Thursday, August 19, 2010

Gtalk မှာ မိမိကို ဘလော့ (block) ထားလား၊ မထားလား စစ်ကြည့်ချင်..

အခုတလော ဂျီတော့မှာ ပျောက်ချက်သားကောင်းနေတဲ့သူ တစ်ယောက်ကို သတိထားမိတယ် ဆိုပါစို့..
တကယ်ပဲ အွန်လိုင်းမတက်တာလား ကိုယ့်ကို ဘလော့ (block) လုပ်ပြီး ရှောင်နေလို့ ကိုယ် သူ့ကို မတွေ့ရတာလား စစ်ကြည့်ရအောင်

(မှတ်ချက်။ Gtalk to Gtalk စစ်ကြည့်တဲ့ နည်းက မဟန်တော့ဘူးနော်။ စစ်လို့ မရတော့ဘူး။ 2010 Aug 19 က စစ်ထားတာလေ..။

ဒီတော့..) စစ်ကူခေါ်ကြမယ်။ တခြားနည်းတွေလည်း ရှိဦးမှာပါ။ ဒီမှာတော့ ကျနော် သိတဲ့ နည်းလေး ဖောက်သည်ချပါရစေ။



Pidgin နဲ့ စစ်ကြည့်တဲ့နည်းလေးပါ။
Free ပါ။ မူရင်းကို သူဝက်ဆိုဒ်ကနေ ဆွဲချယူနိုင်ပါတယ်။ http://pidgin.im/
Pidgin ကိုသုံးပြီး GTALK ကော Yahoo ကော IM အတော်များများကို လှမ်းတော့လို့ ရပါတယ်။ မိမိ၏ IM အကောင့်တွေလည်း တစ်ခုမကထည့်ပီး တပြိုင်နက် Talk နိုင်ပါတယ်။ အခု သူ့ကို ဒေါင်းလုပ်ဆွဲချပြီး အင်စတေား လုပ်ပီးသွားပြီး ဆိုပါစို့။ အသစ်ဆိုတော့ အကောင့်တစ်ခုမှ မရှိသေးဘူးပေါ့။ Add Account နဲ့ မိမိ၏ အကောင့်ကို ထည့်ပေးရပါမယ်။


မိမိအကောင့်က Gtalk အကောင့်ဆိုရင် Gtalk ကိုေ၇ွးပါ။ အောက်မှာ အဝါတားပြထားတဲ့ သုံးခုကို ထည့်ပေးရပါမယ်။ username ရယ် password ရယ် နောက် (ကိုယ်ပိုင်စက် ဆိုရင်) remember password ရယ်ပေါ့။ ပြီးရင် အက်ကို နှိပ်လိုက်ရုံပါပဲ။


အောက်ကပုံမှာ PIDGIN က မိမိဂျီတော့အကောင့်နဲ့ တက်နေပုံပါ။
ကိုယ့်ကို ပုန်းရှောင်နေသူက offline ဖြစ်နေမှာ ဆိုတော့ offline ဘော်ဒါတွေကို ပြခိုင်းလိုက်ပါမယ်။


offline ဘော်ဒါတွေထဲက ကိုယ့်ကို ဘလော့လုပ်ထားတယ်လို့ သံသယရှိသူကို သူ့နာမည်ပေါ် Right click ခေါက်ပီး Get Info လုပ်ကြည့်ပါ။ အောက်ကပုံလို Full name နဲ့ Photo (ပုံ) တို့ ဘာတို့ တွေ့မြင်ရရင်... သူက offline သက်သက် ဖြစ်နေတာ ကိုယ့်ကို ဘလော့ထားတာ မဟုတ်ဘူးလို့ သိသာပါတယ်။ (ဟူး...တော်ပါသေးရဲ့)



အဲ့... Get Info လုပ်ကြည့်လို့ အောက်ကပုံလို ဗျောင်ချည့် (ဒါမှမဟုတ်) Status offline တစ်ကြောင်းတည်း ပေါ်လာရင်တော့ သေချာပါတယ်။ သူ ကိုယ့်ကို ဘလော့ထားတာပဲ။


ဘာဆက်လုပ်မလဲ?

သူ ကိုယ့်ကို မခင်ရင် ကိုယ်လည်း မခင်ဘူးပေါ့ဗျာ..။ တဘက်သတ်ကြီး ဘလော့ခံရတာထက်စာရင် ကိုယ်လည်း သူ့ကို ပြန်ဘလော့မှာပေါ့။ ဘဲစားဘဲကျေပဲ...။ အဲ့တာ အေးကရော...။ နှစ်ဦးနှစ်ဘက် ပြန်မကျေအေးမချင်း (နှစ်ဘက်စလုံးက ပြန်ပြီး unblock မလုပ်မချင်း) အွန်လိုင်းမှာ မတွေ့တော့ဘူးသာ မှတ်ပေရော့ပဲ...။ :D

ဒါမှမဟုတ် သူ့ကို ကိုယ့် Contact List ထဲကနေ Remove လုပ်ပလိုက်လည်း အေးတာပဲ...။ ပြန် အင်ဗိုက်မလုပ်မချင်း မတွေ့တော့ဘူးပေါ့...။ :D

ပုံအချို့နှင့် အိုင်ဒီယာ ဒီနေရာမှ ရယူထားပါသည်။
/ဧးသိမ်း/

Monday, August 16, 2010

ဘာလဲဟ EVD ?

ဘာလဲဟ EVD ?


၁) ဘာလဲဟ EVD စက် ?
မနေ့က အမျိုးတစ်ယောက်က ဝယ်ပေးပါ အကူအညီတောင်းတာနဲ့ EVD စက်တစ်လုံး အဝယ်ထွက်ခဲ့ပါတယ်။
ရန်ကုန်မှာတော့ EVD စက်တွေ အတော် ပေါတာပဲဗျာ.. တရက်နဲ့ စုတ်မည့် တရုတ်စက်တွေလေ..။ တချို့ ထိုင်းစာလုံးတွေ ပါပေမည့်လည်း တကယ်တမ်းက တရုတ်စက်တွေပဲတဲ့ ဆိုင်ကအရောင်းဝန်ထမ်းက ရှင်းပြပါတယ်..

EVD ဆိုတဲ့ နည်းပညာ တရုတ်က ကုမ္ပဏီတွေ ပေါင်းလုပ်တာပါတဲ့ ၂၀၀၃ ~ ၂၀၀၄ လောက်က ကြားလိုက်တယ်။ အခုကမ္ဘာမှာ Blu Ray တွေ ခေတ်စားနေချိန် ၂၀၁၀မှာ မြန်မာမှာ တရုတ်က EVD စက်တွေ တင်သွင်းပြီး အလုပ်ဖြစ်နေကြပါတယ်။ ဘလူးရေးက ဈေးကြီးနေဆဲပါ။ တရုတ်က စကြေညာတုံးက မှတ်သားမိတာကတော့ ဒီ EVD နည်းပညာဟာ Play Back only တဲ့။ (ဆိုလိုတာက လုပ်ပီးသား EVD ခွေကိုသာ EVD စက်နဲ့ဖွင့်ကြည့်လို့ ရမယ်။ EVD နည်းပညာနဲ့ ခွေတစ်ခွေ ဆောက်ဖို့ နည်းပညာ မပေးဘူးဆိုတဲ့ သဘောပါ။ Decoder မရှိဘူးပေါ့ဗျာ Encoder / Console Player စက်ပဲ ရောင်းမယ်ပေါ့။)

ပေါက်ဖော်တွေ ဒါကျတော့ တော်တော် သိတတ်တယ်နော်။ ရိုးရိုး DVD စက်တစ်လုံးဆောက်ဘို့ ကုန်ကျတဲ့ လိုင်စင် စရိတ် (Licensing Costs, ဥပမာ DVD နည်းပညာကို သုံးဖို့ ထိုနည်းပညာ ထုတ်လုပ်သူထံ ပေးရတဲ့ လိုင်စင်ကြေး တစ်လံးကို ၁၃ဒေါ်လာ ~ ဒေါ်လာ၂၀ကြားရှိသည်ဆိုပဲ) တွေ က ကာမိအောင် ကိုယ့်နည်းပညာနဲ့ ကိုယ် ခွေထုတ်မယ်ဆိုတဲ့ သဘောပေါ့။ ဒီတော့ စက်ထုတ်ဘို့ လိုင်စင်ကြေး ပေးစရာ မလိုတော့ဘူးပေါ့နော်း။ သူများ နည်းပညာသာ ခိုးသုံးတာ သူ့နည်းပညာကျတော့ ခွေထုတ်ခွင့်တောင် မပေးချင်တာ သိသာတယ်။

ဒီတော့ ကျနော် မေးကြည့်လိုက်တယ်။ EVD ခွေတွေက ဘယ်မှာ ဝယ်လို့ ရသလဲ? ဆိုင်က လူငယ်လေးက..."EVD ခွေက အပြင်မှာ ဝယ်လို့ မရပါဘူး။ ဒီစက်ထဲမှာတော့ နမူနာတစ်ချပ် ပါလာပါတယ်။ EVD ခွေ ဖွင့်လို့ ရမရ ဒီ ခွေနဲ့ စမ်းကြည့်နိုင်ပါတယ်.." တဲ့...။ အပြင်မှာ ဘယ်ဝယ်လို့ ရမလဲနော်း။ EVD နည်းပညာက ကမ္ဘာမှာ ရေပန်းမှ မစားတာလေ..။

EVD ခွေက..
ကားများများဆန့် (Quality ထက် Quantity ကို ဦးစားပေး) ဘို့ ရည်ရွယ်ပေမယ့်
ယနေ့ ကမ္ဘာက...
ပုံရိပ်ကြီးနိုင်သမျှကြီး bitrate များနိုင်သမျှများတာပြချင် (Quantity ထက် Quality ကို ဦးစားပေး) နေကြတာလေ။

ဒီတော့ ခွေခုတ်လို့ မရတဲ့ EVD နည်းပညာ ကမ္ဘာမှာ ရေပန်းမစားတာ အဆန်းတော့ မှုတ်ဖူးပေါ့။

အနှစ်ချုပ်တော့ EVD စက်တစ်လုံး ဝယ်ဖြစ်သွားတယ်ပေါ့ဗျာ.. ဈေးက တော်တော်ပေါတာကိုး..တရက်နဲ့ စုတ်သွားရင်တော့ တတ်နိုင်ဘူးပေါ့ :) EVD စက်တွေ ဒီမှာ ဘာလို့ လူကြိုက်များလဲ မေးရင် အဓိကအဖြေက "ဈေးပေါပြီး ခွေစုံဖတ်တဲ့စက်" မို့လို့ပါ။ ခွေစုံဖတ်တယ်ဆိုကတည်းက DVD, MP3, MP4, DIVX, JPG စတဲ့ခွေတွေ အစုံဖွင့်လို့ ရတာပါ။ ဒါပေမယ့် ဒီ နည်းပညာတွေအတွက် လိုင်စင်စရိတ်အကုန်အကျမခံထားပဲ EVD ကို ရှေ့တန်းတင်လိုက်တော့ ဈေးပေါပေါနဲ့ ထုတ်နိုင်တာပေါ့ဗျာ။

၂) ဘာလဲဟ EVD ခွေ ?
EVD စက်ဝယ်ဖြစ်သွားတော့ EVD ခွေတစ်ခွေ ရလာတယ်ပေါ့။ ကလိလို့ ရပီပေါ့ဗျာ။ အိမ်ရောက်တာနဲ့ ခွေခဏငှါးပီး ကိုယ်ကလိဘို့ အရင် Image ရိုက်ပလိုက်တယ်။ ပေါက်ဖော်တွေ ဒါကျတော့ တော်တော် သိတတ်တယ်နော်ဆိုတဲ့ စကားအတွက် နောက် သာဓက တစ်ခု ပြပါဦးမယ်။ ဘာတွေ့တယ်ထင်လဲ။ ခွေထဲမှာလေ။ ဖိုင် ပိစိလေး နှစ်ဖိုင်က လွဲလို့ ဘာ media ဖိုင်မှ မပါဘူး။


ဒါနဲ့ ခွေ Disc Size ကို သေချာအောင် ပြန်ကြည့်လိုက်တော့ အကြီးကြီးပဲ. 4.24 Gb


သေချာတာကတော့ မီဒီယာဖိုင်တွေ ဖွက်ထားပီပေါ့။ အဲ့တာကိုလည်း တောတော်သိတတ်တယ် ပြောချင်တာပါ။ တကမ္ဘာလုံးက ကားတွေ ကူးပြီးသာ ဖြန့်ချီနေတာလေ..သူ့နည်းပညာနဲ့ ခွေ ခုတ်ခွင့် မပြုတဲ့ အပြင် သူ့ခွေတောင် ဖွင့်မရအောင် ဖိုင်တွေ ဖွက်ထားတယ်။ (အဲ...ဗမာတွေလောက်တော့ မယုတ်မာဘူးဗျ. ဗမာတွေက ကွန်ပျူတာနဲ့ ခွေဖွင့်ရင် ဒုက္ခပေးအောင်လို့ ဗိုင်းရပ်စ်ပါ ထည့်ထားတတ်တာ)

ဧးသိမ်းကို ပညာပြတယ်ပေါ့ဗျာ...တတ်သည့်ပညာ မနေသာ..ဒီခွေထဲက ဖိုင်တွေ ရအောင် ယူမယ်ပေါ့။ ဒါမှလည်း EVD ဘာနည်းပညာလဲ သိရမှာလေ..။ ခေါ်တင်လိုက်တယ် ISO Buster ကို.. ကျနော့် လက်ကတုံးတောင်ဝှေး ဆော့ဝဲလေး (ကလိနေကျသူများ သိပါသည်။ နေရာတကာတွင် ဒေါင်းလုပ်ဆွဲနိုင်ပါသည်။ ထို့ကြောင့် ဤပို့စ်တွင် အတက် မတွဲထားပါ။)


ISO Buster နဲ့ ခုနက Disc image ကို ဖွင့်ကြည့်လိုက်တယ်။
ISO ဖိုင်စံနစ်နဲ့ကြည့်ရင် ဘာဖိုင်မှတောင် မမြင်ရဘူး။


Joliet ဖိုင်စံနစ်နဲ့ ကြည့်ရင်တော့ ဝင်းဒိုးနဲ့ ဖွင့်ကြည့်သလိုပဲ။ မြင်ကွင်းက တူတူ။ ဖိုင်ပိစိ ၂ဖိုင်တည်း..။


မီဒီယာဖိုင်တွေ ဖွက်ထားတာတော့ သေချာပြီ။ ဘယ်နားဖွက်ထားလည်း ရှာကြည့်ဘို့ပဲ လိုတယ်။ ဖိုင်ပိစိ ၂ဖိုင်ပေါ်တဲ့ Joliet ကို ပရော်ပါတီခေါက်ကြည့်တယ်။


အောက်မှာ အဝါနဲ့ ပြထားသလိုပဲ Big Endian နဲ့ ပြထားတဲ့ JOLIET တဲ့. ဒါက ဖိုင်ပိစိ ၂ဖိုင်ပေါ်နေတဲ့ Joliet ပေါ့..


ဒါဆို နောက် တစ်မျိုး ပြခိုင်းမယ်။ (မှတ်ချက် ဤ အဆင့်မရောက်ခင် တော်တော် ဥာဏ်နီဥာဏ်နက် သုံးခဲ့ရပါတယ်။ ဥပမာ missing file search တို့ ဘာတို့..အခုတော့ trial & error ကနေ လုပ်နည်းသိသွားလို့ တန်းဖော်ပြလိုက်တာပါ။)

(မှတ်ချက်။ CD ကလည်း Harddisk လိုပဲ။ အထဲမှာ သိမ်းထားတာတွေကို စာရင်းနဲ့ မှတ်ထားပါတယ်။ ထိုစာရင်းကို path table လို့ ခေါ်ပါတယ်။ ထူးခြားချက်က CD တစ်ချပ်မှာ ဖိုင်စာရင်း (path Table) တစ်ခုမက တည်ရှိနေနိုင်ပါတယ်။

ခုနက အထိ ပြနေတဲ့ ကွန်ပျူတာက ဖိုင်စာရင်းမှာ ဖိုင်ပိစိ၂ဖိုင်ပဲ တွေ့နေရတာဟာ ကိုယ်ကြည့်နေတဲ့ ဖိုင်စာရင်း (path Table) မှာ ဖိုင်ပိစိ၂ဖိုင်ပဲ စာရင်းပေါက်လို့ပါ။

အဲ...EVD စက်လို့ ခေါ်တဲ့ Console Player ကျတော့ ဖိုင်တွေ မြင်ရပြီး play back လုပ်နိုင်တာဟာ သူကြည့်နေတဲ့ ဖိုင်စာရင်း (path Table) က အဲ့မီဒီယာဖိုင်တွေ စာရင်းပေါက်တဲ့ တခြား စာရင်း တစ်ခု ဖြစ်နေလို့ပါ။ ဒါဆို EVD စက်ဆိုရင် မြင်ရမည့် ဖိုင်စာရင်း (path Table) ကို ကျနော်တို့ ရှာတွေ့ရင် ရပီပေါ့နော်း)

Big Endian နဲ့ လိုတာ မတွေ့ရင် Little Endian နဲ့ဆိုရင်ကော ဘာတွေ ရှိနေမလဲ စမ်းကြည့်ပါတယ်။ Options ထဲဝင်ပြီး အောက်ကပုံလိုမျိုး ရွေးပေးလိုက်ပါတယ်။ Show Both ပေါ့..။


ဒန့်တန်တန်...
တွေ့ပါပြီဗျာ...ဘသားချော မီဒီယာဖိုင်တွေ သူတို့က Little Endian notation နဲ့ ရေးထားတဲ့ ဖိုင်စာရင်းမှာ စာရင်းပေါက်နေတာကိုး။ အောက်ကပုံမှာ ISO ဖော်မက် + Little Endian notation နဲ့ Path Table ပါ။

File Name တွေ DOS ဖိုင်လိုမျိုး ၈လုံးစီပဲ ရှိတယ်။ သတိပြုကြည့်ပါ။ File type ကျတော့ EVD တဲ့ :)


အောက်ကပုံမှာ Joliet ဖော်မက် + Little Endian notation နဲ့ Path Table ပါ။
File Name တွေ Windows ဖိုင်လိုမျိုး အတိအကျ ရှိတယ်။ သတိပြုကြည့်ပါ။ File type လည်း EVD ပဲ


သူတို့ကို EVD ဆိုတဲ့ ဖိုဒါထဲ ထည့်ထားတာလည်း မြင်နေရပါတယ်။ ကဲ... ဒီဖိုင်တွေရဲ့ parent folder ကို right ကလစ်ခေါက်ပြီး hard disk ထဲ ဖြည်ထုတ်လိုက်ပါမယ်။ Voila! ...ကျနော် လိုချင်တာတွေ ရပြီ :)


၃) ဘာလဲဟ EVD ဖိုင် ?
ဖိုင်တွေ ဟက်ဒစ်ထဲ ရမှတော့ ဆက်ကလိဖို့က ဘာလဲဟ EVD ဖိုင်ပေါ့။ ဆက်ကလိ ကြည့်ဖို့ပဲ လိုတော့တယ်လေ။

နမူနာအနေနဲ့ သူ့ဖိုင်တစ်ခုလောက်ရွေးပြီး File type ကို avi လို့ ပြောင်းကြည့်လိုက်ပါတယ်။

(မှတ်ချက်။ avi လို့ ပြောင်းရခြင်းမှာ ကိုယ်ယူသည့် ဖိုင်သည် မီဒီယာဖိုင်တစ်ခုမှန်း ကြိုသိထားခြင်း၊ ထို့ပြင် avi ဟူသော ဖိုင်type သည် ဖိုင် ကွန်တိန်နာ တစ်ခု ဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။ file container ဆိုသည်မှာ ခွက်လို သဘောပါပဲ။ ဆောက်ချင်တဲ့ မီဒီယာ ဖိုင်ဆောက်ပါ။ avi ပြောင်းလိုက်လို့ ဖိုင်တွင် အပြောင်းအလဲ ဘာမှ မဖြစ်သွားပါ။ ဒါကို ခွက်ရဲ့ သဘောလို့ ဆိုလိုတာပါ။)

ဒါနဲ့ mediainfo (အလကားရတယ်လေ) သုံးပြီး ခုနက avi ပြောင်းလိုက်တဲ့ ဖိုင်ကို info ကြည့်လိုက်ပါတယ်။ ဘာများလဲလို့ သူလည်း ကွန်တိန်နာ = ခွက်ကြီးပါပဲ။ တကယ့် မီဒီယာ၏ ဗွီဒီယိုဖော်မက်က XviD ပါတဲ့ခင်ဗျာ။ အော်ဒီယို ဖော်မက်က MP3 ပါပဲခင်ဗျာ။ အဲဒီလို encode လုပ်ပြီး EVD ဖိုင် type ပြောင်းထားရုံသက်သက် ဖြစ်ပါတယ်။ EVD စက် ကို လည်း ဒီခွက်ဖိုင် EVD ဖိုင် ကို play back လုပ်အောင် ပရိုဂရမ်ရေးထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ချက်မှ လွဲ၍ EVD ဆိုတာ ဘာမှ မထူး၊ မခြားနားသော MP4 သာ ဖြစ်ကြောင်း ဖောက်သည်ချလိုက်ပါတယ်။

အောက်က Comparison Chart ကတော့ မူရင်း EVD နှင့် ကျနော် ပြန် convert လုပ်ကြည့်သော DivX ဖိုင်နှစ်ခုအကြားရှိ အင်ဖော်မေးရှင်းများ ဖြစ်ပါတယ်။ Divx မှာ bitrate နည်းတာက လွဲလို့ so called EVD ထက်စာရင် ဖိုင်ဆိုဒ် တောင်ပိုသေးပါတယ်။

ဒါ ကျနော် လေ့လာမိသလောက် EVD ပါပဲ။ ဆွေးနွေးအကြံပြုချက်ကို စောင့်မျှော်ပါတယ်ဗျာ...













































































































































































































































































Comparison betweenEVD file andConverted File DivX
General
Complete name :..EVD Original34.The Kingdom.avi..EVD converted34.The Kingdom.avi
Format :AVIDivX
Format/Info :Audio Video InterleaveHack of AVI
File size :792 MiB726 MiB
Duration :1h 50mn1h 50mn
Overall bit rate :1 004 Kbps920 Kbps
Writing application :MEncoder Sherpya-r20258-MinGW-4.1.1
Writing library :MPlayer
Video
ID :00
Format :MPEG-4 VisualMPEG-4 Visual
Format profile :Advanced Simple@L5Yes
Format settings, BVOP :YesNo
Format settings, QPel :NoNo warppoints
Format settings, GMC :No warppointsDefault (H.263)
Format settings, Matrix :Default (H.263)Packed bitstream
Codec ID :XVIDDX50
Codec ID/Hint :XviDDivX 5
Duration :1h 50mn1h 50mn
Bit rate :896 Kbps780 Kbps
Width :640 pixels720 pixels
Height :360 pixels480 pixels
Display aspect ratio :16:091.5
Frame rate :23.000 fps29.970 fps
Resolution :8 bits8 bits
Standard :NTSC
Colorimetry :4:02:004:02:00
Scan type :ProgressiveProgressive
Bits/(Pixel*Frame) :0.1690.075
Stream size :707 MiB (89%)615 MiB (85%)
Title :XviD 1.1.0 (UTC 2005-11-22)Video
Writing library :DivX 6.2.5 (UTC 2006-06-16)
Audio
ID :11
Format :MPEG AudioMPEG Audio
Format version :Version 1Version 1
Format profile :Layer 3Layer 3
Mode :Joint stereo
Format_Settings_ModeExtension :MS Stereo
Codec ID :5555
Codec ID/Hint :MP3MP3
Duration :1h 50mn1h 50mn
Bit rate mode :ConstantConstant
Bit rate :96.0 Kbps128 Kbps
Channel(s) :2 channels2 channels
Sampling rate :48.0 KHz44.1 KHz
Video delay :44ms
Stream size :75.8 MiB (10%)101 MiB (14%)
Alignment :Aligned on interleavesSplit accross interleaves
Interleave, duration :24 ms (0.55 video frame)33 ms (1.00 video frame)
Interleave, preload duration :504 ms50 ms
Writing library :LAME3.97
Title :Audio

Thursday, August 12, 2010

Beware of Date Activated Computer Virus

Tomorrow is Friday the 13th
ဟေး...အားလုံးပဲ မနက်ဖန် Friday the 13th နော် လိုလိုမယ်မယ် ကွန်ပျူတာ ဒိတ်တွေ ရွှေ့ချင်ရွှေ့ထားနိုင်ဘို့ နှိုးဆော်လိုက်ရပါကြောင်း...

သောကြာနေ့နဲ့ ၁၃ရက်နေ့ ထပ်ရင် ထသောင်းကျန်းတတ်တဲ့ ကွန်ပျူတာ Virus တွေ ရှိတယ်လေ။ အရမ်းဖျက်ဆီးတတ်တဲ့ ဗိုင်းရပ်စ်မျိုးတွေပေါ့။

Friday the 13 virus လို့ ရိုက်ပြီး ရှာကြည့်ပါ။ အဲ့လိုနေ့မျိုးမရောက်ခင် နေ့စွဲကို ကြိုရွှေ့တတ်သူတွေအတွက် နှိုးဆော်ပေးတာပါ...။

Wednesday, August 4, 2010

ကာတွန်းရုပ်ပြ စာအုပ် ထုတ်ကြမယ်

ဆော့ဝဲရီဗျူး (software review) ပေါ့နော်။

ကင်မရာတစ်လုံးရပြီး လက်တဲ့စမ်း ဟိုလျောက်ရိုက်၊ ဒီလျောက်ရိုက်နေသူတွေ အကြိုက်ပေါ့။ ကျနော့် ဆိုနီ ကင်မရာလေးဆို ပျက်သာပျက်သွားကော..အနားကို မရခဲ့ရှာဘူး။ တွေ့သမျှချိန်ရိုက်နေတဲ့ point and shoot အော်တိုကင်မရာမဲန်းကြီးကိုး ခင်ဗျ။ ဘေးအိမ်က ကလေး မွေးနေ့လည်း ဟက်ပီးဘတ်သ်ဒေး လက်ခုပ်ဝိုင်းတီးပြီး ရိုက်ပေးလိုက်တာပဲ။ အိမ်က သောင်းကျန်းသူတွေ တိရိစ္ဆာန်ရုံပို့လည်း တွေ့ကရာ အကောင်နဲ့ တွဲပြီး အကုန်ရိုက်တာပဲ။ ရိုက်တော့ ဘာဖြစ်လာသလဲ ဆိုရင် လက်ရာတက်လာတယ်ပေါ့ဗျာ (ဝင် ကြွားပါလိုက်သေးသည်းD ) ရောသွားပြီ။ ပြောချင်တာက ရိုက်ထားတဲ့ ပုံတွေ များလာတယ်ပေါ့။ သူများပုံတွေလေ...။ ကျနော့်ပုံလား ဘယ်ရှိမလဲ။ ကင်မရာမဲန်းမှာ ကိုယ့်ဓာတ်ပုံကိုယ် ရိုက်ခွင့်မရဘူးလေ။ ဓာတ်ပုံမစားတာလည်း ပါတယ်။ ပြောရင်းနဲ့ ထပ် ဘေးချော်သွားပြန်ပြီ။ ပြောချင်တာက ရိုက်ထားတဲ့ ပုံတွေ များလာတယ်ပေါ့။


ပုံတွေများလာတော့ ဒီအတိုင်း ဓာတ်ပုံကူးကူးနေရတာ ငြီးငွေ့လာတယ်ပေါ့ဗျာ။ ဒါနဲ့ အစမ်းထွင်တာပေါ့။ ဓာတ်ပုံလေးတွေ စုပြီး ကာတွန်း၊ ရုပ်ပြ အယ်လ်ဘမ်လေးလို လုပ်ကြည့်ရင် ကောင်းမလား၊ ပြက္ခဒိန်လေးနဲ့ တွဲပြီး ထုတ်ကြည့်ရင် ကောင်းမလား...စမ်းကြည့်တာပေါ့။ အဲတာနဲ့ လက်လှမ်းမှီရာ (မရမက) လိုက်ရှာတော့ ကာတွန်း၊ ရုပ်ပြလုပ်တဲ့ ဆော့ဝဲလေး သွားတွေ့တယ်ခင်ဗျ။ မိတ်ဆွေတို့လည်း ကင်မရာရှိရင် စမ်းကြည့်လို့ ရတယ်။ (အဲ...စကားမစပ်..ရန်ကုန်မှာ ကင်မရာ ဂျပန်ကျ? တွေ ဈေးတော်တော်ပေါတယ်နော်း ၂သောင်းနဲ့ တစ်လုံးရတယ်။)


အောက်က ဆော့ဝဲလေးဗျို...





 Comic Life တဲ့ Plasq က ထုတ်တာလေ

အဲ့ဆော့ဝဲသာ ရှိရင် ကာတွန်းရုပ်ပြထုတ်ဘို့ ဘာလိုမလဲ။ ဓာတ်ပုံတွေရယ် ဒီဓာတ်ပုံတွေပေါ်မှာ ဆက်စပ်တဲ့ ဇတ်ညွှန်းလေးပဲ လိုမယ်။ ကျန်တာက ကလိကြည့်ဘို့ပဲ ဒါက ကိုယ့်အပိုင်း။ တန်ဘိုးက ၂၉.၉၅ဒေါ်လာတဲ့။ ကျနော် ရှာကြံ ဆွဲချထားတာလေးတော့ ရှိတယ်။ လိုချင်ရင် ဗမာလိုရေးပြီး လက်တို့လိုက်။ ၁၀မက်ကျော်ကျော်လေး။ ဒီမှာတော့ ငြိမှာစိုးလို့ အတက်မတွဲတော့ဘူး။

အောက်မှာ နမူနာအဖြစ် မေလကုန်တုန်းက အိခိဂျောတို့ မာဏဝဘေရီအဖွဲ့ ရေသွားလှူစဉ်က တရားဝင်ထုတ်ပြန်ပေးထားတဲ့ ပုံလေးတွေကို ကာယကံရှင်များထံခွင့်တောင်းပြီး နမူနာ လုပ်ပြထားပါတယ်။ အားလုံး ၄ မျက်နှာတည်း။ ကျန်တာတွေက လုပ်နည်းကို Tutorial အဖြစ် gif နဲ့ လှုပ်ပြထားတာပါ..

IMAGES are courtesy of မာဏဝဘေရီ and respective persons
ဇာတ်ညွှန်းကတော့ ညီလေး ကိုလွှမ်းမိုးထက် တင်ထားတဲ့ ပို့စ်ကို အခြေခံထားပါတယ်။ အချက်အလက်များကို RFM core-member မသိဂီမှ စစ်ဆေးပေးပါတယ်။

စာမျက်နှာ-၁



စာမျက်နှာ-၂


စာမျက်နှာ-၃




စာမျက်နှာ-၎


မိုက်တယ်နော်...အနည်းဆုံးတော့ ကိုယ့်ကလေး မွေးနေ့မှာ ဒီလို ထုတ်ပေးလိုက်ရင် သူတို့ ဘယ်လောက်ပျော်လိုက်မလဲ စဉ်းစားကြည့်ပါ။

အောက်ကတော့ ကျူတိုရီယယ်ပေါ့။ ပုံတွေကို ဆိုဒ်သိပ်မချုံ့ထားတော့ အတက်တော့ နှေးနေမယ်..။ ကွန်ပေါ်မူတည်မှာပေါ့လေ...။

စာမျက်နှာတစ်ခု ဒီလိုယူပါ။ လိုသလို အကွက်တွေ ချပါ။


ဒါက Caption (ခေါင်းစည်း) ထဲ့ပုံ


ဒါက ခေါင်းစည်းကို ညှိတာ






ဒါက အကွက်ထဲ ပုံထည့်တာ



ဒါက စာထည့်တာ...



ဒါက စကားပြောတွေ၊ အော်တာတွေ။ အတွေးတွေ ထည့်တာ (Call-out)


ဂလောက်ဆို လုပ်နည်းက တီးခေါက်မိပီပေါ့။ အသေးစိတ်ညှိချင်ရင် Details သာ ဖွင့်ကြည့်ဗျ..။ ညှိလို့ရတယ်။
လုပ်ပြီးပြီဆိုရင် ရလဒ်ကို Image နဲ့ Export သိမ်းလို့ ရတယ်။
တစ်ခုပဲ.. ကျနော် လက်ရှိရထားတဲ့ ဗားရှင်းက မူဗွီ Export တော့ အဆင်မပြေဘူး။ စမ်းချင်ရင်  လင့်ပေးမယ်နော်း။ Software ကို ဒီမှာဒေါင်းပါ။

ရေးသားပြုစုသူ - /ဧးသိမ်း/