Friday, January 1, 2010

Google မှာမြန်မာစာဖြင့်ရှာကြသူများအတွက် Google SafeSearch

တလောက ဖိုရမ်တစ်ခုမှာ ရေးထားတာဖတ်လိုက်ရပါတယ်။ (ဖိုရမ်းအမည်တော့ မမှတ်မိတော့ပါ။) အင်တာနက်သင်ပေးတဲ့ ဆရာတစ်ဦးရဲ့ ဖြစ်အင်ပါ။ ဂူးဂဲလ်မှာဘယ်လိုရှာရတယ်ဆိုတာကို နမူနာအနေနဲ့ ရှာပြရာမှာ Search Box မှာ သဝေထိုး (ေ) ရိုက်ပြီး ရှာပြမိပါတယ်တဲ့။

အများသိပြီးထင်ပါတယ်။ ထွက်လာတဲ့ Search Result ကတော့ မောင်နဲ့နှမ၊ သားနဲ့အမိ ကြည့်မတော်တဲ့ မြန်မာဘာသာ ညစ်ညမ်း Webpages များပဲဖြစ်ပါတယ်။ (မိတ်ဆွေ စမ်းကြည့်နိုင်ပါတယ်။)

အမှန်က ဂူးဂဲလ်ရဲ့ SafeSearch ကို ဖွင့်(ON)ထားရင် ဒီလို Search Result မျိုး လုံးဝ မပေါ်သင့်ပါဘူး။ ဂူးဂဲလ်သည် Web Pages တွေကို အဆင့်အတန်းခွဲရာမှာ -
#၁) ၎င်းWeb Site Admin ရဲ့ Page Rank
#၂) Web Page ပေါ်မှ ပုံများ
#၃) Web Page ပေါ်မှာ စာသားများ ကို ကြည့်ပြီး ညစ်ညမ်း Web Page လား၊ ဘားလား ခွဲခြားတာ ဖြစ်ပါတယ်။
ပြီးမှ Search ရှာတဲ့သူ၏ စက်ရှိ SafeSearch Filtering ကို ဆန်းစစ်ပြီး Search Resultကို ထုတ်ပေးတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် တခြားဘာသာတော်တော်များများမှာ အောက်ပါ SafeSearch Filtering ကို ချိန်ထားရုံနဲ့ ညစ်ညမ်းစာမျက်နှာများ ရှာပေးမှု့ကို ကာကွယ်ပေးပီးသားပါ။

1_Setting.gif

ကျွှန်တော်တို့ ယူနီကုတ် မြန်မာစာကျတော့ ဂူးဂဲလ်ကြီးက ဖတ်ပီးမသိနိုင်သေးဖူးလေ။ ဒါကြောင့် #၁) နဲ့ #၂) ကာကွယ်မှုတွေကနေ လွတ်ပီး ညစ်ညမ်းပုံမပါသော်လည်း ညစ်ညမ်းစာသားအတိပီးသော စာမျက်နှာများကို ရှာထုတ်ပေးလိုက်တာပါ။

အခုအခါမှာ အိုင်တီခေတ်ဖြစ်လာသောကြောင့် အရွယ်မရောက်သေးသူ မြန်မာများလည်း အင်တာနက်သုံးစွဲနေကြပါပီ။ ထိုလူငယ် (မိမိတို့၏ သားသ္မီးငယ်) များ မမြင်သင့်တာ မမြင်ရလေအောင် လုပ်ရမည့်တာဝန်မှာ ကျွန်တော်တို့ လူကြီးတွေ၏ အမျိုးသားရေးတာဝန် စင်စစ်ဖြစ်ပါသည်။

ဘယ်လိုကာကွယ်ကြမှာလဲ?
ဂူးဂဲလ်ကို ဘယ် Page တွေက ညစ်ညမ်းစာတွေ ဖြစ်ပါကြောင်း အသိပေးရန် ဖြစ်ပါသည်။
ဤလင့်ခ် လေးကို မှတ်သားထားကြပါခင်ဗျာ။ https://www.google.com/webmasters/tools/removals ဖြစ်ပါတယ်။ ၎င်းသို့ ဝင်လိုက်လျှင်အောက်ပါ Page ပေါ်လာပါမည်။ မိမိ၏ account / password ဖြင့် ဆက်ဝင်ပါ။

2_EnterWebMaster.gif

အောက်ပါ Page ဆက်ပေါ်ပါမည်။ "Inappropriate webpage or image that appears in our SafeSearch filtered results." ကိုရွေး၍Next ကိုနှိပ်ပါ။



အောက်ပါ Page ဆက်ပေါ်ပါမည်။ "Google Web Search results"ကိုရွေးပါ။
"Webpage or image URL:" တွင် သင်တွေ့ရှိသော မြန်မာညစ်ညမ်းစာမျက်နှာကို ရွေးပါ။
ဥပမာ။ http://www.mysuboo.com/index.php?option=com_blog&name=yinkhwin&......

(မှတ်ချက်။ Don't enter above link unless you are an adult. It is +18 but Google SafeSearch don't know it yet.)

"Term(s) you entered to find these URL(s):"တွင် သင်ရှာကြည့်သော စာလုံးကိုရေးပါ။
ဥပမာ၊ သဝေထိုး (ခ)

4_AddAddress.gif

သင့် request ကို Google က လက်ခံ၍ အနှေးနှင့်အမြန် action ယူပါလိမ္မည့်။

5_submitted.gif

အမြင်မတော်သော မြန်မာ Web Pages များ တွေ့ပါက ပစ်မထားပဲ ဝိုင်းဝန်း ကူညီကြပါခင်ဗျား။
ကျွန်တော် ပေးထားသော လင့်ခ် ကို Internet Explorer/ Browser ၏ Bookmark ထဲ ထဲ့ထားလျှင် နောင်ဝင်ရလွယ်ပါမည်။

သင့် ရင်သွေး၊ သားသ္မီးများ အတွက် ဖြစ်ပါသည်။ အများမှ ဝိုင်းပို့ခြင်းဖြင့် ဂူးဂဲလ်၏ Action ကို ပိုမြန်စေနိုင်ပါလိမ့်မည်။

ထပ်ပြောပါရစေ။ ကျွန်တော်တို့ လူကြီးတွေ၏ အမျိုးသားရေးတာဝန် စင်စစ်ဖြစ်ပါသည် ခင်ဗျား။

ဒါ ကျွန်တော် ဖော်အဲဗားဖရန့်စ်မှာ တင်ထားဖူးတဲ့ Post ဖြစ်ပါတယ်။

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား