Wednesday, June 9, 2010

တစ်နှစ်နဲ့ တစ်နှစ် ရာသီခွင် မတူတာ ဘာဖြစ် လို့လဲ ဆိုတော့.

တစ်နှစ်နဲ့ တစ်နှစ် ရာသီခွင် မတူတာ ဘာဖြစ်လို့လဲ ဆိုတော့...

ဧဝံမေသုတံ.လိုက်ဦးမယ်။ အဟမ်း အဟမ်း။

အင်တာနေရှင် စံဖြစ်တဲ့ Gregorian calendar က နေသွားပြက္ခဒိန်နာရီ ဆိုပေမည့် လေးနှစ်မှာ တစ်ရက်စာကျော်ကျော် ကွာနေသေးလို့ ၄နှစ်တစ်ခါ တစ်ရက်ထပ်ပေါင်းပေးရပါတယ်။ အဲ့ဒီ ပြက္ခဒိန်ကိုပဲ အမေရိကန်ကကော ဗမာကပါ အသုံးပြုကြပါတယ်။ (မှတ်ချက်။ ဒီအတိုင်းသာ လေးနှစ် တစ်ရက်ပေါင်းနဲ့ ဆက်သွားနေရင် အေဒီ4092ခုနှစ် ရောက်သော် ဆိုလာ ပြက္ခဒိန် (Solar Calendar) နဲ့ တစ်ရက်တင်းတင်း ကွာဟသွားမယ် ဆိုပါတယ်။)

Zodiac ခေါ်တဲ့ ၁၂ရာသီခွင်ဆိုတာက ကမ္ဘာက နေကို သူ့လမ်းကြောင်းအတိုင်း တပတ်တင်းတင်းပတ်မိတဲ့ကာလ <ဆိုလာ ပြက္ခဒိန် (Solar Calendar)> ကို သက်ဆိုင်ရာ နက္ခတ်တွေညွှန်းပြီး ခွဲခြားထားတာ ဖြစ်ပါတယ်။ ဒီတော့ Gregorian calendar က သူ့ကို တစ်ရက် လိုက်လိုက် ညှိနေရတာကို ၄နှစ်တစ်ခါ ကြုံနေရမှာပါ။

တစ်နှစ်မှာ နေ့တာ၊ ညတာတူတဲ့နေ့ နှစ်နေ့ ရှိပါတယ်။ ထိုနေ့တွေကတော့...

  • Vernal equinox (March equinox) က နွေဘက်မှာ ကျပါတယ် March 20/21 လောက်ပေါ့။

  • Autumnal equinox (September equinox) က ဆောင်းဘက်မှာ ကျပါတယ် September 22/23 လောက်ပေါ့။


၁၂ရာသီခွင်၏ အစဖြစ်တဲ့ Aries ဟာ ထို March equinox တွင် အမြဲ စတင်ပါတယ်။ ထို ရက် ၄နှစ်တစ်ခါ တစ်ရက်စာ အတိုး/အဆုတ် ပြောင်းလဲခြင်းကို လိုက်၍ အခြားရာသီခွင်၏ အဝင်ရက်များပါ တစ်ရက်စာ အတိုး/အဆုတ် ရှိပါတယ်။

အိုက်စိုင်းပြောတဲ့ ရက်က ရာသီခွင် တစ်ခုခု၏ အဝင်ရက် ဖြစ်နေတာမို့လို့ ထိုကဲ့သို့ တစ်ရက်စာ အတိုး/အဆုတ်ပြောင်းလဲနေခြင်း ဖြစ်ပါတယ်။ ဒီလိုရက်မျိုး မွေးတဲ့လူအတွက် နက္ခတ်ဗေဒင် ဖတ်ဖို့ရာ ကိုယ်မွေးတဲ့ရက်က ကိုယ့်မွေးနှစ်မှာ ဘာရာသီခွင် ဖြစ်တယ်ဆိုတာကို မှတ်သားပြီးမှ အဲ့ဒီ ရာသီခွင်အဟောကို ဖတ်တာ ပိုသင့်တော်မယ် ထင်ပါကြောင်း...။

ကိုးကား။
http://en.wikipedia.org/wiki/Zodiac
http://en.wikipedia.org/wiki/Vernal_equinox
http://en.wikipedia.org/wiki/Tropical_year

/ဧးသိမ်း/
I'm a Buddhist.



2010/6/4 *အိုက်စိုင်း* <softwing.sai>
ဒါနဲ့ မေးရဦးမယ် .. ကျွန်တော်က nov 22 မှာမွေးတယ်
အဲဒီနေ့က တစ်နှစ် နဲ့ တစ်နှစ် ရာသီ မတူဘူး
တခါတလေ scorpio ထဲရောက်တယ် တခါတလေ Sagittarius ထဲရောက်တယ် ... အဲတာ ဘာဖြစ်လို့လဲ
သိတဲ့လူရှိကြလား

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား