Thursday, May 26, 2011

Word Tips (# 5): Quick Part Gallery ၏ ဒုတိယပိုင်း AutoText အကြောင်း shortcut key = Alt+F3

2011/5/25 သိဂီၤ

ကိုဧးသိမ်းရေ.......အခုလို Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှဝေလို့ အထူးကျေးဇူးတင်ပါတယ်။
ဒါပေမဲ့ ကျမ စက်က ဗားရှင်း 2007 မဟုတ်တော့ ဒီနည်းသုံးမရဖြစ်နေတယ်။

ဗားရှင်း 2007 မတိုင်မှီက Insert Menu ထဲမှာ Auto Text ပဲရှိလို့ ကျန်တဲ့အပိုင်းလုပ်မရဖြစ်နေတယ်။

ဗားရှင်း 2007 မတိုင်မှီက Insert Menu ထဲမှာ Auto Text မှာ သုံးတဲ့နည်းလေးများသိခဲ့ရင်ဝေမျှပေးစေချင်ပါတယ်။ကျမက ကွန်ပြူတာနဲ့ကျောင်းပြီးတဲ့သူတစ်ယောက်မဟုတ်ပေမဲ့ ကွန်ပြူတာနဲ့ပတ်သက်ပြီးအကြောင်းအရာတွေကို စိတ်ဝင်စားလို့ ဝေမျှပေးတဲ့ အဖွဲ့ဝင်အားလုံးကိုလဲကျေးဇူးတင်ပါတယ်။

ခေါင်းစဉ်က Word Tips ပါ။ Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

ဟုတ်ကဲ့ မသိင်္ဂီရေ ကျနော် ဒီတစ်ခေါက် Microsoft Word 2003 မှာ ပါတဲ့
AutoText အကြောင်း
ဆွေးနွေးကြည့်ချင်ပါတယ်။

Word 2003 မှာဆိုတော့ Word 2007 တို့ 2010တို့ မပါဘူးရယ်တော့ မဟုတ်ပါဘူး။
မြင့်တဲ့ ဗားရှင်းတွေမှာက Quick Parts အဖြစ် အဆင့်မြှင့်ထားလို့ AutoText ကို

တန်းခေါ်သုံးဘို့ ခလုတ်တွေ အဆင်ပြေပြေ မထားပေးတာ ဖြစ်ပါတယ်။

နောက် အရင်တစ်ခေါက် Quick Parts အကြောင်းပြောတုံးက ကျနော်
Shortcut Key ကို ဖော်ပြဘို့ လိုသွားလို့ ဖြစ်ပါတယ်။ Quick Part
ခေါ်ချင်ခေါ် AutoText လို့ပဲ သုံးသုံး အသစ်တစ်ခု သိမ်းဘို့ရာ နှိပ်ရမည့်
Shortcut Key က Alt+F3 ဖြစ်ပါတယ်။

AutoText တွေ ဘယ်နားမှာ ရှိလဲ ?
Menu ထဲမှာ ဆိုရင် Insert Menu ထဲမှာ ရှိပါတယ်။ အောက်က ပုံကို ရှုပါ။


Auto Text တွေ ဘယ်နားမှာ ရှိလဲ ?
Toolbar ထဲမှာ ဆိုရင် Auto Text Toolbar ထဲမှာ ရှိပါတယ်။
မရှိရင် Toolbar ပေါ်မှာ Right Click ခေါက်ပြီး Auto text ကို ရွေးပြီး ခေါ်ထုတ်လိုက်ပါ။

အောက်က ပုံကို ရှုပါ။ Toolbar ပေါ်မှာ Right Click ခေါက်ပြီး Auto text ကို ရွေးပြီး ခေါ်ထုတ်နေပုံ ဖြစ်ပါတယ်။


ခေါ်ထုတ်လိုက်ရင် Auto Text Toolbar ထွက်လာပါမယ်။ အောက်ကပုံမှာ

Auto Text Toolbar ကို ပြထားပါတယ်။ Auto Text ရဲ့ အိုင်ကွန်က
ကီးဘုတ်ကို လက်နဲ့ နှိပ်နေတဲ့ ပုံလေး ဖြစ်ပါတယ်။


ဒါဆို AutoText ခလုတ် ဘယ်နားမှာလည်း ရှာတွေ့လောက်ပါပြီ။

ကျနော်တို့ AutoText တစ်ခု သိမ်းနည်းကို ဆက်ဆွေးနွေးကြပါစို့။

၁) သိမ်းမည့်စာကို Select မှတ်ပါမယ်။

၂) Selection ကို Autotext အဖြစ်သိမ်းဘို့ အောက်ပါ တစ်ခုခုကို လုပ်ပါ။
က) Insert Menu > AutoText > New
ခ) AutoText Toolbar > New
ဂ) Alt+F3 ကိုနှပ်ပါ။ (*** (ဂ)က အလွယ်ဆုံးပေါ့)

ဒါဆို Create AutoText DialogBox ကျလာပါမယ်။
သိမ်းမည့် AutoText ကို နာမည် တစ်ခု ပေးလိုက်ပါ။
(*** Quick Part နဲ့ ကွာတာက AutoText ၏ နာမည်က လွဲ၍ တခြား property များ ပေးမရပါ။)
အောက်ကပုံမှာ သိမ်းမည့် AutoText ၏ နာမည်ကို Sherlock Holmes's Address လို့ ပေးလိုက်ပါတယ်။ အိုကေနှိပ်တာနဲ့ ဒီAutoText ကို သိမ်းပြီးပါပြီ။


၃) သိမ်းထားတဲ့ AutoTextုကို ယူသုံးဘို့ကတော့ နည်း နှစ်နည်း ရှိပါတယ်။ ဦးစွာ AutoText ထည့်မည့် နေရာမှာ ကာဆာချပါ။
က) AutoText ၏ နာမည်အစကို ရိုက်လိုက်ပါ။ စက်က AutoText ကို ရိုက်ချင်တာလား မေးပါမယ်။ ဟုတ်တယ်ဆို စာဆက်မရိုက်ပဲ Enter ခေါက်လိုက်ပါ။

အောက်က ပုံမှာ ကျနော် ခုနက သိမ်းလိုက်တဲ့ AutoText ၏ အမည် အစစာလုံး sher အထိ ရိုက်လိုက်ချိန်မှာ စက်က ပြန်မေးတဲ့ ပုံပါ။


ခ) Menu ဒါမှမဟုတ် Toolbar ကနေ AutoText အုပ်စုကို သွားပါ။ AutoText ကို နာမည်ဖြင့်ရွေးနှိပ်၍ သုံးနိုင်ပါတယ်။
အောက်ကပုံမှာ Insert Menu ကနေ ကျနော် ခုနက AutoText ကို ပြန်ထောက်ပြထားပါတယ်။


နည်း (က) ကော (ခ) ပါ လွယ်ပါတယ်။ AutoText (ဝါ) Quick Part ကို သုံးခြင်းဖြင့် နောင် ထပ်တလဲလဲ သုံးချင်သော စာအသေများကို အလွယ်တကူ ပြန်ထုတ်သုံးနိုင်အောင် Word ထဲမှာ မှတ်သားထားနိုင်ပါတယ်။ စာရိုက်ရ သက်သာစေသော နည်းလမ်း ဖြစ်ပါတယ်။ သိမ်းထားသော AutoText (ဝါ) Quick Part များ ကလိ (Edit လုပ်) နည်းကတော့ ဆိုင်ရာ Menu / DialogBox မှာ ပါတဲ့အတိုင်း မိတ်ဆွေတို့ စိတ်ကြိုက်သာ ကလိကြည့်ပါတော့ဗျား :)

bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

Wednesday, May 25, 2011

Word Tips (# 4): Quick Part Gallery

ခေါင်းစဉ်က Word Tips ပါ။ Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

ဒီတစ်ခေါက် Microsoft Word 2007 မှာ ပါတဲ့ Quick Parts Gallery အကြောင်း ဆွေးနွေးကြည့်ချင်ပါတယ်။

ဗားရှင်း 2007 မတိုင်ခင် အထိကတော့ သူ့ကို Auto Text လို့ ခေါ်မလားပဲဗျာ..။ သူက ဘယ်လို အသုံးတည့်လဲ ဆိုတော့...တစ်ခါရိုက်ပြီးသားစာတွေ ကို မှတ်သားပေးထားနိုင်တယ်။ နောင် သုံးချင်ရင် ပြန်ရိုက်စရာ မလိုတော့ဘူး။ သိမ်းထားတဲ့ နေရာက တန်းခေါ်သုံးရုံပဲ။ သိမ်းတာလည်း စာချည့် မဟုတ်ပဲ စာရဲ့ စတိုင်၊ ဖော်မက်၊ ပ၊ုံ အလှအပတွေ အကုန်သိမ်းပေးထားတော့ အလုပ်ရှုပ် တော်တော် သက်သာတယ်။ အဲ့တာကြောင့် သူ့ကို Quick Part (ဝါ) Building Block လို့ နာမည်ပေးထားပါတယ်။ ဆီလျော်ပါရဲ့ဗျာ။ သိမ်းထားတဲ့ Quick Parts တွေ တထိုင်တည်း ကြည့်လို့ရတဲ့ နေရာကို Quick Parts Gallery လို့ ခေါ်သဗျ။ Quick Parts Gallery က Microsoft Word 2007 ရဲ့ Ribbonရဲ့ Insert (page) - Text (Group) မှာ ရှိပါတယ်။

[ စကားချပ်။
Microsoft Word ရဲ့ ဒီ Quick Part (ဝါ) Building Block ဆိုတဲ့ feature ဟာ Gmail ရဲ့ canned response နဲ့ အတော် ဆင်တူပါတယ်။










Quick
Part (
ဝါ) Building Block


in

Microsoft
Word

=

Canned
Response


in

Google’s
Gmail





Canned
Response အကြောင်း ဆက်စပ်ဖတ်ကြည့်မယ်ဆိုရင် ဒီမှာ သိမ်းထားလေရဲ့


]

အောက်မှာ စာစုတစ်ခုကို ကျနော် Quick Parts အနေနဲ့ သိမ်းနည်းကို ပြောပြပါရစေ။

၁) သိမ်းမည့်စာကို Select မှတ်ပါမယ်။

၂) Insert Menu ကိုလှန်ပါ။ Text အုပ်စုထဲရှိ Quick Parts ကို နှိပ်ပါမယ်။

၃) ကျလာတဲ့ Quick Parts (Context Menu) မှာ "Save Selection to Quick Part Gallery" ကို ရွေးနှိပ်ပါမယ်။

၎) ဒါဆို ခုနက Selection ကို Quick Parts (ဝါ) Building Block အဖြစ် သိမ်းပေးဘို့ရာ အမည်စသည် သတ်မှတ်ပေးဘို့ Dialog Box (Modify Building Block) ကျလာပါမယ်။ လိုအပ်သလို နာမည်ပေး အုပ်စု (Category)ခွဲပြီး သိမ်းထားနိုင်ပါပြီ။ ကျေနပ်ရင် OK ပေးပြီး Dialog Box ကို ပိတ်လိုက်ပါ။ ဒါဆို ကျနော်တို့ Quick Part တစ်ခု သိမ်းပြီးသား ဖြစ်သွားပါပြီ။ Quick Part အသစ်တစ်ခု Quick Part Gallery ကို ရောက်သွားပါပြီ။

၅) သိမ်းထားတဲ့ Quick Part တစ်ခုကို ယူသုံးဘို့ကတော့ Insert Menu > Text - Quick Parts ကို နှိပ်လို့ ပေါ်လာမည့ှ်Quick Part Gallery ထဲက ပြန်ရွေးယူသုံးရုံပါပဲ။

နမူနာ ပုံလေးတွေ ပြပါမယ်။



အပေါ်က ငွေတာရီကဗျာလေးက သိမ်းမည့်စာပေါ့ဗျာ...။



၁) အပေါ်ပုံမှာ သိမ်းမည့်စာကို Select မှတ်ပြပါတယ်။

၂) အောက်ပုံမှာ Insert Menu ကိုလှန်လိုက်ပါတယ်။ Text အုပ်စုထဲရှိ Quick Parts ကို နှိပ်ပါမယ်။


၃) ကျလာတဲ့ Quick Parts (Context Menu) မှာ "Save Selection to Quick Part Gallery" ကို ရွေးနှိပ်ပါမယ်။


၎) ဒါဆို ခုနက Selection ကို Quick Parts (ဝါ) Building Block အဖြစ် သိမ်းပေးဘို့ရာ အမည်စသည် သတ်မှတ်ပေးဘို့ Dialog Box (Modify Building Block) ကျလာပါမယ်။ လိုအပ်သလို နာမည်ပေး အုပ်စု (Category)ခွဲပြီး သိမ်းထားနိုင်ပါပြီ။ ကျေနပ်ရင် OK ပေးပြီး Dialog Box ကို ပိတ်လိုက်ပါ။ အောက်ပုံကို ရှုပါ။


ဒါဆို ကျနော်တို့ Quick Part တစ်ခု သိမ်းပြီးသား ဖြစ်သွားပါပြီ။ Quick Part အသစ်တစ်ခု Quick Part Gallery ကို ရောက်သွားပါပြီ။

၅) သိမ်းထားတဲ့ Quick Part တစ်ခုကို ယူသုံးဘို့ကတော့ Insert Menu > Text - Quick Parts ကို နှိပ်လို့ ပေါ်လာမည့ှ်Quick Part Gallery ထဲက ပြန်ရွေးယူသုံးရုံပါပဲ။ အောက်ပုံမှာ ခုနက ကျနော်သိမ်းလိုက်တဲ့ Quick Part အသစ် Quick Part Gallery ထဲ ရောက်သွားတာ မြင်ရပါမယ်။


Quick Part Gallery အကြောင်းကတော့ လို၊တို၊ရှင်း ဒီလောက်ပါပဲ....။

bHappy_1_s.gif
______________________

Gmail ရဲ့ Canned Response အတွက် Credit အနေနဲ့ကတော့:
Gmail's Canned Response အကြောင်း = GMAIL မှာ တစ်ခါ ရိုက်ထားရင် နောင် ထပ်ရိုက် စရာ မလိုပဲ အီးမေးပို့တိုင်း ထဲ့ပို့လို့ ရတဲ့ စာစုလေးတွေ အများကြီး သိမ်းထားချင်တယ် ဆိုရင်…
______________________

uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

Wednesday, May 18, 2011

Word Tips (# 3): Word ထဲမှာ ဂဏန်းတွက်မယ် အပိုင်း-၁ Alt+F8, Macro - ToolsCalculate

ခေါင်းစဉ်က Word Tips ပါ။ Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

ဒီတစ်ခေါက် ဆွေးနွေးပြချင်တာက Word ထဲမှာ ဘယ်လို ဂဏန်းတွက်မလဲဆိုတာလေးပါ။ ဥပမာ... အောက်က ကိန်းတန်းတစ်ခုရဲ့ တန်ဘိုးကို တွက်ချင်တယ် ဆိုပါတော့ ...

(123456-23456+11111)*9*10%

Windows ၏ Calculator ကို သုံးစရာမလို၊ Microsoft Excel စတဲ့ Spread-sheet ဆော့ဝဲတွေလည်း စစ်ကူခေါ်စရာမလို၊ စားပွဲပေါ်က Calculator လည်း ခေါက်စရာမလိုတဲ့ နည်းတစ်နည်း ပြောပြချင်ပါတယ်။ အပိုင်း-၁ အနေနဲ့ သုံးပြမှာကတော့ Word ၏ Macro ဖန်ရှင်တစ်ခုပါ။ ToolsCalculate လို့ ခေါ်ပါတယ်။ Word Commands အုပ်စုထဲမှာ ရှိပါတယ်။

ကျနော် နမူနာ တွက်ချင်တာက 123456 ထဲကနေ 23456 နှုတ်ချင်တယ်ဗျာ။ ပြီးတော့ 11111 ထည့်ပေါင်းမယ်။ အဲ... ရလဒ်ကို 9 နဲ့ မြှောက်မယ်။ လိုချင်တာက နောက်ဆုံးရလဒ်ရဲ့ 10 ရာခိုင်နှုန်း။ ဒါကို ချရေးရင် (123456-23456+11111)*9*10% ပေါ့။ ကိုက်ပါတယ်နော်? ဒါကို အဖြေထွက်အောင် Word ထဲမှာ မြန်မြန် ဘယ်လို တွက်မလဲ။ အပိုင်းတစ် အနေနဲ့ စကြပါစို့။

က) ကျနော် Word ဖိုင်ထဲမှာ တွက်မည့် ကိန်းတွဲကို ရေးလိုက်ပါတယ်။ ကိန်းတွဲက ယုတ္တိတော့ ရှိရမယ်နော်။ ပေါက်ကရ ရေးရင် ပေါက်ကရ အဖြေပဲ ထွက်မှာ...
(123456-23456+11111)*9*10%

အောက်ကပုံကိုရှုပါ။


ခ) ကျနော် တွက်ခိုင်းမည့် ကိန်းတန်းကို Select မှတ်လိုက်ပါတယ်။
အောက်ကပုံကိုရှုပါ။


ဂ) ပြီးတော့ ကျနော် Alt+F8 ကီးတွဲကို နှိပ်လိုက်ပါတယ်။ (* ဒါက Macros စာရင်းကို ခေါ်တင်တာပါ။) Macros စာရင်းဖော်ပြမယ့် Macros Dialog Box ကျလာပါပြီ။ Macros စာရင်း မှာ ToolsCalculate ကို ရွေးပြီး Run လိုက်ပါတယ်။
ရွေးနည်းက...
၁) Macros in မှာ Word commands ကို ရွေးပါ။
၂) Macro Name မှာ Toolscalculate ကို ရွေးပါ။ ပြီးရင် Run ကို နှိပ်လိုက်ပါ။
အသေးစိတ်ကို အောက်ကပုံမှာ ရှုပါ။


ဃ) Word ရဲ့ Status Bar ဘယ်ဘက်ထောင့်မှာ ရလဒ် (Calculation Result) ပေါ်လာပါမယ်။ အဖြေသိချင်ရုံသက်သက်ဆိုရင်တော့ Status Bar ကို လှမ်းကြည့်လိုက်ပါ။
အောက်ကပုံကိုရှုပါ။


င) အဖြေကို Word ထဲမှာ ပြန်သုံးချင်တယ် ဆိုရင်ဖြင့် Ctrl+V နှိပ်ပြီး Paste လုပ်လိုက်ပါ။ (* ရလဒ်ကို Clipboard ထဲမှာ သိမ်းထားတဲ့ အတွက် Paste ရတာ အဆင်ပြေပါတယ်။)
အောက်ကပုံကိုရှုပါ။


အပိုင်း-၁ ကတော့ ဂလောက်ပါပဲ :)
gist ထုတ်ရမယ်ဆိုရင်ဖြင့် Word ထဲမှာ ဂဏန်းတွက်ဘို့ Alt+F8 နဲ့ Macro - ToolsCalculate ကို မှတ်ထားရင် တချိန်ချိန် အသုံးတည့်မှာပါ။

Thursday, May 12, 2011

Word Tips (# 2): Filler Text အကြောင်း

ခေါင်းစဉ်က Word Tips ပါ။ Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

"Filler" ဆိုတဲ့ အင်္ဂလိပ်စာလုံးကို "အဖြည့်ခံ" လို့ ဘာသာပြန်ရင် ရမလားမသိဘူး။ ရုပ်ရှင်၊ TV Series တွေမှာတော့ "Filler Season" ဆိုရင် ဇတ်လမ်းရဲ့ အကြား အကြားမှာ ဇတ်ထုပ် မရှည့်ရှည်အောင် ထပ်ဖြည့်ထားတဲ့ အပိုင်း (Episodes) များကို ခေါ်လေ့ရှိပါတယ်။

Microsoft Word မှာကော "Filler Text" ဆိုတာ ရှိပါတယ်။ အဖြည့်ခံစာ တွေပေါ့ဗျာ။ စာမရှိတဲ့ ဗျောင် document တစ်ခုရှိမယ်။ အဲ့ document ထဲမှာ စာသားတွေ ဖြည့်ချင်တယ်။ ချက်ချင်း ဖြည့်ချင်တာနော်။ ဟိုက ဒီက ကော်ပီကူးပြီး ပြန်ပိတ် (CCP = Copy, Cut and Paste) လုပ်ရင်တော့ ရတာပေါ့။ ဒါပေမယ့် ဒီလို မလုပ်ချင်ဘူး။ အပ်ချလောင်းဆို အော်တိုငုတ်တုတ် ပေါ်စေချင်တာ။ ဒါဆို "Filler Text" တွေ ခေါ်သုံးရုံပဲ။

"Filler Text" ကို ခေါ်သုံးနည်း (၃) မျိုး ရှိပါတယ်။ ပထမ တစ်နည်းက ...
lorem ဆိုတဲ့စာလုံးလေးကို မှတ်ထားပေးပါ။ လွယ်လွယ်လေးနော် LOREM တဲ့။ သူ့ကို အရှေ့က ညီမျှခြင်းခံ၊ အနောက်က ကွင်းစကွင်းပိတ်ခံပြီး ရိုက်ထည့်၊ ပြီး Enter Key ခေါက်လိုက်ရုံပဲ။ အပြည့်အစုံ ပြောရရင် =lorem() ဆိုတဲ့ စာလေး ရိုက်ပြီး Enter Key ခေါက်လိုက်ရုံပဲ။ အဲတာဆို ဘာတွေ ပေါ်လာမလဲ သိချင်လား? စမ်းရိုက်ကြည့်ပါ။

လုပ်နည်း ပြန်ပြောပါမယ်
- Microsoft Word ဖိုင် တစ်ခု ယူပါ။
- Filler Text ဖြည့်လိုသည့် နေရာတွင် ကာဆာ (Cursor) ချပါ။
- အောက်ပါ စာသားကို အတိအကျ ရိုက်ထည့်ပါ။
=lorem()
- =lorem() ဆိုသည့် စာသားနေရာတွင် Filler Text များ ပေါ်လာပါမည်။

ဒါလေးပါပဲ :) ဘာမှ မလုပ်ရင်တောင် ဘေးကလူကို မျက်လှည့်ပြလို့ ရပါတယ် :D

ဒုတိယ နည်းကလည်း အားလုံးတူတူပါပဲ။ Keyword ပဲ ကွာပါတယ်။ lorem အစား rand ဟု ဖြစ်သွားပါတယ်။
=rand() ပေါ့ဗျာ။ ထူးခြားတာက =rand() ရဲ့ ကွင်းထဲမှာ ဂဏန်း တန်ဘိုး နှစ်ခု ထည့်ပေးလို့ ရပါတယ်။

ဥပမာ။
=rand(100,4)
ဆိုပါစို့ ...
ပ-ဂဏန်း 100 က လိုချင်တဲ့ Filler စာပိုဒ်ရေ ကို ညွှန်းပါတယ်။
ဒု-ဂဏန်း 4 က စာတစ်ပိုဒ်ချင်းဆီမှာ လိုချင်တဲ့ ဝါကျ အရေအတွက် ကို ညွှန်းပါတယ်။

ဒီတော့ ...ကျနော်က Word ဖိုင်ထဲမှာ ....
=rand(100,4)

လို့ ရိုက်ပြီး Enter Key ခေါက်လိုက်ရင် စာပိုဒ်တစ်ပိုဒ် မှာ ဝါကျ ၄ကြောင်းဆီနှင့် စာပိုဒ် (paragraph) ၁၀၀ပိုဒ် ရှိတဲ့ Filler Text ကြီး တစ်ခု ရလာပါမယ်။
rand မှာ ကန့်သတ်ချက်တော့ ရှိပါတယ်။ ဒါက ဘာလဲဆိုတော့...
ပ-ဂဏန်း က 1 ကနေ 200 အတွင်း ဖြစ်ရပါမယ်။
ဒု-ဂဏန်း က 1 ကနေ 99 အတွင်း ဖြစ်ရပါမယ်။


ဒီတော့ အရှည်လျားဆုံး/ အကြီးဆုံး Filler Text ကို လိုချင်ရင် ရိုက်ရမှာက =rand(200,99) ပေါ့ဗျာ :) ဘယ်လောက်ထိရှည်လို့ စာမျက်နှာ ဘယ်နှစ်မျက်နှာစာ ရှိမလဲ ? ကိုယ့်ဘာသာ စမ်းရိုက်ကြည့်ပါ။

တတိယ နည်းကတော့ စံနစ်ဟောင်း ပါ။ rand အစား rand.old ဟု ဖြစ်သွားပါတယ်။
ရိုက်ရမည့်စာသားက
=rand.old()
ပါ။ သူ့ကတော့ "Filler Text" လည်း အဟောင်းပါပဲ။ "The quick brown fox jumps over the lazy dog." ပါ။ မြင်ဘူးတယ် ဟုတ်? Control Panel ထဲက Font ဖိုဒါမှာ Preview ပြတဲ့ နမူနာ စာသားပဲ ဖြစ်ပါတယ်...။

Wednesday, May 11, 2011

Word Tips (#1): Unicode Characters အလွယ်ရိုက်နည်း တစ်ခု

ခေါင်းစဉ်က Word Tips ပါ

Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

*** အခုပြောပြမည့် နည်းက Alt key + Numpad Digit သုံးပြီး ASCII Character တွေ အလွယ်ရိုက်သွင်းတဲ့ နည်း နှင့် ဆင်ပါတယ်။

ခလုတ်မေ့လို့ပဲ ဖြစ်ဖြစ်
ကီးဘုတ် ကြောင်သွားလို့ပဲ ဖြစ်ဖြစ်
လေ့လာဘို့ပဲ ဖြစ်ဖြစ်

Unicode Character တစ်လုံးလုံးကို ကီးဘုတ်ကနေ ရိုက်ထည့်ဘို့ အဆင်မပြေတဲ့ အခါ ဒီနည်းကို သုံးနိုင်ပါတယ်

ဥပမာ။ ကျနော် အကြောင်း တစ်ခုခုကြောင့် "၌" ဆိုတဲ့ စာလုံး ရိုက်ထည့်လို့ မရဘူး ဆိုပါတော့

( ၌ ) ရဲ့ ယူနီကုတ် နံပတ်ကို သိရင် Character Map သုံးဘို့ မလိုပဲ တန်းရိုက်နိုင်ပါတယ်။ ( ၌ ) ရဲ့ ယူနီကုတ် နံပတ်က ( 104C ) ဆိုပါစို့။ ( ၌ ) ကို ရိုက်ထည့်မည့် နေရာမှာ 104C ကို ရိုက် ပေးလိုက်ပါ။ ပြီးရင် Alt ကီးနဲ့ X ကီးကို တွဲနှိပ်ပေးလိုက်ပါ။ စာရွက်ပေါ်မှာ 104C ပျောက်သွားပြီး ၌ လို့ ပေါ်သွားပါမယ်။

လုပ်နည်း ပြန်ပြောပါမယ်


  • လုပ်ချင်တာက ( ၌ ) ရိုက်ချင်တယ်




  • 104C လို့ ရိုက်ပါ




  • Alt ကီး နဲ့ X ကီး ကို တွဲနှိပ်ပါ။ (* C အနောက်မှာ ကာဆာ (Cursor) ကျနေစဉ် ဖြစ်ရပါမယ်)




  • ၌ လို့ ပေါ်သွားပါပြီ။



နောက် တစ်ခု ထပ် ပြောပြချင်တာက... သူ့ရဲ့ ပြောင်းပြန်ပေါ့

( က ) ရဲ့ ယူနီကုတ် နံပတ် ကို သိချင်တယ် ထားပါတော့ ဘယ်လိုလုပ်မလဲ။ လွယ်ပါတယ် ခုနက ကီးတွဲ ကို နှိပ်ရုံပဲ။ (Alt ကီး နဲ့ X ကီး ကို တွဲနှိပ်ရန်ပါ။) က နောက်မှာ ကာဆာချပါ။ Alt ကီး နဲ့ X ကီး ကို တွဲနှိပ်ပါ။ ( က ) ကနေ သူရဲ့ ယူနီကုတ် တန်ဘိုး ဖြစ်သော 1000 ဟု ပြောင်းလဲ သွားပါမယ်။

လုပ်နည်း ပြန်ပြောပါမယ်


  • လုပ်ချင်တာက ( ၌ ) ရဲ့ ယူနီကုတ်တန်ဘိုးကို သိချင်တယ်




  • ၌ လို့ ရိုက်ပါ




  • Alt ကီး နဲ့ X ကီး ကို တွဲနှိပ်ပါ။ (* ၌ အနောက်မှာ ကာဆာ (Cursor) ကျနေစဉ် ဖြစ်ရပါမယ်)




  • 104C လို့ ပေါ်သွားပါပြီ။



စာလုံးသိပါလျက် ယူနီကုတ်နံပတ် တန်းသိချင်တဲ့ အခါ Word user တွေအတွက် အသုံးတည့်မည့် နည်းလေးပါ။

ဒီတစ်ခေါက် ကျနော် ပြောချင်တဲ့ Word Tip က ဒါလေးပါပဲ...

အောက်မှာ ဇော်ဂျီ စာလုံးများနှင့် သူတို့၏ ယူနီကုတ် တန်ဘိုးများကို ဖော်ပြထားပါတယ် အလွယ်ကြည့် ဇယားပါ။

800px-Zawgyi_character_map_%28color%29.png

image source: my.wikipedia.org

ပျော်ရွှင်ချမ်းမြေ့ပါစေ
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq