Thursday, July 8, 2010

ပညာကို ဘာလို့ သင်ရသလဲ ?

သမိုင်းကို ဘာလို့ သင်ရသလဲဆိုတော့ "သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။" လို့ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းက ဖြေဘူးတယ်။ တော်တော်ကို မှတ်သားလောက်တဲ့ စကားပါပဲ။ (ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)

"ပညာကို ဘာလို့ သင်ရသလဲ" ဆိုတဲ့ မေးခွန်းတစ်ခု ရှိတယ်ဆိုပါစို့။

ဗုဒ္ဓဘာသာအရ ဖြေမယ်ဆိုရင်တော့ "အပြစ်နှင့် အကျိုးကို ခွဲခြားနိုင်အောင်"တဲ့။ ဒါဘုရားဟောပါပဲ။ ငယ်ငယ်က သင်ဘူးတဲ့ စာထဲမှာ ပါတယ်။ ပညာဆိုတာ အပြစ်၊ အကျိုးကို ခွဲခြားနိုင်သော ဥာဏ်ကို ခေါ်ပါသည် ဆိုတာ အော်ကျက်ခဲ့ဘူးပါတယ်။

ပြောရရင် ဒါဟာ တကယ့် ပညာရေး ဦးတည်ချက်ကြီးပါပဲ။ အပြစ်၊ အကျိုးကို ခွဲခြားနိုင်ရေးပေါ့။ အပြစ်၊ အကျိုးကို ခွဲခြားနိုင်ရင် ဒါ..ပညာတတ်ဖြစ်ပီပေါ့။

ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခုကို အပြစ်ဖြစ်လား အကျိုးဖြစ်လား မဝေဖန်၊ မပိုင်းခြားနိုင်ဘူး ဆိုရင် ဒါဟာ... ကိုယ် ပညာတတ်တစ်ယောက် (ဝါ) ပညာနဲ့ အသက်မွေးသူတစ်ယောက် မဖြစ်သေးဘူးလို့ ယူဆနိုင်ပါတယ်။

တလောက Khuram ရေးတဲ့ စာတစ်ပုဒ် ဖတ်မိပါတယ်။ ပညာရေး ဦးတည်ချက်တွေ အကြောင်းပေါ့။ ပဓာနကျတဲ့ ပညာရေး ဦတည်ချက်က ဘာတွေလဲဆိုတာ အခုလို တင်ပြထားပါတယ်။

1- ရှိပြီးသား အတတ်ပညာကို မျိုးဆက်သစ်များအား လက်ဆင့်ကမ်းပေးရန်။
(To convey existing knowledge to coming generations.)

2- ပညာသင် ကျောင်းတော်သားများ အကြား ဆက်သွယ်ရေးနှင့် လူအချင်းအချင်း ဆက်ဆံမှု အတတ်ပညာ တိုးတက်လာစေရန်။

(To develop communication and interpersonal skills in students.

3- ပိုမိုကောင်းမွန်သော လူနေမှုဘဝတည်ဆောက်နိုင်စေရန် အပြုအမူ အလေ့အထများ သင်ကြားပေးနိုင်ရန်။
(To teach manners necessary for a better social life.)

4- လက်တွေ့ကျသော ဘဝတစ်ခုကို ကိုင်တွယ်ထိမ်းကျောင်းသွားနိုင်ရန်
(To make students able to handle and deal with practical life matters.)

5- ကျောင်းသားများအနေနှင့် ထိုအတတ်ပညာဆိုင်ရာ ကဏ္ဍအလိုက် ခွဲခြမ်းစိတ်ဖြာခြင်း၊ သုတေသနပြုခြင်း တတ်မြောက်စေရန်
(To make students able to analyze and do research in the particular field of knowledge.)

6- အဓိကအားဖြင့် ကျောင်းသားများ၏ ထိုးထွင်းသိမြင်မှု အတတ်ပညာကို တိုးတက်စေရန်
TO DEVELOP CREATIVE ABILITIES OF STUDENTS.

တို့ ဖြစ်ပါတယ်တဲ့။ တတ်လို့ ပြောတာ မဟုတ်ဘူးနော်။ ဖတ်မိတာလေး ပြန်ဖောက်သည်ချတာပါ။ ဧဝံမေသုတံပေါ့ဗျာ။ ပါချုပ်ကြီးတွေ ကိုးကားလို့ရအောင် လင့်ပိတ်ပေးလိုက်ပါဦးမယ်။ https://khuram.wordpress.com/

အချက်တွေ အများကြီးခွဲပြီး ရှင်းပြထားတာတောင် ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့ အနက်အဓိပ္ပါယ်ကို မခြုံငုံမိသေးပါဘူး။ ယနေ့ထက်တိုင် ခေတ်မှီနေတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၆၀၀က မြတ်စွာဘုရား၏ ဟောကြားတော်မူခဲ့သော တရားတော်များကို ကြည်ညိုသထက် ကြည်ညိုမိပါတယ်ခင်ဗျာ...။

ဒီပို့စ်လေးဟာ ကျနော် Real Family နဲ့ တောင်ကြီးဖန်မလီ မှာ တင်ခဲ့ဘူးတဲ့ ပို့စ်တစ်ခု ဖြစ်ပါတယ်။

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား