Tuesday, January 26, 2010

ခဏလောက်တော့ အနားယူပါမောင်။

ခဏလောက်တော့ အနားယူပါမောင်။

Google ကတော့ဗျာ။ သူ့တစ်ယောက်တည်းနဲ့ ကမ္ဘာရွာကြီး ဆောက်တော့မဲ့ အတိုင်း။

Google Account တစ်ခုသာ ရှိလို့ကတော့ လိုချင်သမျှ Service အကုန်လုံးလိုလို Free ချည်းပဲနော်။ ဒါနဲ့ပဲ ကျနော့် Personal Data တွေလည်း မိုးတိမ်(Cloud) ထဲရောက် ကမ္ဘာပတ်နေတာ ကြာပီပေါ့ဗျာ။ သူ့ကို(Google) လည်း မေတ္တာပို့နေရတယ်ဗျိုး။ ရန်သူမျိုး ငါးပါးမှ လွတ်ကင်းပါစေလို့။ ဘာလို့လဲဆိုတော့ ရှိ၊ ရှိသမျှ ကိုယ်ရေးကိုယ်တာ အချက် အလက်တွေက အကုန်လုံး သူ့ဆီမှာ ရောက်နေတာလေ။ ဟော ကြည့်။ Google Chrome, Gmail, GTalk, Gmail Notifier, Picisa, Blogspot, Sketchup, Google Reader, Google Group...တဲ့ အစုံစုံသော ဆားဗစ်တွေ... ရေးပြလို့ ပီးမှာ မဟုတ်ဘူး။

လူတွေလည်း စွဲကုန်ကြပီ။ မိုးလင်း၊ မိုးချုပ် ကွန်ပျူတာရှေ့ ရောက်ပီလား ဆိုမှဖြင့် Google အကောင့် တစ်ခုခုထဲကိုဝင်၊ ဂျီမေးလ် ပေ့ခ်ျလေးဖွင့် စာဖတ်လိုက်၊ Reader လေးဖွင့်ပြီး သူများ ဘလော့တွေ surf လုပ်လိုက်၊ ကိုယ့် ဘလော့လေး မွှမ်းလိုက်နဲ့ အချိန် ကုန်လို့ ကုန်မှန်းတောင် မသိတဲ့ နေ့တွေ ရှိလာပီဗျ။ ဦး Google ကြီးကလဲ ဒါကို သတိထားမိလာတယ်နဲ့ တူတယ်။ အင်း...လူတွေ၊ လူတွေ၊ င့ါကြောင့် အစားပျက်၊ အအိပ်ပျက်၊ အသောက်ပျက် (ချွင်းချက်ရှိ၏) တွေ ဖြစ်ကုန်ကြပီ။ ငါမှ တစ်ခုခုမလုပ်ရင် မဖြစ်ချေဘူးလို့ ယူဆမိလာပါတယ်။

ဒါနဲ့ပဲ GMAIL Serivce ဂျီမေးလ် ဝန်ဆောင်မှုကို ပိတ်ပစ်လိုက်ပါရောတဲ့။ ဟိုက်...ရှာလပတ်ရည်။ လန့်သွားလား။ ဒီလိုဆို ဘယ့်နှယ် လုပ်ကြမတုံး။ မလန့်သေးပါနဲ့ဦး။ အရင် ကိုယ့်ဒေတာလေးတွေ ကလောက်ထဲက ပြန်ယူပါရစေဦး။ အဟား၊ ဟား။ ဒီသတင်းသာ တကယ်ဆိုရတော့ Hard-Disk ဟာ့ဒစ်တွေ ချက်ချင်း ဈေးတက်ကုန်မှာ သေချာတယ်နော်။

ဂျီမေးလ် ဝန်ဆောင်မှုကို ပိတ်မှာကတော့ တကယ်ပါ။ ဘယ်သူ့တွေကိုလဲ ဆိုတော့ ဆန္ဒပြုသူတွေကိုပါ။ ဘယ်လောက်ကြာအောင် ပိတ်မှာလဲ။ အချိန် အကန့်အသတ်ရှိပါတယ်။ တစ်ခါပိတ် ၁၅မိနစ်ပါ။ ဘယ်သူတွေ ဆန္ဒပြုသင့်သလဲဆိုတော့.. အထက်မှာ ဖော်ပြခဲ့သလို မိုးလင်း၊ မိုးချုပ် ဂျီမေးလ်စွဲပြီး မော်နီတာကို ပြူးပြဲကြည့်နေတဲ့ ခင်ဗျားလို လူကိုပေါ့ဗျာ။ အဲဒီ ၁၅မိနစ်အတွင်းမှာ ဂျီမေးလ် သုံးလို့ ရမလား? လုံးဝမရပါဘူး။ ဒါဆို ဘာလုပ်နေရမလဲ။

Google က အကြံပေးထားတာရှိပါတယ်။ အဲဒီအချိန်အတွင်းမှာ...
၁) လမ်းလေး၊ ဘာလေးလျောက်ပါ။
၂) လက်တွေ့ကျတဲ့ အလုပ်လေးတွေ တစ်ခုခု ပြီးအောင် လုပ်ပါ။
၃) မုန့်လေး၊ ဘာလေးစားပါ။
၎) သင့်မှာ အချိန် ၁၅မိနစ်ရပါတယ်။..တဲ့ (အချိန်ကို ၁၅မိနစ်ကနေ နောက်ပြန်ရေတွက်ပြသွားပါတယ်။)


ကဲ။ မကောင်းဘူးလားဗျိုး။ ဘုရင့်နောင် ဖောင်ဖျက်ပဲ။ အဲဒီ ၁၅မိနစ်အတွင်း ဂျီမေးလ်ကို ဥပေက္ခာပြုပြီး၊ တခြား အကျိုးရှိမဲ့ ဟာ တစ်ခုခုသာ လုပ်ပေရော့ပဲ။ ဘုရားစာလေး ဘာလေးရွတ်လို့လည်း ရတယ်နော်။ ပြောမဲ့သာပြောရတယ်။ ဒီမှာက မီးလာတဲ့ အချိန်လေး လု ချတ်နေရာတာဆိုတော့.. အချိန်အားဆိုတာ ရှိပီးသားပဲကိုးဗျ နော်း။

ကဲ..ဒီ Feature ကို စိတ်ဝင်စားသူများ အတွက်...။ ချိန်ရမဲ့ စက်တင်းနေရာက settings >>gmail labs>>email addict ပါ။ အောက်ပုံကို ရှုပါ။


ပုံပြပါအတိုင်း Email Addict ကို Enable လုပ်၊ Save ပြီး Settings က ထွက်လိုက်ရင် ဂျီမေးလ် ပေ့ခ်ျရဲ့ အပေါ်ဆုံးညာဘက်ဒေါင့်စွန်မှာ အောက်ပါအတိုင်း ပေါ်လာပါမယ်။ youraddress@gmail.com | Take a break | | Settings | Help | Sign out

ကိုယ် half-time အနားယူလိုတဲ့ အချိန်မှာ ထို Take a break လင့်ကို နှိပ်ပြီး ၁၅မိနစ် ယတိပြတ် ဂျီမေးလ်နဲ့ အဆက်ဖြတ်ထားနိုင်ပါတယ်ဆိုတာ ဖော်ပြအပ်ပါတယ်။

AT

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား