*မသိသေးသူများ အတွက် ရည်ရွယ်ပါတယ်။ သိပီးသူများ ကျော်ဖတ်ပါ ခင်ဗျ။ (မှတ်ချက်။ ဒါ ကျနော် "ရှင် ဘယ်ကလဲ မေးစရာမလိုအောင်.." ဆိုတဲ့ ခေါင်းစဉ်နဲ့ http://groups.google.com/group/real-family-mm/ မှာ ရေးခဲ့တဲ့ ပို့စ်လေးဖြစ်ပါတယ်။)
သူ့ဆီက ဝင်လာတဲ့ အီးမေးနဲ့အတူ သူဘယ်က စာရေးလိုက်သလဲ သိနိုင်ပါတယ်။ ဘယ်လို သိနိုင်မလဲဆိုတော့ ...
ဒီလိုလေးပါ။ သူ့ဆီက စာကို ဖွင့်ဖတ်ပါ။
အောက်ကပုံမှာ ပြထားသလို စာခေါင်းစဉ်က show Details ကို နှိပ်ပါ။
အောက်ကအတိုင်း ပေါ်လာပါမယ်။ GMT+၆နာရီခွဲတဲ့။ ဒါဆို ရန်ကုန်ကပါပဲ။ ငှဲ ငှဲ။ တွေ့လား ဘာမှ မခက်ဘူးနော်...
GMT နဲ့ နိုင်ငံ အသီးသီးရဲ့ ဆက်စပ်ချက် သိပီးသားလို့ ထင်ပါရဲ့...
show details နှိပ်လို့ ပေါ်လာတဲ့ details အထဲမှာ ဒါမပါလာဘူး ဆိုရင်တော့ ဒီ feature ကို GMAIL labs မှာ Enable လုပ်ထားရပါမယ်။ ဂျီးမေးဝင်းဒိုးစ်ကို ဖွင့်ပါ။ Settings ကို ဆက်ဝင်ပါ။ Labs ကို ဆက်ဝင်ပါ။ ရောက်ရင် Sender Time Zone ကို ရှာပီး Enable လုပ်ပေးလိုက်ပါ။ ပီးတော့ Save ပါ။ ဒါဆို အိုကေသွားပါလိမ့်မယ်....
/ဧးသိမ်း/
No comments :
Post a Comment
ကွန်းမန့်လေး ထားခဲ့ပါလား