Wednesday, June 9, 2010

ဂျီမေးမှာ ပုံထည့်ချင်ရင်

ဂျီမေးမှာ ပုံထည့်တာ ဘယ်လို လုပ်ရလဲဆိုတာ အများစုက သိပြီးသားဆိုတော့ အားနာပါရဲ့...သိပြီးရင် ကျော်သာဖတ်ကြပါဗျာ...

နှစ်မျိုးရှိတယ်နော်။
၁) အတက်တွဲတာ Attach a File နဲ့...
၂) စာကိုယ်ထဲမှာ ပုံထည့်တာ။

သမားရိုးကျ အတက်တွဲတာကတော့ လုပ်နေကျ အတိုင်းပါပဲ။ Subject အောက်က Attach a File ကို နှိပ်ပီး တွဲမည့် ပုံ၊ ဖိုင်ကို ရွေးပေးလိုက်ယုံပါ။
စာကိုယ်ထဲမှာ ပုံထည့်ဖို့ကတော့ lab တစ်ခုကို enable လုပ်ပေးဖို့ လိုပါတယ်။ ထုံးစံအတိုင်း settings > Labs ကိုဝင်ပြီး Inserting Images ကို Enable လုပ် Save ပေးရပါမယ်။ အောက်ပုံကို ကိုးကားပါ။



ဒါကို Enable လုပ်ပီးရင် ဂျီမေးစာပို့တဲ့ စာမျက်နှာမှာ အောက်ကလို ပုံလေး ပေါ်လာပါပီ။ မောက်စ်နဲ့ ထောက်ပြထားတဲ့ ဓတ်ပုံအိုင်ကွန်နဲ့ ခလုတ်ခလေးကို နှိပ်ပြီး စာကိုယ်ထဲ ထည့်မည့်ပုံရွေးလို့ နေရာချကာ ထည့်နိုင်ပါပြီ။


ကျနော် တစ်ခု ပြောဖို့ မေ့နေတယ်။ မိတ်ဆွေတို့ drag and drop ဆိုတာ မှတ်မိတယ်ဟုတ်? ကွန်ပျူတာမှာ ဖိုင်တွေ နေရာရွေ့ရင် အလွယ်တကူ မောက်စ်နဲ့ဖိဆွဲပီး လိုရာဖိုဒါထဲ ဆွဲပို့တာကို ပြောတာလေ။ အဲ....ပြောချင်တာက...

ဂျီမေးမှာ ဒါမျိုး လုပ်လို့ ရသဗျ။

၁) အတက်တွဲချင်ရင်... တွဲမဲ့ဖိုင်ကို မောက်စ်နဲ့သာ ဖိဆွဲပီး ပို့မည့်စာပေါ်တင်လိုက်ပါ။ အောက်ကလိုပေါ့။ Drop Files here ဆိုတဲ့ အကွက် အော်တိုပေါ်လာပါမယ်။ အဲ့ဒီအကွက်ထဲ ရောက်အောင် ပို့လိုက်ရင် ရပီ။


၂) ပုံကို စာကိုယ်ထဲ ထဲ့ချင်ရင်...ထဲ့မည့်ပုံကို ရွေး၍ မောက်စ်နှင့်ဖိဆွဲပီး ပို့မည့်စာကိုယ်ပေါ် တင်လိုက်ပါ။ ဒါဆို ဝင်သွားပါပီ။ အောက်က ပုံကို ရှုပါ။ (*မှတ်ချက် စာကိုယ်ထဲ ထည့်ရန် ဤနည်းလမ်းမှာ Google Chrome browser နှင့်သာ လုပ်ဆောင်နိုင်ပါသည်။ Firefox နှင့် မရပါ။)


ဘာမှ မခက်ပါဘူးတာလေကို... ရှင်းပြမိတာ အားနာပါရဲ့... :P
/ဧးသိမ်း/

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား