Saturday, July 17, 2010

လက်တွေ့ လွယ်ကူ ကိတ်မုန့် အမြန်ဖုတ်နည်း

မီးဖိုတွင် မီးကြိုတင်မွှေးထားပါ။ နီးစပ်ရာ မုန့်ဆိုင်မှ အနေတော် ကိတ်မုန့်တစ်လုံး ဝယ်ပါ။ ၎င်းကိတ်မုန့်ကို မီးဖိုပေါ် တင်လိုက်ပါ။ မိမိစိတ်ကြိုက်အနေထား ရသော် (ဝါ) ညှော်နံ့နံ၍ ဘေးအိမ်များ ကန့်ကွက်သော် ဖိုမှ ပြန်ချပါ။ လက်တွေ့ လွယ်ကူ ကိတ်မုန့် အမြန်ဖုတ်နည်း ဖြစ်ပါသည်.... :P :D

ကိတ်မုန့်ဖုတ်နည်း လိုက်မေးနေတာ ဘယ်သူ မပြောကြဘူး...။ အဲတာနဲ့ ခေါင်းထဲရှိတဲ့ အတိုင်း စိတ်ကူးထဲက ဖုတ်ကြည့်လိုက်တာ...ငြော်တယ်နော်းးးး သိရင် ကူညီပါဦး :)

~~~~~~~~

မသိမေး မစင်ဆေးတဲ့။ တယ်မှန်တာပဲ...။ အခုတော့ နည်းရလာပီလေ...။
ကိတ်မုန့် ဖုတ်နည်း တကယ်သိချင်ရင် အောက်က ရီပလိုင်းလေးတွေ ဖတ်ကြည့်နော်း

#1 reply ကိတ်မုန့် အလွယ်လုပ်နည်း By Rosemary- Show quoted text -

လိုအပ်သည့်ပစ္စည်းများ

ကြက်ဥ                                                   - ၃ လုံး

ရေ                                                        - လက်ဖက်ရည်ပန်းကန် ၄ လုံး (ရေ၄ လုံးက နမူနာပြောတာပါ။ ရေကတော့ ကိတ်မုန့် အဆင်သင့် အမှုန့်အထုတ်မှာပါတဲ့ အညွှန်းအတိုင်းသုံးရမှာပါ)

ကိတ်မုန့်လုပ်ရန် အဆင်သင့်အမှုန့်                 - ၁ ဗူး (နှစ်သက်ရာ အရသာကို city mart မှာဝယ်လို့ရပါတယ်။ Instant cake mix လို့ ရေးထားပါတယ်။)

ထောပတ်အဆီ (သို့) ဆီ                                    - လက်ဖက်ရည်ပန်းကန် ၃ ပုံ ၁ပုံ

ကိတ်မုန့်တွင်း ထည့်လို့ကထည့်ရန် စပျစ်သီးခြောက်၊ ကျောက်ဖရုံယို သီဟိုဠ်စေ့ စသည် အနည်းငယ်။

……………

ပြုလုပ်ပုံ အဆင့်ဆင့်

၁. ကိတ်မုန့်လုပ်မည့် အမည်များ ထည့်မွှေရန် ဇလုံ သို့မဟုတ် ပန်းကန်လုံး ကြီးကြီးထဲကို ကိတ်မုန့်လုပ်တဲ့ အမှုန့် ထည့်ပါ။

၂. ကြက်ဥ သုံးလုံးကို သမအောင်မွှေပြီး အမှုန့်ထဲကို ရောထည့်ပြီး မွှေပါ။ ကြက်ဥများ သမလာရင် ထောပတ် (သို့) ဆီကို ထည့်ပြီး နာနာမွှေရပါမယ်။

၃. ကြက်ဥနဲ့ ထောပတ် မွှေထားတာထဲမှာ အမှုန့်ကို ဖြည်းဖြည်းချင်းစီထည့်ပြီး မွှေရပါမယ်။ ကိတ်မုန့်လုပ်တာမှာ သုံးတဲ့ မွှေတဲ့စက်ရှိရင် စက်နဲ့မွှေပါ။ မရှိရင်တော့ လက်နဲ့ပဲ သေချာနယ်ရပါမယ်။

၎.ရေကိုလည်း နည်းနည်းချင်းထည့်မွှေပါ။

(အဲ့လို မွှေတဲ့အခါ အမှုန့်တွေကို အကုန် သမပြီး အနှစ်တွေဖြစ်အောင် မွှေရပါမယ်။ အမှုန့်တွေမှာလေခိုပြီး အလုံးသေးသေးလေးတွေဖြစ်တာတွေကို ပျောက်တဲ့အထိ မွှေရပါမယ်။)

၅. အကုန် သမ သွားပြီဆိုရင်တော့ ကိတ်မုန့်ဖုတ်မယ့် ပုံစံခွက်ကို ဆီ ဒါမှ မဟုတ် ထောပတ်နဲ့ သုတ်ရပါမယ်။ အဲ့ဒီထဲကို အစောက ရောမွှေထားတဲ့ ကိတ်မုန့်အနှစ်တွေကို ထည့်ပါ။ မျက်နှာပြင်ကို ညီညီညာညာလေး ပြုပြင်ပြီးရင် ကိုယ်ထည့်ချင်တဲ့ စပျစ်သီးခြောက် စတာတွေကို အပေါ်ကနေ ဖြူးလို့ရပါတယ်။ Fruit cake လုပ်မယ်ဆိုရင်တော့ စပျစ်သီးခြောက် စတာတွေကို တခါတည်း ထည့်နယ်ပါတယ်။

၆. မုန့်ဖုတ်ဖို (oven) ကို အရင် ကြိုပြီး အပူပေးရပါမယ်။ ပြီးရင်တော့ ကိတ်မုန့်နှစ်ထည့်ထားတဲ့ ပုံစံခွက်ကို ထည့်ပြီး အပူချိန် ၃၅၀ ဒီဂရီစင်တီဂရိတ်နဲ့ ၂၅ မိနစ်ကနေ မိနစ် ၃၀ အထိ ထည့်ဖုတ်ရပါတယ်။

၇. မုန့်ကျက်လောက်ပြီဆိုရင် အလယ်တည့်တည့်ကနေ တူလေးတချောင်းနဲ့ သာသာထိုးကြည့်ပါ။ အကယ်လို့ တူအဖျားမှာ မုန့်နှစ်အစိမ်းတွေ ကပ်ပါလာနေသေးရင်တော့ oven ထဲ ၃ မိနစ်လောက်ထပ်ထည့်ဖုတ်ဖို့ လိုပါလိမ့်မယ်။ တူကို ဆွဲထုတ်လိုက်တဲ့အခါ တူအဖျားမှာ ဘာမှ ကပ်မပါလာတော့ဘူးဆိုရင်တော့ ကိတ်မုန့်ရပါပြီ။ သူ့ကို ၁၀ မိနစ်လောက် အအေးခံ ထားလိုက်ပါ။

ပုံစံခွက်ထဲက ထုတ်ပြီးပြီဆိုရင်တော့ ကိတ်မုန့်အပေါ်မှာ ကြိုက်နှစ်သက်ရာ cream, icing တွေနဲ့ အလှအပဆင်ပြီး စားလို့ရပါပြီ။

City Mart မှာ ၀ယ်လို့ရတဲ့ ကိတ်မုန့် အဆင်သင့်လုပ်စရာ အမှုန့် Instant cake mix တွေမှာပါတဲ့ instruction တွေအတိုင်းလဲ လိုက်လုပ်လို့ရပါတယ်။

…………………………..

Sponge cake လုပ်နည်း

(ဒါကတော့ အခြေခံ အကျဆုံးနဲ့ အလွယ်ဆုံး ကိတ်မုန့်လုပ်နည်းပါပဲ။ Sponge cake ဆိုတာကတော့ စားရတာ ခပ်ပွပွ နဲ့ပါ)

လိုအပ်ပစ္စည်း

ထောပတ်အဆီ                 - လက်ဖက်ရည်ပန်းကန်လုံး ၃ ပုံ ၁ပုံ

ကြက်ဥ                           - ၂ လုံး

သကြား                          - လက်ဖက်ရည်ဇွန် ၃ ဇွန်းခန့် (သကြားက ဖြူဖွေးဖွေး အမှုန့် ညက်ညက်ကလေးတွေကို သုံးရပါမယ်။ အချိုကြိုက်ရင် ကြိုက်သလို လိုတိုးပိုလျှော့လုပ်လို့ ရပါတယ်။)

ဂျုံမှုန့်                             - ၁ ပေါင်ခွဲ

ပြောင်းဖူးမှုန့်                    - လက်ဖက်ရည်ပန်းကန်လုံး တ၀က် (ပြောင်းဖူးမှုန့်ကတော့ မလွယ်ကူရင် မထည့်လည်း ရပါတယ်)

ဆော်ဒါမှုန့် (baking powder)- လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ                                  - လက်ဖက်ရည် ပန်းကန် တ၀က်ခန့်

ချောကလက် ကိတ်လုပ်ချင်တာဆိုရင်တော့ Coco အမှုန့်ကို မိမိအလိုရှိတဲ့ ထည့်လို့ရပါတယ်။ အုန်းသီးမှုန့်၊ စတော်ဘယ်ရီ အရသာမှုန့်တွေလည်း သင့်သလို ရောထည့်လို့ရပါတယ်။

……………….

ပြုလုပ်နည်း

၁. ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်နဲ့ ဆော်ဒါမှုန့် တို့ကို ပန်းကန်လုံးကြီး တခုထဲမှာ ရေမပါပဲ သမအောင် အရင်မွှေထားပါ။

၂. အခြားပန်းကန်လုံးကြီး တခုထဲမှာ ထောပတ်နဲ့ သကြားမှုန့်ကို သမအောင်နာနာမွှေပါ။ cream ပုံစံဖြစ်လာရင် ကြက်ဥ ၂ လုံးကို ဖောက်ထည့်ပြီး ထပ်မွှေပါ။

၃. ထောပတ်၊ သကြားနဲ့ ကြက်ဥ အနှစ်တွေထဲကို ရောမွှေထားတဲ့ ဂျုံမှုန့်တွေကို နည်းနည်းချင်းစီထည့်ပြီး မွှေပါ။ ဒီလို နည်းနည်းချင်းစီ ထည့်ပြီး မွှေတာဟာ ဂျုံမှုန့်တွေ မသမပဲ အလုံးအခဲတွေ ဖြစ်တာကို သက်သာစေပါတယ်။ ရေကိုလည်း နည်းနည်းချင်း ထည့်မွှေပါ။

၎. ဂျုံမှုန့်တွေ အကုန် ထည့်မွှေပြီးသွားပြီ၊ အားလုံး သမသွားပြီဆိုရင်တော့ ထောပတ်သုတ်ထားတဲ့ ပုံစံခွက်ထဲကို ထည့်ပြီး oven ထဲကို ထည့်လို့ရပါပြီ။ အပူချိန် ၁၉၀ ဒီဂရီ စင်တီဂရိတ်မှာ မိနစ် ၂၀ ကနေ ၂၅ မိနစ်အထိ ထည့်ဖုတ်ရပါတယ်။

ကိတ်မုန့်ဖုတ်နေတုန်းမှာ oven တံခါးကို ခနခန ဖွင့်မကြည့်ဖို့ လိုပါတယ်။ မဟုတ်ရင် ကိတ်မုန့် ကောင်းကောင်းကျက်မှာ မဟုတ်ပါဘူး။ ကိတ်မုန့် က ပုံစံခွက်ထဲမှာ ပွတက်လာပြီး ရွှေညိုရောင်သန်းလာပြီးဆိုရင်တော့ အအေးခံပြီး စားလို့ရပါပြီ။

ဒီတိုင်းစားလို့ ရသလို topping cream, အသီးအနှံတွေနဲ့လည်း အလှဆင်ပြီး စားလို့ ရပါတယ်။

ကိုဧသိမ်း ကိတ်မုန့်လုပ်ပြီးရင် စားဖို့ ပို့ပေးလိုက်နော့်
#2 reply by  By Rosemary

ကိုဧးသိမ်း

ပထမဆုံးလုပ်မှာဆိုရင်တော့ Instant cake mix နဲ့စမ်းကြည့်ကြည့်တာပိုအဆင်ပြေလိမ့်မယ်။ အဆင်ပြေသွားပြီးမှ ကိုယ့်ဘာသာ မုန့်နှစ်စပ်ပြီး လုပ်ကြည့်ပေါ့။ မုန့်ဖုတ်ဖို့ကတော့ Oven က လိုအပ်ပါတယ်။ ဂက်စ်မီးဖိုနဲ့မရပါဘူး။ ကျမလည်း စစတုန်းက ဂက်စ်မီးဖိုနဲ့စမ်းကြည့်တာ ကိုဧးသိမ်းပထမ ပြောသလို တူးသွားတယ်။ ... ဂက်စ်မီးဖိုနဲ့က မုန့်ပုံစံခွက်ရဲ့ အောက်ပိုင်းပဲ ပူတာ။ ကိတ်ကောင်းကောင်းရဖို့က မုန့်ပုံစံခွက်ရဲ့ ပတ်ပတ်လည်တခုလုံး မျှတတဲ့အပူရမှဖြစ်တာမို့လို့လေ။ ဆနွင်းမကင်းဖုတ်သလိုမျိုး အပေါ်မီးအောက်မီးနဲ့ လုပ်မယ်ဆိုရင်တော့ အဆင်ပြေနိုင်မယ်ထင်တယ်။ ကျမတော့ တခါမှ မစမ်းကြည့်ဖူးသေးဘူး။
#3 reply by Rosemary
Pancake Mix ကတော့ ဂက်စ်မီးဖိုနဲ့လုပ်လည်းရတယ်။ သူက ပုံစံတမျိုး။ မုန့်အထူက တလက်မလောက်ပဲရှိမယ်။ ဆီနည်းနည်းလေးနဲ့ မီးအေးအေးနဲ့ အိုးကပ်ရုံလေး ကြော်ရတာ။ မုန့်ပြားသလပ်လိုလိုမျိုးလေးပေါ့။

Instant cake mix က Junction 8 City mart မှာရှိတတ်တယ်။ ပြည်လမ်းက စိန်ဂေဟာမှာလည်းရှိတယ်။ မလွယ်ရင်တော့ မုန့်နှစ် ကိုယ့်ဘာသာ စပ်ကြည့်ပေါ့။ မုန့်နှစ်နယ်ရင် တအားပျစ်ခဲခဲကြီးလည်း မဖြစ်စေနဲ့ ကျဲကျဲကြီးလည်း မဖြစ်စေနဲ့နော့်။ ခပ်စေးစေး ကပ်ကပ်လေးဆိုရင်ရပြီ။ စစချင်းလုပ်မှာဆိုတော့ နည်းနည်းလေးပဲ စမ်းလုပ်ကြည့်ကြည့်။

ပုံစံခွက်ကတော့ တခါသုံးခွက်လေးတွေရှိတယ်။ Aluminum Foil နဲ့လုပ်ထားတာ။ လိုချင်တဲ့ပုံစံ အကုန်ရှိပါတယ်။ ပုံစံခွက်ထဲ မုန့်နှစ်ကို မထည့်ခင် ပုံစံခွက်ထဲကို ထောပတ်နဲ့ အရင်သုတ် ရပါတယ်။ မုန့်နှစ်ကို အပြည့်ကြီးလည်း မထည့်ရပါဘူး။ ၁ စင်တီမီတာသာသာလောက် နေရာချန်ပြီးထည့်ရပါတယ်။

Microwave Oven နဲ့ လုပ်လို့ရလားဆိုတာတော့ မသိဘူးနော့်။ အမ တို့လုပ်တာတော့ ရိုးရိုး Oven နဲ့။ မိုက်ကရိုဝေ့ ကကျတော့ Oven လို အပူအားရပါ့မလားမသိဘူး။
#4 reply by Rosemary
Microwave ၀ယ်တုန်းကပါတဲ့ Manual စာအုပ်လေးကို ဖတ်ကြည့်ပါလား။ အဲ့ဒီမှာ ကိတ်မုန့်လုပ်ရလားမရလား ဆိုတာ ပါလိမ့်မယ်။ တချို့မှာလည်း ဟင်းချက်နည်း မုန့်လုပ်နည်းလေးတွေတောင်ပါတတ်တယ်။

မိုက်ကရိုဝေ့ဖ်နဲ့လုပ်တဲ့ကိတ်အကြောင်း ပြောပြပေးမယ်။ အရင်ဆုံး ရှာဖွေ စမ်းသပ်ကြည့်ကြည့်လိုက်အုံးမယ်နော့်။
#5 reply by Rosemary

To all, who want to bake a cake,

The following are some useful links you may find many cake recipes. Sorry for I couldn't explain them in Burmese as my computer has problem in typing ZawGyi font. forgive me ..

Cake Recipes ...

http://www.joyofbaking.com/cakes.html

Microwave cake recipes ...

http://www.cooks.com/rec/doc/0,1729,148162-224201,00.html

Cake which no need to bake ...

http://www.joyofbaking.com/NoBakeChocolateCake.html


Enjoy!


Rosemary

#6 reply by ငပျင်း
နင်ကလဲ ငါဖြစ်နိုင်သမျှကိုပြောပြတာ
တကယ်မုန့် ဖုတ်သလို ဖုတ်ချင်ရင် တခုတော့ရှိတယ်
ဂက်စ် မီးဖိုနဲ့ ပဲဖုတ်ဖုတ် မိုင်ခရိုဝေ့နဲ့ ပဲဖုတ်ဖုတ် ရတယ်
အဓါကကတော့ အိုးတခုလုံးအပူပြန့် ပီးလုံနေဖို့ လိုတယ်...
ဒါပေမဲ့  ကြွေ စလုံ အထူစားမျိုး လိုပါလိမ့် မယ် အရမ်းထူတဲ့ ကြွေစလုံ မျိုးရရင်တော့ မုန့် ဖုတ်ရတာတူးလဲမတူးဘူး သူက အပူကို ထိန်းထားပေးတယ်လေ အပေါ်ကနေ လုံနေအောင် ကြွေအဖုံးနဲ့ ပိတ်ထားလိုက်ရုံပဲ......နောက်တခုက သံ အို ဒန်အိုးမဟုတ်ဘူးနော် တော်တော်ထူပီးလေးတဲ့သံအိုးမျိုး ရှိရင်ရတယ် လိုချင်တဲ့ မုန့် နှစ်ကို ကြိုက်တဲ့  ခွက်ထဲထည့် ပလပ်စတစ် ကလွဲရင်ပေါ့ အိုးရဲ့  အထဲဘက်အောက်ခြေ မှာ ထိမနေအောင် တင်ထားလို့ ရတဲ့  ပုဂံလုံးဖြစ်ဖြစ် ခံ အဲပေါ်မှာ မုန့် ခွက်ကိုတင် ပီးတော့ အောက်မှာမီးထားအပေါ်မှာ မီးထားပီးဖုတ်လိုက်ရုံပဲ...လက်တွေ့ ပြောတာနော်.မယုံမရှိနဲ့  ပိုက်ပိုက်ပြတ်တုန်းက အဲလိုဖုန့် ဖုတ်ရောင်းလာတာ.....ဟဲဟဲ....ခုခေတ်တော့ကြွေ စလုံ အဖုံးနဲ့ က ပိုရှာရလွယ်မယ်ထင်ပါတယ်.....
ခုလောက်ဆိုရင်တော့ ကိုဧးသိမ်းတယောက် လူတကာပေးတဲ့ နည်းနဲ့  ကိတ်မုန့် ဖုတ်ရင် သူဃေးများဖြစ်နေမလား ဒါမှမဟုတ်
ကိတ်မုန့် ဖုတ်ဖို့ ingredients တွေ ၀ယ်ရလွန်းလို့ ပဲ မွဲသွားပီလားမသိ....


#7 reply by သိဂီၤ

အဟဲ...ကိုဧးသိမ်းကြီး မဒမ်ကြီးကို ကိုယ်တုင်ကိတ်မုန့်အမြန်လုပ်ကျွေးချင်နေပြီထင်တယ်...
ကိုဧးသိမ်းရေ...http://tawthumalay.mylovecafe.com
အဲဒီဆိုဒ်ထဲမှာ ရှိတယ် ဒါပေမဲ့ အခု ဖွင့်မရဘူးဖြစ်နေတယ်...နေဦး ကျမ ရုံးပိတ်ရက် ပန်းဆိုးတန်းမှာ ကိတ်မုန့်လုပ်နည်းစာအုပ်ရှာလိုက်မယ်.......

အခုလောလောဆယ်....အဲဒါလေး စားထား......:P

#8 reply by ဧးသိမ်း
၁) ကိတ်မုန့် ဖုတ်ဖို့ ingredients တွေ လိုက်စုရဦးမယ်။ မရို့စ်မေရီ ပြောတဲ့ ဖုတ်နည်းက တော်တော် ပြည့်စုံတယ်။ အဲ့အတိုင်း တုပီး ဖုတ်ကြည့်မယ်လေ။
၂) နောက် ထည့်စရာ အနေတော်ခွက် ရှာရမယ်။ ငပျင်းပြောသလို ကြွေဇလုံအထူစားဆို ရမယ်ထင်တယ်။ ပေါင်းသလို မဖုတ်ဘူး။ မိုက်ကရိုဝေ့နဲ့ ဖုတ်မယ်။ မိုက်ကရိုဝေ့မှာ ကိတ်မုန့်ပုံ စတစ်ကာလေးပါတယ်ကွ။ ဖုတ်လို့ ရတဲ့သဘောပဲ။ Convection Type လေ။
၃) အလိုအပ်ဆုံးက ကိတ်မုန့်ဖုတ်တဲ့ Cake Mix လေ။ အခုထက်ထိ ရှာဆဲ။ ရှာတာလည်း City Mart နှံ့နေပီ။ မတွေ့သေးဘူး။

ကျေးဇူးပဲ တယ်ဂျင်းတို့ရေ..ကိတ်မုန့်ဖုတ်တာ ပလုံဂလမ်တစ်ခုရေးတာ ကျနေတာပဲနော်း။ resource တွေ မရှိရင် ဘယ်က စရေးရမှန်းကို မတိ... :) :D

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား