Tuesday, January 5, 2010

လူတစ်ယောက်ဟာ လူငယ်ဘဝကို ဘယ်လို ဖြတ်သန်း သင့်တယ်ဆိုတာ ကိုယ့် career ကို ရွေးချယ်မှုပေါ် မူ တည်တယ် ဆိုရင်ကော..

သွန်သင်ဆုံးမ ဩဝါဒပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဒါပေမယ့် ဆရာ...။

လူတစ်ယောက်ဟာ လူငယ်ဘဝကို ဘယ်လို ဖြတ်သန်းသင့်တယ်ဆိုတာ ကိုယ့် career ကို ရွေးချယ်မှုပေါ် မူတည်တယ် ဆိုရင်ကော ဆရာ။ ပြောရရင် တိုင်းတဲ့ Measurement System စံပေတံပေါ့ဆရာ။

ဥပမာအားဖြင့်။ ကဗျာဆရာ၊ စာရေးဆရာ ဖြစ်လိုတဲ့ ရည်မှန်းချက်ရှိတဲ့ လူငယ်တစ်ယောက်က ဆယ်ကျော်သက်အရွယ်မှာ ကလောင်သွေးနေတာ၊ ကိုယ့်အသိုင်းအဝိုင်းကို ကိုယ်ရေးတဲ့ စာ၊ကဗျာလေးတွေ ပြပြီး ပြန်လာတဲ့ ပဲ့တင်သံကို မျှော်လင့်တကြီး စောင့်စားနေမည့် အချိန်မှာ တခြားစံပေတံတစ်ခုနဲ့ အတိုင်းခံရပီး စံမမှီဘူးလို့ အပြောသာခံလိုက်ရရင်.....။

(မေ့တော့မေ့ကုန်ပါပီ။) အရူးထတယ်လို့ပဲပြောပြော။ ကျနော်ငယ်ငယ်က နေခြည်လာမှနွေးသောကြောင့် ရတုတို့ တစ်ပိုဒ်လိုနေတဲ့ အိုင်ချင်းတို့ကို အားကျပြီး အနုအရွ ကဗျာလေးတွေ လျောက်ဖွဲ့မိပါတယ်။ အင်တာနက် ခေတ်မဟုတ်တော့ ပြစရာဆိုလို့ အနီးကလူတွေပဲရှိတာလေ။ အဖေက သွားတွေ့တော့ အမေ့ကို မေးနေတာ ကြားတယ်။ မင့်သား ရည်းစားများရနေသလား မသိဘူးတဲ့။ အမေက သေသေချာချာဖတ်ပေးတယ်။ ပြီးတော့ ငါ့သားက ဘယ်ဆိုးလို့လဲတဲ့။ ဒီနေ့အထိ မမေ့ပါဘူး။ (တကယ်တော့ အဖေ၊အမေက ဖတ်မိရင် ဘာထင်မြင်ချက် ပေးမလဲ သိချင်နေလို့ တမင်မြင်အောင် ထားထားတာပါ။ ဒီခေတ်လူငယ်များက ပို အားသာချက်ရှိပါတယ်။ အင်တာနက် သုံးပြီး တယ်ဂျင်းတွေကို ပြလို့ရတာလေးပါ။)

အဖေတိုင်းတဲ့ စံပေတံနဲ့ အမေ့ စံပေတံနဲ့ မတူပါဘူး။ ဒါ့ကြောင့် ပြောချင်တာက စံပေတံ တစ်ခုတည်းနဲ့ လူငယ်အများကို လိုက်တိုင်းမယ်ဆိုရင်....မှားကောင်းမှားနေမလားလို့ပါ...။

လွန်တာရှိရင် ဝန္တာမိပါနော်။

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား