Thursday, January 14, 2010

နာရူတို ဘယ်လို ဇတ်သိမ်းမလဲ?

နာရူတို ဘယ်လို ဇတ်သိမ်းမလဲ?

"NARUTO" Do you think the ending like?

အခုဆို နာရူတို ရှစ်ပုဒန်းလဲ အပိုင်း(၁၄၂) ကို ရောက်နေပါပီ။

ဆရာကြီး အဲရိုစန်းနင်းလည်း တေတွားပီ။ (အဟင့်၊ ရွှ...တ်၊ ဖ....တ်။)
နာရူတို (၆) ဆက်မြောက် ရွာသူကြီး (လိုခုဒိုင်းမဲး ဟိုခါ့ဂဲး) မဖြစ်နိုင်တော့တာလည်း ကြားနေရပီ။

နာရူတို ဘယ်လိုဇတ်သိမ်းမလဲ? သိချင်ကြပီပေါ့။

အားလုံး ကိုယ့်ရင်တွင်းဖြစ် နာရူတို ဇတ်သိမ်းပိုင်းလေးတွေ ဝေမျှခံစားကြည့်ကြပါစို့လား။

နာရူတို (၇) ဆက်မြောက် ရွာသူကြီးဖြစ်နိုင်မလား? သူ အခုမှ အဆင့်အနိမ့်ဆုံး နင်းဂျာ (ဂဲးနင်း လယ်ဗယ်) အဖြစ်ပဲ ရှိနေဆဲ...။ သူ့ရှေ့က စီနီယာတွေကို ဘယ်လို ကျော်ရပါ့မလဲ...။ မဖြစ်နိုင်သေးဘူး ထင်တယ်နော်။

အခုခေတ် ဂျပန်ရုပ်ရှင်တွေက အလွမ်းအဆွေးနဲ့ ဇတ်သိမ်းကြတာ များတယ် ကြားရတယ်။ ကိုနိုဟရွာကို ကာကွယ်တဲ့ တိုက်ပွဲ တစ်ခုမှာ တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးသွားမလား။ ဖြစ်နိုင်တယ်နော်။ စန်းဒိုင်းမဲး ဟိုခါ့ဂဲး လိုပေါ့။ အာဇုမာ့ စန်းဆေးတို့ အဲရိုစန်းနင်းတို့လိုပေါ့။ ဆွေးစရာ ကောင်းအောင် ရိုက်ပြနိုင်တာ တော်ကြပါတယ်ဗျာ။

နောက်ဆုံးဇတ်သိမ်းလေးကိုတော့ အပျော်နဲ့ ဇတ်သိမ်းစေချင်လိုက်တာ။ ကျွန်တော်မွှေလို့ရသမျှထဲက အကောင်းဆုံးလို့ ခံစားရတဲ့ ဇတ်သိမ်းပိုင်းလေးကို မိတ်ဆွေတို့နဲ့ မျှဝေခံစားချင်ပါတယ်။ ဒီလိုလေးပါ။

ဇတ်လမ်းအဖွင့် မြင်ကွင်း။ နောင်နှစ်ပေါင် အတန်ကြာရှိ ကိုနိုဟရွာကလေး၏ အခမ်းအနားတစ်ခု။

နာရူတိုက (အရွယ်ရောက်နေသော) ကိုနိုဟမာရုကို ရွာသူကြီး(ဟိုခါ့ဂဲး) မြှောက်နေပုံ...။

ကိုနိုဟမာရုမှာ ပီဘိ ကလေးငယ်တစ်ယောက်အလား ဝမ်းမြောက်၊ ခုန်ပေါက်လျက် အပြင်သို့ ထွက်ပြေးသွား...။

ထိုမြင်ကွင်းကို ကြည့်လျက် နာရူတိုနှင့် သူ၏နံဘေးတွင် ရပ်နေသော ဆာ့ကူရာတို့ တပြိုင်နက် ပြုံးမိကြ...။

မြင်ကွင်းမှ ကိုနိုဟမာရု ပျောက်ကွယ်သွားသော်...နာရူတို လေကောင်းလေသန့် ရှူရန် အပြင်သို့ ထွက်လာ...။

တောင်နံရံတွင် ထွင်းထုထားသော ခေတ်အဆက်ဆက် ရွာသူကြီး (ဟိုခါ့ဂဲး)များ၏ ရုပ်ထုများ..အစဉ်လိုက်...နာရူတို ငေးမေားကြည့်နေ...။

ပထမ ဟိုခါ့ဂဲး၏ ရုပ်ထု။

ဒုတိယ ဟိုခါ့ဂဲး၏ ရုပ်ထု။

တတိယ ဟိုခါ့ဂဲး၏ ရုပ်ထု။

အဖေ့၏ ရုပ်ထု။

ဘွားဘွား ဆူနာဒဲး၏ ရုပ်ထု။

ဒန်းဇိုး၏ ရုပ်ထု။

ပြီးတော့......မိမိ၏ ရုပ်ထု။

နံဘေးသို့ ရောက်လာသော ဆာ့ကူရာ...။

ဆာ့ကူရာ။ ။ "နာရူတို ဘာဖြစ်လို့လဲ?"

နာရူတို။ ။ "အမ်... အော်...ဆာ့ကူရာ။ ဘာမှမဖြစ်ပါဘူး။"

ဆာ့ကူရာ။ ။ "နာရူတို..."

နာရူတို။ ။ "ဘာလဲ?"

ဆာ့ကူရာ။ ။ "ကျေးဇူးပါ။ အမြဲ ဂုဏ်ယူလျက်ပါနော်။"

ပြီးပါပြီ စာတန်း ထိုးစေ။

ဒီနေရာလေးမှ ရယူထားသော စာသားများကို ခေတ်နှင့်လျော်ညီအောင် ခံစားတင်ပြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Tags: End, Ending, Naruto, The, ဇတ်သိမ်း, နာရူတို

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား