Tuesday, January 25, 2011

ဝှက်စာ ဖော်ဘို့ ဆော့ဝဲ WhetSar


သူငယ်ချင်းကောင်မလေးတစ်ယောက်က စာလေးပေးတော့ သူက 0110တွေနဲ့ရေးထားတယ် အက်စ်အီးကုတ်လို့တော့ပြောတာပဲ
ရှက်လည်းရှက်ပါတယ် ကွန်ပျူတာကျောင်းသူဖြစ်နေပြီး အဖြေမဖော်နိုင်တာကို
ဒါပေမယ့်လည်း အားကိုးစရာက ဒီလူတွေပဲရှိလို့ ကူညီပေးကြပါဦးနော် ...


သူရေးပေးလိုက်တာက.....

100111011010011101110100101111000011001110110011111000011011001110000111101001000001110100011000111101000110100111101001010011110111111011101100101100011011100101101001101000011000011110010

အပေါ်က ကိန်းတန်းလေးက ဘာအဓိပ္ပါယ်လဲတဲ့? အိခိဂျော မေးထားတာလေးပါ။ 0 နဲ့ 1 ပဲ ပါတဲ့ ကိန်းတန်းလေးပေါ့။
ဒီလိုမျိုး ကိန်းတန်းလေးဆောက်ပြီး ဝှက်စာ မြန်မြန် ရေးဘို့ ၊ ဝှက်စာရတဲ့ သူကလည်း အဓိပ္ပါယ် မြန်မြန် ပြန်ဖော်လို့ ရအောင် ကျနော် "Char 2 Binary Converter" ဆန်ဆန် ဆော့ဝဲလေး ဆောက်ကြည့်ထားပါတယ်။ အလိုရှိက ဒီ လင့် က ဆွဲချယူပါ။ (*link refreshed on 2012 Oct 22) ဇစ်ဖိုင် zip ဖြစ်ပါတယ် ဆိုဒ်က 344K သေးသေးလေးပါ။ ဆော့ဝဲ နာမည်ကို ဝှက်စာ (WhetSar) လို့ ပေးထားပါတယ်။


ဆွဲချပြီးရင်...
- ဇစ်ဖြည်ပါ Windows Explorer နဲ့ ဖြည်လို့ ရပါတယ်။
- အထဲက setup.exe ကို Run ပါ။ အင်စတော တက်ပါမယ်။ တင်မလား ထပ်မေးရင် Install ကို ရွေးပေးပါ။ (အက်မင်မဟုတ်ရင် Run as admin) နဲ့မှ ရပါမယ်။


- အင်စတော ပြီးသွားရင် Desktop ပေါ်က အိုင်ကွန်လေးကို ခေါက်ပြီး သုံးကြည့်လို့ ရပါပြီ။

- အိုင်ကွန်ကို ခေါက်လိုက်ရင် ဆော့ဝဲလေး အောက်ကပုံလို တက်လာပါမယ်။
ဖော်ရန် စာမျက်နှာကို လှန်ပါ။ ဖော်ချင်တဲ့ 01 ကိန်းတန်းကို အပေါ်ကွက်မှာ ပိတ် (paste) လိုက်ပါ။ အောက်အကွက်မှာ အဖြေ ပေးပါလိမ့်မယ်။


- ဝှက်စာ လုပ်လိုလျင် ဝှက်ရန်စာမျက်နှာကို လှန်ပါ။ ဝှက်ချင်တဲ့ စာကို ရိုက်ပါ။ အောက်ပါ ညီမျှချက် 01ကိန်းတွဲလေး ရလာပါမယ်။


ကန့်သတ်ချက် အနေနဲ့ကတော့ ဘိုင်နရီ ကိန်းတွဲ 01ခုနှစ်လုံးတွဲ ဖြစ်တဲ့ စာလုံးပဲ ပေးရိုက်ပါမယ်။ တခြားဟာ ပေးမရိုက်ပါဘူး။ ဘောင်မဝင်တဲ့ စာလုံးကို ရိုက်မိရင် beep သံ ကြားပါမယ်။ ဘောင်မဝင်တဲ့ စာလုံးကို ဝင် ပိတ်(Paste) ရင် စာအမှားပဲ ပေါ်ပါမယ်။

ဘောင်ဝင်တဲ့ စာလုံး၊ ရိုက်လို့ ရတဲ့ စာလုံးတွေကတော့ အောက်ပါစာလုံးတွေပဲ ဖြစ်ပါတယ်။

××××××××××××××××××××××××××××××

CharacterASCIIBinaryWord
@641000000
A651000001
B661000010
C671000011
D681000100
E691000101
F701000110
G711000111
H721001000
I731001001
J741001010
K751001011
L761001100
M771001101
N781001110
O791001111
P801010000
Q811010001
R821010010
S831010011
T841010100
U851010101
V861010110
W871010111
X881011000
Y891011001
Z901011010
[911011011
\921011100
]931011101
^941011110
_951011111


CharacterASCIIBinaryWord
`961100000
a971100001
b981100010
c991100011
d1001100100
e1011100101
f1021100110
g1031100111
h1041101000
i1051101001
j1061101010
k1071101011
l1081101100
m1091101101
n1101101110
o1111101111
p1121110000
q1131110001
r1141110010
s1151110011
t1161110100
u1171110101
v1181110110
w1191110111
x1201111000
y1211111001
z1221111010
{1231111011
|1241111100
}1251111101
~1261111110


ဒီ ပို့စ်လေးကို Fri တော်တော်များများ ဖတ်မိပြီးသား ဖြစ်ပါမယ်။
စမ်းပေးစေချင်လို့ပါ။ နှစ်ခါထပ်သွားရင် ဗွေမယူပါနဲ့လို့...။
အရင် တစ်ခေါက်က rar နဲ့ တွဲပေးလိုက်တာ ဖွင့်မရဘူး ဆိုလို့ ဇစ်နဲ့ ပြန်တွဲပေးလိုက်တာပါ။

လိုအပ်တဲ့ ဒေါ့နက် ဖရိမ်ဝပ် (DotNet Framework) ဗားရှင်း ကတော့ 3.5 sp1 ဖြစ်ပါတယ်...။

သုံးသူ၏ စက်ထဲမှာ .Net Framework 3.5 sp1 တော့ ရှိရပါမယ်။
မရှိရင် အောက်ပါအတိုင်း အဆင့်ဆင့် အင်စတော လုပ်ဘို့ လိုပါမယ်။

၁)
Windows Installer 3.1 v2 (3.1.4000.2435)
(* for all versions of Windows except 64-bit versions of Windows Server 2003 or 64-bit versions of Windows XP)
http://www.microsoft.com/downloads/d...displaylang=en

၂)
.NET Framework 3.5 full package
(* for Windows Server 2003;Windows Server 2008;Windows Vista;Windows XP)
http://download.microsoft.com/downlo...dotnetfx35.exe

၃)
.NET Framework 3.5 Service Pack 1 (Full Package)
(* for Windows Server 2003;Windows Server 2008;Windows Vista;Windows XP)
http://download.microsoft.com/downlo...dotnetfx35.exe

ကျေးဇူးပြု၍ feedback လေး ပြန်ပေးရင် သိပ်ကောင်းမှာပါပဲ။

uıǝɥʇǝʎɐ
https://layhtankone.wordpress.com/ လမ်းကြုံရင်ဝင်လည်ပါ :)

Friday, January 21, 2011

ဖော်ဝပ်မေးမှာ သတိပြုစရာ

ဖော်ဝပ်မေးမှာ သတိပြုစရာလေးပါ...။

uıǝɥʇǝʎɐ ဆရာလုပ်ခြင်း မဟုတ်ပါ။ knowledge sharing ဟု သဘောထားပေးပါ။ ဒီအယူအဆ မှားတာရှိက ကူပြင်ပေးကြပါ။

ဖော်ဝပ်မေး တည်ဆောက်သူ နဲ့ ထပ်ဆင့်ဖော်ဝပ်သူ နှစ်မျိုးရှိမယ်။

ပထမဦးဆုံး ဖော်ဝပ်မေးကို စလွှတ်သူဟာ ဖော်ဝပ်မေး တည်ဆောက်သူလည်း ဖြစ်နိုင်ပါတယ်။
ထပ်ဆင့်ဖော်ဝပ်သူကတော့ ကျနော်တို့ ခင်ဗျားတို့လို မေးဂရုက မန်ဘာတွေ (ဖော်ဝပ်ဝါသနာအိုးတွေ) ပေါ့ဗျာ :)

ဖော်ဝပ်မေးတည်ဆောက်သူဟာ သူ့မှာ ရည်ရွယ်ချက်ရှိပါတယ်။ ကောင်းတဲ့ ရည်ရွယ်ချက်ရှိသလို၊ မကောင်းတဲ့ ရည်ရွယ်ချက်လည်း ရှိနိုင်ပါတယ်။ ဖော်ဝပ်မေး အများစုဟာ လှပပါတယ်။ ကြည့်ရှုချင်စရာ ထူးခြားဆန်းပြားတာတွေ ပါဝင်တတ်ပါတယ်။ ဒီလို ဖြစ်လာအောင် ဖိုးဂရောင်း ဘက်ဂရောင်းပုံတွေနဲ့ ဖလက်ရှ်ဖိုင်တွေနဲ့ တန်ဆာဆင်ပါတယ်။ ထည့်ထားတဲ့ ပုံတွေရဲ့ နောက်ကွယ်မှာ ဖုနက ပြောတဲ့ ရည်ရွယ်ချက်ကလေးတွေ ထည့်သွင်းထားတတ်ကြပါတယ်။ (* ဂူဂယ်က ဂျီမေးမှာ ဖလက်ရှ်ဖိုင် ပေးမထည့်ပါ။)

ကျနော်တို့ တသီးပုဂ္ဂလတွေ အနေနဲ့ ပုံတွေထည့်ပြီး မေးပို့ရာမှာ ရှည်ရှည်ဝေးဝေးမလုပ်ပဲ မေးလ်၏ စာကိုယ်ထဲ သွပ်သွင်း (Embeded လုပ်) ၍ (ဒါမှမဟုတ်) ပုံကို မေးတွင် အတက်တွဲ၍ ပေးတတ်ကြပါတယ်။ ပုံရဲ့နောက်ကွယ်မှာ ရည်ရွယ်ချက် ထည့်ထားတာမျိုး တော်တော်ရှားပါတယ်။

ရည်ရွယ်ချက်ကို ကြော်ငြာဆန်ဆန်သဘောနဲ့ စဉ်းစားကြည့်ကြပါစို့။ ထိုဖော်ဝပ်မေးဟာ ကြော်ငြာစိုက်တစ်ခု ကြော်ငြာပေးရန်ဖြစ်တယ်လို့ ယူဆမယ်ဆိုရင် ....

၁) မေးတွင် ကြော်ငြာစိုက်၏ URL လင့်ကို ဖော်ပြထားသည်။ TV တွင် ကြော်ငြာသကဲ့သို့ ဖြစ်သည်။ မေးဖတ်သူက ဆန္ဒရှိပါက သွားဝင်ကြည့်နိုင်သည်။
()

၂) ပုံကို မေးထဲတွင် သွတ်သွင်းထားသည်။ ပုံပေါ်တွင် ကြော်ငြာစိုက်၏ URL ကို ဖော်ပြထားသည်။ TV တွင် ကြော်ငြာသကဲ့သို့ ဖြစ်သည်။ မေးဖတ်သူက ဆန္ဒရှိပါက သွားဝင်ကြည့်နိုင်သည်။
()

၃) ပုံကို မေးထဲတွင် သွတ်သွင်းထားသည်။ ပုံ၏ နောက်ကွယ်တွင် လင့်တစ်ခု ပါသည်။ ကြော်ငြာစိုက်၏ URL လင့်ဖြစ်သည်။ မေးဖတ်သူက ပုံပေါ်ယောင်နှိပ်မိပါက ကြော်ငြာစိုက်သို့ ရောက်သွားမည်။ ***ပုံ၏နောက်ကွယ်တွင် လင့်အစား အီးမေးလိပ်စာလည်း ထည့်သွင်းထားနိုင်သည်။ မေးဖတ်သူက ပုံပေါ်ယောင်နှိပ်မိပါက ထို အီးမေးလိပ်စာသို့ ပို့ရန် စာတစ်စောင် ဖန်တီးစေမည်။
(1E31E3)

၎) ပုံကို မေးထဲတွင် သွတ်သွင်းမထားပါ။ ၎င်းအစား မေးဖတ်သူ၏ စက်မှာ ကြော်ငြာလိုသူ၏ စိုက်ကို ဝင်၍ ဒေါင်းလုပ်ဆွဲပြီးမှ ပုံကို ပြပေးသည်။ မေးဖတ်သူ တကူးတက ဝင်မကြည့်သော်လည်း စက်မှာ ကြော်ငြာစိုက်သို့ ဝင်လိုက်သကဲ့သို့ ဖြစ်သည်။
(1E31E31E3)

၅) ပုံကို မေးထဲတွင် သွတ်သွင်းမထားပါ။ ၎င်းအစား မေးဖတ်သူ၏ စက်မှာ ကြော်ငြာလိုသူ၏ စိုက်ကို ဝင်၍ ဒေါင်းလုပ်ဆွဲပြီးမှ ပုံကို ပြပေးသည်။ ။ မေးဖတ်သူ တကူးတက ဝင်မကြည့်သော်လည်း စက်မှာ ကြော်ငြာစိုက်သို့ ဝင်လိုက်သကဲ့သို့ ဖြစ်သည်။ ထို့အပြင် ပုံ၏ နောက်ကွယ်တွင် လင့်တစ်ခု ပါသည်။ ကြော်ငြာစိုက်၏ URL လင့်ဖြစ်သည်။ မေးဖတ်သူက ပုံပေါ်ယောင်နှိပ်မိပါက ကြော်ငြာစိုက်သို့ ရောက်သွားမည်။
(1E31E31E31E3)

၆) ... အခြားအခြားသော နည်းလမ်းများလည်း ၇ှိနေနိုင်ပါတယ်။

အဆင့် (၅) အတွက် နမူနာ အဖြစ် အောက်က ပုံကို ရှုပါ။ မေးနဲ့ကြော်ငြာဘို့ရာ ကြော်ငြာမေး (ဖော်ဝပ်မေး) ကို တည်ဆောက်ပြီး ပမာဏ အမြောက်အမြား (Bulk Mailing) ဖြန့်ဝေသူဟာ စပန်းမာပါ (Spammer) ။ ဘယ်လောက်ဆိုးရွားသလဲ နာမည်ကိုသာ ကြည့်ပါ Spammer တဲ့။ Spammer ကို မေးဆာဗာတိုင်းက အမြင်ကပ်ပါတယ်။ ဖော်ထုတ်အရေးယူလေ့ရှိပါတယ်။ ကြော်ငြာမေးဆိုတာ စပန်းမေးပါ (Spam Mail)။ ထပ်ဆင့်ဖော်ဝပ်သူကကော ဘယ်လို အခြေအနေမျိုး သတ်မှတ်ခံရမလဲ။ စပန်းမေးကို ထပ်ဆင့်ဖော်ဝပ်သူဟာ ရိုးရိုး Normal User ဖြစ်နိုင်သလို စပန်းမာတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။

ဒီတော့ သူသူကိုယ်ကိုယ် စပန်းမာတစ်ယောက်လို့ (မဟုတ်ပဲနဲ့) အထင်ခံရမယ်ဆိုရင် အကျိုးဆက်က ဘာဖြစ်လာနိုင်သလဲ။ ဘာဖြစ်မလဲ ဂူဂယ်နဲ့ကိုယ်က လူချင်းတွေ့ရတာမှ မဟုတ်တာ။ ပျော့ရင် ဘန်းခံရမယ်။ ပြင်းရင်တော့ ယုတ်စွ အဆုံး အကောင့်ပိတ်ခံရရုံလောက်ပဲပေါ့။

ထပ်ဆွေးနွေးကြရအောင်.... ထပ်ဆင့်ဖော်ဝပ်မေးပို့သူတစ်ဦးအနေနဲ့ ဘယ်လို အခြေအနေမျိုးမှာ စပန်းမာတစ်ယောက်လို့ (မဟုတ်ပဲနဲ့) အထင်ခံရနိုင်လဲ။

၁) ထို ထပ်ဆင့်ဖော်ဝပ်မေးကို ထပ်ဆင့်၍ တသီးပုဂ္ဂလမေးအစောင်ရေ အများကြီး ပွားပြီးပို့လျှင် ..
* ဂျီးမေးတွင် တနေ့ အများဆုံးခွင့်ပြုသော စောင်ရေမှာ ၅၀၀အောက်ဟု သတိပြုမိပါတယ်။ အစောင်ရေ၃၀၀ကျော်ရင် ထပ်ပို့လို့မရတော့တဲ့ ပြဿနာမျိုးလည်း ကြုံဘူးတယ်။
()

၂) ထို ထပ်ဆင့်ဖော်ဝပ်မေးကို ထပ်ဆင့်၍ မေးဂလုတစ်ခုထက်မနည်းသို့ ပွားပြီးပို့လျှင် ..

* မေးဂရုတစ်ခုဆီမှာ ယူဇာ ရာ၊ထောင်သောင်းချီပြီး ရှိနေနိုင်ပါတယ်။ ကိုယ်က မေးဂရု ဘယ်နှစ်ခုဆီ ထပ်ဖော်ဝပ်လိုက်လဲ? ကိုယ့်ကြောင့် ထပ်ပွားသွားတဲ့ အစောင်ရေကို သတိပြုကြည့်ပါ ..။
()

၃) ထို ထပ်ဆင့်ဖော်ဝပ်မေးမှာ စပန်းမေး၏ အသွင်သဏ္ဍာန်များ ကျိမ်းသေပါဝင်နေလျှင်...

()
* စပန်းမေးကို ကိုယ့်ပိုင်မေး ဖြစ်အောင် လုပ်ယူပါ။ ဘယ်လို လုပ်မလဲ.? စပန်းမေးကို တန်းဖော်ဝပ် မလုပ်ပါနှင့်။ မေးအသစ်တစ်စောင်ဆောက်၍ ဖော်ဝပ်လုပ်လိုသော အပိုင်းကို ကော်ပီကူး၊ ပြန် ပိတ်(paste) ပါ။ ပုံများကို စက်ထဲ အရင် ဆွဲချပါ။ ပြီးမှ မေးတွင် ပြန်တွဲပါ။ (* အချိန်တော့ ပေးရပါတယ်။ စာတစ်စောင် ရွှတ်ကနဲ မထွက်သွားနိုင်ပါ။) ဒီလို မလုပ်နိုင်ရင်တောင် အနည်းဆုံးတော့ ကိုယ် ဖော်ဝပ်မည့် မေးကို စစ်ပါ။ ပုံပေါ် မောက်စ်ထောက်ကြည့်ပါ။ (အောက်က ပုံကို ရှုပါ)။ မြုပ်ထားသော လင့် ပါလာပါက (မလိုအပ်လျင်) ဖျက်ပစ် (Remove) ပါ။



၎) Report Spam လုပ်ခံရခြင်းမှ ရှောင်ရှားပါ။
()
*Report Spam လုပ်ခြင်းသည် ထိုစာကို စပန်းဟု ကြေငြာစေခြင်း ဖြစ်ပါတယ်။ စာပို့သူမှာ စပန်မာဟု ကြေငြာခံရပါတယ်။ နဂိုကတည်းကမှ ကိုယ် ထပ်ဆင့်ဖော်ဝပ်သော မေးသည် စပန်းမေး ဂုဏ်အင်္ဂါများနှင့် ညီညွတ်နေရသည်က တကြောင်း၊ အခုလို စပန်မာဟု ရီပို့လုပ်ခံရပါက မေးဆာဗာ၏ အရေးယူမှုသည် ဘယ်ဒီဂရီအထိတက်သွားမလဲ စဉ်းစားကြည့်ပါ။ *ထို့ကြောင့် မေးဂရုမှ ထွက်ချင်သူ၇ှိပါက ပုံမှန်နည်းလမ်းအတိုင်း ထွက်ဘို့သာ အကြံပေးပါ။ မေးဂရုများမှ ပို့သော မေးတိုင်း၏ အောက်ခြေတွင် နည်းလမ်းပါရှိတတ်ပါသည်။ လွယ်လွယ်ကူကူ Report Spam လုပ်လိုက်ပါဟု အကြံမပေးစေလိုပါ။ ပေးသောအကြံအတိုင်း ကိုယ့်ဖော်ဝပ်မေးပေါ်တွင် လာ၍ ရီပို့ စပန်း လုပ်ပါက ကိုယ်ကျိုးနည်းတတ်ပါတယ်။

၅) အခုပြောနေတဲ့ Report Spam ဆိုသည်မှာ ကိုယ်ဖတ်နေတဲ့ မေးစာမျက်နှာရဲ့ ထိပ်အပေါ်တည့်တည့်ရှိ Report Spam ခလုတ်ကလေးပဲ ဖြစ်ပါတယ်။ သက်ညာသောအားဖြင့် ယောင်လို့တောင် မနှိပ်မိပါစေနဲ့ ခင်ဗျား....။။။ ()

၆) Report Spam အလုပ်ခံရလို့ အကောင့်ပျောက်သွားပြီဆိုရင် ပြန်ရရန် အခြား နည်းလမ်း မရှိပါ။ ဂူဂယ်ကို ငိုပြဘို့ပဲ ရှိပါတယ်။
ဒီမှာ လင့်လေး ဖော်ပြပါတယ်။ https://www.google.com/support/accounts/bin/request.py?ara=2&contact_type=acc_reco&ctx=acc_reco&hl=en

uıǝɥʇǝʎɐ
2011-JAN-21

https://layhtankone.wordpress.com/ လမ်းကြုံရင်ဝင်လည်ပါ :)

(* ကြော်ငြာထည့်လိုက်ပြန်ပြီ )

Thursday, January 20, 2011

ဒီလို ဒွန့် ဒွန့် ဒွန့် လုပ်ရုံနဲ့ ကျေမယ်လား

ဆရာတော် ဦးသုမင်္ဂလ (မင်္ဂလာတိုက်) ၏ မနေ့ညက မရမ်းကုန်းမြို့မယ် ဇမ္မူသီရိကျောင်းတိုက်မှာ ကျင်းပတဲ့ ဓမ္မသဘင် တရားပွဲ ဒုတိယည (၂၀၁၀ ဇန်-၁၉) မှာ ကမ္မဝိဘင်ဂသုတ်ကို ဟောသွားပါတယ်။ ကံ ကံ၏ အကျိုးပေါ့ဗျာ။ အဲ့တရားပွဲမှာ ကြုံကြိုက်တုန်း ဆရာတော်က ဆုံးမသွားတာလေး ရှိပါတယ်။

  • စာနဲ့တိုင်တာကော၊ ခွေပို့ပြီးလာတာကော အများကြီးပဲ မအားလို့ ဖွင့်မကြည့်ရသေးဘူး။

  • အကုသိုလ်ကံနဲ့ ကုသိုလ်ကံ ချေလို့ မရဘူးဆိုတာ ဘုရားဟော အစစ်။

  • ဒီလို ဒွန့် ဒွန့် ဒွန့် လုပ်ရုံနဲ့ ကျေမယ်လား စဉ်းစားသာ ကြည့်တော့။

  • လူတိုင်းမှာ ချိန်ခွင်တစ်လက် ဆောင်ထားဘို့ လိုတယ်။ သင့်၏ မသင့်၏ ဟုတ်၏ မဟုတ်၏ အကျိုးအကြောင်း အဆိုးကောင်းကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ချိန်ခွင် (သမ္မာဒိဌိ)။
    သံဃာ၏ အလုပ်မှာ ဗုဒ္ဓဘာသာဝင် တိုးပွားများပြားလာရေး အဓိက မဟုတ်။

  • ဗုဒ္ဓဘာသာဝင်များ သစ္စာကို သိမြင်၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ရေးအတွက် လမ်းညွှန်ပြဘို့သည်သာ အဓိကဖြစ်။


 

သက်ဆိုင်တဲ့ အပိုင်းရဲ့ စာလုံးစေ့ပတ်စေ့ကို ခွေရတာနဲ့ စာကူးရိုက်ပြီး တင်ပါမယ်။ အသံလည်း တင်ပေးပါ့မယ်။ (နာလိုသူရှိရင်ပေါ့)။ ဆရာတော့်စကား ပြန်သုံးရရင် လူတိုင်းမှာ ချိန်ခွင်တစ်လက် ဆောင်ထားဘို့ပဲ လိုပါတယ်။ (သာဓု...သာဓု....သာဓုပါဘုရား)

Wednesday, January 19, 2011

ကာတွန်းကားများ ညွှန်းရာတွင် သုံးလေ့ရှိေ သာ စကားလုံးများ

ကာတွန်းကားများ ညွှန်းရာတွင် သုံးလေ့ရှိသော စကားလုံးများ

ကာတွန်း၊ ရုပ်ရှင် ကြည့်တတ်သူများ အမြဲ တွေ့ရလေ့ရှိတဲ့ စကားလုံးလေးတွေပါ။ တနေရာမှာ တွေ့လာလို့ ပြန်လည်စုစည်း တင်ပြပါတယ်။ ဘာသာပြန်တာ အမှားပါရင် ပြင်ပေးကြပါ။ တချို့စာလုံးများ ကြမ်းပါတယ်။ ရိုင်းရင် ခွင့်လွတ်ပါ။ ဆီလျော်အောင် ပြန်ရတာမို့ပါ။

Manga (မန်းဂ) = ဂျပန်စတိုင် ကာတွန်းစာအုပ်

Anime (အာ့နီမယ်) = ဂျပန်စတိုင် ကာတွန်းရုပ်ရှင် ဥပမာ။ Naruto

Cartoon = ဂျပန်စတိုင် မဟုတ်သော ကာတွန်းရုပ်ရှင် ဥပမာ။ Donald Duck, Bugs Bunny,

Fansub = ရုပ်ရှင်ဝါသနာအိုးများမှ ဒေါင်းယူ၍ စာတမ်းထိုး ထည့်ကာ ပြန်တင်ပေးထားသော မူဗွီဖိုင်

OVA / OAV = TVမှ မလာပဲ DVD ခွေ အဖြစ်သာ ထုတ်ဝေဖြန့်ချီသည့် ကား Original Video Animation/Original Animated Video

OST = မူဗွီတွင်ပါသော သီချင်း၏ အော်ရီဂျင်နယ် ဖိုင် Original SoundTrack.

Ghibli = ဂျပန်ရှိ နာမည်ရ Anime ရုပ်ရှင်ထုတ်လုပ်ရေး ကုမဏ္ဏီ (Disney Studios ကဲ့သို့သော)

Doujinshis = ကိုယ်တိုင်ရိုက် ကိုယ်တိုင်ဖြန့် ကား (ဘာတွေလဲ သိတယ်နော်)

HongKong Bootlegs = ဟောင်ကောင်တွင်ဖြန့်သည့် ခိုးကူးခွေများ (အော်ရီဂျင်နယ် တရုတ်စာတမ်းထိုးကို အင်္ဂလိပ်လို ပြန်ထိုးထားတတ်သည်။ အများအားဖြင့် စာတမ်းမမှန်သေးသော ခွေများ ဖြစ်သည်။

Manwha = ကိုရီးယား ကာတွန်းစာအုပ်

Otaku = ဂျပန်ကာတွန်းကား ကြိုက်သူ၊ ကာတွန်းဂျပိုး။ ( ကွန်ပျူတာဆိုရင် nerd သို့ geek နှင့် အလားတူ)

Hentai = ဂျပန် ကာတွန်း အပြာကား

Ecchi = ဂျပန် ကာတွန်း မပြာ့တပြာကား

Fanservice ပါတယ်ဆိုတာ ကာတွန်းမှာ အပြာပိုများတာကို ဆိုလိုပါတယ်။

Mecha = စက်ရုပ်ကြီး၊ အကောင်ကြီးတွေ ပါသော ကာတွန်း။

Shoujo = ဆယ်ကျော်သက် မြီးကောင်ပေါက်မလေးတွေ အတွက် စိတ်ကူးယဉ်စရာ ကာတွန်း။

Shounen = ဆယ်ကျော်သက် ဖိုးသားတို့ အတွက် စိတ်ကူးယဉ်စရာ ကာတွန်း။

Yaoi = အခြောက်ဖတ် စာအုပ် (Shounen-Ai ဟုလည်း ခေါ်ကြသည်။)

credit to: ဒီမှယူ၍ ဘာသာပြန်ကြည့်ထားတာပါ။

Friday, January 14, 2011

Facebook က အီးမေး ဒီနေ့ စရသွားပါတယ် ခင်ဗျား

ဒီနေ့လည်း ဖစ်ဘောက်ဝင်ကြည့်ကော Message စာမျက်နှာမှာ ပေါ်လာတာပဲ

အဆင့်သုံးဆင့်နဲ့ ရပါပြီတဲ့...အောက်မှာ ပုံလေး နမူနာ ပြထားပါတယ်။ လျောက်ထားပြီးရင် အဲ့နားကို စောင့်ကြည့်ရမှာပါ...။ လျောက်ထားရင် အနှေးနဲ့ အမြန် ကျလာမှာပါ။



စဉ်းစားမိတာက facebook မှာ message အသုံးများတဲ့ user ကို ဦးစားပေးချထားပေးမယ် ထင်တာပဲ...။
( ဒါ ဖြစ်သင့်တယ်လေ ) ဒါနဲ့ပဲ လျောက်ထားပြီးနောက်ပိုင်း ဖစ်ဘောက်မှာ ကျနော် မက်စိတွေ များများပို့လိုက်တယ်။

အဲ့တာကြောင့်လားတော့ မသိဘူး :)

လျောက်ထားနည်းကို ပြန် ကော်ပီ၊ ပိတ်စ် လုပ်ပါမယ်။ ရော့ ပြန်ဖတ်ကြည့်ပါဦး :)

Thursday, January 13, 2011

ဝိပဿနာအလုပ်ပေးတရား by ဆရာတော် အရှင်သုမန ( သိရီသုမနချောင် မိုးကုတ်ဝိပဿနာ မဂ္ဂင်ဓမ္မရိ ပ်သာ စစ်ကိုင်းတောင်ရိုး စစ်ကိုင်းမြို့)

ဒီတရားအားထုတ်နည်းလေးကို သဘောကျလွန်းလို့တင်ပေးလိုက်တာပါ…ဆရာတော် အရှင်သုမန

(သိရီသုမနချောင် မိုးကုတ်ဝိပဿနာ မဂ္ဂင်ဓမ္မရိပ်သာ စစ်ကိုင်းတောင်ရိုး စစ်ကိုင်းမြို့) ၏ တစ်နာရီစာ

အလုပ်ပေးတရားခွေမှ ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ လိုအပ်နေသောသူ၊

ဝါသနာပါသောသူများ ရရရှိပါစေခြင်း အကျိုးငှါ တရားခွေအသံကိုနားဖြင့် နာ၍ စာစီတင်ပေးထားတာပါခင်ဗျာ…

စာအုပ်စာပေများမှ ကူးယူဖေါ်ပြခြင်းမဟုတ်သည့်အတွက် စာလုံးပေါင်းများမှားယွင်းခဲ့သည်ရှိသော်

သည်းခံပေးကြပါလို့ ကြိုတင်တောင်းပန်လိုက်ပါတယ်

အားလုံးကိုလေးစားလျက်…ကိုဝင်းမင်းထွန်း

မှတ်ချက်။ ။ ဒီပို့စ်ဟာ ဓမ္မမိတ်ဆွေကြီး ကိုဝင်းမင်းထွန်း မှ နားဖြင့်နာ၍

တကူးတက လက်ရေးဖြင့် လိုက်ကူးယူ ဓမ္မဒါနပြုထားခြင်း ဖြစ်ပါတယ်။

ဖတ်ရှုကြည့်ပါဦး ခင်ဗျာ..။ MP3 ဖိုင်လည်း တွဲပေးထားပါတယ်...။။။

အားလုံးတရားအားထုတ်ဖို့ နေရာပြင်ကြပါ…..

မိမိတို့မရွှေမပြောင်းမလှုပ်မရှားမပြင်မဆင်ဘဲနှင့် အကြာဆုံးထိုင်နိုင်မယ့်အရိယာပုဒ်ကိုတစ်ခါတည်းယူထားပါ။

အသက်သာဆုံးအနေအထားမျိုးလည်းဖြစ်ပါစေ။ ခါးကိုဖြောင့်ဖြောင့်ကလေးထားခါးကုန်းမနေစေနှင့် ခါယို့ကျမ

နေစေနှင့် ခါးအရိုးအဆစ်တွေ တည့်မတ်လို့နေပါစေ။ လည်တိုင်ကိုလည်းမတ်မတ်ကလေးထား ခေါင်ငုံ့မနေစေနဲ့

ငိုက်မနေစေနှင့် ရှူလမ်းကြောင်းရှိုက်လမ်းကြောင်းတွေဖြောင့်တန်းလို့နေပါစေ။ လက်အနေအထားလေးကို ဂရု

စိုက်ပေး ဘယ်ဖက်လက်ဝါးဖြန့် ညာဘက်လကဝါးအပေါ်ကထပ် လက်မအဖြားခြင်းလေးထိတယ်ဆိုရုံမျှလေးထိ

ပေးထား။ သတိဝီရိယကိုအဓိကအထောက်အကူပြုတဲ့လက်အနေအထားကလေးလို့အောက်မေ့ပါ။ နုတ်ခမ်းလွှာ

နှစ်ခုကိုလည်းစေ့တယ်ဆိုရုံမျှလေးပိတ်ထား။ တရားအားထုတ်တဲ့ အခါမှာပါးစပ်ဟ မနေစေရပါဘူး။ မျက်လွှာ

နှစ်ခုကိုလည်း အာရုဏ်နိမိတ်မှကင်းဆိပ်တယ်ဆိုရုံ မှေးတယ်ဆိုရုံမျှလေးမှိတ်ထား။ ပုံစံကျနေပါစေ။ လေလေးကို

မှန်မှန်ရှူမှန်မှန်ရှိုက် ပြင်းပြင်းထန်ထန်လည်းမရှူမရှိုက်ရဘူး အလွန်လည်းမသိမ်မွေ့စေရဘူး။ ပြင်းပြင်းထန်ထန်

ရှူပြန်ရှိုက်ပြန်တော့လည်း အမောဖေါက်လာတတ်တယ် နည်းမှားသွားမယ် သိမ်မွေ့လွန်းအားကြီးပြန်တော့

လည်းမသိသာပေဘူ။း ဒါ့ကြောင့်မိမိတစ်ဦးတည်းသိသာတယ်ဆိုရုံမှန်မှန်လေးရှူရှိုက်ပေးပါ။ နှာသီးဖျားနှုတ်ခမ်း

ဖျားမိမိတို့ကြိုက်ရာ သတိလေးကပ်ထား။ လေကလေးရိပ်ခနဲထိဝင်ရင်သိပေးလိုက်ဟော..ဝင်ပြန်ပြီ လေကလေး

ရိပ်ခနဲထိထွက်ရင် သိပေးလိုက် ဟော…ထွက်ပြန်ပြီ။ ဟော….ဝင်ပြန်ပြီ ….ထွက်ပြန်ပြီ ဝင်ပြန်ပြီ….ထွက်ပြန်ပြီ..

မှန်မှန်လေးသိပေးနေပါ။ မလစ်ပါစေနဲ့ မလွတ်ပါစေနဲ့ ထိဝင်တာနဲ့သိတာနဲ့ ..ထိထွက်တာနဲ့ထိတာနဲ့ အံကျအံ

ကျဖြစ်နေပါစေ။…………13း00

မိမိတို့တရားအားထုတ်ဆဲဖြစ်သော ခန္ဓာငါးပါးရုပ်နာမ်တရားကြီးကို ရှင်တော်မြတ်ဘုရားနှင့် ကျေးဇူးတော်အရှင်

မိုးကုတ်ဆရာတော်ဘုရားကြီးတို့ကို စိတ်ထဲကနေပြီးတော့ပဲ လှူဒါန်းထားလိုက်ပါ။ (မိုးကုတ်ဥပနိဿယ ဖြစ်၍

ဆရာသမားဖြစ်သော မိုးကုတ်ဆရာတော် ဘုရားကြီးကိုပါရည်မှန်းလှူဒါန်းခြင်းဖြစ်ပါည်။ မိမိတို့ဆန္ဒအလျှောက်

သာဆင်ပြေသလို အားထုတ်ကြပါစေလို့ကြောင်းမေတ္တာရပါခံပါသည်ခင်ဗျာ..) ကိုယ့်အိမ်ကိုယ့်ယာရောက်

လို့ အားထုတ်တဲ့အခါကျတော အသံထွက်ပြီးသကာလ လှူဒါန်းရပါလိမ့်မယ်။ ဒီနေရာမှာတော့ စိတ်ထဲကနေပြီး

တော့ပဲလှူဒါန်းထားလိုက်ပါ။ တပည့်တော်၏ တပည်တော်မ၏ တရားအားထုတ်ဆဲဖြစ်သော ခန္ဓာငါးပါးရုပ်နာမ်

တရားကြီးကို ရှင်တော်မြတ်ဘုရားအားလှူဒါန်းပါ၏။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးအားလှူ

ဒါန်းပါ၏။ ပြီးတော့မှ စိတ်ထဲကနေပြီးတော့ပဲ ကမ္မဋ္ဌာန်းတောင်းထားလိုက်ပါ။ ကိုယ့်အိမ်ကိုယ့်ယာ ရောက်လို့

အားထုတ်တဲ့အခါကာလကျတော့ အသံထွက်ပြီးသကာလ တောင်းရပါလိမ့်မယ် ဒီနေရာမှာတော့

စိတ်ထဲကနေပြီးတော့ပဲ ကမ္မဋ္ဌာန်းတောင်းထားလိုက်ပါ။ အိုနာသေရေးဒုက္ခဘေးကြီးတို့မှ ငြိမ်းရာငြိမ်းကြောင်း

သိမ်းရာသိမ်းကြောင်းအကောင်းဆုံးဖြစ်သော ဝိပဿနာကမ္မဋ္ဌာန်းတရားတော်ကြီးကို ကရုနာရှေးရှုသနားသ

မှုဖြင့်ပေးသနားတော်မူပါအရှင်ဘုရား။ ပြီးတော့မှ အရီယူပ ဝါဒကံမထိုက်ပါစေခြင်းငှါ စိတ်ထဲကနေပြီတော့ပဲ

တောင်းပန်စကားလေးပြောထားလိုက်ပါ။ သံသရာမှစ၍ယ္ခုနေ့တိုင်အောင် အရီယာအပေါင်း သူတော်ကောင်း

ကြီးတို့ အပေါ်၌ ကာယကံ ဝဇိကံ မနောကံအားဖြင့် သိလျက်ဖြစ်စေ မသိ၍ဖြစ်စေ အမှတ်တမဲ့ဖြစ်စေ တမင်

တကာဖြစ်စေ ပြစ်မှားကျူးလွန်မိသော အပြစ်ကြီးငယ်တစ်စုံတစ်ရာရှိခဲ့ပါလျှင် သည်းခံတော်မူကြပါ ခွင့်လွှတ်

တော်မူကြပါ ကျေအေးတော်မူကြပါ။ အကျွန်ုပ် အပေါ်၌ပြစ်မှားထားသော ပုဂ္ဂိုလ်များရှိခဲ့ပါလျှင်လည်း သည်းခံ

ပါ၏ ခွင့်လွှတ်ပါ၏ ကျေအေးပါ၏။ ပြီးတော့မှတရားအားထုတ်တိုင်း အားထုတ်တိုင်း အဓိပတိတရား သုံးပါး

တစ်ပါးပါး လက်ကိုင်ထား၍အားထုတ်ရပါတယ်။ မိမိကိုယ်ကို အကြီးအကဲမြှောက်တင်ပြီးသကာလ အားထုတ်

တဲ့နည်းက အတ္တာအဓိပတိ တဲ့ ၊ ပတ်ဝန်းကျင်လောကကြီးကို ငဲ့ကွက်ရှက်ကြောက်ပြီးသကာလ အားထုတ်တဲ့

နည်းက လောကာအဓိပတိ တဲ့ ၊ တရားဓမ္မက္ခန္ဓာတော်တွေကို အဓိပတိထား၍ အားထုတ်တဲ့နည်းက ဓမ္မာအဓိ

ပတိ တဲ့ ၊ အဲဒီအဓိပတိတရား သုံးပါးရှိရာမှာ မိမိကိုယ်ကို အကြီးအကဲမြှောက်တင်ပြီးသကာလ အားထုတ်

တဲ့နည်းဆိုတဲ့ အတ္တာအဓိပတိကို နှလုံးသွင်း၍ကြိုးစားပေးကြပါ။ ငါသည်စားစရာ သောက်စရာ မရှိလို့တရား

အားထုတ်တာမဟုတ်ဖူး…….ဝတ်စရာခြုံစရာအဝတ်အထည်မရှိလို့ တရားအားထုတ်တာလည်းမဟုတ်ဖူး…….

နေစရာထိုင်စရာ အိုးအိမ်မရှိလို့တရားအားထုတ်တာလည်းမဟုတ်ဖူး…...ဒီခန္ဓာကိုယ်အတ္တဘောကြီးကျန်းမာ

စေဖို့ ချမ်းသာစေဖို့ အန္တရာယ်ကင်းဘေးရှင်းစေဖို့ ဆေးဝါးအလို့ငှါ တရားအားထုတ်တာလည်း မဟုတ်ဖူး……..

လူချမ်းသာ နတ်ချမ်းသာဆိုတဲ့ ဘဝကောင်းစားရေး တောင်းတပြီးသကာလ တရားအားထုတ်တာလည်းမဟုတ်

ဖူး….ငါသည်ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏလို့ဆိုတဲ့ ပဋိသန္ဓေနေခြင်းဆိုးဘေး၊ အိုခြင်းဆိုးဘေး ၊ နာခြင်းဆိုးဘေး ၊

သေခြင်းဆိုးဘေးကြီးတွေနှင့် ရောထွေးနေတဲ့ ခန္ဓာ့သံသရာဝဋ်ဒုက္ခကြီးကိုဖြင့် ကြောက်လွန်လွန်းလို့ ရွံလွန်းလို့

မုန်းလွန်းလို့ ၎င်းဒုက္ခဝဋ်အပေါင်းမှ ကျွတ်ခြင်းလွတ်ခြင်း ဥာဏ်အလင်းကိုအလိုရှိ၍သာလျှင် အားထုတ်ခြင်းအ

မှန်ဖြစ်ပါတယ်။ အတ္တာအဓိပတိလို့ခေါ်ပါတယ် အဲဒီစိတ်ဓါတ် နှလုံးသွင်းလေးနဲ့ ကြိုးစားကြပါ။ ……..16း51

မိမိတို့အားထုတ်ဆဲဖြစ်တဲ့ အလုပ်ထူးအလုပ်မြတ်အကျင့်ထူးအကျင့်မြတ်ကြီးအပေါ်၌လည်းယုံကြည်ချက်က

လေးပြင်းပြင်းပျပျ ထားပေးကြပါ။ သံသရာနှင့်အမျှ တစ်ခါဘူးမှ အားမထုတ်ခဲ့ရဖူးသေးတဲ့ လေးအသင်္ချေနှင့်

ကမ္ဘာတစ်သိန်းထိုက်တန်တဲ့ တရားထူးတရားမြတ်အားထုတ်မှုအလုပ်ကြီး၊ ရှစ်အသင်္ချေနှင့်ကမ္ဘာတစ်သိန်း

ထိုက်တန်တဲ့ တရားထူးတရားမြတ်အားထုတ်မှုအလုပ်ကြီး၊ တစ်ဆယ်ခြောက်အသင်္ချေနှင့်ကမ္ဘာတစ်သိန်း

ထိုက်တန်တဲ့ တရားထူးတရားမြတ်အားထုတ်မှုအလုပ်ကြီး ၊ဘုရားအစရှိသောအရိယာသူတော်ကောင်းကြီးတို့

နှစ်ထောင်းအားရကျေနပ်ဝမ်းမြောက်တော်မူကြတဲ့ တရားထူးတရားမြတ်အားထုတ်မှု အလုပ်ကြီး၊ကျေးဇူးတော်

ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးများ အလိုလားဆုံးအနှစ်ခြိုက်ဆုံးဝမ်းအမြောက်ဆုံး ဖြစ်တော်မူတဲ့တရား

ထူးတရားမြတ်အားထုတ်မှုအလုပ်ကြီး။ ကိုယ့်အိုနာသေရေးဒုက္ခဘေးကြီးတို့မှ လုံးဝငြိမ်းအေးရာအမှန်ပို့ပေးမှာ

ဖြစ်တဲ့ထူးတရားမြတ်အားထုတ်မှုအလုပ်ကြီး၊သည်လောက်ထူးခြားမြင့်မြတ်တဲ့တရားထူးတရားမြတ်အားထုတ်မှု

အလုပ်ကြီးကိုဖြင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံကြုံကြိုက်ကြိုက် ဆုံဆုံဆည်းဆည်း ဆိုက်ဆိုက်မြိုက်မြိုက် အား

ထုတ်ခွင့်ရသောငါသည် အပါယ်လေးပါဘေးမှ ဧကန်မုချ ကင်းဝေးရတော့မှာပါကလား….အဲဒီယုံကြည်ချက်အ

ပြည့်နှင့်ကြိုးစားကြပါ။ ဝိပဿနာ ရှုသားကျလိုရှုပွါးနေတဲ့ ယောဂီများကဝင်လေသိထွက်လေသိဆိုတဲ့သမာဓိ

ထူထောင်မှုအထူးမကြိုးစားတော့ဘဲနှင့် ဖြစ်မှုပျက်မှုတွေကို တန်းပြီးတော့ရှုမယ်ဆိုရင် ရှုနိုင်တယ်လို့အောက်မေ့

ပါ။ သို့သော်များသောအားဖြင့်သော ယောဂီအပေါင်းသူတော်ကောင်းတို့ကတော့ ဝိပဿနာအစဝင်လေသိ

ထွက်လေသိကကြိုးစားပါ။ ဝင်လေသိထွက်လေသိဆိုတဲ့ သမာဓိထူထောင်နေဆဲ အခိုက်မှာ အာရုဏ်နောက်ကို

လုံးဝမလိုက်ရပါဘူး ပတ်ဝန်းကျင်ကိုဂရုမစိုက်ရပါဘူး။ ဝင်လေသိထွက်လေသိဆိုတဲ့ သမာဓိထူထောင်နေဆဲအ

ခိုက်မှာခန္ဓာကိုယ်ကိုလည်းလုံးဝမလှုပ်ရပါဘူး ခေါင်းငုံ့မနေစေရပါဘူး ငိုက်ခနဲစိုက်ခနဲမဖြစ်စေရပါဘူး ယိမ်းယိုင်

မနေစေရပါဘူး ခါးယို့ကျမနေစေရပါဘူး ပြောင်းလိုက်ရွှေ့လိုက်ပြင်လိုက်ဆင်လိုက် ပွတ်လိုက်သတ်လိုက် ကုတ်

လိုက်ဖဲ့လိုက် လုံးဝလုပ်ခွင့်မရှိပါဘူး။ မိတို့အားထုတ်ဆဲဖြစ်တဲ့ ဝင်လေသိထွက်လေသိ အလုပ်မှလွဲ၍လည်း တ

ခြားဘယ်ကိုမှ ဂရုမစိုက်ရပါဘူး မိမိတို့သတိလေးကပ်ထားရာ နှာသီးဖြားနှုတ်ခမ်းဖြားမှာပဲ လေကလေးရိပ်ခနဲ

ထိဝင်ရင်သိပေးလိုက်ပေါ့ လေကလေးရိပ်ခနဲ့ထိထွက်ရင်သိပေးလိုက်ပေါ့ ဝင်တိုင်းသိထွက်တိုင်းသိ မလစ်ပါစေ

နှင့် မလွတ်ပါစေနှင့် ဝိရိယမလျော့ပါစေနှင့် သတိမပေါ့ပါစေနှင့် အာရုဏ်တပါးအခြားမသွားပါစေနှင့် ကိုယ့်အ

လုပ်အထမြောက်ဖို့သာကြိုးစားလို့နေပါ…… မှန်မှန်လေးရှူရှိုက်လို့မသိသာရင် ရှည်ရှည်လေးရှူရှိုက်ပေးပါ ရိတ်

ခနဲထိဝင်သွားတာသိသာပါစေ ရိတ်ခနဲ့ထိထွက်သွားတာသိသာပါစေ။ ထိဝင်ရင်သိပေးလိုက် ထိထွက်ရင်သိပေး

လိုက် မလစ်စေနှင့် မလွတ်စေနှင့်……….

ကဲ..သမာဓိစခန်း ဒီလောက်ဆိုတော်လောက်ပြီ ဝိပဿနာဖက်တစ်ဆင့်တတ်လို့ ရှုပွားကြရအောင် ဝင်လေသိ

ထွက်လေသိကိုဖြုတ်ပါခန္ဓာဖက်ကိုဉာဏ်လှည့်ပေးပါ ခန္ဓာထဲကိုဉာဏ်စိုက်ပေးပါ ဉာဏ်မေးခွန်းလေးတွေမေး

ကြည့်နေပါ ဉာဏ်တွေးလုံးလေးတွေတွေးကြည့်နေပါ ခန္ဓာထဲကဘယ်သဘောတွေပြောနေပါလိမ့် ဘယ်ပုံစံတွေ

ပြနေပါလိမ့် ဘယ်လိုတွေဆိုနေပါလိမ့် ဘာတွေဖြစ်နေပါလိမ့် တွေးကြည့်နေစမ်း မေးကြည့်နေစမ်း ခန္ဓာကြီးက

အဖြေပေးလိမ့်မပေါ့ ညောင်းတတ်တဲ့ခန္ဓာကြီးက ညောင်းတယ်လို့လဲပြောချင်ပြောမယ် အောင့်တယ်လို့လည်း

ဆိုချင်ဆိုမယ် ယားတယ်လို့လည်းပြချင်ပြမှာပဲ နာတယ်လို့လည်းပြောချင်ပြောမယ်လေ ပြောချင်တာပြောပြချင်

တာပြပေါ့ သူ့အရှိတွေသူပြတော့မပေါ့ သူ့သဘောသူပြောတော့မပေါ့ ။ ကိုယ့်အလိုမလိုက် ကိုယ့်အကြိုက်မပါ

ကိုယ်စရိုက်နှင့်တစ်ခုမှမကိုက်ညီတဲ့ခန္ဓာကြီးရထားကြမှပေါ့ပဲ၊ မကောင်းသဖြင့်ရထားတဲ့ခန္ဓာကြီးက မကောင်းတဲ့

သဘောတွေပြောလိမ့်မပေါ့ မခံသာသဖြင့်ရထားတဲ့ ခန္ဓာကြီးကမခံသာတဲ့သဘောတွေ ပြလိမ့်မပေါ့ မသက်သာ

သဖြင့်ရထားတဲ့ ခန္ဓာကြီးကမသက်သာတဲ့သဘောတွေပြောလိမ့်မပေါ့ ဟိုနေရာကတစ်မျိုးပေါ်နေတာပဲ ဒီနေရာ

ကတစ်မျိုးပေါ်နေတာပဲဆိုပြီးတော့လည်း ဉာဏ်ဗျာများစရာမလိုပါဘူးကိုယ့်ဉာဏ်ထဲမှာ အထင်ရှားဆုံးတစ်ခု ကို

ရွေးခြယ်ပြီးတော့မှ စူးစူးစိုက် ဉာဏ်မေးခွန်းလေးတွေမေးလိုက်ပေးနေရုံပါပဲ ဉာဏ်တွေလုံးလေးတွေ တွေးလိုက်

ပေးနေရုံပါပဲ ညောင်းတယ်ထင်ပြန်ရင် ညောင်းတဲ့အပေါ်မှာ ဉာဏ်စိုက်ပြီးတော့ဉာဏ်လိုက်ပေး ရှေ့ညောင်းတဲ့

အမူအရာနှင့် နောက်ညောင်းတဲ့အမူအရာ တူမတူပြောင်းမပြောင်း ပျက်မပျက် ယားတယ်ထင်ပြန်ရင် ယားတဲ့

အပေါ်မှာ ဉာဏ်စိုက်ပြီးတော့ဉာဏ်လိုက်ပေး ရှေ့ယားတဲ့ အမူအရာနှင့် နောက်ယားတဲ့အမူအရာ တူမတူ

ပြောင်းမပြောင်း ပျက်မပျက် နာတယ်ထင်ပြန်ရင် နာတဲ့အပေါ်မှာ ဉာဏ်စိုက်ပြီးတော့ဉာဏ်လိုက်ပေး ရှေ့နာတဲ့

အမူအရာနှင့် နောက်နာတဲ့အမူအရာ တူမတူ ပြောင်းမပြောင်း ပျက်မပျက် ဘယ်တစ်ခုမှထင်ထင်ရှားရှားရှုပွား

မပေါ်ပါဖူးဆိုရင်တောင်မှ မိမိတို့သတိလေးစိုက်ထားရာ ဝင်လေသိထွက်လေသိနေရာလေးမှာပဲ နေရာမပြောင်း

ပဲနှင့်ဥာဏ်ပြောင်းပြီးတော့ရှုတတ်ရင် ဝိပဿနာဖြစ်တာပါပဲ ပထမဝင်လေသိ ထွက်လေသိလေးတွေကြိုးစားခဲ့

တုန်းကသမာဓိမဂ္ဂင်သုံးပါးရခဲ့ကြပြီး အဲဒီအပေါ်မှာသမ္မာသင်္ကပ္ပမဂ္ဂင်နှင့် ထပ်ဆင့်တွေးကြည့်နေစမ်း မေးကြည့်

နေစမ်း ထိဝင်တဲ့သဘောလေး ထိဝင်ပြီးတော့ ဘယ်ရောက်သွားပါလိမ့် ထိထွက်တဲ့သဘောလေး ထိထွက်ပြီး

တော့ ဘယ်လိုဖြစ်သွားပါလိမ့် တွေကြည့်နေစမ်း မေးကြည့်နေစမ်း ရိပ်ကနဲထိဝင်သွားလိုက် မရှိဘူးပျက်သွား

လိုက်ဩ..မမြဲပါလား ရိပ်ကနဲထိထွက်လိုက် မရှိဘူးပျက်သွားလိုက်ဩ..မမြဲပါလား ထိဝင်ပြီးမရှိဘူးပျက်သွားတာ

ပဲထိထွက်ပြီးမရှိဘူးပျက်သွားတာပဲ မရှိဘူးပျက်နေတာပဲ.. မရှိဘူးပျက်နေတာပဲ..ပျက်နေတာပဲ ပွါးပေး …………

ယုတ်စွအဆုံး ဘုန်းကြီးဆီကပြောတဲ့ အသံကြားတာတောင် အလွတ်မထားရဘူး ဖမ်းပြီးတော့ရှုပွါးတတ်ရတယ်

အခုပေါ်တာအသစ်ကြားစိတ်ကလေးပဲ အသစ်ကြားတဲ့သင်္ခါရလေးပဲ အရင်ကြားတဲ့သင်္ခါရလေးမရှိတော့ပါလား

နောက်ထပ်အသစ်ကြားစိတ်ကလေးပေါ်ပြန်ရင် အရင်ကြားစိတ်ကလေးမရှိတော့ပါလား နောက်ထပ်အသစ်

ကြားစိတ်ကလေးပေါ်ပြန်ရင် အရင်ကြားစိတ်ကလေးမရှိတော့ပါလား ဩ..တကြားတည်းကြားနေတာလဲမ

ဟုတ်ပါလား တစ်ဆက်တည်း ကြားနေတာလည်းမဟုတ်ပါလား ကြားပြီးတော့ပျက်နေပါလား ကြားပြီးတော့

ပျက်နေပါလား … ပျက်နေပါလား…. ပွါးပေး………..ခန္ဓာသဘောငါမရောပါစေနှင့် ခန္ဓာပြင်ပကိုလည်း ဉာဏ်မ

ထွက်ပါစေနှင့် ခန္ဓာထဲကဘာပြောတယ်ဆိုတာကိုလည်းဉာဏ်မျက်ခြေမပြတ်ပါစေနှင့် ခန္ဓာထဲမှာ ဉာဏ်နှင့်လှည့်

ပတ်တွေးနေ…ဉာဏ်မေးခွန်းလေးတွေမေးကြည့်နေ မြဲနေသလားမမြဲဘူးလား မပြတ်ဘဲနေသလားပြတ်နေသ

လား မပြောင်းပဲနေသလားပြောင်းနေသလား…..ထင်ရှားပေါ်ရာကိုလိုက်ရှုတတ်ရင် ထင်ရှားပေါ်ရာကိုလိုက်ရှုပါ

အကောင်းဆုံးနည်းပါပဲ ထင်ရှားပေါ်ရာကိုလိုက်မရှုတတ်ရင်လည်း နှာသီးဖျားနှုတ်ခမ်းဖျားမှာ တစ်နေရာတည်း

မှာပဲသည်းသည်းမည်းမည်း စွဲစွဲမြဲမြဲ ဇွဲနဘဲလေးနဲ့စိုက်ရှုပါ လိုရင်းကတော့ မမြဲတာမြင်ဖို့ပါပဲ…….

သူတော်ကောင်းအရေးမှာ ဇွဲမသေးပါစေနဲ့ သူတော်ကောင်းတွေစုပေါင်းပြီးသကာလ အားထုတ်နေကြတဲ့ သူ

တော်ကောင်းတရားပွဲထဲမှာ ကိုယ်တစ်ယောက်အညံ့စားဖြစ်မနေပါစေနှင့် ဖြစ်ပျက်ခန္ဓာလေးကဖြင့် ပြချင်တာပြ

ဖြစ်ပျက်တွေ ပြနေမှာပဲ…ယားတာလည်းတစ်မျိုးတည်းယားပြနေမှာမဟုတ်ပါဘူး အမျိုးမျိုးယားပြနေမှာပါပဲ အ

မျိုးယားပြနေပြီးဆိုကတည်းကိုက ရှေ့ယားတဲ့အမူယာနဲ့ နောက်ယားတဲ့အမူယာ တူနိုင်ပါ့မလား… အသစ်သ

ဘောအဟောင်းသဘောမတူပြောင်းလဲနေပုံလေးတွေ ရှေ့အမူအရာနှင့်နောက်အမူအရာမတူ ထူးခြားနေပုံလေး

တွေ……ကိုယ်ဉာဏ်ထဲမှာအမြင်မရှင်းသေးရင် အမြင်ရှင်းအောင်တွေးပေး..မြဲနေသလားမမြဲဘူးလား မပျက်ဘဲ

နေသလားပျက်နေသလား မပြောင်းပဲနေသလားပြောင်းနေသလား အကဲခတ်နေ အကဲခတ်လို့မမြဲဖြစ်ပျက်သွား

တဲ့သဘောလေးဉာဏ်ထဲမှာအမြင်ရှင်းရင် အဲဒီအမြင်ရှင်းပြီးသား ဉာဏ်လေးများများရအောင်ပွါးပေး ဩ..ဟုတ်

သားပဲမမြဲပါလား ပျက်နေပါလားခန္ဓာသဘောကဒီလိုကိုး… ဩဟုတ်သားပဲမမြဲပါလား ပျက်နေပါလားခန္ဓာသ

ဘောကဒီလိုကိုး ပွါးပေး….လှုပ်ခနဲဆိုအဟောင်းချုပ်လို့အသစ်ပေါ်တာ ဒါဖြစ်ပျက်ပဲ.. ရွခနဲဆိုအဟောင်းချုပ်

လို့အသစ်ပေါ်တာ ဒါဖြစ်ပျက်ပဲ… စီကနဲကြားလိုက်ပြန်တော့လည်းအဟောင်းချုပ်လို့အသစ်ပေါ်တာ ဒါဖြစ်

ပျက်ပဲ ဒါဖြင့်ကိုယ့်ခန္ဓာထဲမှာဖြင့် အဟောင်းချုပ်လို့အသစ်ပေါ်တာမှလွဲ၍ အခြားဘာမှမပါဘူး….ဒါဖြင့်ပေါ်ချင်

တာပေါ်ပါစေ ဖြစ်ပျက်နေတာပဲ….. ဖြစ်ပျက်နေတာပဲ….. ဖြစ်ပျက်နေတာပဲ….. ဖြစ်ပျက်တစ်လုံးအသုံးပြု ဆုံး

ဖြတ်ချက်သာချနေ လွဲစရာမရှိဘူး………………………….34:30

ဘုရားကိုတော်မြတ်ကြီး လက်ထက်တော်အခါကာလတုန်းက သူတော်ကောင်းကြီးတွေလည်း သူတော်အ

လျှောက်ဒီလိုပဲကြိုးကြိုးစားစားမြတ်မြတ်နိုးနိုးမက်မက်မောမော အားထုတ်တော်မူသွားကြတာပဲ .ဘုရားကိုယ်

တော်မြတ်ကြီးရဲ့ တစ်ဦးတည်းသောသား ရင်သွေးတော်အရှင်ရာဟုလာမထေရ် သဒ္ဓါတရာနဲ့ရဟန်းပြုလာတဲ့

နေရာမှာ ဧတဒဂ်ဘွဲရတော်မူတဲ့ တစ်ဦးတည်းသေားသူဌေးသားက ရဟန်းပြုလာတဲ့ အရှင်ရဋ္ဌသာလမထေရ်

ဒီမထေရ်မြတ်နှစ်ပါးတို့ဟာဆိုရင်ဖြင့် ၁၂နှစ်လုံးလုံးဆိုပဲ ကျောခင်းအိပ်စက်တော်မမူကြဘူးတဲ့ တရားဓမ္မတွေ

များကြိုးစားတော်မူသွားလိုက်ကြတာ။.. ဧတဒဂ်၅တန်ဘွဲထူးခံတော်မူထားတဲ့ညီတော် အာနန္ဒာကတော့ ၁၅ နှစ်

လုံးလုံးဆိုပဲ ကျောခင်းအိပ်စက်တော်မမူဘူးတဲ့.. တရားဓမ္မတွေများသူမတူအောင် ကြိုးစားတော်မူသွားလိုက်

တာ။ ဝီရိယအရာမှာတံခွန်ထူပြီးတော့ ဧတဒဂ်ဘွဲ့အပိုင်ယူတော်မူထားတဲ့ အရှင်သောဏဆိုတဲ့မထေရ်မြတ်ကြီး

ကတော့ ၁၈ နှစ်လုံးလုံးဆိုပဲ ကျောခင်းအိပ်စက်တော်မမူဘူးတဲ့.. တရားဓမ္မတွေများကြိုးစားလိုက်တာ ဝီရိယ

သာအရင်းပြုလို့ ရမည့်တရားထူးမျိုးမှန်ပါစေ မရလျှင်ငါမနေအသက်ပင်သေစေတော့ဆိုပဲ။…ပညာအရာမှာဧတ

ဒဂ်ဘွဲ့ရတော်မူတဲ့ လက်ယာတော်ရံအရှင်မဟာသာရိပုတ္တရာမထေရ်မြတ်ကြီး၊ တန်ခိုးအဘဉာဉ်အရာမှာဧတဒဂ်

ဘွဲ့ရတော်မူတဲ့ လက်ဝဲတော်ရံအရှင်မဟာမောဂ္ဂလန်မထေရ်မြတ်ကြီး၊ အမျိုးမြတ်တဲ့ အရာမှာဧတဒဂ်ဘွဲ့ရတော်

မူတဲ့ အရှင်ဘာဋိယမထေရ် ဒီမထေမြတ်ကြီးသုံးပါးတို့ဟာဖြင့် နှစ်ပေါင်း ၃၀ လုံးလုံးဆိုပဲကျောခင်းအိပ်စက်

တော်မမူကြဘူးတဲ့ တရားဓမ္မတွေများသူမတူအောင်ကြိုးစားတော်မူလိုက်ကြတာ။ နောက်ဆုံးဘဝ နောက်ဆုံး

ခန္ဓာအဖြစ်ဖြင့် ဘုရားကိုယ်တော်မြတ်ကြီးကို ဓမ္မနှင့်အားရပါးရပူဇော်တော်မူသွားကြပါလား။ ..ဓိဗ္ဗစက္ခုအဘိ

ဉာဉ်အရာမှာ ဧတဒဂ်ဘွဲ့ရတော်မူတဲ့ အရှင်အနုရုဒ္ဒါမထေရ်မြတ်ကတော့ နှစ်ပေါင်း ၅၀ လုံးလုံးဆိုပဲ ကျောခင်း

အိပ်စက် တော်မမူဘူးတဲ့ တရားဓမ္မတွေများသူမတူအောင်ကြိုးစားတော်မူလိုက်တာ သက်တော်များ ၁၅၀ နေ

လို့ရှည်တော်မူသွားတယ်ဆိုပဲ။..အနာကင်းတဲ့အရာမှာ ဧတဒဂ်ဘွဲရတော်မူတဲ့ အရှင်ပါကူးလမထေရ်မြတ်ကြီးက

တော့သက်တော် ၈၀ မှသာသနာ့ဘောင်ရောက် နှစ်ပေါင် ၈၀ လုံးလုံး သိက္ခာဝါတော် ဂ၀ လုံးလုံး ကျောခင်း

အိပ်စက် တော်မမူဘူးဆိုပဲ…တရားဓမ္မတွေများကြိုးစားလိုက်တာ သက်တော်များ ၁၆၀ နေလို့ရှည်တော်မူသွား

တယ်ဆိုပဲဩ..မအိပ်မနေအားထုတ်တော်မူသွားတဲ့သူတော်ကောင်းကြီးတွေ တယ်ပြီးတော့ အသက်တမ်းရှည်

ကြပါလား ဒါဖြင့်သူတော်ကောင်းတရားအားထုတ်ရတဲ့အလုပ်သည် အသက်ရှည်ဆေးတစ်မျိုးပဲ တရားဓမ္မလေး

တွေအားထုတ်လို့ သက်ကောင်းရှည်နှင့်ကြာကြာနေချင်ကြပါမူကား သူတော်ကောင်းတရားများများ အားထုတ်

ပေး..ဒါအသက်ရှည်ဆေးမသေဆေး..ဓူတင် အရာမှာ ဧတဒဂ်ဘွဲ့ရတော်မူတဲ့ အရှင်မဟာကဿဖမထေရ်မြတ်

ကြီးကတော့သက်တော် ၁၂၀ ပရိနိဗ္ဗာန်ပြုသည်တိုင်အောင် ဓူတင် ၁၃ ပါးများအပြီးဆောက်တည်လို့ ကျောခင်း

အိပ်စက်ခြင်းကိုပယ်ချတဲ့ နိသစ်ဓူတင်ကြီးများ ပဓါနထာလို့ တရားဓမ္မတွေများ ကြိုးစားတော်မူသွားလိုက်တာ

ဘုရားကိုယ်တော်မြတ်ကြီးရဲ့ အဆုံးအမတော်တွေ နှစ်ပေါင်း ၅၀၀၀ တည်တံ့ပါစေခြင်းအကျိုးငှါများ ပထမသံ

ဃာရတနာတို့ ရဲ့ခေါင်းဆောင်တင်တော်မူသွားလို့ …မထေရ်မြတ်ကြီးရဲ့အမြော်အမြင်ကြီးမားစွာနှင့် သံဃာရတ

နာခေါင်းဆောင်တင်တော်မူသွားတဲ့ ဆောင်ရွက်ချက်ကြောင့်မို့ ဘုရားအဆုံးအမတော်တွေ မူရင်းမပျက် မိမိတို့

လက်ထက်ရောက်အောင် နာကြားကျင့်သုံးခွင့်ရနေကြတာပဲ….အရှင်စူဠနာဂ ဆိုတဲ့မထေရ်မြတ်ကြီးကတော့

ဘုရားကိုယ်တော်မြတ်ကြီးကျင့်သုံးတော်မူခဲ့တဲ့ မဟာဒုက္ခရစရိယာတော်ကြီးကိုပူဇော်သောအားဖြင့်ဆိုပဲ ၇ နှစ်

လုံးလုံးတဲ့ ကျောခင်းလည်းအိပ်စက်တော်မမူဘူးတဲ့ ထိုင်ခြင်းလည်းပြုတော်မမူဘူးတဲ့ ရပ်ခြင်း စင်္ကြန်သွားခြင်း

နှစ်မျိုးနှင့်ကြိုးစားလိုက်တာ အံ့ဩစရာ ချီးကျူးစရာ ကြည်ညိုစရာကြီးပါလား… ဘုရားတစ်ဆူတစ်ဆူမှာတစ်ပါး

သာပေါ်ထွန်းကောင်းတဲ့ ၇ နှစ်မျှကာလကကြိုတင်ကောလဟာလဖြစ်နေ ရတဲ့မောနိယရဟန်း အရှင်နာဠကဆို

တဲ့ မထေရ်မြတ်ကတော့ အင်မတန်ခက်ခဲ ပင်ပန်းကြမ်းတမ်းလှတဲ့ မောနိယအကျင့်ထူးအကျင့် မြတ်ကြီးတွေ

များဘုရားကိုယ်တော်မြတ်ကြီှးဆီကလျှောက်ထားမေးမြန်းပြီးတော့မှ တရားဓမ္မတွေကြိုးစာလိုက်တာ အိပ်ခြင်း

လည်းပြုတော်မမူဘူးတဲ့ ထိုင်ခြင်းလည်းပြုတော်မမူဘူးတဲ့ ရပ်ခြင်း စင်္ကြန်သွားခြင်း နှစ်မျိုးနှင့်ကြိုးစားလိုက်တာ

တစ်တောဝင်တစ်တောထွက်လို့ တစ်တောင်တက်တစ်တောင်ဆင်းလို့ သစ်တစ်ပင်အောက်မှာတစ်ရက်သာနေ

လို့ ရွာတစ်ရွာကိုတစ်ရက်သာဆွမ်းခံစားလို့ ဆိုပဲ…နောက်ပိတ်ဆုံးပရိနိဗ္ဗာန်ပြုတော်မူတာတောင်မှ ရွှေတောင်

ဦးမှာ နဖူးလေးနဲ့ထိလျက် မတ်တတ်ရပ်လျက် လက်အုပ်ချီလျက်ဆိုပဲ …..ကြိုးစားကြစမ်းပါ………47း25

59း23

ဣမေပဉ္စက္ခန္ဓာ ဤငါးပါးသော ခန္ဓာတို့သည်

၁။ အနိစ္စာ= မြဲခြင်းသဘောမရှိကုန်

၂။ အဓုဝါ=ခိုင်မာခြင်းသဘောမရှိကုန်

၃။ အသာရာ=အနှစ်သာရမရှိကုန်

၎။ စလာ=ရွေ့လျှားတတ်ကုန်၏

၅။ ပလောကဓမ္မာ=ပျက်စီးခြင်းသဘောရှိကုန်၏

၆။ ဝိပရိနာမဓမ္မာ=ဖေါက်ပြန်ခြင်းသဘောရှိကုန်၏

၇။ မရဏဓမ္မာ=သေဆုံးခြင်းသဘောရှိကုန်၏

၈။ ဝိဘဝဓမ္မာ=ဆုံးရှုံးခြင်းသဘောရှိကုန်၏

၉။ သင်္ခတာဓမ္မာ=အဖန်ဖန်ပြုပြင်အပ်ကုန်၏

၁၀။ ပပ္ပင်ဂုနော=ဖယိုဖရဲပြိုကွဲခြင်းသဘောရှိကုန်၏

အနိစ္စံ အနိစ္စလက္ခဏာ (၁၀)ပါးတည်း…….

ဣမေပဉ္စက္ခန္ဓာ ဤငါးပါးသော ခန္ဓာတို့သည်

၁။ ဒုက္ခာ=ယုတ်မာညစ်ဆိုး ဒုက္ခမျိုးတို့သာတည်း

၂။ ဘရာ=ကြောက်ဖွယ်ညစ်ဆိုး ဘေးရန်မျိုးတို့သာတည်း

၃။ ဣတီ=ထိပ်လန့်စဖွယ် အန္တရာယ်မျိုးတို့သာတည်း

၎။ ဥပ္ပါဒ္ဒဝါ=လွန်စွာကပ်လျက်နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း

၅။ ဥပ္ပါဿဂ္ဂါ=တွယ်တာစွဲကပ်နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း

၆။ ရောဂါ=ကြင်နာညစ်ဆိုးရောဂါမျိုးတို့သာတည်း

၇။ အာဘာတာ= နှိပ်စက်ညစ်ဆိုးအနာမျိုးတို့သာတည်း

ဂ။ ဂန္ဓာ=မဖွယ်ယုတ်ဆင်းထွက်မျဉ်းအနာမျိုးတို့သာတည်း

၉။ သလ္လာ=ဆူးဝင်ညစ်ဆိုးမျှားငြောင့်မျိုးတို့သာတည်း

၁၀။ အဂ္ဂါ=အကျိုးယုတ်အကျိုးမဲ့မျိုးတို့သာတည်း

၁၁။ အတာနာ=စောင့်ရှောက်မဲ့လျဉ်းဘေးအသင်းတို့သာတည်း

၁၂။ အလေနာ=ကွယ်ကာမဲ့လျဉ်းဘေးအသင်းတို့သာတည်း

၁၃။ အသရဏာ=ကိုးရာမဲ့လျဉ်းဘေးအသင်းတို့သာတည်း

၁၄။ အာဓိနဝါ=ဆိုးဝါးညစ်ကျုအပြစ်စုတို့သာတည်း

၁၅။ အဂမူလာ=အကျိုးမဲ့ခပင်းဆင်းရဲခြင်း၏အရင်းမြစ်တို့သာတည်း

၁၆။ ဝဓကာ=လူနတ်ဗြဟ်မာသတ္တဝါတို့ကို နာရီမလပ်အတွင်သတ်သည့်သူသတ်မျိုးတို့သာတည်း

၁၇။ သာသဝါ=အာသဝေါတရားလေးပါးတို့၏အစီးအပွါးတို့သာတည်း

၁၈။ မာရာမိသာ=ကိလေသာမာန် မဇ္ဇျုမာန်တို့၏စားဖတ်ဝါးဖတ်သုံးသပ်နင်းနှယ်ရာတို့သာတည်း

၁၉။ ဇာတိဓမ္မာ=သတ္တဝါကိုမညှာမငဲ့ အရွဲ့အစောင်းမကောင်းဆိုးညစ်ဖြစ်ချင်တိုင်းဖြစ်တတ်

သောသဘောရှိကုန်၏

၂၀။ ဇရာဓမ္မာ=ဆုတ်ယုတ်လျော့ပါးခြင်းသဘောရှိကုန်၏

၂၁။ ဗျာတိဓမ္မာ=နာခြင်းသဘောရှိကုန်၏

၂၂။ သောကဓမ္မာ=စိုးရိမ်ပူပန်ရခြင်းသဘောရှိကုန်၏

၂၃။ ပရိဒေဝဓမ္မာ=ငိုကြွေးမြည်တမ်းရခြင်းသဘောရှိကုန်၏

၂၄။ ဥပါယာသဓမ္မာ=သက်ကြီးရှိုက်ငင် ပင်ပန်းရခြင်းသဘောရှိကုန်၏

၂၅။ သံကိလေသိကဓမ္မာ=တဏှာဒိဋ္ဌိ ဒုစရိတတည်းဟုသောညစ်နွမ်းခြင်းသုံးပါးကို ပွါးစည်းစေတတ်သော

သဘောရှိကုန်၏

ဒုက္ခံ ဒုက္ခလက္ခဏာ(၂၅) ပါးတည်း။……

ဣမေပဉ္စက္ခန္ဓာ ဤငါးပါးသော ခန္ဓာတို့သည်

၁။ အနတ္တာ=ကိုယ်မဟုတ်ကုန် အစိုးမရကုန်အလိုသို့မလိုက်ကုန်

၂။ ပရေ=အကျွမ်းဝင်ခြင်း အမြဲကင်းသောသူစိမ်းပြင်ပတို့သာတည်း

၃။ ရိတ္တာ=အနှစ်သာရဟူသမျှနှင့် မြူစမယှဉ်အစဉ်ဆိတ်ကင်းသောတရားတို့သာတည်း

၎။ တုစ္ဆာ=ကောင်းမြတ်ချမ်းသာဟူသမျှ မြူစမနီးအချီးနှီးသောတရားတို့သာတည်း

၅။ သုညာ=ထောက်ရာတည်ရာ ကိုးကွယ်ရာမျိုးတစိုးတစိမရှိလုံးလုံး အသုံးမကျသောတရားမျိုးတို့သာတည်း

အနတ္တာ အနတ္တလက္ခဏာ(၅)ပါးတည်း….။

အနိစ္စလက္ခဏာက (၁၀)ပါး

ဒုက္ခလက္ခဏာက(၂၅) ပါး

အနတ္တလက္ခဏာက(၅)ပါး

ပေါင်းလိုက်တော့ ဘာဝနာ(၄ဝ)

မိမိတို့ အားထုတ်နေတဲ့ အလုပ်ထူးအလုပ်မြတ်ထဲမှာ အားလုံးအကျုံးဝင်နေတယ်လို့အောင့်မေ့ထားပါ။

ဖြစ်တတ်ပျက်တတ်တဲ့ ဒုက္ခသစ္စာခန္ဓာကိုယ်ကြီးကိုယ်စီကိုယ်ငှ ရ ထားကြမှတော့ ခန္ဓာထဲကပြောချင်တာပြော

ပြခြင်တာပြပေါ့ ဖြစ်ပျက်ဒုက္ခသစ္စာသဘောတွေပဲပြတော့မပေါ့ ပြောပြန်တော့လည်း ဖြစ်ပျက်ဒုက္ခသစ္စာသဘော

တွေပဲပြောတော့မပေါ့ ဒါဖြင့်ခန္ဓာသဘော ခန္ဓာပြောနေတာကဖြစ်ပျက် ဒုက္ခသစ္စာ ဒါလေးတွေကိုခန္ဓာ့သဘောငါ

မရောစေမူ၍ ခန္ဓာ့ပြင်ပကိုလည်း ဉာဏ်မထွက်စေမူ၍ ခန္ဓာထဲကဘာပြောနေတယ်ဆိုတာကိုလည်း ဉာဏ်မျက်

ခြည်မပြတ်တမ်းစောင့်ကြည့် အကဲခတ်နေတဲ့ဉာဏ်လေးက မဂ္ဂသစ္စာ ဖြစ်ပျက်ဒုက္ခသစ္စာခန္ဓာကြီးမှန်းသိနေမှပေါ့

ပဲ လိုချင်စရာ ရချင်စရာ တွယ်တာစရာ မက်မောစရာ မရှိပါဘူး လိုချင်တတ်တဲ့ တွယ်တာတတ်တဲ့ မက်မော

တတ်တဲ့ တဏှာဥပါဒါန်ကံတွေချုပ်နေသဖြင့် သေနေတာက သမုဒယသစ္စာ အကြောင်းသမုဒယ ချုပ်နေမှပေါ့

ပဲ အကျိုးပေး အိုနာသေတွေနောင်တဖန် တွေ့စရာမရှိတော့ပါဘူး နောင်တဖန် အပါယ်လေးပါး အိုနာသေတွေနဲ့

အိုးစားကွဲရမှာက သောတာပန်အရိယာတို့ မျက်မောက်ပြုရမယ့် နိရောဓသစ္စာ ဒါသစ္စာလေးပါးဆိုက်တဲ့ အလုပ်

ကြီးပဲ ဒါသစ္စာလေးပါးကိုက်တဲ့ အလုပ်ကြီးပဲ သစ္စာလေးပါးဆိုက်အောင် အားထုတ်တော်မူနိုင်ကြလို့ သောတာ

ပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်တော်မူသွားကြတာပါ။ သစ္စာလေးပါးဆိုက်အောင် ဆရာမကူသယမ်မူ

ဉာဏ်ဖြင့် မိမိအလိုလိုကိုယ်တော်တိုင်ထိုးထွင်းပြီးသကာလ သိစွမ်းအောင် ကြိုးစားတော်မူနိုင်ကြလို့ ပစ္စေကာ

ဗုဒ္ဓအဆူဆူ သဗ္ဗညုတမြတ်ဘုရားအဆူဆူ လောကသုံးပါးထင်ထင်ရှားရှားပွင့်ထွန်းပေါ်တော်မူသွားကြတာပါပဲ

ဒါဖြင့်ယောဂီအပေါင်းသူတော်ကောင်းတို့ အားထုတ်နေကြတဲ့ အလုပ်ထူးအလုပ်မြတ် အကျင့်ထူးအကျင့်မြတ်

ကြီးကလည်း သစ္စာလေးပါးဆိုက်တဲ့အလုပ်ကြီး သစ္စာလေးပါးကိုက်တဲ့အလုပ်ကြီး ကိုယ်စီ ကိုယ်စီအထမြောက်

နေကြပါပေါ့လား အရိယာလမ်းကြောင်းပေါ်ဖြင့် လျှောက်လှမ်းမိနေကြပြီလို့ ဝမ်းမြောက်နိုင်ပါတယ်။

ထိုတရားတော် MP3 ဖိုင်ကို အလိုရှိက ဆွဲယူရန် ဒီလင့် ( http://dl.dropbox.com/u/11340326/U%20Thu%20Ma%20Na%20Work.rar ) ကနေ ဆွဲယူနိုင်ပါတယ်

Wednesday, January 12, 2011

Google ရဲ့ Body Browser နဲ့ လူ့ခန္တာကိုယ်ကို ရှိုးမယ်

လူခန္တာကိုယ် တစ်ခုလုံးကို

အနုလုံ၊ ပဋိလုံ လှည့်ပတ်ကြည့်နိုင်ဘို့

Google က

Body Browser ကို

ထုတ်ပေးလိုက်ပါတယ်။

http://bodybrowser.googlelabs.com/

မှာ ဝင်ကြည့်နိုင်ပါတယ်။

ဆရာဝန်တွေအတွက်

လေ့လာဘို့ကောင်းတဲ့ နေရာတစ်ခုလို့ ထင်ပါတယ်။

တကူးတက ခွဲစိတ်စရာမလိုတော့ဘူးပေါ့ :)

Welcome to Google Body. You need a Web browser that supports WebGL.
Try: Mozilla Firefox 4 Beta | Google Chrome Beta or Chromium | WebKit nightly | Other

body_preview.png

Google Body is a detailed 3D model of the human body. You can peel back anatomical layers,
zoom in, click to identify anatomy, or search for muscles, organs, bones and more. You can also
share the exact scene you are viewing by copying and pasting the URL.

လောလောဆယ်တော့ Firefox 4 beta (သို့) Googlr Chrome 9 Beta နဲ့ပဲ အဆင်ပြေဦးမှာပါ။
(2011-Jan-12 မှာ Firefox 4 beta နဲ့ ဝင်လို့ ရနေပါသည်။)

Firefox 4 beta နဲ့ဆို ဒီလို စက်တင် ချိန်ထားရပါမယ်။



WebGL is supported in Firefox/4.0b1 http://www.mozilla.com/en-US/firefox/all-beta.html and in the nightly builds of Firefox. Visithttp://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-trunk/ for builds on Linux (32- and 64-bit), Mac OS X and Windows.

After downloading the browser, enable WebGL: type about:config into the address bar, search for "webgl", and double-click "webgl.enabled_for_all_sites" to set it to true.

The implementation requires working OpenGL 2.1 drivers and the availability of PBuffers.

If OpenGL is not available, or for testing/debugging purposes, software rendering can be used through OSMesa (off-screen Mesa), by setting the "webgl.osmesalib" variable to point to the OSMesa shared library (typically /usr/lib/libOSMesa.so). Note that the OSMesa library is required to use "gl" prefixes, not "mgl".

Googlr Chrome 9 Beta နဲ့ဆို ဒီလို စက်တင် ချိန်ထားရပါမယ်။

WebGL is disabled by default in the latest Chrome Beta (9.0.597.45). To get WebGL in Chrome, you need to either:

1) Run the Chrome Beta with the ''--enable-webgl' flag from the command line:

chrome.exe --enable-webgl

Chrome Beta can be downloaded here: http://www.google.com/landing/chrome/beta/

credit to: Getting WebGL in Chrome at the moment
Getting a WebGL Implementation

Tuesday, January 11, 2011

ပိစိ၏ အင်တာနက် လမ်းညွှန်စာအုပ်

ကျနော် လား ?

ကျနော့် အကြောင်းမပြောခင် ကျနော့်ကို စိတ်တိုင်းကျ ကိုင်တွယ်အသုံးချနေတဲ့သူနဲ့ မိတ်ဆက်ပေးချင်တယ်။
သူ့နာမည်က ဝင်းဒိုးယူဇာ (Windows User) တဲ့။ အတိုကောက်ကတော့ ယူဇာ လို့ခေါ်ကြတယ်။ ဒါဆို သိလောက်ပီလား။ ကျနော် ဘယ်သူလည်း ဆိုတာ... :)

ကျနော်က ပိစိ(PC) ပေါ့ဗျာ ဝင်းဒိုးတင်ထားတဲ့ ကွန်ပျူတာ တစ်လုံးပေါ့။

ယူဇာက ကျနော် ပိစိကို တကယ်ချစ်တယ် တကယ်နှိပ်တယ်ဗျာ...။ တချိန်လုံး မျက်တောင်မခတ်ပဲ ကြည့်နေတာ။ သူ့ရည်းစားတောင် သူဒီလောက်စိုက်ကြည့်မယ် မထင်ဘူး။ ပိစိမောက်စ်ကို ကိုင်ထားတာများ သူ့ရည်းစားမြင်ရင်တောင် မနာလိုချင်စရာ... :)

အထင်မလွဲပါနဲ့ ပိစိကို သုံးပြီး နေရာတကာ လျောက်သွားတာကို ပြောတာဗျ။ အင်တာနက်ထဲမှာလေ...။ ခင်ဗျားတို့ ကားတစ်စီးနဲ့ လမ်းကြိုလမ်းကြား လျောက်မောင်းသလိုပေါ့။ အင်တာနက်ထဲဝင်တယ်ဆိုတာ တကယ်တော့ အင်တာနက်ထဲမှာ မှတ်ပုံတင်ထားတဲ့ ကွန်ပျူတာတွေဆီ လျောက်လည်နေတာပါပဲ။ လမ်းမသိရင်ရင် လိပ်စာ မေးဘို့ကတော့ Google လို search Engine ဆီသွား စုံစမ်းရတာပေါ့။

ပိစိရဲ့ ယူဇာ က တမျိုးဗျ။ သူသွားချင်တဲ့ နေရာဆို စွတ်သွားတာပဲ။ အင်တာနက်ထဲက အိမ်ကြိုအိမ်ကြား လမ်းကြိုလမ်းကြား မကျန်။ ခါတလေ ပိစိ နန်းတော်ထဲလည်း ရောက်ဘူးတယ်။ ဘုရားလည်း တက်ဖူးတယ်။ အဟဲ... ပြောရမှာတောင် ရှက်စရာကောင်းတဲ့ နေရာလည်း ရောက်ဖူးတယ်ဗျာ... :) ယူဇာသွားလိုတဲ့ နေရာ မရောက်ရောက်အောင် လိုက်ပို့ချင်ပါတယ်ဗျာ။ ဂျုံးဂျုံးကျသွားပေ့စေ။ လမ်းကြောင်း(ကွန်နက်ရှင်)သာ ကောင်းပစေ ပို့ပေးမယ်။ အဲ...တစ်ခုပဲ ယူဇာကို ပြောချင်တယ်။ အန်တီဗိုင်းရပ်စ် ဆေးလေးတော့ မှန်မှန်တိုက်လို့...။ ကပ်ချေး (Browser Cache) တွေလည်း မှန်မှန်ရှင်းပေးပါလို့။ နို့မို့ဗျာ ယူဇာလစ်တုန်း တခြားသူက လာကိုင်လိုက်ရင် (ယူဇာတော့ မသိဘူး) ပိစိတော့ ရှက်လွန်းလို့ ကပ်ချေးတွေ ပြည့်နေတဲ့ မျက်နှာ ဘယ်ထားရမှန်းကို မသိတော့ဘူး။ အဟီးးး။

ပိစိ ပြောပြချင်တဲ့ ဟာ..အဓိကက ဒါ မဟုတ်ဘူးဗျ...။ ခေါင်းစဉ်တော့ တပ်ထားပါရဲ့။ ပိစိ၏ အင်တာနက် လမ်းညွှန်စာအုပ် အကြောင်းလေ။ ယူဇာ သိနေလား ဘာလားတော့ မသိဘူးဗျ။ ယူဇာက လိပ်စာ (Web Address - url) တစ်ခုခုကို သွားချင်တယ်ဆို ပိစိက အဲတာ ဘယ်နေရာလည်း အရင် စုံစမ်းရပြီ။ ပိစိက စက်လေ။ အင်တာနက်ထဲမှာ ပိစိတို့လို စက်တွေ အချင်းချင်း အမှတ်သညာ ပြုထားတာက အိုင်ပီလို့ ခေါ်တဲ့ ဂဏန်း သုံးလုံးတွဲ နံပတ်လေးတွေ လေးတွဲနဲ့ ခင်ဗျ (ipv4)

ယူဇာပြောတဲ့ လိပ်စာကို ပိစိရဲ့ အင်တာနက် လမ်းညွှန်စာအုပ် ထဲမှာ ချရေးထားလား လှန်ဖတ်ရတယ်။ အင်တာနက် လမ်းညွှန်စာအုပ်ထဲမှာ ပါရင် အိုကေပေါ့ အဲ့ကို တန်းသွားလိုက်တာပဲ...။ အင်တာနက် လမ်းညွှန်စာအုပ်ထဲမှာ မတွေ့ရင်တော့ စီနီယာကြီး ဒီအန်နက်စ်ဆာဗာ (DNS Server) ကို လှမ်းမေးရတယ်။ ဒီအန်နက်စ်ဆာဗာကတော့ ခတ်ပြတ်ပြတ်ပဲဗျာ။ သူသိရင် သိတယ် ပြောတယ်။ မသိရင် မသိဘူးပဲ။ အဲ... လိပ်စာ အိုင်ပီ ရပီဆိုရင်တော့ အိုကေပဲ... ဂိတ်မှုး(Gateway) ရုံးဘေးက လက်မှတ်စစ်ပရောက်ဆီ (proxy server) ကို မျက်နှာချိုသွေးရတော့တာပဲ...။ သွေးရသဗျာ။ ဂိတ်မှူးက ဂိတ်ပတ်စ် ပေးရင်တောင် သူက တားချင်တားသေးတာလေ။ လက်မှတ်စစ် ပရောက်ဆီက သူ့စာရင်းမှာ ငြိနေတယ် ဒီ အိုင်ပီ လိပ်စာ ပေးမသွားဘူး ဆိုရင်တော့ ယူဇာ မျက်နှာ ညိုးပီပေါ့။ တခါတလေ တောက်ခေါက်တာလည်း ခံရတယ်။

ပိစိ ပြောပြချင်တာလေး ရိပ်မိလောက်ပီလား။ ပိစိရဲ့ အင်တာနက် လမ်းညွှန်စာအုပ်ဆိုတာ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးလို့တောင် ပြောလို့ ရတယ်။ ပိစိက အင်တာနက်ထဲ ဝင်ဘို့ကို ဒီစာအုပ်ကို လက်စွဲထားရတာလေ။ (ပိစိ ကိုယ်နဲ့ မကွာပဲ) ဒီစာအုပ်ထဲမှာ ရေးထားတဲ့ လိပ်စာအတိုင်းသွားရတာ...။ ဥပမာ Google ကို မှတ်ထားတယ်ပဲ ဆိုပါစို့...။ Google ၏ အိုင်ပီလိပ်စာအမှန်က 74.125.239.19 ပဲထားပါတော့။ ပိစိက အင်တာနက် လမ်းညွှန်စာအုပ်ထဲမှာ ရှာလိုက်တယ် (ပုံမှန်အားဖြင့်တော့ စာအုပ်ထဲမှာ ဒီလိပ်စာ မပါပါ)။ မတွေ့ဘူး ... ဒါနဲ့ DNS ဆာဗာကြီးကို မေးလိုက်တယ်။ DNS ဆာဗာကြီးက မလိမ်ချင်ရင် 74.125.239.19 ပေါ့ကွလို့ ဖြေမယ်။ ဒါနဲ့ ဒီအိုင်ပီနံပတ်လေးကိုင်ပီး ပရောက်ဆီဆာဗာမှာ သွားစုံးစမ်းတယ် ထွက်လို့ ရမလားပေါ့။ ရတယ်ဆိုရင် ယူဇာကို Google ရောက်အောင် ပို့ပေးလိုက်ရုံပဲ။ မရရင်တော့ အဆက်ဒနိုင်းပေါ့ :(

အဲ့တာကို ပိစိရဲ့ အင်တာနက် လမ်းညွှန်စာအုပ်ထဲမှာ Google အိုင်ပီလိပ်စာကို အမှားရေး (တလွဲ) ပြထားမယ်ဆိုရင် ဘာဖြစ်မလဲ? ပိစိရဲ့ လက်စွဲစာအုပ်ပဲလေ။ အဲ့မှာ မှတ်ထားတဲ့ အိုင်ပီလိပ်စာဆီပဲ ယူဇာ့ကို ပို့ပေးလိုက်မှာပဲ။ တကယ့် Google လား ဘာလား ပိစိက မသိနိုင်ဘူးလေ။ ပိစိနဲ့ ဆိုင်မှ မဆိုင်တာ။ ပိစိတာဝန်က ယူဇာက Google သွားချင်တယ်ဆို ပ-ဦးစားပေး အင်တာနက် လမ်းညွှန်စာအုပ် မှာ ရှာတယ်။ မတွေ့ရင် ဒု-ဦးစားပေး ဒီအန်နက်စ်ဆာဗာ ကို မေးတယ်။ အိုင်ပီလိပ်စာ ရရင် အဲ့အတိုင်း ပို့ပေးလိုက်တာပဲ။ ပ-ဦးစားပေး အင်တာနက် လမ်းညွှန်စာအုပ် ထဲမှာ မှတ်ထားတဲ့ လိပ်စာစာရင်းကို ပိစိ မလိုက်နာလို့ မရဘူး။ ဒါ ပိစိရဲ့ တာဝန်ပဲ။

ပ-ဦးစားပေး အင်တာနက် လမ်းညွှန်စာအုပ် ရဲ့ မူရင်း ရည်ရွယ်ချက်ကတော့ ပိစိ ကို အင်တာနက်ထဲမှာ အိုင်ပီ ရှာရင် အမြန်ရအောင်လို့ပါတဲ့။ ဒီနေ့ဒီအခါမှာတော့ ရည်ရွယ်ချက်တွေ လွဲဖယ်ပြီး အခြားရည်ရွယ်ချက်တွေနဲ့ အသုံးပြုမှုတွေလည်း ပြုလာကြပါတယ်။
ဘယ်လိုရည်ရွယ်ချက်တွေလည်း ဆိုတော့... အင်တာနက်ကို လမ်းကြောင်းလွဲဘို့ပါ။

ဥပမာ...။
၁) မိဘများက သူတို့ မဝင်စေချင်သည့် url လိပ်စာများသို့ သားသ္မီးများ ဝင်မရအောင် လမ်းကြောင်းလွှဲလိုသည့်အခါ။
၂) Genuine ဝင်းဒိုး မဟုတ်သည့် ပိစိများ နှင့် ဝင်းဒိုးအပ်ပ်ဒိတ်ဆာဗာများအကြား လမ်းကြောင်းလွှဲ အဆက်ဖြတ်ထားလိုသည့်အခါ
၃) အလားတူ ကီးဂျန်သုံးဆော့ဝဲများ (ခိုးကူးခွေ)များ မူရင်း ဆော့ဝဲ၏ ဆိုဒ်မှ update server နှင့် အဆက်ဖြတ်ထားလိုသည့် အခါ... များတွင် ပိစိ၏ အင်တာနက် လမ်းညွှန်စာအုပ်ထဲမှာ အိုင်ပီ လိပ်စာ အမှားတွေ ရေးထည့်ထားတတ်ကြပါတယ်။
၎) (မှတ်ချက်) မိမိ၏ LAN ထဲမှာ ASP ဆာဗာထောင်ပြီး အင်တာနက် ဟော့စ် စမ်းသုံး၊ လေ့ကျင့်သူများလည်း ဒီလိပ်စာဆီ ပိစိတို့ တန်းရောက်သွားအောင်လို့ url နဲ့ အိုင်ပီ လိပ်စာ တွဲရေးထည့်ထားတတ်ကြပါတယ်။

ဒီလို url နှင့် IP နံပတ်ကို လှီးလွှဲပေးလိုက်ခြင်းကြောင့် ထို url အမှန်တကယ် ၇ှိရာနေရာဆီ ယူဇာကို ပိစိ လိုက်မပို့ပေးနိုင်တော့ဘူးပေါ့ဗျာ။ ဟို ဖိုင်းယားဝေါနဲ့ သွားမရောနဲ့ဦးဗျ။

ဖိုင်းယားဝေါက url နဲ့စစ်ပြီး လမ်းပိတ်တဲ့ စံနစ်၊ ပိတ်ခံရရင် ပိတ်ထားကြောင်း ယူဇာကို ပြန်သတင်းပို့မယ်။ ထွက်မရဘူးဘာဘူး ပြောမယ်။

ဒီ လမ်းညွှန်စာအုပ်က url နဲ့ စစ်ပြီး လမ်းကြောင်းလွှဲတဲ့စံနစ်၊ လွှဲထားတော့ ရောက်တော့ရောက်သွားမယ်၊ တလွဲ နေရာ တစ်ခုကို။ ဒီတော့ ယူဇာကို ဘာမှ အမှားအယွင်း ပြန်သတင်းမပို့ဘူး။ ရောက်သွားတာကိုပဲ ပြပေးလိုက်တယ်။

ပိစိရဲ့ ဒီ အင်တာနက် လမ်းညွှန်စာအုပ်ကို စိတ်ဝင်စားလို့ ဝင်ဖတ်ချင်တယ် ဆိုရင် အောက်က နေရာ ဖိုဒါထဲမှာ ရှိပါတယ်။ (န

Windows 95 ဆိုရင် C:windows
Windows 98 ဆိုရင် C:windows
Windows Me ဆိုရင် C:windows
Windows 2000 ဆိုရင် C:windowssystem32driversetc
Windows XP ဆိုရင် C:windowssystem32driversetc
Windows NT ဆိုရင် C:winntsystem32driversetc
Windows Vista ဆိုရင် C:windowssystem32driversetc
Windows 7 ဆိုရင် C:windowssystem32driversetc



အင်တာနက် လမ်းညွှန်စာအုပ် ဖိုင်အမည်က hosts တဲ့ ရှင်းရှင်းလေးနော် ဘာ ဖိုင်အမျိုးအစား (extension) မှ မပါဘူး။

သူ့ကို ဖွင့်ဖတ်ချင်ရင် Notepad နဲ့ ဖွင့်ဖတ်ပေါ့။ ဖွင့်လိုက်ရင် အထဲမှာ ဂလိုလေး မြင်ရမယ်။

# Copyright (c) 1998 Microsoft Corp.

# This is a sample HOSTS file used by Microsoft TCP/IP stack for Windows98

# The IP address and the host name should be separated by at least one

# space.

# 38.25.63.10 x.acme.com # x client host

127.0.0.1 localhost

အရှေ့က # ခံပြီးရေးထားတာတွေကို ပိစိ မဖတ်ဘူး။ မခံထားတဲ့ လိုင်းတစ်လိုင်းစီဟာ ပိစိအတွက် လမ်းညွှန်လိပ်စာတွေပဲ...။

ဥပမာ 127.0.0.1 ဆိုတဲ့အိုင်ပီဟာ localhost ရဲ့ လိပ်စာ ဆိုရင်

127.0.0.1 နဲ့ localhost ကို စပိတ်တစ်ခု ခြားပြီးသာ ရေးပေး၊ ပိစိ ဖတ်တတ်တယ်။

အလားတူပဲ www.yahoo.com ရဲ့ အိုင်ပီလိပ်စာဟာ 72.30.2.43 ဖြစ်ပြီး

www.facebook.com ရဲ့ အိုင်ပီလိပ်စာဟာ 69.63.181.12 ဆိုတော့

72.30.2.43 www.yahoo.com

69.63.181.12 www.facebook.com

လို့ ရေးထားလိုက်ရင် yahooနဲ့ facebook ကို သွားဘို့ရာ ဒီအန်နက်စ်ဆာဗာကြီး သွားမေးစရာတောင် မလိုတော့ဘူး။ ပို မြန်သွားတာပေါ့။ ဒါပေမယ့် လိပ်စာကို အမှားရေးကြည့်ကြမယ်။

72.30.2.43 www.facebook.com

69.63.181.12 www.yahoo.com

လို့ ရေးပလိုက်ရင် ဘာဖြစ်သွားမလဲ... ခွိခွိ...

ယူဇာက yahooသွားချင်ရင် ပိစိက facebook ကို ပို့ပေးမိမယ်။

ယူဇာက facebook သွားချင်ရင် ပိစိက yahoo ကို လိုက်ပို့ပေးမိမယ်။ ဒီလို ဗရုတ်ကျလို့လဲ ရတယ်။ ပိစိ အလုပ်ပဲ ပိစိ လုပ်တာပဲ။ အင်တာနက် လမ်းညွှန်စာအုပ်ကို ပြင်တာ ဖျက်တာ ယူဇာ့ သဘောပဲလေ..။ ဒါပေမယ့် ပိစိစာအုပ်ကို ယူဇာ အလကားနေ ဝင် ပြင်ဖျက် မလုပ်နိုင်အောင်တော့ နည်းနည်း ဖွက်ထားရတာပေါ့ :D တော်ကြာ ကလိလွန်းလို့ ဖိုင်ပျက်သွားရင် ပိစိအလုပ်ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူး။

(မှတ်ချက်။ ။ လိပ်စာလွှဲဘို့ အန္တရာယ်အကင်းဆုံး၊ စိတ်အချရဆုံး အိုင်ပီမှာ 127.0.0.1 ဖြစ်ပါသည်။ ဒါ ပိစိကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ 127.0.0.1 is me myself. It is safest ip) ဒီတော့ ပိစိမှာ အင်တာနက် လမ်းညွှန်စာအုပ် ရှိမနေရင် ဘာဖြစ်မလဲ မေးပါဦးလား။ ဘာမှ မဖြစ်ဘူး။ သူက ပ-ဦးစားပေးဆိုတော့...သူမရှိရင် ဒုဦးစားပေး ကိုပဲ လိပ်စာ လှမ်းမေးမှာပဲ။ နည်းနည်း ကြာရုံက လွဲ တခြားမရှိပါဘူး။

အင်တာနက် လမ်းညွှန်စာအုပ်ကို ပိစိ မသိအောင်ဖွက်ထားမယ်ဆိုရင် (hosts ကို hosts.txt လို့ ပြောင်းလိုက်ရုံ )

To disable Hosts from a DOS window:

cd windows (press enter)

rename hosts hosts.txt (press enter)

အင်တာနက် လမ်းညွှန်စာအုပ်ကို ပိစိ သုံးစေချင်တယ်ဆိုရင် (hosts.txt ကို hosts လို့ ပြန်ပြောင်းလိုက်ရုံ)

To Enable Hosts from a DOS window:

cd windows (press enter)

rename hosts.txt hosts (press enter)

ပိစိ ဖောက်သည်ချချင်တဲ့ ပိစိ၏ အင်တာနက် လမ်းညွှန်စာအုပ်အကြောင်းက ဒီလောက်ပါပဲ...။ ဆက်ဖတ်ချင်တယ်ဆိုရင် Google သာခေါက်လိုက်ပေတော့... :)

(*** တလောက ဆင်မင်း ပို့ပေးတဲ့ Windows update ကို Firewall နဲ့ ပိတ်နည်းလေး ဖတ်လိုက်ရတာနဲ့ အကြံရပြီး တလက်စတည်း ဒါလေးပါ ဆွေးနွေးပြချင်စိတ် ပေါ်လာတာနဲ့ ရေးလိုက်တာပါ

ဒါကတော့ လမ်းလွှဲနည်းပေါ့။
သိတယ်မှတ်လား ဆေးဆိုတာ သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေးတဲ့။ ကိုက်အောင်သုံးရင် ဆေးပေါ့ဗျာ။ ဆေးကို ဘေးဖြစ်အောင် သုံးရင်တော့ ဘေးပေါ့။ ဥာဏ်လေးနဲ့ ယှဉ်ပြီးသာ သုံးနော်း)

please try Google hosts.

http://www.google.com/search?q=windows+hosts

http://www.google.com/search?q=tweak+windows+hosts

Monday, January 3, 2011

သီးသန့်ခန်း အရှာထွက်ခြင်း

ဦးဦးရေ ဦးဦးရေ အိမ်မှာကောင်းကောင်းနေ

သ္မှီးတို့ ကျောင်းသွားတဲ့အခါ အိမ်မှာ ကောင်းကောင်းနေ

တီဗွီမှ လွင့်မျောသော အသံဖြစ်ပါသည်။

ဦးဦး ချတ်နေပါ၏...။ အိုလံပီယာ လက်နှိပ်စက်သမားတောင် ထိုင်ငိုရလောက်သော အမြန်နှုန်းဖြင့်....

ဂျောက်....ဂျောက် .....ဂျောက်

တူမ။ လေးသောင်း အဲ လေးသိန်း :P

ဦး ။ ပြော ဘာကိတ်

တူမ ။ တူမတို့ တိုင်ပင်နေတာ

ဦး ။ အင်း

တူမ ။ ဆူတယ်ပြောလို့ အဲ့တာ.. သီးသန့်ခန်းလေး လုပ်ကြည့်ချင်လို့
ဦး ။ ဆူတယ်မှတ်ရင် ဆူတယ်ပေါ့ကွယ်။ လက်ဖက်ခြောက်ကော မပါဘူးလားမေးကြည့်လိုက်။

(မြှောက်ပေးလိုက်ပြန်ပီ အဲ့လို အဲ့လို)

တူမ ။ သီးသန့်ခန်းလေး လုပ်လို့ရရင် ရှာပေး၊ ပြောပြပေးပါလား။

ဦး ။ အင်း...ရှာကြည့်ပေးမယ်။ ခဏစောင့်နော်။

ခုနက ဘူတာရုံနှင့်တူသော...ဥပမာထဲကလိုပဲ။

ဦးဦး တစ်ယောက် သီးသန့်ခန်း အရှာထွက်ခဲ့ပါ၏

လေ့လာမိသလောက်တင်ပြရရင် နှစ်မြို့မိသော သီးသန့်ခန်းဆောက်နည်း ၂ နည်း တွေ့ရှိပါတယ်။

တီးမိခေါက်မိသလောက်လေးပါ။

မလောက်လေး မလောက်စားမို့ တင်ပြပုံ မွှားသွားရင်လည်း ဗွေမယူပါနဲ့လို့...

ပြီးတော့ ဆရာကြီးလုပ်တယ်လည်း မထင်ပါနဲ့လို့ ကြိုတင် အာမဘန္တေခံပါရစေခင်ဗျ...။

၁) Google Gtalk Group Chat ဖြင့် အုပ်စုဖွဲ့ ချတ်ခြင်း နဲ့
၂) Google Mailing Group တစ်ခု Restricted Access Level ဆောက်၍ သုံးခြင်း လို့ နည်း နှစ်မျိုးတွေ့ရှိပါတယ် ။

၁) Google Gtalk Group Chat ဖြင့် အုပ်စုဖွဲ့ ချတ်ခြင်း

Gmail ဝက်ပေ့ကနေ ချတ်ရပါမယ်။

ရိုးရိုးတန်းတန်းပါပဲ။ စိမ်း၊ နီနေတဲ့ တစ်ယောက်ကို လှမ်းချတ်ပါ။

ချတ်လို့ ရတာနဲ့ သူနဲ့ ချတ်တဲ့ စာမျက်နှာကနေ နောက်လူတွေ ထပ်ပေါင်းထည့်ပါ။

အောက်ပုံပါအတိုင်း ဖြစ်ပါတယ်။ အထူးတလည် ဘာမှ လုပ်ရန်မလိုပါ။

အနီဝိုင်းပြထားတဲ့ နေရာက +ခလုတ်ကလေးနှိပ်ပြီး ထပ်ပေါင်းထည့် ရမှာပါ။



ပုံမှာ ကျနော်က Happy New Year ပြောတော့ အခြားသူတွေက ပြန်ဖြေတဲ့ပုံ သရုပ်ပြထားပါတယ်။ ဒီဖန်မလီက မန်ဘာတွေနဲ့ စမ်းပြချင်ပေမယ့် မအားကြတော့ Google Translators တွေကိုပဲ ခေါ်ချတ်ပြထားပါတယ်။

အားသာချက်။ Gtalk ဖြစ်ခြင်းကြောင့် respond မြန်ပါမယ်။ မဆိုင်သူ ဝင်မဖတ်နိုင်ပါ။

အားနည်းချက်။ Online တက်နေသည့် သူနှင့်ပဲ ပြောလို့ ရပါတယ်။ မတက်နေသူများ အခြားသူ ချတ်ခဲ့သော စာများ ပြန်မဖတ်နိုင်ပါ။



၂) Google Mailing Group with Restricted Access Level သုံးခြင်း

အားသာချက်။ Online မတက်နေသူများ အခြားသူ ရေးခဲ့သော စာများ ပြန်ဖတ်နိုင်သည်။

အားနည်းချက်။ Mailing Group ဖြစ်ခြင်းကြောင့် ကိုယ်ပြောတိုင်း သူချက်ချင်း ပြန်ထူးချင်မှ ထူးပါမယ်။

သုံးဘို့ရာ မေးဂရုတစ်ခုဆောက်ရပါမယ်။ ထိုဂရုလိပ်စာဖြင့် မေးပို့ရုံဖြင့် မန်ဘာတိုင်း စာရပါလိမ့်မယ်။

Access level ကို သေချာ ချိန်ပေးရပါမယ်။

Public ဆိုရင် လူတိုင်း ဝင်ဖတ်နိုင်တယ်။ လူတိုင်း မန်ဘာဝင်နိုင်တယ်။ မန်ဘာတိုင်း စာပို့နိုင်တယ်။

Announcement-only ဆိုရင် - လူတိုင်း ဝင်ဖတ်နိုင်တယ်။ လူတိုင်း မန်ဘာဝင်နိုင်တယ်။ မန်နေဂျာတွေပဲ စာပို့နိုင်တယ်။

Restricted - ဆိုရင် - မန်ဘာပဲ ဝင်ဖတ်နိုင်တယ်။ ဖိတ်စာရတဲ့သူမှ မန်ဘာဝင်ခွင့်ရတယ်။ မန်ဘာတိုင်း စာပို့နိုင်တယ်။ ဒီဂရုကို စာရင်းဖျောက်ပီး သူများ ဝင်မရအောင် တိတ်တိတ်ဆောက်ထားလို့ ရတယ်။



တင်ပြချင်တာ...ဒါလေးပါပဲ။

အားသာချက်၊ အားနည်းချက်တွေ လေ့လာပြီး ကိုယ့်စိတ်ကြိုက် ချတ်နိုင်ကြစေဘို့ စာဖွဲ့လိုက်ရပါတယ် ခင်ဗျာ...။