Friday, December 28, 2012

မင်္ဂလာ နံနက်ခင်းနဲ့ မေတ္တာသုတ္တံ


အားလုံးကို မင်္ဂလာ နံနက်ခင်းနဲ့ အတူ ဆုတောင်း...
Dhammadownload Web Master 28 December 07:19
အားလုံးကို မင်္ဂလာ နံနက်ခင်းနဲ့ အတူ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်..

ဘေးအန္တရယ်နှင့် ဒုက္ခဆင်းရဲတို့ကို ခံစားနေရသော လူ၊ နတ်၊ သတ္တဝါတွေ၊
ဘေးဒုက္ခအန္တရယ်များကို ကျော်လွှားနိုင်ကြပါစေ...
ဘေးဒုက္ခခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ..
ကျန်းမာ..ချမ်းသာ ကြပါစေ...

မေတ္တာသုတ္တံ

၁။ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။ ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘဝန္တု သုခိတတ္တာ။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာဝ နဝသေသာ။ ဒီဃာ ဝါ ယေဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၇။ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။
၉။မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနောယာဝတာဿ ဝိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာတု။
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။ မေတ္တသုတ္တံ နိဋ္ဌိတံ။

*****************************
အနက် အဓိပ္ပါယ်(ပထမ ၂ ပိုဒ် သည် ဘုရားဟောထဲ မပါ .ပါ) - မေတ္တာသုတ် အညွှန်း
******************************
၁။ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။ ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။

*************************************************
မေတ္တာသုတ္တံ (ဒုတိယ ၂ ပိုဒ်) - မေတ္တာ ဘာဝနာ ပွားများ သူများ ပြည့်စုံရမည့် အင်္ဂါ ၁၄ ချက်
*************************************************
၃။ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ - နိဗ္ဗာန်ကို လိုချင်သော လိမ္မာပါးနပ်သော ပုဂ္ဂိုလ်တဦးသည် တကယ်ကို အလုပ် လုပ်ရပါမည်။ နိဗ္ဗာန်ကို လိုချင်သော ပုဂ္ဂိုလ်တဦးသည် အင်္ဂါ ၁၄ ချက်နှင့် ပြည့်စုံအောင် ကြိုးစားရပါမည်။

၁) သက္က - စွမ်းနိုင်သူ (လုံလ ဝိရိယနှင့် ပြည့်စုံခြင်း၊ ယုံကြည်ချက် ပြင်းထန်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်ခြင်း၊) သူ ဖြစ်ရပါမည်။
၂) ဥဇူစ - ကိုယ်စိတ် နှစ်ပါး သည် ရိုးသား ဖြောင့် မတ် သူ ဖြစ်ရပါမည်။
၃) သုဟုဇူ - မနော ဒွါရသည်လဲ ရိုးသား ဖြောင့် စင်းသူ ဖြစ်ရပါမည်။
၎) သုဝစ - အကြံပေးသည့်အခါ ပြောလို့ ဆိုလို့ လွယ်သူ ဖြစ်ရမည်။
၅) မုဒု - ကိုယ် နှုတ် စိတ် ၃ ပါး ယဉ်ကျေး သိမ်မွေ့နေသူ ဖြစ်ရမည်။
၆) အနတိမာနီ - အလွန်မောက်မာသော မာန်မာနတွေ မရှိရပါ။
၇) သန္တုဿကော - ရသမျှနဲ့ ရောင့်ရဲ တင်းတိမ်နေသော ပုဂ္ဂိုလ် ဖြစ်ရပါမည်။ ဇီဇာကြောင်သော ဂျီးများသော ပုဂ္ဂိုလ် မဖြစ်ရပါ။ (ဥပမာ - အချို၊ အငံ မစားချင်၊ စသည်)
၈) သုဘရော - မွေးမြူလွယ်သူဖြစ်ရမည်။
၉) အပ္ပကိစ္စော - ကိစ္စ နည်းပါးသူ ဖြစ်ရပါမည်။
၁၀) သလ္လဟုကဝုတ္တိ - Simple Life ဝန်ထုပ် ဝန်ပိုး မများသော ပေါ့ပါး နေထိုင် သွားလာနိုင်သူ ဖြစ်ရပါမည်။
၁၁) သန္တိန္ဒြိယော - ငြိမ်သက်သော အိနြေ္ဒ ရှိသူ ဖြစ်ရပါမည်။
၁၂) နိပကော - အသိပညာ ဥာဏ်ပညာ ရင့်ကျက်နေရပါမည်။ ကမ္မဋ္ဌာန်း ၄ဝ မှ တမျိုးမျိုးကို နားလည် သဘောပေါက်ထားရပါမည်။
၁၃) အပ္ပဂဗ္ဘော - ကိုယ်ရော စိတ်ရော နှုတ်ရော ကြမ်းတမ်းသော ပုဂ္ဂိုလ် မဖြစ်ရပါ။
၁၄) ကုလေသွ န နုဂိဒ္ဓေါ - ရဟန်းတော်များသည် ဒါယိကာ၊ ဒါယိကာမတွေ အပေါ်မှာ တွယ်တာနေမှု၊ မရှိရပါ၊

***************************************************
၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။

ဘုရား အမှုးပြုသော ရဟန္တာ အရိယာပုဂ္ဂိုလ်ကြီးတွေက မကြိုက်မနှစ်သက်သော အရာတွေ၊ ဒီအမှုကိစ္စတွေဟာ မကောင်းဘူးလို့ သတ်မှတ်ထားတာတွေကို ဘယ်တော့မှ မလုပ်ပါဘူးဟု စိတ်ကို ဒုံးဒုံးချရပါမည်။

****************************************************
မေတ္တာပွားနည်း (၁၁) မျိုး

သတ္တဝါတို့ အကျိုး စီးပွား ကို လိုလား တဲ့ အနေနဲ့ ပို့သသောမေတ္တာ (၈) မျိုး
===== ၃၁ ဘုံ ရှိသတ္တဝါတွေကို ဘာမှ မခွဲခြားဘဲ အကုန်ပေါင်းပြီး ပို့သသောမေတ္တာ (၁)မျိုး
===== ၂ မျိုး တစုစီ ၄စု ခွဲပြီး ပို့သသောမေတ္တာ (၄)မျိုး
===== ၃ မျိုး တစုစီ ၃စု ခွဲပြီး ပို့သသော မေတ္တာ (၃)မျိုး
သတ္တဝါတို့ အကျိုး စီးပွား မဲ့ခြင်းကို ပါယ်ရှား တဲ့ အနေနဲ့ ပို့သသောမေတ္တာ (၂) မျိုး
သတ္တဝါတို့ အကျိုး စီးပွား ရှိခြင်းကို ဆောင်လိုသော အနေနဲ့ ပို့သသောမေတ္တာ (၁) မျိုး
**********************************************
မေတ္တာပို့ အစ….

သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘဝန္တု သုခိတတ္တာ။

လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
************************************************
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာဝ နဝသေသာ။

(ဒေါသကိလေသာကို မပါယ်သတ် ရသေးသဖြင့် ကြောက်တတ်သော ပုထုဇဉ်၊ သောတာပန်၊ သဒ္ဒါဂါမ်) ၊
(ဒေါသကိလေသာကို ပါယ်သတ် ပြီးသဖြင့် မကြောက်တတ်သော အနာဂါတ်၊ရဟန္တာ)
ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
*************************************************
ဒီဃာ ဝါ ယေဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

ဒီဃာ - ရှည် တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

မဟန္တာ - ကြီး ငယ် အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

ထူလာ - ဆူ ကြုံ အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

*************************************************
၇။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ - မြင်အပ်၊မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ - ဝေးနေ၊ နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

ဘူတာဝ သမ္ဘဝေသီဝ - ( ဘဝဇာတ်ဆုံး ပြီဖြစ်သော ဘုရား၊ ရဟန္တာ ပုဂ္ဂိုလ်)၊ (ဘဝဇာတ် မဆုံးသေးသော ဘုရား၊ ရဟန္တာ မဟုတ်သော များလှစွာ သော ပုထုဇဉ်၊ သောတာပန်၊ သဒ္ဒါဂမ်၊ အနာဂါမ်များ) ဘဝဇာတ်ဆုံး၊ မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

***************************************************
သတ္တဝါတို့ အကျိုး စီးပွား မဲ့ခြင်းကို ပါယ်ရှား တဲ့ အနေနဲ့ ပို့သသော မေတ္တာ (၂) မျိုး

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။

န ပရော ပရံ နိကုဗ္ဗေထ၊ - လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

နာတိမညေထ ကတ္ထစိ န ကဉ္စိ။ - အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။ - ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

***************************************************
၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

ငါသည် လောကကြီးတခုလုံးရဲ့ မိခင်တဦးဖြစ်သည်။ လောကကြီးမှာ ရှိသော သတ္တဝါတိုင်းကို မိမိ၏ ရင်မှ မွေးဖွားလာသော တဦးတည်းသော သား သမီးငယ် ကို မေတ္တာဖြင့် အသက်ပေး စောက်ရှောက်သကဲ့သို့ သတ္တဝါတိုင်းအပေါ် မေတ္တာစိတ် ထားရှိ ရပါမည်။

***************************************************
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။

ငါသည် ငါနှင့်သက်ဆိုင်သော ဘုံ တမျိုးကိုသာ မေတ္တာပို့မည်၊ အမျိုးတူ၊ ဘာသာတူတွေကိုဘဲ မေတ္တာပို့မည်ဟု စိတ်မထားဘဲ အထက်ဆုံးဖြစ်သော အရူပ လေးဘုံ၊ အောက်ဆုံးဖြစ်သော အပါယ်လေးဘုံ အလယ်အလတ် ဖြစ်သော ရူပ ၁၆ ဘုံ၊ အစရှိသော ၃၁-ဘုံတွင် ရှိရှိသမျှသော သတ္တဝါအားလုံးတို့အား ရန်ငြိုးလုံးဝမရှိသော မေတ္တာစိတ် ထားရပါမည်။

***************************************************
၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနောယာဝတာဿ ဝိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာတု။

မေတ္တာဘာဝနာ ကမ္မဋ္ဌာန ဘာဝနာ ပွားများသူသည် တိဋ္ဌံ (ရပ်ခြင်း) စရံ (သွားခြင်း) နိသိန္နော (ထိုင်ခြင်း) သယာနော (လျှောင်းခြင်း) အရိယာပုတ်မရွေး ပွားများ အားထုတ်နိုင်ပါသည်။
မေတ္တာဘာဝနာ ပွားများနေသူသည် ဗြဟ္မကြီးတွေရဲ့ နေခြင်းနှင့် တူသော မြတ်သော နေထိုင်ခြင်းဖြင့် နေထိုင်နေသော ပုဂ္ဂိုလ် ဖြစ်ပါသည်။
***************************************************
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ ၻေသယ် ပုန ရေတိ။ မေတ္တသုတ္တံ နိဋ္ဌိတံ။

မေတ္တာဘာဝနာဖြင့် သမာဓိ ထူထောင်လာသော ပုဂ္ဂိုလ်သည် ဥပဇာန သမာဓိ အဆင့်ရောက်ရှိလာသည့်အခါ သတ္တဝါတွေကို အခြေခံပြီး ပွားနေရသဖြင့် မတော်တဆ အတ္တဒိဋ္ဌိ၊ ပုဂ္ဂလဒိဋ္ဌိတွေနဲ့ မယိုင်သွားရအောင် အနတ္တလက္ခာသုတ်မှာ ပါရှိသည့်အတိုင်း အတိတ်၊ ပ္ပုစ္စုပ္ပါန်၊ အနာဂါတ် (၁၁)မျိုး ပြရှိသော ရုပ်တွေ မှန်သမျှ အပေါ်မှာ ငါ၊ ငါ့ ဥစ္စာ မဟုတ်ပါဟု ရှုမှတ်ပွားများ အားထုတ်ရပါမည်။
မေတ္တာဘာဝနာမှ သမာဓိဘာဝနာထူထောင်ပြီး၍ အနတ္တလက္ခာသုတ်မှာ ပါရှိသည့်အတိုင်း လက္ခာရေး ၃ ချက် အတိုင်း ဝိပဿနာ တရားတွေ အာထုတ်နေသော ပုဂ္ဂိုလ်သည် သောတာပန်၊ သဒ္ဒါဂါမ်၊ အနာဂါမ် အထိ အရိယာတွေ ဖြစ်လာကြပါမည်။
***************************************************
ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋက ဓမ္မနာဒ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဘာသာပြန် ဖွဲ့ဆိုထားသော မေတ္တာသုတ် (မှတ်ချက်။ ကြောက်တတ်၊ မကြောက်တတ်နှင့် ဘဝဇာတ်ဆုံး မဆုံးများစွာ ကိုရွတ်ဆိုရာတွင် အရိယာတို့၏ စိတ်ထားကို မူတည်၍ ၂ စု ခွဲထားကြောင်း မှန်းဆရပါမည်။)

လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ကြောက်တတ်၊မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
မြင်အပ်၊မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဝေးနေ၊နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ကြီးငယ်အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ

**************************************

ပါချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ၏ မေတ္တာ သုတ်အနှစ်ချုပ် တရားတော်

http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/DVD-02/267-Dr-Nandamalabhivamsa-DVD-Mp3.mp3

http://dhammadownload.com/File-Library/Dr-Nandamalabhivamsa/Dr-Nandamalabhivamsa-MyitTarThotAhNitChoke.pdf

**************************************
ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသ၏

၁၄-၄-၂၀၁၂ (ညနေ) မေတ္တာ မန္တာန် (၁) (မေတ္တာသုတ္တန်) တရားတော်

http://dhammadownload.com/MP3Library/Bhaddanta-ThuseilthaBhivamsa/05-Bhaddanta-ThuseilthaBhivamsa-14-4-2012-evening.mp3

http://www.ustream.tv/recorded/21830189

၁၅-၄-၂၀၁၂ (နံနက်) မေတ္တာ မန္တာန် (၂) (မေတ္တာသုတ္တန် အဆက်)

http://dhammadownload.com/MP3Library/Bhaddanta-ThuseilthaBhivamsa/06-Bhaddanta-ThuseilthaBhivamsa-15-4-2012-morning.mp3

http://www.ustream.tv/recorded/21851184
dhammadownload.com

by Dhammadownload Web Master

Saturday, December 22, 2012

“ဝိမောက္ခ” အွန်လိုင်းဓမ္မဂျာနယ် အမှတ်စဉ် - ၁၊ အတွဲ - ၁။ (ဒီဇင်ဘာလ ၂၃၊ ၂၀၁၂။)

ဓမ္မမိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ…။

"ဝိမောက္ခ" အွန်လိုင်းဓမ္မဂျာနယ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။

ဒီဂျာနယ်ကို စီစဉ်ဖြန့်ဖြူးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာအနှံ့အပြားမှာ ရှိနေကြတဲ့ တရားဓမ္မစာပေတွေကို လေ့လာလိုက်စား တန်ဖိုးထားဖတ်ရှုချင်ကြတဲ့ ကွန်ပျူတာနည်းပညာကို မကျွမ်းကျင်ကြသူများ၊ အင်တာနက်သုံးစွဲခွင့် မရကြသူများ၊ သုံးခွင့်ရပေမယ့် အချိန်ကြာကြာ မသုံးဖြစ်ကြသူများ၊ အင်တာနက်ကော်နက်ရှင်အခက်အခဲရှိသူများအတွက် ဒေါင်းလုဒ်ဆွဲချထားပြီး အချိန်အားရမှ အေးအေးဆေးဆေး စိတ်တိုင်းကျ ဖတ်ရှုနိုင်စေရန် နှင့် တခြားအင်တာနက်နှင့်ကွန်ပျူတာ မသုံးဖြစ်ကြတဲ့ မိတ်ဆွေများကိုလည်း လက်ဆင့်ကမ်း ဓမ္မဒါနပြု မျှဝေနိုင်ရန်အတွက် ဖြစ်ပါတယ်။

ဂျာနယ်ထဲမှာဖော်ပြပါရှိတဲ့ အချက်အလက်များ အားလုံးနီးပါးဟာ Facebook နှင့် တခြားအင်တာနက်စာမျက်နှာများမှ ဓမ္မဒါနဖြန့်ဖြူးရေးသားနေကြတဲ့ ပုဂ္ဂိုလ်များရဲ့  အသိပညာပိုင်း ဆိုင်ရာ၊ အနုပညာဆိုင်ရာ ပိုင်ဆိုင်မှုများ (Intellectual Properties) သာ ဖြစ်ပြီး ၄င်းတို့ကို မိမိတို့ ဂျာနယ်မှ ထပ်ဆင့်ဝေမျှခြင်းသာဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ဤဂျာနယ်နှင့်တကွ ဂျာနယ်ပါအကြောင်းအရာများအားလုံးကို ဓမ္မဒါနဖြန့်ဖြူးခြင်းကိစ္စမှတစ်ပါး မိမိတို့၏ ပုဂ္ဂလိက အကျိုးစီးပွားအတွက် မူလပိုင်ရှင်ပုဂ္ဂိုလ်များ၏ ခွင့်ပြုချက်ကို မတောင်းခံပဲ အသုံးမပြုကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်ခင်ဗျာ။


လေးစားစွာဖြင့်
ဝိမုတ္တိသုခ

http://minus.com/lblqlVL7obAUly
http://www.mediafire.com/view/?wlt7l30eb5mrbw4
https://plus.google.com/photos/106121406073143775443/albums/5824628378126696385/5824628394615891874?banner=pwa&authkey=CMzg0aOC7OD7zwE

credit: https://www.facebook.com/photo.php?fbid=498463690176304&set=a.218762134813129.56131.100000380319925&type=1

Friday, December 21, 2012

ကမ္ဘာ မပျက်ပါ ၊ သို့သော်... [myastroview]

ကမ္ဘာ မပျက်ပါ ၊ သို့သော်...
▬▬▬▬▬▬▬▬▬▬▬
မနက်ဖြန် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်တော့မတဲ့။ ရုပ်သံတွေမှာ ဂျာနယ်တွေမှာ၊ စာအုပ်စာတမ်းတွေမှာ မာယာတွေရဲ့ ကမ္ဘာပျက်ကိန်းနဲ့ ပတ်သက်လို့ တော်ကီပစ်၊ အာထု၊ လေပန်း မဆုံးနိုင် ဖြစ်နေခဲ့တာ ၂ဝဝ၉ လောက်တည်းကပါပဲ။ အဲဒီ အပြောတွေ အဟောတွေထဲမှာ ကျွန်တော် ဘဝင်ကျမိတဲ့ သဘောတူ ကျေနပ်အားရမိတဲ့ အယူအဆတွေ ပါဝင်ပါတယ်။ အဲဒါလေးတွေ စုစည်း တင်ပြချင်ပါတယ်။

တကယ်တော့ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန် ပြီးဆုံးတာနဲ့ ကမ္ဘာ ပျက်တာ တခြားစီပါပဲ။ ဆီနဲ့ရေ၊ နံ့သာဆီနဲ့ မစင် လုံးဝ ကွဲပြားသလို သင်္ကေတသရုပ်ဖော်တဲ့ Symbolism နဲ့ အရမ်းကာရော တိုက်ရိုက်နိမိတ် အဖြစ် ကောက်ယူခြင်းဟာ တမျိုးစီ ကွဲပြားတယ်လို့ ပြောပါရစေ။

သမိုင်းထဲက ကမ္ဘာပျက်ကိန်းများ

၁၉၅၅ ခုနှစ်၊ ခရစ်စမတ် အကြိုညမှာ ကမ္ဘာကြီးကို ရေတွေ လွှမ်းပြီး ပျက်စီးတော့မယ်လို့ ယုံကြည်ထားတဲ့ The Seekers အမည်ရ အဖွဲ့တစ်ဖွဲ့ဟာ အဲဒီညမှာပဲ ဂြိုဟ်သားတွေက ပန်းကန်ပြားပျံတွေနဲ့ လာကယ်လိမ့်မယ် လို့ ယုံကြည်ပြီး တစ်မျှော်တည်း မျှော်ခဲ့ဖူးပါတယ်။ ခရစ်စမတ်နေ့ မနက်အာရုံသာ တက်လာတယ်။ ဘယ်လို ရေဘေးမှ ပေါ်ပေါက်မလာတဲ့အတွက် အဖွဲ့ခေါင်းဆောင် ဘွားတော်ကြီးက ဘုရားသခင်ဟာ သူတို့အဖွဲ့ရဲ့ ကြိုးပမ်းချက်တွေကို လေးစားတဲ့အနေနဲ့ ကမ္ဘာကို ကယ်တင်သွားတယ်လို့ သံကောင်းဟစ်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ အဲဒီနေ့မှာ ကမ္ဘာကြီး ရေဘေးသင့် ပျက်စီးမယ်လို့ ယုံကြည်ပြီး အလုပ်တွေ ထွက်၊ ရှိတာလေးတွေ ရောင်းထုတ်ပြီး မျှော်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

သမ္မာကျမ်းစာကို ဂဏန်းသင်္ချာ လျှို့ဝှက်သင်္ကေတအဖြစ် ယုံမှတ်ထားသူ Harold Camping ဆိုတဲ့ အငြိမ်းစားအင်ဂျင်နီယာ တစ်ဦးကလည်း ၁၉၉၄၊ စက်တင်ဘာလမှာ ကမ္ဘာပျက်မယ်လို့ ဟောကိန်း ထုတ်ခဲ့ ဖူးပါတယ်။ ဟောတဲ့အတိုင်း ဖြစ်မလာတော့ သူက ဒါဟာ သုတေသန မပြည့်စုံလို့ ဆိုပြီး ယူဆခဲ့ပါတယ်။ ဒါပေမယ့် သူက လက်မလျှော့ပါဘူး။ ၂ဝ၁၁၊ မေလ ၂၁ ရက်နေ့မှာ ကမ္ဘာ ပျက်မယ်လို့ ထပ် ဟောပြန်ပါသေးတယ်။ ဒါပေမယ့် ဟောကိန်းအတိုင်း ဖြစ်မလာဘဲ ကမ္ဘာကြီးက သူ့ဖာသာ ဆက်လက် လည်ပတ် ဖြစ်တည်နေတဲ့အတွက် အောက်တိုဘာ ၂၁ ရက်ကို ထပ်ရွှေ့ပြီး ဟောကိန်းကို ပြင်ဆင်ခဲ့ပါတယ်။ အောက်တိုဘာ ၂၁ ရက်မှာလည်း ဘာမှ ထူးမခြားနား ဖြစ်ခဲ့တဲ့အတွက် လျှို့ဝှက်ဂဏန်းတွေအပေါ် အဓိပ္ပါယ် တလွဲတွေ ကောက်ယူ ခဲ့တာ ဖြစ်တယ်လို့ ပြောသွားပြန်ပါတယ်။

၁၉၁ဝ တုန်းကလည်း အဲဒီနှစ်မှာ ကောင်းကင်ပေါ်က သာမန်မျက်စိနဲ့ မြင်ရတဲ့ ဟေလီကြယ်တံခွန်ရဲ့ အမြီးဖျားက အဆိပ်ငွေ့တွေကြောင့် သေကြေပျက်စီးလိမ့်မယ်လို့ ကောလာဟတွေ ထွက်ခဲ့ဖူး ပါတယ်။ ဟေလီ ကြယ်တံခွန်ဟာ ကမ္ဘာဆီ ၇၆ နှစ်ကြာတိုင်း တစ်ကျော့ပြန် လှည့်လာလေ့ ရှိပါတယ်။ အဲဒီနှစ် မေလ ၁၈ ရက်နေ့မှာ ကြယ်တံခွန် ကမ္ဘာကို ဖြတ်သန်းတဲ့အခါ အမြီးဖျားက အဆိပ်ငွေ့ တန်းတွေကြောင့် လူတွေ တသီကြီး သေကုန်လိမ့်မယ် ဆိုတဲ့ ကောလာဟလကြောင့်လည်း အကြံအဖန် ဆေးဝါးတွေ၊ မျက်နှာစည်းပုဝါတွေ ရောင်းကောင်းခဲ့ပါတယ်။ တကယ်တမ်း ကြယ်ခံခွန် ဖြတ်သွားတော့ ဘာမှ မဖြစ်တဲ့အခါ ကံကောင်းလို့ မသေသူများ အဖြစ် တချို့တွေက ပျော်ပွှဲရွှင်ပွဲတောင် လုပ်ခဲ့ပါသေးတယ်။

၁၉၉၇ တုန်းကဆိုရင် ဂျပန်က တိုကျိုမြေအောက် ရထားလိုင်းမှာ အဆိပ်ငွေ့နဲ့ တိုက်ခိုက်ခဲ့တဲ့ (ကမ္ဘာပျက်မယ်) ဆိုတဲ့ ဘာသာရေး အစွန်းရောက်ဂိုဏ်း၊ နောက်တစ်ခါ ဟေးဘော့ဂ် ကြယ်တံခွန် ပေါ်လာချိန်မှာ အရူးထပြီး ကိုယ့်ဖာသာ သတ်သေကြတဲ့ Heaven's Gate အဖွဲ့ စတဲ့ ကမ္ဘာပျက်ကိန်း ခရေဇီတွေကိုလည်း သမိုင်းမှာ ပြန်လှန်ကြည့်နိုင်ပါသေးတယ်။ အနီးဆုံး ဆိုရရင် ၂ဝဝဝ ပြည့်နှစ်က Y2K ဆိုတဲ့ ကွန်ပျူတာထဲက ဂဏန်းတွေကိစ္စဟာ ယုံကြည်လွဲမှား အစွန်းရောက်သူများ ပါးစပ်ဖျားမှာ ကမ္ဘာပျက်ကိန်းအဖြစ် ရေပန်းစားခဲ့လို့ တတ်ကျွမ်းနားလည်သူတွေက မနည်းကို ရှင်းပြခဲ့ရပါတယ်။

၂ဝ၁၂၊ ဒီဇင်ဘာ ၂၁

သမိုင်းထဲက ကမ္ဘာပျက်ကိန်းတွေ အလီလီ ဂွမ်းခဲ့သလို လာမယ့် ဒီဇင်ဘာ ၂၁ ကမ္ဘာပျက်ကိန်းကရော အလွဲကြီး လွဲဖို့ ရှိနေပါသလား။ မာယာပြက္ခဒိန် အဆုံးသတ်လို့ ကမ္ဘာလည်း ကိစ္စချောမယ်လို့ ယူဆသူတွေ အကြောင်းကိုတော့ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။ တောင်ပေါ် တက်ပြေးမယ့်သူ၊ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ ဝင်အောင်း နေမယ့် သူတွေ၊ အရေးပေါ် ကယ်ဆယ်ရေး အသုံးအဆောင်တွေ ဝယ်စုနေသူတွေ စသဖြင့် မျိုးစုံ မြင်တွေ့နေ ရပါတယ်။ တော်သေးတာက မြန်မာပြည်မှာ အဲလို ပြင်ဆင်နေသူတွေ ကိုယ်လက်လှမ်းမီ သလောက် မတွေ့မြင်ရသေးပါဘူး။ ရှိရင်လည်း သူ့သဘော သူဆောင် သူ့အမြင်နဲ့သူ လုပ်တာမို့ ဘာမှ ပြောစရာ မရှိပါ။

တစ်ကမ္ဘာလုံးက အာကာသသိပ္ပံ ပညာရှင်တွေနည်းတူ ဗေဒင်နက္ခတ်ဆရာအပေါင်းကလည်း မာယာပြက္ခဒိန် ပြီးဆုံးပေမယ့် ကမ္ဘာနိဂုံးချုပ်မှာ မဟုတ်ဘူးလို့ အတိအလင်း ကြေငြာ ပြောဆိုထားပါတယ်။ မြန်မာပြည် မှာတော့ ဟိုတလောကတင် ဆရာစံဇာဏီဘိုနဲ့ မင်းခိုက်စိုးစန် တို့က ရုပ်သံလိုင်းတစ်ခုမှာ ဆွေးနွေးခန်းပုံစံနဲ့ တင်ဆက်သွားပါသေးတယ်။ မာယာတွေနဲ့ ပတ်သက်လို့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ စာအုပ် စာတမ်း တချို့ကိုလည်း ဆိုင်တွေမှာ မြင်တွေ့ရပါတယ်။ ကျွန်တော်လည်း တတ်သိ နားလည်သူတွေ ရေးသားတဲ့ ရှင်းလင်းချက်တွေ စုဆောင်း ဖတ်ရှု ကြည့်ဖြစ်ပါတယ်။

အဲဒီမှာ နောက်ဆုံးအနှစ်ချုပ်အဖြစ် ၂ဝ၁၂၊ ဒီဇင်ဘာ ၂၁ နဲ့ ပတ်သက်လို့ ဘာသွားတွေ့သလဲ ဆိုတော့ ရုပ်ရှင်တွေ ရိုက်ပြသလို၊ အယူသည်းသူတွေ လန့်ဖြန့်နေသလို အဲဒီနေ့မှာ ကမ္ဘာကြီး ပျက်စီးမ သွားနိုင်ပေမယ့် အဲဒီနေ့က စလို့ အထူးသဖြင့် ၂ဝ၁၂ အကုန် ၂ဝ၁၃ အတွင်းမှာ မကြုံစဖူး ထူးကဲပြင်းထန်တဲ့ သဘာဝဘေးမျိုးစုံတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရဖို့ ရှိတယ်လို့ ပညာရှင်တွေက ရေးသား ဖော်ပြကြပါတယ်။

ဒီနေရာမှာ ၂ဝ၁၂ ဟောကိန်းအကြောင်း ရေးသားတင်ဆက်ခဲ့သူတွေထဲက တစ်ဦး ဖြစ်တဲ့ ဆရာနျူမန်ရဲ့ (၂၁.၁၂.၂ဝ၁၂ သို့မဟုတ် စကြာဝဠာတွင် ထူးခြားမည့်နေ့) စာအုပ်ပါ အချက်တချို့ကို ထုတ်နုတ် ဖော်ပြ လိုပါတယ်။

(သောကြာနှင့် တနင်္ဂနွေ ဂြိုဟ် ၂ လုံး နောက်ဆုံး ပူးခဲ့သော ကာလမှာ ဇွန်လ ၈ ရက်၊ ၂ဝဝ၄ ခုနှစ်က ဖြစ်ခဲ့ပြီး လူသိန်းပေါင်းများစွာ သေဆုံးခဲ့ရသည့် ဆူနာမီ ဖြစ်ခဲ့သော နေ့မှာ ဒီဇင်ဘာ ၂၆၊ ၂ဝဝ၄ ခုနှစ် ဖြစ်ကာ ၎င်းတို့ နှစ်လုံး ပူးခဲ့ပြီးနောက် စုစုပေါင်း ၆ လ၊ ၁၈ ရက်အကြာတွင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၂ တွင် ကြည့်ပါက ဇွန်လ ၆ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အကြား ကာလမှာ ၆ လ၊ ၁၅ ရက် ဖြစ်နေသည်ကို သတိပြုမိပါသည်။)

ဆိုလိုတာက ၂ဝဝ၄ ဆူနာမီ ဖြစ်ခဲ့တုန်းက အဲဒီနှစ် ဇွန်လမှာ သောကြာဂြိုဟ်က နေကို ဖြတ်သန်းခဲ့ဖူးပါတယ်။ အဲဒီ ဖြတ်သန်းတဲ့ နေ့နဲ့ ဆူနာမီ ဖြစ်ပွားရာ နေ့တို့ အကွာအဝေးရယ်၊ လက်ရှိ ၂ဝ၁၂ မှာ သောကြာ နေကို ဖြတ်သွားခဲ့တဲ့ နေ့နဲ့ မာယာပြက္ခဒိန် နောက်ဆုံးနေ့က အကွာအဝေးရယ်ဟာ ထပ်တူနီးပါး ဆင်နေတာကို ရည်ညွှန်းတာပါ။

ဒီအချက်က ကျွန်တော် အင်မတန် စိတ်ဝင်စားတဲ့ အချက်ပါ။ ကိန်းဂဏန်းတွေရဲ့ ဆင်တူထပ်ကိန်းကျော့လာတဲ့ ဖြစ်စဉ်တစ်ခုလို ခံစားမိတာပါ။ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ်ဆိုဒ်က ဆရာဇေယျာမောင်ကလည်း ဒါနဲ့ပတ်သက်လို့ ၁၂. ဝ၁. ၂ဝ၁ဝ Vs ၂၁. ၁၂. ၂ဝ၁၂ ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးဖူးပါတယ်။ တွေးတော ချင့်ချိန်စရာ အမြင်တွေမို့ လေ့လာကြည့်စေလိုပါတယ်။
မြန်မာစာနယ်ဇင်းများနဲ့ Skynet ရုပ်သံမှာ နေရာ အတော်ရနေတဲ့ မြန်မာနိုင်ငံ နက္ခတ်ပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးဇေယျာကိုက Planet X ဆိုတဲ့ နီဘီရူဂြိုဟ်ကြီး ကမ္ဘာကို ဝင်ဆောင့်ဖို့ ဆိုတာ ခုထိ ကောင်းကင်မှာ မမြင်ရသေးလို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ နဂါးငွေ့တန်းဗဟိုချက်နဲ့ ကမ္ဘာ တစ်တန်းတည်း ကျတာကလည်း နှစ်တိုင်း ဇွန်နဲ့ ဒီဇင်ဘာလတွေမှာ ဖြစ်နေကျမို့ မထူးခြားကြောင်း ဂျာနယ်တွေမှာ ပြောထားပါတယ်။

( ၂ဝ၁၂၊ ဒီဇင်ဘာ ၂၁ ကတော့ လွန်ခဲ့တဲ့ လေးနှစ်တည်းက ကျွန်တော်တို့ နက္ခတ်သိပ္ပံပညာရှင်တွေရဲ့ ဦးနှောက်ထဲမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကြီးတစ်ခုအဖြစ် ထည့်စဉ်းစားတဲ့ အကြောင်း ကိစ္စလည်း မရှိဘူး။ အခုချိန်ထိလည်း အဲဒါနဲ့ ပတ်သက်ပြီး ဘာဖီလင်မှ မရှိဘူး။ ) လို့ ဦးဇေယျာကိုက ခပ်ပြတ်ပြတ် ပြောပါတယ်။ ဆရာစံဇာဏီဘိုကလည်း ( ကမ္ဘာကြီး ကြေပျက်သွားတာတို့ မရှိပါဘူး။ ပြောင်းလဲဥွားတာ ပြောတာ။ မာယာ ပြက္ခဒိန်ကြီး ပြောင်းလဲသွားသလို အသစ်တွေ ပေါ်မယ်။) လို့ သုံးသပ်ပါတယ်။ အဟောင်း ချုပ်ငြိမ်းလို့ အယူအဆသစ်၊ အတွေးအခေါ်သစ်၊ ကမ္ဘာသစ်တစ်ခုဆီ ဦးတည်တဲ့ သဘောမျိုး သူက ပြောပါတယ်။

ဟောကိန်းတွေ အမြင်တွေ သုံးသပ်ချက်တွေကို စုစည်းကြည့်တဲ့အခါ မာယာပြက္ခဒိန် ပြီးဆုံးလို့ မနက်ဖြန် ကမ္ဘာပျက်မယ် ဆိုတာကို ယုံကြည်ရလောက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပညာရှင် အပေါင်းက ငြင်းဆိုထားတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီနေ့အလွန် ၂ဝ၁၃ နဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ကမ္ဘာကြီးဟာ သဘာဝဘေးမျိုးစုံနဲ့ ဆက်လက် ရင်ဆိုင်တိုး ရမယ် လို့တော့ ကောက်ချက်ချမိပါတယ်။ အကောင်းမြင်၊ အပြုသဘော ပြောရ ရင်တော့ မနက်ဖြန်ဟာ စိတ်သစ်၊ လူသစ်၊ ကမ္ဘာသစ်ဆီ အတူတကွ ချီတက်ကြရမယ့် မှတ်တိုင်နေ့လို့ ပြောရမှာပါ။

တကယ်လို့များ မနက်ဖြန်မှာ ပညာရှင်တွေ ယတိပြတ် ငြင်းဆိုထားတာနဲ့ တခြားစီ ဖြစ်ပြီး ရုပ်ရှင်ထဲကလို ရုတ်တရက် ကမ္ဘာပျက်ပြီဟေ့ ဆိုရင်တော့ ရင်ကော့ပြီး အသေခံလိုက်ရုံပါပဲ။ သေခြင်းအတွက် အာမခံ လက်မှတ်လို ဖြစ်နေတဲ့ ကုသိုလ်ကောင်းမှုတွေလည်း ကျွန်တော် များများစားစား လုပ်မထားပါဘူး။ လူတကာ ကြောက်တဲ့ အကုသိုလ်တွေနဲ့လည်း ယခုတိုင် ပတ်သက် ယှက်နွယ်နေဆဲပါ။ အဲဒီတော့ ချော်ရည်ပူတွေ လာမလား၊ ဆူနာမီလှိုင်းတွေ ဝင်မလား။ ငလျင်ထဲ ပါသွားမလား။ ရေထဲ နစ်မြုပ် သွားမလား။ ကြိုက်တာ လာထားပါပဲလို့ ပြောရင်း ဒီစာစုကို နိဂုံးချုပ်လိုက်ပါတယ်။

မူရင်းလင့် - http://www.myastroview.com/2012/12/blog-post_20.html

Wednesday, December 19, 2012

'do's and dont's' travel guide to Myanmar





PDF file လိုချင်ရင် ဒီမှာ ယူပါ http://www.dosanddontsfortourists.com/book/dos_and_donts_for_tourists.pdf

ဖေ့ဘုတ် လင့် Facebook Link https://www.facebook.com/media/set/?set=a.551407828220359.138392.100000534413059&type=1&l=538b7f8dab

Sunday, December 16, 2012

QR Generator

QR Generator လေးပါ။

Wednesday, December 12, 2012

Interview with တွံတေးမြို့က မသန်သော်လည်းစွမ်းသူတစ်ဦး

ဒီဇင်ဘာ မှာ ကျွန်တော်တို့စက်ရုံက အမြဲတန်း ဘုရားဖူးထွက်လေ့ရှိသည်။ ထို့အတွက် စက်ရုံက နှစ်ရက် ဆက်ပိတ်ပေးသည်။ ဒီနှစ် ကျွန်တော်တို့မိသားစု ဘယ်ကိုမှမသွားဖြစ်သည့်အတွက် နီးလည်းနီး အလွယ်တကူ သွားလို့ရကာ လမ်းလည်းကောင်းနေပြီဖြစ်သော တွံတေး ရွှေဆံတော်ဘုရားနှင့် ဗောင်းတော်ချုပ်ဘုရား။ ဗောဓိတစ်ထောင် ဘုရား၊ ကျိုက်ဖူးကျိုက်ပါ ဘုရား စသည်တို့ကို ဖူးမျှော်ရန် ကိုလူစိမ်းတို့မိသားစု ကိုအဖော်စပ်၍ မိသာစုနှစ်စု ကြိုတင်မရည်ရွယ်ဘဲ picnic ဘုရားဖူးထွက်ြ့ဖစ်ခဲ့ကြသည်။

မနက်အစော ၇ နာရီတွင် လှိုင်သာယာ သပြေရိပ်မှာ မနက်စာ စားပြီး ဘီအိုစီတွင် ဆီဖြည့်ကာ တွံတေးတံတား (လှိုင်သာယာ)ကို ဖြတ်ပြီး ဘယ်သူမှ မရောက်ဖူးဘဲ ခြေဦးတည့်ရာမောင်းခဲ့ကြသည်။ ယခင်က လမ်းမကောင်း၍ ဆိုင်ကယ်နှင့် ဂျစ်ကားလောက်သာ သွားခဲ့သော လမ်းမှာ ယခုလမ်းကောင်းသဖြင့် ကားမျိုးစုံ သွားလာ နေတာကိုလည်း တွေ့ရသည်။ ပါတ်ဝန်းကျင်တွင် တမြော်တစ်ခေါ် လယ်ကွင်းပြင်များ တွံတေးမြို့ဝင်ကာနီးတွင် ရာဘာတောစိုက်ခင်းများ စိမ်းလမ်းစိုပြေစွာ တွေ့ရသဖြင့် မြို့၏မွန်းကျပ်သော အချုပ်အနှောင်မှ ခတ္တ လွတ်မြောက်ခဲ့ရသဖြင့် စိတ်ကြည်နူးမိသည်။

တွံတေးမရောက်ခင် ဗောင်းတော်ချုပ်သို့ ခွဲသော မြေနီလမ်းကလေးသို့ချိုးဝင်ခဲ့သည် ။ ဗောင်းတော်ချုပ်မှာ နောက်ခေါ်တွင်သောနာမည်ဖြစ်ပြီး ယခင်နာမည်မှာ ဗောင်းတော်ကျ ဖြစ်ကြောင်း လိုက်လံရှင်းပြသော ဦးဇင်းတစ်ပါးမှ မိန့်ကြားပါသည်။ နတ်တို့ စုဝေးရာ ဋ္ဌာနေတစ်ခုဖြစ်မည်။ ကိုပေါင်ပေါင် သွားသင့်သည့် နေရာပါ(သူက နတ်ကိုးကွယ်လို့)။ နောက် ယခုမှ အသစ်တည်နေသော ဗောဓိတစ်ထောင်သို့လည်း ရောက်ခဲ့သည် ။ ရုပ်ပွားတော်များစွာကို တစ်ပုံစံတည်း တည်ထားသည်မှာ ကြည့်လို့ သပ္ပါယ်လှပါသည်။ ဗောင်းတော်ချုပ်သည် မန္တလေးနားက စစ်ကိုင်းတောင်အလား သာသနာ့နယ်မြေတစ်ခုသဖွယ်ဖြစ်သည်။ ပါတ်ဝန်းကျင်တွင်လည်း သစ်တောကြီးများ ရှင်သန်နေကြသည်မှာ ကျိုက်ထီးရိုး များရောက်နေသလား ထင်မိသည်။

ကျွန်တော်တို့ ဗောင်းတော်ချုပ်မှ ထွက်ကာနီးတွင် ဗုဒ္ဓဂါယာ နှင့် ဆင်အောင်တည်ထားသော ဘုရားသို့ဝင်ဖူး သည်။ အေးချမ်းပြီး သစ်ပင်များ ပေါများသောခြင်း။ ဆိတ်ငြိမ်ပြီး သာယာလှသဖြင့် ကျွန်တော် နောက်တစ်ခေါက် လာဦးမည်ဟု စိတ်မှာ မှန်းထားသည်။ မိသားစု နှစ်စု ယူလာသော လက်ဖက်နှင့်အကျော် တို့ကို ဘုရားရိပ်ခိုရင်း ဝိုင်းထိုင်ကာ လက်ယာယစ် လှည့်ပြီး လက်ဆင့်ကမ်းစားကြရာ ဆယ်ပါတ်လောက်တွင် လဘက်ကုန်သွားလေသည်။ ဆာနေကြတာကိုး နေ့လည်စာကို တွံတေးက နာမည်ကြီးထမင်းဆိုင်မှာ စားကြမည် ဟုအားခဲထားကြ၍ဖြစ်သည်။ ကျွန်တော်တို့ ဆရာတော်ကြီး၏ ရုပ်တုကို သွားရောက်ဖူးမျှော်ပြီး ပြန်ရန် ထွက်လာ ကြစဉ် ဘုရားဝင်းလမ်းဘေးတွင် အကျီခပ်နွမ်းနွမ်း ဝတ်ထားကာ လက်နှစ်ဖက် လက်မောင်းရင်းမှ မပါသော(မွေးရာပါ) လူငယ်လေးတစ်ယောက် ထိုင်ပြီး တစ်စုံတစ်ခု ပြုလုပ်နေတာကို မြင်လိုက်ရသည်။

ကိုယ်လက်အင်္ဂါ ချို့ယွင်းသောအသက်နှစ်ဆယ်ကျော် လူရွယ်လေး တစ်ယောက်ကို မြင်ရသဖြင့် (အကျီနွမ်းနွမ်း လေးနှင့် ခေါင်းမှာလည်း ဆီနှင့် ဝေးနေသဖြင့် စုတ်ဖွာနေခြင်း) တို့ကြောင့် ကျွန်တော့်အမျိုးသမီး မှာ အလှုခံစားသူ (ရင့်ရင့်သီးသီးပြောရပါမူ ငွေတောင်းစားနေရသူ) ဟု အထင်လွဲကာ ကျွန်တော့်အား မျက်နှာရိပ်မျက်နှာကဲဖြင့် ငွေပေးရမလားဟု နှစ်ရာတန်လေးကို ကိုင်ကာ လှမ်းမေးသည်။

ကျွန်တော်ကခေါင်းငြိမ့်ပြရာ ကျွန်တော့်အမျိုးသမီးက ပေးမယ်အလုပ်--
``ဟို --- ဟို သားက ကျောင်းသားပါခင်ဗျ---``
ဟု ပြာပြာသလဲရှင်းပြသဖြင့် ကျွန်တော်လည်းခေါင်းနပမ်းကြီးကာ (ကြီးမှာပေါ့ လူတစ်ယောက်ကို အပေါ်ယံမြင်ပြီးလွယ်လွယ်သတ်မှတ်လိုက်တာကိုး) ထို လူငယ်လေးအားကြည့်လိုက်ရာ ဗလာစာအုပ်ကို မြေတွင်ချပြီး ဘယ်ဘက်ခြေထောက်ဖြင့် ဘောလ်ပင်ကို ခြေမနှင့် ခြေညိုးကြား ညှပ်ပြ်ီး စာရေးနေဖြင်းဖြစ်သည်။ ရေးနေတာက အင်္ဂလိပ်လို အဆောက်အဦးတွေအကြောင်း ဗိသုကာနှင့် ပါတ်သတ်သော စာတမ်းပြုစုနေခြင်းဖြစ်သည်။ ဒါကြောင့် လည်း ဘုရားဝင်းအတွင်း ဟိုဟိုဒီဒီ သွားကြည့်ကာ လမ်းဘေးတွင် ဖြစ်သလို ထိုင်ရေးရာက မှားယွင်းမိခြင်းဖြစ်သည်။ ကျွန်တော်မှာ အားနာခြင်း တောင်းပန်ခြင်း လေးစားခြင်း စသော အမည်မဖော်နှိုင်သော ခံစားချက်တို့ဖြင``့် ညီလေး အကိုတို့ မုန့်ဘိုးပေးတာတော့လက်ခံပေးပါ`` ဟု ပြောပြောဆိုဆို မုန့်ဘိုး တစ်သောင်းခွဲကို သူ၏ လွယ်အိပ်ထဲသို့ ထည့်ပေးပြီး စကားစမြည်ပြောဖြစ်သည်။

သူနှင့်စကားပြောမိမှ သူ၏အမည်မှာ ပိုင်လေး ဟုခေါ်ကြောင်း။ သူသည် ဆယ်တန်းကို လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း။ ဆေးတက္ကသိုလ် တတ်ရန် အမှတ်ပေါင်း လေးရာကိုးဆယ်ကိုး ရမှတ်ဖြင့် မှီခဲ့သော်လည်း သူ၏ ကိုယ်အင်္ဂါ ချို့ယွင်းမှုကြောင့် စက်မှုတက္ကသိုလ် Civil တတ်နေကြောင်း။ အမှတ်တရ စာရေးပေးပါမည့်အကြောင်း။ ကျွန်ပြူတာလည်း တတ်ကျွမ်းပါကြောင်း (လုံးဝ ကြွားဝါလိုခြင်း မာန်တတ်လိုခြင်း မရှိပဲ ) ရှင်းပြပါသည်။ ဘဝကို လုံးဝလက်မလျှော့ အားမငယ်ပဲ လှေခွက်ချည်းကျန် အလံမလှဲမည့် စိတ်ဓါတ်မှာ တစ်ခါတစ်လေ အကြောင်းမဲ့ စိတ်ဓါတ်ကျနေသော ကျွန်တော်တို့ များစွာရှက်မိပါသည်။ သူ့တွင် ကိုင်စရာ လက်နှစ်ဖက်လုံးမပါသဖြင့် ဖယ်ရီကို တစ်လ သုံးသောင်းခွဲပေးစီးရသည်။

ကဲ------ သူငယ်ချင်းတို့ရေ ---- အားငယ်သူအားပေးပါ လဲနေသူ ထူပေးပါ ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်နဲ့ ဒို့တတွေ တတ်အားသ၍ လေး ကူညီကြရင် ကောင်းမလားကွယ်။ လိုအပ်တဲ့ တစ်ခုခုပေါ့။ သူ့ကြည့်ရတာ ငွေကြေးလည်း ချို့တဲ့မယ့်ပုံ ပေါ်လို့ပါခင်ဗျာ။ ကျွန်တော်တို့အများသိတဲ့`` စုပုံချစ်`` က သူ့ပါတ်ဝန်းကျင်မှာ ပြည့်စုံတဲ့ မိသားစုလေး ရှိတာ အားသာချက်ပါဘဲ။ ကျွန်တော်တို့ အမှတ်မထင်တွေ့ ခဲ့တဲ့ မောင်ပိုင်လေး ကတော့ဖြင့် အဲဒီအပိုင်းပါ အားနဲ သိမ်ငယ်နေရမယ်လို့ ထင်မိလို့ပါခင်ဗျာ။
အားလုံးကို လေးစားခင်မင်လျှက်

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

ဲJoin us at https://www.facebook.com/groups/Myanma.ArunThit.Org/

Friday, December 7, 2012

Myanmar News Reader


Myanmar News Reader

မန်မာသတင်း ရသအစုံကို သင့် Android ဟန်းဖုန်းကနေ ဖတ်နိုင်ဘို့ Reader Software ဖြစ်ပါတယ်။
Apk ဆွဲချယူရန် download QR code









Apk ဆွဲချယူရန်လင့်
http://dl.dropbox.com/u/11126335/Softs/My%20Products/com.myanmar.news.reader.apk

 




အောက်ပါဆိုဒ် ၃၅ ဆိုဒ်နှင့်ချိတ်ဆက်ထားပါတယ်။ ၎င်းဆိုဒ်များမှ ဆောင်းပါးများအလွယ်တကူ ဖတ်နိုင်ပါပြီ။
နောက်ထပ် ရှာဖွေချိတ်ဆက်ပေးပါဦးမယ်။ ထပ်ချိတ်ချင်တဲ့ ဆိုဒ်တွေ
့ပါက ပြောပါ။

1 Mailing Group: Real Family
2 Blog: Nine Nine SaNay
3 News: Eleven Media Group
4 Blog: The Gardener
5 Blog: Fine Leaves
6 Blog: IT Reshare Site
7 Blog: ဆေးစာ
8 Blog: ကိုစိုးနိုင်၏ ဘလော့
9 Blog: ဧးသိမ်း
10 News: Internet Journal
11 Blog: တည်ငြိမ်အေး
12 Blog: ချစ်ကြည်အေး
13 News: ဆုံဆည်းရာ
14 Blog: ပန်ဒိုရာ
15 Blog: သက်တန့်ချို
16 Blog: Mr Jugger
17 Blog: ၀ိမုတ္တိသုခ
18 Blog: ကောင်းကင်ကို
19 Blog: ဇင်မျိုး hazylife
20 Blog: မြန်မာ့အရုဏ်သစ်
21 Blog: မေဒါဝီ
22 Blog: မြန်မာကျောင်းဆရာ
23 Blog: Diary of IT Men
24 Blog: ၀ိမုတ္တိရသ
25 Blog: အိပ်မက်လှိုင်းစာအုပ်စင်
26 Blog: Public Health in Myanmar
27 Blog: နက္ခတ်ဗေဒင်မှတ်စုများ
28 Blog: Myanmar Astronomy
29 Blog: Ven. Vicitta
30 Blog: White angel
31 Blog: မင်္ဂလာသတင်းစဉ်
32 Blog: မင်းဒင်
33 Blog: မမသီရိ
34 News: ခေတ်လူငယ် ပြည်တွင်းသတင်း
35 News: ခေတ်လူငယ် ပြည်ပသတင်း

Sunday, December 2, 2012

Google Drive ထဲက files တွေကို Gmail attachments အဖြစ် အခုအချိန်မှာ လုပ်လို့ရနိုင်ပါပြီလို့ ...။

Google Drive ထဲက files တွေကို Gmail attachments အဖြစ် အခုအချိန်မှာ လုပ်လို့ရနိုင်ပါပြီလို့ ...။