလည်း များစွာ တိုးတက်သည်၊ အင်္ဂလိပ်တို့

ရောက်လာသဖြင့် ၁၈၈၅ မှ စ၍ မြန်မာတို့ အင်္ဂလိပ်လက်အောက်ခံ ဖြစ်ခဲ့ရသည်။ ၄ ဇန်နဝါရီ

၁၉၄၈ ရောက်သော အခါမှ မြန်မာတို့ အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်သည်။

မြန်မာ့သမိုင်းတွင် အထူးထင်ရှားသောအချက်များမှာ

 

(၁) မြန်မာတို့သည် ခရစ်(၁၁) ရာစုနှစ်မှစ၍ ဗုဒ္ဓသာသနာကို လက်ခံခဲ့၍ မည်သည့်ကိစ္စမဆို

ဗုဒ္ဓ သာသနာကို ထိပ်တန်းကထား၍ စဉ်းစားဆောင်ရွက်သောဓလေ့ကို ရခဲ့ပါသည်။

(၂) မျိုးရိုးစဉ်ဆက်မှာ တိဗက် တရုတ်နှင့် နီးစပ်သဖြင့် တရုတ်ဘက်မှ ဓလေ့များစွာလည်း

မြန်မာ တို့ယခုတိုင် ဆက်လက်၍အသုံးပြု နေပါသည်။

(၃) ခရစ်(၁၉) ရာစုနှစ်မှစ၍ ဥရာပဓလေ့ ထိုးဖောက်လာသဖြင့် ခေတ်သစ် မြန်မာနိုင်ငံ

ထူထောင် ရာတွင် ဥရောပ ဓလေ့ များစွာကို ယူငင် အသုံးပြုလျက် ရှိပါသည်။

(၄) ခေတ်အခါအလျောက် ဓလေ့များပြောင်းလဲသော်လည်း အစဉ်အလာ ဓလေ့ကို တတ်နိုင်

သလောက် ထိမ်းရန် မြန်မာ တမျိုးသားလုံး ကြိုးစားလျက် ရှိပါသည်။

(၅) ယခုတိုင် မြန်မာနိုင်ငံတွင် မြို့နေလူဦးရေနည်း၍ တောနေလူဦးရေ များသည်။ စက်ရုံ

အလုပ်သမားထက် တောင်သူလယ်သမား ဦးရေများသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည်

ယနေ့အထိ တောနေလူတို့၏ လယ်သမားနိုင်ငံ ဖြစ်ပါသည်။

(၆) မြန်မာနိုင်ငံတွင် အတူတကွ နေသော လူမျိုးများမှာ -

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တို့ ဖြစ်၍ ကိုးကွယ်ယုံကြည်သော

သာသနာများမှာ -

ခရစ် သာသနာ၊ ဗုဒ္ဓ သာသနာ၊ မူဆလင် သာသနာ၊ ဟိန္ဒူ သာသနာတို့ အပြင် နတ်

ကိုးကွယ်ခြင်းလည်း ရှိသေးသဖြင့်

(က) လူမျိုး အလိုက် ရိုးရာ ဓလေ့ကို ထိန်းသိမ်း နိုင်အောင် အားပေး ကူညီကြခြင်းနှင့်

(ခ) ယုံကြည်မှု အလိုက် လွတ်လပ်စွာ ကိုးကွယ် ခွင့်ရှိရန် ဂရုပြုခြင်း တို့မှာ မြန်မာနိုင်ငံ

တွင်း၌ လူတိုင်း အထူး ဂရုပြုသော အချက်များ ဖြစ်ပါသည်။ ဗမာတို့မှာ အများစု ဖြစ်၍ ဗမာ့

ဓလေ့မှာ အထူး ထင်ရှားသော်လည်း အမျိုးအလိုက်၊ ယုံကြည်မှုအလိုက် အုပ်စုဓလေ့များ

မှာလည်း ယှဉ်ပြိုင် ထွန်းကားလျက်ပင် ရှိပါသည်။

 

မှတ်ချက်။ ဒေါက်တာသန်းထွန်း (မြန်မာဆိုတာ) (shougon (mmcybermedia) မှ စာရိုက်ပေးပါသည်) မှ ကောက်နှုတ်တင်ပြပါသည်။ (Lu Zein)


မြန်မာနိုင်ငံ (၁၃၀၀ - ၁၈၈၅) ဖြစ်ပေါ် တိုးတက်မှု အကျဉ်းချုပ်

ကို ကြည့်မယ်ဆိုလျှင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ (LuZein)


၁၃၀၀ ပုဂံနိုင်ငံပျက်
၁၃၀၁ တရုတ်က မြင်စိုင်းကို ရအောင် မသိမ်းနိုင်
၁၃၁၂ ပင်းယမြို့တည်
၁၃၆၂ ဗညားဦး ရွှေတိဂုံ စေတီ ဉာဏ်တော်ကို ၆၆ ပေထိမြှင့်
၁၃၆၄ ရှမ်းဖျက်လို့ ပင်းယ၊ စစ်ကိုင်းပျက်
၁၃၆၅ အဝမြို့တည်

၁၃၆၈ ဇီးတောဆည် ဆောက်၊ မိတ္ထီလာကန် ပြန်ဆည်
၁၃၆၉ မဒမ က နန်းတော်ကို ဗဂိုးပြောင်း
၁၃၇၄ ရခိုင်က မြန်မာမှာ နန်းလျာတောင်း
၁၃၉၀ - ၉၁ ဗောလောကျန်းတော သေ၊ မင်းရဲကျော်စွာ မွေး
၁၄၀၄ ရခိုင်မင်းတွေ ရခိုင်ဘွဲ့အပြင် မဟာမေဒင်ဘွဲ့ကိုလဲယူ
၁၄၃၃ မြို့ဟောင်း (မြောက်ဦး) တည်
၁၄၃၅ ပထမ ဥရောပတိုက်သား နိကိုလိုဒီကွန်တီ ဗဂိုးရောက်
၁၄၃၇ သံတွဲ ရခိုင် လက်အောက်ခံ စဖြစ်
၁၄၄၆ သိုဟန်ဘွား တရုတ်မှာ အညံ့ခံ
၁၄၅၀ ဗညားကျန် ရွှေတိဂုံစေတီ ဉာဏ်တော်ကို ပေ ၃၀၂ ထိမြှင့်
၁၄၅၃ တာ့ခ်တွေ ကွန်စတန်တီနိုပယ်မြို့တော်ကြီးကိုသိမ်း
၁၄၅၃ ရှင်ဥတ္တမကျော်၊ ရှင်သီလဝံသတို့ မွေးဖွား၊ မြန်မာစာပေ ကြီးပွား
၁၄၅၆ အဝက ကန္ဒီစွယ်တော်တိုက်ကို အဖူးအမျှော်သွား
၁၄၆၀ ရှင်စောပု ရွှေတိဂုံ စေတီ ရင်ပြင်တော်ကို ချဲ့
၁၄၇၂ ရာမာဓိပတိ (ဓမ္မစေတီ) မင်းက ဗုဒ္ဓဂါယာကို အလှူတော် ပို့လွှတ်
၁၄၅၇ ရာမာဓိပတိ (ဓမ္မစေတီ) မင်းက သာသနာ သန့်စင်ရေး အတွက် သီရိလင်္ကာနဲ့ ဆက်သွယ်၊ ကလျာဏီ
ကျောက်စာ ရေးထိုး
၁၄၉၀ ဗာ့စကိုဒဂါမက အိန္ဒိယ ရေလမ်းကို စပြီး တွေ့ရှိ
၁၅၀၃ တောင်ငူက ကျောက်ဆည်နယ်ကို သိမ်းယူ
၁၅၀၃ မိုးညှင်းက ရွှေဘိုနယ်ကိုသိမ်း
၁၅၀၇ လုဒိုဗိကိုဒီဗာသိမ ရောက်
၁၅၁၉ မဒမမှာ ပုတကေ (ဖုရတုဂုစေေ) တွေ ကုန်တိုက် လာဖွင့်

၁၅၂၃ သိုဟန်ဘွား အဝ မင်းဖြစ်
၁၅၃၉ တပင်ရွှေထီး ဗဂိုးသိမ်း၊ ဗဂိုးမှာ နန်းသစ်ဆောက်
၁၅၄၁ တပင်ရွှေထီး မဒမကိုသိမ်း
၁၅၄၄ တပင်ရွှေထီး မြင်းခြံ အထိ အညာမြန်မာကိုသိမ်း
၁၅၄၆ ငကြည်မြောင်း ဖောက်
၁၅၄၇ မြို့ဟောင်းကို တိုက်လာတဲ့ မြန်မာတပ်ကို မင်းဘင်က တွန်းလှန်
၁၅၄၈ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ပထမ အကြိမ် ဝန်းရံတိုက်ခိုက်
၁၅၅၀ တပင်ရွှေထီး လုပ်ကြံခံရ၊ မွန်တွေက မြန်မာကို ဗဂိုးက နှင်
၁၅၅၁ ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) ဗဂိုးရ၊ သမိန်ထောကို ကွပ်
၁၅၅၅ ကန္ဒီ စွယ်တော်တိုက်ကို ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) က ပူဇော် ကန်တော့လွှတ်
၁၅၅၅ - ၅၉ ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) က အညာမြန်မာ၊ ရှင်းပြည်၊ မဏိပူရက လင်းဇင်း (ဗိယင်ချန်း)
ထိသိမ်း၊ သူပိုင်တဲ့ နယ်တွင်းမှာ နတ်ကို သားကောင်နဲ့ ယဇ်ပူဇော်တာ၊ လူစတေးတာ တွေကို တားမြစ် ပိတ်ပင်။
၁၅၆၄ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ဒုတိယ အကြိမ် ဝန်းရံ၊ မြို့ကိုသိမ်း၊ တနင်္သာရီ မြန်မာ လက်အောက်ခံ
ဖြစ်လာ၊ ဗဂိုးကို မီးရှို့ ဖျက်ဆီး၊
၁၅၆၇ အကြေမြန်မာ (မြစ်ဝကျွန်းပေါ် ဒေသ) မှာ ငတ်မွတ် ခေါင်းပါးတဲ့ ဘေးဆိုက်
၁၅၆၉ အယုဒ္ဓယ (ယိုးဒယား)ကို မြန်မာက တတိယ အကြိမ် ဝန်းရံ၊
၁၅၇၄ - ၇၆ ဟံသာဝတီ ဆင်ဖြူရှင် သီရိလင်္ကာက သမီးကညာနဲ့ စွယ်တော်ရ
၁၅၈၀ခန့် ဓမ္မသတ်ကျော်နဲ့ ကိုးဆောင်ချုပ်ရေးပြီး
၁၅၈၇ - ၉၃ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက စတုတ္တ အကြိမ် ဝန်းရံ၊ ဘာမျှ အရာမရောက်
၁၆၀၀ ရခိုင်၊ ယိုးဒယား ပေါင်းပြီး ဗဂိုးကိုတိုက်၊ အကြေမြန်မာ (မြစ်ဝကျွန်းပေါ်) မှာ ငတ်မွတ် ခေါင်းပါးခြင်း ဘေးဆိုက်၊
နိုင်ငံ အစိတ်စိတ် ပြိုကွဲ၊ ဒီဗရစ်တို တညင်မှာ အခိုင်အမာနေ
၁၆၀၉ ရှင်မဖြူ (ဆာနဒဝိပ) ကျွန်းမှာ ထိဗောင် (ထိဗုာ) အခိုင်အမာ တပ်စွဲ
၁၆၁၃ အနောက်ဘက် လွန်မင်းက မင်းဆက်ကို ခိုင်ခံ့အောင် လုပ်ပြီး တညင်ကိုသိမ်း

၁၆၁၇ မင်းခမောင်းက ရှင်မဖြူ ကျွန်းကိုသိမ်း၊ မာ့ဘ်နဲ့ ပုတကေ (ဖုရတုဂရစေေ) ပေါင်းပြီး ဘင်္ဂလားဒေ့ကို တိုက်ခိုက်
၁၆၁၉ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ ကိုယ်စားလှယ် ဗဂိုးရောက်
၁၆၂၅ မာ့ဘ် - ပုတေကေ ပေါင်းပြီး ဒက္က (ဓာငငာ) ကို တိုက်
၁၆၂၇ ဒါ့ခ်ျနဲ့ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ တွေက မြန်မာမှာ ကုန်တိုက်ဖွင့်
၁၆၂၈ တရုတ်က မြန်မာမင်းကို အခွန်ဘဏ္ဍာ ဆက်ချိန် တန်ပြီလို့ နှိုးဆော်ဖို့ သံစေလွှတ်
၁၆၃၀ မနုသာရ ရွှေမျှဉ်း ဓမ္မသတ် စီရင်
၁၆၃၅ အဝကို မြို့တော်ပြောင်း
၁၆၃၈ သာလွန်မင်းက စစ်တမ်းယူ
၁၆၅၂ - ၆၂ တရုတ်ဘက်က အညာ မြန်မာ နယ်တွေမှာ ဝင်ရောက် လုယက်
၁၆၆၀ ရခိုင်မှာ ပိုက်ဆံ (ဒင်္ဂါး) သွန်းပြီး သုံးစွဲမြဲသုံး
၁၆၆၁ မြို့ဟောင်းမှာ ရှားရှုဂျာ လုပ်ကြံခံရ
၁၆၆၂ ယုန်ဂ်လ အညံ့ခံ
၁၆၆၆ မိုဂါ (ုံဂုလ) တွေ စစ်တကောင်း သိမ်း၊ ဘင်္ဂလားကို မာဘဘ်နဲ့ ပုတကေ ပူးတွဲ ဖျက်ဆီး လုယက်ခြင်း ရပ်စဲ
၁၆၇၇ ဒါ့ခ်ျနဲ့ အင်္ဂလိပ် အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲတွေ မြန်မာနိုင်ငံက ရုပ်သိမ်း
၁၆၈၃ ဒါ့ခ်ျကုမ္ပဏီ တိုက်ခွဲ ရခိုင်က ရုပ်သိမ်း
၁၆၈၇ ဘိတ် (မြိတ်) မှာ အင်္ဂလိပ်တွေ အသတ်ခံရ
၁၆၈၈ ဘိတ် (မြိတ်) ကို ပြင်သစ်က ခေတ္တသိမ်းယူ၊ ပြင်သစ် အရှေ့အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲ တညင်မှာဖွင့်
၁၆၉၅ ဖလိဝုဒ့်နဲ့ ဆီလီတို့ အဝကိုရောက်
၁၇၀၉ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲ တညင်မှာ ပြန်ဖွင့်
၁၇၂၁ ကက်သလစ် သာသနာပြု လုပ်ငန်းစ
၁၇၂၄ - ၅၀ အညာ မြန်မာဘက် မဏိပူရမှာ လုယက်
၁၇၂၅ မြန်မာက ဇင်းမယ်ကို လက်လွှတ်

၁၇၄၀ ဗဂိုး၊ တညင်၊ မဒမ က မြန်မာတွေ ပြေးခဲ့ရ
၁၇၄၃ မြန်မာက တညင်ရ၊ ပြန်လက်လွတ်၊ မွန်က တညင်ရှိ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုန်တိုက်တွေကို မီးတိုက်
၁၇၄၇ အုတ်ဖိုကွေ့ရှမ်းက မဒရာရှိ မွန်တွေနဲ့ ပူးပေါင်း
၁၇၅၀ အဝမင်းက ယွန်နန်ကို အကူအညီတောင်း၊ မနုရင်း ဓမ္မသတ် ပြုစု
၁၇၅၁ ကျောက်ဆည်ကို မွန်တို့သိမ်း
၁၇၅၂ အဝကို မွန်တို့သိမ်း
၁၇၅၃ အဝက မွန်တို့ထွက်
၁၇၅၄ အဝကို မွန်တို့က အကြီးအကျယ် လာရောက် တိုက်ခိုက်တာကို အလောင်းမင်းတရားက တွန်းလှန်
၁၇၅၅ မွန်တို့က ဟံသာဝတီရောက် မင်းကို ရေမှာဖျောက်၊ အလောင်းမင်းတရား ပြေ၊ မြန်အောင်၊ ရန်ကုန်ကို သိမ်း၊
အင်္ဂလိပ် သင်္ဘောတွေကို ဖမ်း၊ ရန်ကုန်မှာ မီးလောင်၊ ကပ္ပတိန် ဗေကာ သံအဖြစ်နဲ့ အလောင်းမင်းတရားဆီ လာ၊ မဏိပူရကို
ပထမ အကြိမ် ဖျက်ဆီး ရှမ်းက အညံ့ခံ
၁၇၅၅ - ၅၆ တညင်ကို ရံ၊ ပြင်သစ် သင်္ဘောကို ဖမ်း
၁၇၅၆ မနုကျယ်ကို ပြုစု
၁၇၅၆ - ၅၇ ဗဂိုးကိုရံ၊ မွန်တို့ကို အပြီးတိုင်နိုင်
၁၇၅၇ လက်စတာ သံအဖြစ်နဲ့လာ၊ အင်္ဂလိပ်နဲ့ အလောင်းမင်းတရား ညှိနှိုင်းရေး အောင်မြင်
၁၇၅၈ - ၅၉ အလောင်းမင်းတရားက မဏိပူရကို အောင်နိုင်
၁၇၅၉ နာဂရစ် သတ်ပွဲ
၁၇၆၀ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ပဉ္စမအကြိမ် ဝန်းရံ၊ တနင်္သာရီကို မြန်မာက သိမ်း၊ အဲဗ်စ်
သံအဖွဲ့ရောက်၊ ရန်ကုန်မှာ အရှေ့အိန္ဒိယ ကုန်တိုက်ဖွင့်
၁၇၆၃ လက်ဝဲသုန္ဒရက မဲဇာတောင်ခြေ ရတု ရေးသား စီကုံး
၁၇၆၄ မဏိပူရကို တိုက်ခိုက်လုယက်
၁၇၆၅ အဝကို မင်းနေပြည် ပြန်လုပ်၊ ဗျာကရိုဏ်းကျမ်း ရေး
၁၇၆၇ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ဆဋ္ဌမ အကြိမ် ဝန်းရံသိမ်းယူ

၁၇၆၅ - ၆၉ တရုတ် ကျူးကျော်စစ်
၁၇၇၃ မွန်တွေ ထိုင်းလင်းဘက်မှာ ခိုလှုံ
၁၇၇၄ ဆင်ဖြူရှင်က ရွှေတိဂုံစေတီကို အခုလက်ရှိ ဉာဏ်တော် ၃၂၇ ပေထိ မြှင့်၊ မွန်မင်းကို သုတ်သင်
၁၇၆၈ - ၈၂ ဖြာတက်က ထိုင်းလင်း (ယိုးဒယား) က မြန်မာတွေကို တိုက်ထုတ်
၁၇၇၅ - ၇၇ ကချနဲ့ ဂျိမ်တိယ စစ်ကြောင်းချီတက်
၁၇၇၆ မြန်မာစာ သင်ပုန်းကြီးကို အီတလီမှာ ပုံနှိပ်
၁၇၈၀ မဟာဗန္ဓုလ မွေးဖွား
၁၇၈၃ အမရပူရကို မင်းနေပြည်လုပ်၊ ရန်ကုန်ကို မွန်တို့က ခေတ္တသိမ်း
၁၇၈၄ - ၈၅ ရခိုင်ကိုသိမ်း၊ အရပ်ရပ် ကျောက်စာတွေ စု
၁၇၈၄ စစ်တမ်းကောက်
၁၇၈၅ - ၈၆ ထိုင်းလင်း (ယိုးဒယား) ကိုတိုက်
၁၇၈၇ တရုတ်က မြန်မာကို သံလွှတ်
၁၇၉၀ - ၉၇ မင်းကွန်းမှာ ဘုရားတည်
၁၇၉၄ ရခိုင်မှာ သူပုန်ထ၊ မြန်မာက စစ်တကောင်း ဘက်ကိုဝင်
၁၇၉၅ - ၁၈၀၂ ထိုင်း သံအဖွဲ့ရောက်၊ ချင်းပျံ သူပုန်ထ၊ ရခိုင်တွေ စစ်တကောင်း ဘက်မှာ ခိုလှုံ၊ ကောက်
သံအဖွဲ့ရောက်
၁၈၀၂ သီရိလင်္ကာမှာ အမရပူရ သံဃာဂိုဏ်းရောက်
၁၈၀၃ ကျိုင်းရုံကြီးကို ယိုးဒယား ဘက်က ဝင်ရောက် လုယက် ကျိုင်းတုံက လူတွေ ဖမ်းသွား
၁၈၀၃ - ၁၈၀၉ - ၁၈၁၁ ကဲန်နဒ် သံအဖွဲ့ရောက်
၁၈၀၇ - ၁၆ အညာမြန်မာမှာ ငတ်မွတ်ခြင်းဘေး ဆိုက်ရောက်
၁၈၀၉ - ၁၁ မြန်မာက ကရာကျွန်းစက်နဲ့ ဂျန့်စီလုံကို သွားပြီး လုယက်
၁၈၁၀ ဗုဒ္ဓဂါယာကို မြန်မာက ဘုရားဖူးသွား

၁၈၁၃ မဏိပူရကို ချီတက်၊ ဂျပ်ဆင် မြန်မာနိုင်ငံကို ရောက်
၁၈၁၄ မဒမမှာ မွန်တွေ ပုန်ကန် ထိုင်းလင်းဘက်ကို ဝင်ရောက် ခိုလှုံ
၁၈၁၅ ချင်းပျံ ကွယ်လွန်
၁၈၁၆ အာသမ်ကို မြန်မာက တိုက်ခိုက် အောင်မြင်
၁၈၁၈ မြန်မာက ဘင်္ဂလားကိုလဲ ပိုင်ဆိုင်တယ်လို့ စပြော
၁၈၁၉ မြန်မာက မဏိပူရကို သိမ်း၊ မြန်မာက အာသမ်ကို သိမ်း
၁၈၂၃ အဝကို မင်းနေပြည် ပြန်လုပ်၊ ရှင်မဖြူ (ဆဟာဟပုရိ) ကျွန်းကို မြန်မာက သိမ်း
၁၈၂၄ - ၂၆ အင်္ဂလိပ် - မြန်မာ ပထမစစ် ဖြစ်ပွား၊ ရခိုင်နဲ့ တ နင်္သာရီကို အင်္ဂလိပ်ယူ
၁၈၅၂ အင်္ဂလိပ် - မြန်မာ ဒုတိယစစ် ဖြစ်ပွား၊ အကြေမြန်မာကို အင်္ဂလိပ်သိမ်း
၁၈၅၇ မန္ဈလေးမြို့ စတည်
၁၈၈၅ အင်္ဂလိပ် - မြန်မာ တတိယစစ် ဖြစ်ပွား၊ အညာမြန်မာကို အင်္ဂလိပ် သိမ်း
မြန်မာနိုင်ငံ (၁၃၀၀ - ၁၈၈၅) ဖြစ်ပေါ် တိုးတက်မှု အကျဉ်းချုပ် ဖြစ်ပါတယ်။
သန်းထွန်း
၂၅၊ ၁၁၊ ၂၀၀၀။


မှတ်ချက်။ ၂၀၀၁ ခုနှစ်၊ ဧပြီလမှာ မုံရွေး စာအုပ်တိုက်က ထုတ်ဝေ ဖြန့်ချိတဲ့ 'ဒေါက်တာ သန်းထွန်း ဖုကုအိုကသွား မှတ်တမ်း'
စာအုပ်က ဒေါက်တာ သန်းထွန်း ရေးသားတဲ့ "မြန်မာသစ်" စာတမ်းမှ ပြန်လည်ကောက်နှုတ်ဖော်ပြပါသည်။ (Lu Zein)

Monday, February 27, 2012

ပျားအိမ်များ အဘယ်ကြောင့် ဆဋ္ဌဂံပုံ ရှိကြသနည်း


ပျားအိမ်များ အဘယ်ကြောင့် ဆဋ္ဌဂံပုံ ရှိကြသနည်း

 

ပျားအိမ်များကို ဆဋ္ဌဂံပုံရှိ အိမ်ငယ်ကလေးများဖြင့် ညီညာစွာ တည်ဆောက်ထားသည်။ ပျားအိမ်ကို ဤကဲ့သို့ တည်ဆောက်ထားခြင်းသည် သဘာဝ၏ အံ့သြဖွယ်ရာတစ်ခု ဖြစ်သည်။ ပျားအိမ်များကို ပညာသားပါပါ တည်ဆောက်ထားသည်သာမက ကွက်လပ်များနှင့် ပစ္စည်းများကိုလည်း နည်းလမ်းတကျ အသုံးချထားသည်ကို တွေ့ရသည်။

    ပျားအိမ်၏ ထိုကဲ့သို့ ထူးခြားသောဆဋ္ဌဂံပုံကို ရှေးယ္ခင်ကပင် လူသားတို့ ဂရုပြု၍ လေ့လာကြသည်။ ပျားများသည် ပျားအိမ်ကို အဘယ်ကြောင့် ဆဋ္ဌဂံပုံတည်ဆောက်ထားရသနည်း။ ပဉ္စဂံပုံ၊ စတုဂံပုံ၊ ကြိဂံပုံ စသည် တည်ဆောက်၍ မရပါလော။

    အချို့ပုဂ္ဂိုလ်များက ဆဋ္ဌဂံပုံသည် သဘာဝ၏ ပုံသဏ္ဌာန်ဖြစ်သည်။ စက်လုံးပုံအရာဝတ္ထုကို ဘယ်ညာနှစ်ဘက် ဖိပေးလျှင် ဆဋ္ဌဂံပုံဖြစ်သွားသည်။ ရူပဗေဒ၏ အားပညာရပ်မှ ကြည့်ရှုပါက ဆဋ္ဌဂံပုံသည် အတည်မြဲဆုံးသော ပုံဖြစ်သည်။ ပျားအိမ်တည်ဆောက်ရာတွင် အပြန်အလှန် တွန်းဖိခြင်းကြောင့် ပျားအိမ်မှာ ဆဋ္ဌဂံပုံဖြစ်နေသည်ဟု ဆိုသည်။

    ၎င်းအယူအဆများ မှန်ကန်ပါသလား၊ ရှေ့ပိုင်း အယူအဆသာ မှန်ကန်သည်။ ပျားအိမ်၏ ဆဋ္ဌဂံပုံများသည် တပြင်ညီတည်း ဆက်စပ်တည်ရှိခြင်းကြောင့် အပြန်အလှန် တွန်းဖိခြင်း မပြုလုပ်နိုင်ပေ။ ထို့ကြောင့် ပျားအိမ်များကို ဆောက်ကတည်းက ဆဋ္ဌဂံပုံ ဆောက်ထားခြင်း ဖြစ်ရမည်။

    ပျားအိမ်ကို ဆဋ္ဌဂံပုံဆောက်ခြင်းသည် မည်သည့်အကျိုးရရှိသနည်း။
    ၁၈ ရာစုခန့်တွင် ပြင်သစ်ပညာရှင်တစ်ဦးသည် ပျားအိမ်ကို ပေတံဖြင့် တိုင်းထွာခဲ့ဘူးသည်။ ထိုကဲ့သို့ တိုင်းထွာရာတွင် စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာတစ်ခုကို တွေ့ရှိခဲ့သည်။ ဆဋ္ဌဂံပုံရှိ ပျားအိမ်ပေါက်များ၏ ထောင့်ခြောက်ထောင့်သည် တူညီသော စည်းမျဉ်းကို လိုက်နာလျက် ထောင့်ကျယ်သည် ၁၀၉° ၂၈' ၊ ထောင့်ကျဉ်းသည် ၇၀° ၃၂' ရှိသည်ကို တွေ့ရှိရသည်။

    ဤကဲ့သို့ ဖြစ်ခြင်းသည် "ထန်းသီးကြွေခိုက်၊ ကျီးနားခိုက်" ဖြစ်ခြင်းလော။ ထိုအခြင်းအရာသည် ပြင်သစ်ရူပဗေဒပညာရှင်တစ်ဦးကို လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်တော့သည်။ ထိုပညာရှင်စဉ်းစားမိသည်မှာ "ပျားအိမ်တည်ဆောက်သော ပစ္စည်းများသည် ပျား၏ကိုယ်မှထွက်လာသော ပျားဖယောင်းများ ဖြစ်သည်။ ထိုပစ္စည်းများသည် ဝန်အားခံနိုင်ရည်တွင်လည်းကောင်း၊ အပူခံနိုင်ရည်တွင်လည်းကောင်း ပထမတန်းစားပစ္စည်းများ ဖြစ်ကြသည်။ ပျားများသည် ပျားဖယောင်းထုတ်ရန် ပျားရည်များစွာကို စားသောက်ရသည်။ ပျားဖယောင်းများသည် ပျားကိုယ်မှ နည်းနည်းစီထွက်လာသော ပစ္စည်းများ ဖြစ်သည်။ ထိုကဲ့သို့ အဖိုးတန်သော ပျားဖယောင်းဖြင့် ပျားအိမ်ဆောက်ရာတွင် ဆဋ္ဌဂံပုံဆောက်ထားခြင်းမှာ ပျားအိမ်ဆောက်ပစ္စည်း အကုန်အကျ အနည်းဆုံးသောပုံစံ ဖြစ်သည့်ပြင် ထုထည်လည်း အကြီးဆုံးဖြစ်နိုင်သည့် ပုံစံကို ဆောက်ထားခြင်း မဖြစ်နိုင်ပါလော" ဟူ၍ဖြစ်သည်။

    ထိုပြင်သစ်ရူပဗေဒပညာရှင်သည် သူ၏ထင်မြင်ချက်ကို ပဲရစ်သိပ္ပံကျောင်းကြီးမှ ဆွစ်ဇာလန် သင်္ချာပါရဂူတစ်ဦးအား ပြောပြပြီး အကူအညီတောင်းသည်။ သင်္ချာပါရဂူ၏ တွက်ချက်မှုအရ လူတို့ကို တုန်လှုပ်ချောက်ချားစေသော တွေ့မြင်ချက်များ ရရှိခဲ့သည်။ ထိုသင်္ချာပါရဂူ၏ တွက်ချက်မှုအရ ပစ္စည်းအနည်းဆုံးနှင့် ထုထည်အကြီးဆုံး ဆောက်နိုင်ရန်  ဆဋ္ဌဂံပုံ၏ ထောင့်များသည် ၁၀၉° ၂၆' ၊ ထောင့်ကျဉ်းသည် ၇၀° ၃၄'  ဖြစ်ရမည်။ ထိုတွက်ချက်ခြင်းမှ ရသော အဖြေသည် ပျားအိမ်နှင့် ၂' (နှစ်မိနစ်) သာ ခြားနား၏။

    ထို့နောက် သင်္ချာပါရဂူတစ်ဦး၏ ထပ်မံတွက်ချက်မှုအရ ရရှိသောထောင့်သည် ပျားအိမ်ထောင့်နှင့် အတိအကျတူညီသည်ကို တွေ့ရသည်။ နောက်မှ ဆွစ်ဇာလန်သင်္ချာပါရဂူတွက်ချက်စဉ်က အသုံးပြုသော လော့ဂရစ်သမ်စာအုပ် မှားနှိပ်ထားကြောင်း တွေ့ရသည်။

    ပျားအိမ်သည် သင်္ချာပါရဂူများကိုသာ လမ်းညွှန်ပြလိုက်သည်သာမဟုတ်၊ ဗိသုကာများ၊ ကုန်ကြမ်းပါရဂူများ၊ အထူးသဖြင့် လေယာဉ်ကိုယ်ထည်ကို ဒီဇိုင်းဆွဲပေးရသော ပုံဆွဲဗိသုကာတို့ကိုပါ များစွာအထောက်အကူ ပြုခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက လေယာဉ်တည်ဆောက်မှုပါရဂူများသည် လေယာဉ်တည်ဆောက်ရာတွင် အကုန်အကျနည်းရန် အတွက်လည်းကောင်း၊ ကိုယ်ထည်ပေါ့ရန်အတွက်လည်းကောင်း ပျားအိမ်၏ တည်ဆောက်ပုံကို အတုယူ၍ ပျားအိမ်အထပ်ပုံတည်ဆောက်ခဲ့ကြသည်။ ထိုတည်ဆောက်ပုံအရ လေယာဉ်၏ နံရံသည် ပျားအိမ်ကဲ့သို့ အလယ်တွင် အပေါက်များသာပြုလုပ်ထားသည်။ ထိပ်မျက်နှာပြင် နှစ်ဘက်ပေါ်တွင်သာ သတ္တုပြားနှစ်ချပ် ခံထာူသည်. ထိုသို့သော လေယာဉ်နံရံသည် သတ္တုပြားတစ်ပြင်လုံထက် ပို၍ခိုင်ခံ့သည်။ အလေးချိန်လည်း ပေါ့ပါးသည်။ အပူကာခြင်း၊ အသံကာခြင်းတွင်လည်း ကောင်းမွန်သည်။ လေယာဉ်တွင်သာ အသုံးချခြင်း မဟုတ်ပေ။ အဆောက်အဦ ဆောက်လုပ်ရာတွင်လည်း ပျားအိမ်သဏ္ဌာန်တိုက်များကို ဆောက်ထားကြခြင်းသည်လည်း ထိုကဲ့သို့ ဂုဏ်သတ္တိများနှင့် ပြည့်စုံသည်။
 (ပြီးပါပြီ)

စာပေဗိမာန်ထုတ် သိပ္ပံမျိုးသန့်၏ ပတ်ဝန်းကျင်မှ သင်္ချာပညာ (၁၉၉၀) တွင် ပါရှိသော ဆောင်းပါးကို ဗဟုသုတအလို့ငှါ စာစီ၍ ဖော်ပြပါသည်။ (Lu Zein)


Saturday, February 11, 2012

Converting numbers to the Myanmar word




Code Snippet လေး တစ်ခုလောက် ရှာနေပါတယ် 

သူငယ်ချင်းတို့ဆီမှာ Number ကနေ Word ကို ပြောင်းဘို့ ဖန်ရှင် ရေးထားတာ ရှိရင် မျှပါဦး။

ဥပမာ ..
1 (၁) တွေ့ရင် တစ်
104 (၁၀၄) တွေ့ရင် တစ်ရာ့လေး
24685 (၂၄၆၈၅) တွေ့ရင် နှစ်သောင်းလေးထောင်ခြောက်ရာရှစ်ဆယ့်ငါး
9000000 (၉၀၀၀၀၀၀) တွေ့ရင် ကိုးသန်း ... စသဖြင့် ပြောင်းပေးဘို့ပါ။

အင်္ဂလိပ်လို ရေးထားတာတော့ ရှာလို့ရပါတယ်။ မြန်မာလို ပြောင်းပေးတာ လိုချင်လို့ပါ...။



လူစိမ်း