ခင်ဗျားရင်ထဲမှာကော တေးတစ်ပုဒ်ရှိလား။ ဖွင့်ထုတ်ပစ်လိုက်ချင်တာမျိုးလေ တစ်ခုခုပေါ့။
ဆော့ဝဲဂျိုင်းယန့်ကြီး မိုက်ကရိုဆော့က ဆော့ဝဲတစ်ခုထုတ်လုပ်လိုက်လေရဲ့။
Microsoft Songsmith တဲ့။ ခင်ဗျားရင်ထဲက တေးသွားအတိုင်း သူက လိုက်တီးခတ်ပေးပါ့မယ်တဲ့။
စမ်းကြည့်ပါဦးလား။
ဘာလိုအပ်မလဲဆိုတော့ အသံသွင်းဖို့ မိုက်နဲ့ ပြန်နားထောင်ဖို့ နားကြပ်နဲ့ပေါ့ဗျာ။
ကျနော့်လို ရေချိုးခန်း အဆိုတော်တွေ အကြိုက်ပေါ့။ (အသံဝါ၊ အသံပြာ ပြောချင်သလိုပြော၊ အသံမကောင်းဘူးပေါ့လေ)
ဆိုချင်တာ ဆို..ဘယ်တီးဝိုင်းမှ ငှါးစရာမလိုတော့ဘူး။ ဂီတနှုတ် မကျွမ်းလည်း ရပါတယ်တဲ့။ ဘာကော့နဲ့ ဆိုချင်လည်း ဆိုချင်တာသာ ရွေးလိုက်ပါ။ သီချင်းအလိုက်ကို ခံစားပြီး တေးသွား ရအောင် ဖော်ပေးမယ် ဆိုသဗျ။ ကာရာအိုကေနဲ့ ဘာကွာလဲဆိုတော့ ကာရာအိုကေနဲ့က သူများဆိုထားတဲ့ သီချင်းအဟောင်းကိုပဲ ဆိုလို့ရတယ်။ ဒီဟာက ခင်ဗျားရဲ့ ရေတွင်းဖြစ်ကို လိုက်တီးခတ်ပေးမတဲ့။
လက်တို့လိုက်ပါရဲ့ စိတ်ဝင်စားရင် စမ်းကြည့်လိုက်နော်။ trial ပဲဗျ။ ကရက်လုပ်ထားတာတော့ ရှာကြည့်ရဦးမယ်။
ဒေါင်းလုပ်ဆွဲရန် လင့် http://research.microsoft.com/en-us/um/redmond/projects/songsmith/download.html
နမူနာ တီးပြခြင်းက ဒီမှာ http://research.microsoft.com/en-us/um/redmond/projects/songsmith/videos/StartANewSong.wmv
ဆော့ဝဲကြော်ငြာပေါ့ဗျာ။ အဲ..ကြော်ငြာခတစ်ပြားမှ မရပါ။ :)
/ဧးသိမ်း/
No comments :
Post a Comment
ကွန်းမန့်လေး ထားခဲ့ပါလား