Saturday, July 17, 2010

Anti-virus Removal Tools

အခုတလော မြန်မာဆန်သော အမည်နှင့် ဗိုင်းရပ်စ်များအကြောင်း ကြားရပါတယ်။ ဥပမာ MGYFC.exe စသည်...
ထိုဗိုင်းရပ်စ်များကို သတ်ရန် Removal Tools များ ပေါ်ပေါက်လာပြီး ထို
Removal Tools များကို ဖော်ဝပ်မေးများ အသွင်ဖြင့် ဖြန့်ဖြူးနေကြခြင်းအား သတိပြုမိပါတယ်။

ထို Anti-virus Removal Tools များ ကိုယ်တိုင်က ဗိုင်းရပ်စ်တွေ
ဖြစ်နိုင်တယ်လို့ သံသယ (suspect) ဖြစ်မိပါတယ်။ အွန်လိုင်းမှာ
ဗိုင်းရပ်စ်ဆိုပြီး ဖြန့်ပေးရင် ဘယ်သူမှ ဆွဲချယူကြမည် မဟုတ်ပါ။ အဲ...
ဗိုင်းရပ်စ်ရီမုဗယ်တူး (Virus Removal Tool) ဆိုရင်တော့ ဟုတ်သော်ရှိ၊
မဟုတ်သော်ရှိ လိုလိုမယ်မယ် ဆွဲချယူထားတတ်ကြတယ်။ အလွန် အန္တရာယ်များပါတယ်။
ယုံကြည့်ရတဲ့ (Trust worthy) ဖြစ်တဲ့ ဇစ်မြစ် (source)က ရလာသော EXE
(executable) file ကိုပဲ ဆွဲချသင့်တယ်လို့ အကြံပြုလိုပါတယ်။

ဗိုင်းရပ်စ်ကိုတောင် မနည်းသတ်နေရတဲ့အထဲ ဘာ process တွေ လျှောက် run
နေမှန်းမသိ၊ help ဖိုင် ကော support လုံးဝမရှိတဲ့ Maker မည်သူမည်ဝါမှန်း
မသိနိုင်ထားတဲ့ exe ဖိုင်ကို ထပ် run ရဦးမယ်ဆိုတော့ အန္တရာယ်များပါတယ်။
သူများဆီကလာတဲ့ executable file တွေ သတိထားကြပါ။ အခုဟာက usb
စတစ်တပ်မိလို့ ဒုက္ခပေးတာ မဟုတ်ပဲ ကိုယ့် ဒုက္ခကို အွန်လိုင်းက ဆွဲချပြီး
run မိသွားမည့် အခြေအနေပါ...။ Anti-virus Removal Tools ထုတ်ဝေသူများလည်း
ဒီအဖြစ်မျိုးမှ ရှောင်ရှားနိုင်အောင် ထုတ်တဲ့ Tools မှာ
Documentationလေးတော့ ပြည့်ပြည့်စုံစုံ ဖော်ပြပေးကြပါလို့ တောင်းဆိုလိုပါတယ်။

လေးစားစွာဖြင့်
/ဧးသိမ်း/

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား