Wednesday, June 9, 2010

GMAIL မှာ တစ်ခါ ရိုက်ထားရင် နောင် ထပ်ရိုက် စရာ မလိုပဲ အီးမေးပို့တိုင်း ထဲ့ပို့လို့ ရတဲ့ စာစုလေးတွေ အများကြီး သိမ်းထားချင်တယ် ဆိုရင်…

တစ်ခါ ရိုက်ထားရင် နောင် ထပ်ရိုက်စရာ မလိုပဲ
အီးမေးပို့တိုင်း ထဲ့ပို့လို့ ရတဲ့ စာစုလေးတွေ
အများကြီး သိမ်းထားချင်တယ် ဆိုရင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


GMAIL မှာ ပါတဲ့ Canned responses ဆိုတဲ့ feature လေးတစ်ခုအကြောင်း ပြောကြရအောင်။

မိတ်ဆွေ...သတိပြုမိပါသလား။ ဂျီမေးမှာ သင် အီးမေးပို့ဖို့ စာပြင်ဆင်နေရင် Subject line အောက်မှာ Canned responses ဆိုတဲ့အရာ (ခလုတ်) တစ်ခု ပေါ်နေပါတယ်။ အောက်ကပုံလို အရာလေး တစ်ခုပါ။ မြင်ရပါတယ်နော်။ (မမြင်ရလျင် အဲ့ဒီ feature ကို သင် OFF ထားလို့ ဖြစ်ပါတယ်။ Settings > labs စာမျက်နှာက Canned responses ကို enable လုပ်ကြည့်ပါ။)


Canned responses = သူက ဘာနဲ့ တူလဲဆိုတော့ ဂျီမေးက Signature နဲ့ ဆင်ပါတယ်။ Signature ဆိုတာ တစ်ခါ ရိုက်ထားရင် နောင် ထပ်ရိုက်စရာ မလိုပဲ အီးမေးပို့တိုင်း ထဲ့ပို့လို့ ရတဲ့ စာစုလေးပါ။ Signatureမှာ အကန့်အသတ် နည်းနည်းရှိပါတယ်။ စာအများကြီး မဆန့်ပါဘူး။ ပီးတော့ တစ်မျိုးတည်းပဲ သတ်မှတ်ထားလို့ ရပါတယ်။ ဒီတော့ မိတ်ဆွေအနေနဲ့ တစ်ခါ ရိုက်ထားရင် နောင် ထပ်ရိုက်စရာ မလိုပဲ အီးမေးပို့တိုင်း ထဲ့ပို့လို့ ရတဲ့ စာစုလေးတွေ အများကြီး သိမ်းထားချင်တယ် ဆိုရင် ဒီ Canned responsesကို အားကိုးရပါမယ်။

နမူနာ အနေနဲ့ ကျနော် Canned responsesတစ်ခု ဆောက်ပီး သိမ်းပြပါရစေ။ ပြီးတော့ အဲ့ဒီ သိမ်းထားတဲ့ Canned responsesကို ပြန်သုံးပြပါရစေ။

ဝ) Canned responsesတစ်ခု အဖြစ်သိမ်းမည့် စာစုလေးတစ်ခု တွေ့ပါတယ်။ ဒါကတော့ အောက်ပါစာသားလေးပါ။ ထိုစာသားလေးကို select မှတ်ပီး မောက်စ်ထဲ ကော်ပီကူးထားလိုက်ပါ။ Ctrl+C ပေါ့ဗျာ။

---{ဧးသိမ်း}---
The religion of the future will be a cosmic religion. It should transcend personal God and avoid dogma and theology. Covering both the natural and the spiritual, it should be based on a religious sense arising from the experience of all things natural and spiritual as a meaningful unity. Buddhism answers this description. If there is any religion that could cope with modern scientific needs it would be Buddhism. (Albert Einstein)
---{}---

၁) Compose Mail ကို နှိပ်၍ အီးမေးအသစ်တစ်စောင် ဖန်တီးပါ။ ခုနက select မှတ်ထားသော စာစုလေးကို paste လုပ်ပါ။ ပြီးတော့ ပြန် select မှတ်ထားပါ။ ၎င်းစာမျက်နှာပေါ်ရှိ Canned responses ခလုတ်ကို နှိပ်ပါ။


၂) အောက်ကပုံမှာ ပြထားသလို Canned Responses စာရင်း ကျလာပါမယ်။ အခု ကျနော် လုပ်မှာက Select မှတ်ထားတဲ့ စာစုကို Canned Responses အဖြစ် သိမ်းမှာလေ။ ဒီတော့ New Canned Responses အသစ်တစ်ခု အဖြစ် သိမ်းဆည်းဖို့ Save အုပ်စုထဲက New Canned Responsesကို ရွေးနှိပ်လိုက်ပါတယ်။ ဒီလိုရွေးနှိပ်လိုက်ခြင်းအားဖြင့် ကျနော် select မှတ်ထားတဲ့ စာစုကို New Canned Responses အသစ်တစ်ခု အဖြစ် သိမ်းဆည်းဖို့ အခွင့်အရေး ရပါပီ။


၃) အောက်ကပုံမှာ ပြထားသလိုပါပဲ။ ဘာနာမည်နဲ့ သိမ်းမလဲ မေးလာပါတယ်။ ကျနော်က "အိုင်စတိုင်း၏ဗုဒ္ဓဘာသာအပေါ်အယူအဆ-၁" ဆိုတဲ့ နာမည်နဲ့ အိုကေ ပေးလိုက်ပါတယ်။ ဒါဆို ခုနက စာစုကို Canned Responsesအဖြစ် သိမ်းဆည်းလိုက်ပါပီ။ ဖွင့်လက်စ အီးမေးအလွတ်ကို မလိုအပ်လျင် discard လုပ်လိုက်ပါ။ ထိုနည်းအတိုင်း Canned Responsesတော်တော်များများ သိမ်းဆည်းနိုင်ပါတယ်။ စာရိုက်ရ သက်သာတာပေါ့ဗျာ။


၎) ခုနက သိမ်းထားတဲ့ Canned Responsesကို ပြန်ခေါ်သုံးကြည့်ကြရအောင်။ မေးတစ်ခုခု အသစ်ဖြစ်ဖြစ်၊ ရီပလိုင်းဖြစ်ဖြစ်၊ ဖော်ဝပ်ဖြစ်ဖြစ် ဖွင့်လိုက်ပါ။ ပွင့်လာရင် Canned Responses ခလုတ်ကို နှိပ်ကြည့်ပါ။


၅) စာကိုယ်ထဲကို Canned response ထဲ့ဖို့ Insert အုပ်စုအောက်က တစ်ခုခုကို ရွေးပါ။ အောက်ကပုံမှာ ခုနက ကျနော်သိမ်းလိုက်တဲ့ Canned Response "အိုင်စတိုင်း၏ဗုဒ္ဓဘာသာအပေါ်အယူအဆ-၁" ရောက်နေတာ မြင်ရပါမယ်။ ကျနော်က ဒါကို ရွေးပီးနှိပ်လိုက်ပါတယ်။


၆) ရွေးလိုက်တဲ့ Canned Response "အိုင်စတိုင်း၏ဗုဒ္ဓဘာသာအပေါ်အယူအဆ-၁" ဟာ စာကိုယ်ထဲ အော်တိုငုတ်တုတ် ရောက်သွားတာ မြင်ရပါမယ်။

အောက်ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ။ တကယ့်ကို အသုံးကျတဲ့ feature တစ်ခုပါပဲ။ မိတ်ဆွေအတွက်လည်း အသုံးတည့်လိမ့်မယ် ထင်ပါတယ်။


/ဧးသိမ်း/

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား