ကျနော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်.. ကျနော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ...
အဟဲ..နည်းနည်း ဟဲကြည့်တာ ဘာမှ မဟုတ်ဘူး။ ဆူညံသံအကြောင်း ပြောချင်လို့...
ပတ်ဝန်းကျင်က လာတဲ့အသံဗျာ.. ကိုယ့်နဲ့ မပတ်သက်တဲ့ အသံဆို နားကလောတယ်။ ကျယ်လောင်တယ်။ နားငြီးတယ်လို့ ခံစားမိကြတယ်။ ပတ်ဝန်းကျင်က လာတဲ့ ဆူညံသံပေါ့။
ကိုယ်နဲ့ ပတ်သက်တဲ့ အသံဗျာ..နားစည်ထဲ ဝုန်းဒိုင်းကျဲနေပစေ ဆူညံတယ်လို့ မထင်ရဘူး။ ဘာလို့လဲမေးရင်.. ကိုယ်နဲ့ဆိုင်တဲ့ အသံကိုးဗျ...။
ဒီတော့ ပတ်ဝန်းကျင်ကဆူညံသံကို မကြားချင်ဘူးဗျာ။ ဘယ်လို လုပ်မလဲ။ နားပိတ်ထားလိုက်ပေါ့။ မပိတ်ချင် ပြောင်းပြေးပေါ့။ ကိုယ်နဲ့ဆိုင်တဲ့ အသံပဲ ကြားချင်တယ်ဗျာ။ ဘယ်လို လုပ်မလဲ။ နားစွင့် ထားလိုက်ပေါ့။
ကိုယ်က ပြောင်းပြေးလို့ မရတဲ့ ပတ်ဝန်းကျင်ကို ရောက်နေတယ်။ ဆူလည်းဆူညံတယ် ဆိုပါစို့။ တီဗွီ၊အောက်စက်မှာ အသံကို ပိတ် MUTE လုပ်ထားသလို ကိုယ်နဲ့မဆိုင်တဲ့ အသံတွေကို Mute လုပ်ထားချင်တယ်။ ပတ်ဝန်းကျင်က အသံပေမည့် ကိုယ်နဲ့ဆိုင်တဲ့ အသံကိုတော့ ကြားချင်ပြန်တယ်။ ဥပမာ။ ဘေးအိမ်က ရန်ဖြစ်သံ၊ လမ်းဘေး လ္ဘက်ရည်ဆိုင်က နေ့နေ့ညည ဖွင့်ထားတဲ့ ကက်ဆက်သံတွေ မကြားချင်ဘူး။ ဒါပေသိ ကိုယ်နဲ့ဆိုင်တဲ့ အသံ ဥပမာ အိမ်ရှေ့က ဒါနဆန်များမေတ္တာရပ်ပါတယ် ဆိုရင်တော့ ကြားမှ ဖြစ်မယ်။ ဘယ်လို လုပ်မလဲ။ အသံတွေကို အရင်ဆုံး တစ်ခါတော့ နားထောင်ရမဗျ။ နားထောင်ပြီးရင် အဲ့ဒီ အသံကို သရုပ်ခွဲမယ်။ ဆူညံသံဆို မြူ့ လုပ်ပစ်ဗျာ။ ကိုယ်နဲ့ဆိုင်တဲ့အသံဆို အသံထွက်စေဗျာ။ ဟုတ်ပီနော်။ ကျနော်တို့ လက်ရှိ ခေတ်ပေါ်နည်းပညာနဲ့ လက်တွေ့ ဘဝမှာတော့ ဒါမျိုး လုပ်လို့ မရနိုင်သေးပါဘူး။
[gallery include="132,131,128"]
ဆိုင်ဘာ ဘဝထဲက ဂျီမေးမှာတော့ ဒါ လုပ်လို့ ရနေပီဗျ။ အခုဆွေးနွေးချင်တာက GMAIL ရဲ့ Mute နဲ့ ပတ်သက်တာကိုပါ။
အပေါ်က စာကို သေချာ ဖတ်လာခဲ့ရင် ဆက်ပြောပြတာကို နားရှင်းသွားပါလိမ့်မယ်။
Mailing List တစ်ခုခုမှ လာသောမေး (ဥပမာ မေးဂရုစသည် တစ်ခုခုမှ ဖော်ဝပ်မေးများ)
= ပတ်ဝန်းကျင်က လာတဲ့ ဆူညံသံ
ကိုယ့်လိပ်စာဆီ ပို့လာသော တိုက်ရိုက်မေး
= ကိုယ်နဲ့ဆိုင်တဲ့ အသံ
ကိုယ် မန်ဘာဝင်ထားသော မေးဂရု
= တခြားပြောင်းမပြေးချင်သော ကိုယ့်ပတ်ဝန်းကျင်
ဆက်ပြောလို့ ရမလားဗျို့။
Mailing List တစ်ခုခုမှ လာသောမေးများထဲမှာ တချို့စာတွေက ကိုယ်နဲ့ လုံးဝမဆိုင်ဘူး။ ဒီအကြောင်းအရာ (Thread) ကို ဖတ်လည်း မဖတ်ချင်ဘူး။ မဖတ်ပေမယ့် ဒီမေးတွေ မေးဘောက်စ်ထဲ ဝင်နေမှာ။ မန်ဘာအဖြစ်ကလည်း နှုတ်မထွက်ချင်ဘူးလေ။ ဒါ ကိုယ့်ပတ်ဝန်းကျင်ဖြစ်နေတယ်။ တခြားကို လုံးဝ ပြောင်းမပြေးနိုင်ဘူး။ ဒီလိုပဲ ကိုယ့်ပတ်ဝန်းကျင်ထဲမှာပဲ ကိုယ့်လိပ်စာဆီ ပို့လာသော တိုက်ရိုက်မေးကိုကျတော့ လက်ခံချင်တယ်။ မခံလို့ မဖြစ်ဘူး။ အင်ဖော်မေးရှင်းတွေ အောက်ကုန်မယ်။ ဒါဆို ဘယ်လို လုပ်မလဲ။
နည်းလမ်းရှိပါတယ်။ ကိုယ့် ဂျီမေးရဲ့ Mute ကို သုံးရပါမယ်။ Mute ဟာ မေးဂရုစသည် တစ်ခုခုမှ ဖော်ဝပ်လုပ်လာသော၊ ကိုယ့်ဆီ တိုက်ရိုက် လိပ်မမူထားသောအီးမေးတွေမှာ သုံးစွဲလို့ ရပါတယ်။
ဖော်ဝပ်မေးများ၏ Thread ကို ကြည့်လိုက်ပါ။ ထို Thread ဟာ ကိုယ်စိတ်မဝင်စားသော (ကိုယ့်အတွက် ဆူညံသံဟု မှတ်ယူသော) ဖော်ဝပ်မေးဖြစ်ပါက ၎င်း မေးကို ဖွင့်၍ More Actions ထဲမှ Mute ကို ရွေးပေးလိုက်ပါ။
ဒါဆို ထို Thread နဲ့ဆက်စပ်တဲ့ နောက်ထပ်မေးတွေ ကိုယ် မမြင်ရတော့ပါဘူး။ ကိုယ့်ဆီ တိုက်ရိုက်ပို့မလာမချင်း ပေါ့ဗျာ။ Mute ၏ shortcut key က m ဖြစ်ပါတယ်။ ဂျီမေး၏ settings ထဲမှာ ကီးဘုတ်ရှော့ကပ်တွေ on ထားမှသာ shortcut key ကို သုံးလို့ ရမှာပါ။
ချွင်းချက်က မိမိ၏ INBOX ထဲက အီမေးများကိုသာ Mute လုပ်နိုင်ပါတယ်။ Filter ခံပီး label နှင့် ခွဲသိမ်းထားသော (INBOX ထဲတွင် ရှိမနေတော့သော) မေးများ၏ Thread ကို Mute မလုပ်နိုင်ပါဘူး။
ထိုကဲ့သို့ Mute လုပ်လိုက်သော မေးများဟာ မပျောက်ဆုံးသွားပါဘူး။ ပြန်ဖော်ယူလိုပါက ဂျီမေး၏ search box တွင် is:muted ဟုရိုက်၍ ပြန်ရှာနိုင်ပါတယ်။
ဒီအကြောင်းတင်ပြလို့ အွန်လိုင်းယူဇာတိုင်းအတွက် အသုံးတည့်မယ်လို့တော့ ကျနော် မထင်မြင်ထားပါဘူး။ ဗဟုသုတ တခုအနေနဲ့ သိထားရအောင်ပါပဲဗျာ...။
/ဧးသိမ်း/
No comments :
Post a Comment
ကွန်းမန့်လေး ထားခဲ့ပါလား