Friday, January 21, 2011

ဖော်ဝပ်မေးမှာ သတိပြုစရာ

ဖော်ဝပ်မေးမှာ သတိပြုစရာလေးပါ...။

uıǝɥʇǝʎɐ ဆရာလုပ်ခြင်း မဟုတ်ပါ။ knowledge sharing ဟု သဘောထားပေးပါ။ ဒီအယူအဆ မှားတာရှိက ကူပြင်ပေးကြပါ။

ဖော်ဝပ်မေး တည်ဆောက်သူ နဲ့ ထပ်ဆင့်ဖော်ဝပ်သူ နှစ်မျိုးရှိမယ်။

ပထမဦးဆုံး ဖော်ဝပ်မေးကို စလွှတ်သူဟာ ဖော်ဝပ်မေး တည်ဆောက်သူလည်း ဖြစ်နိုင်ပါတယ်။
ထပ်ဆင့်ဖော်ဝပ်သူကတော့ ကျနော်တို့ ခင်ဗျားတို့လို မေးဂရုက မန်ဘာတွေ (ဖော်ဝပ်ဝါသနာအိုးတွေ) ပေါ့ဗျာ :)

ဖော်ဝပ်မေးတည်ဆောက်သူဟာ သူ့မှာ ရည်ရွယ်ချက်ရှိပါတယ်။ ကောင်းတဲ့ ရည်ရွယ်ချက်ရှိသလို၊ မကောင်းတဲ့ ရည်ရွယ်ချက်လည်း ရှိနိုင်ပါတယ်။ ဖော်ဝပ်မေး အများစုဟာ လှပပါတယ်။ ကြည့်ရှုချင်စရာ ထူးခြားဆန်းပြားတာတွေ ပါဝင်တတ်ပါတယ်။ ဒီလို ဖြစ်လာအောင် ဖိုးဂရောင်း ဘက်ဂရောင်းပုံတွေနဲ့ ဖလက်ရှ်ဖိုင်တွေနဲ့ တန်ဆာဆင်ပါတယ်။ ထည့်ထားတဲ့ ပုံတွေရဲ့ နောက်ကွယ်မှာ ဖုနက ပြောတဲ့ ရည်ရွယ်ချက်ကလေးတွေ ထည့်သွင်းထားတတ်ကြပါတယ်။ (* ဂူဂယ်က ဂျီမေးမှာ ဖလက်ရှ်ဖိုင် ပေးမထည့်ပါ။)

ကျနော်တို့ တသီးပုဂ္ဂလတွေ အနေနဲ့ ပုံတွေထည့်ပြီး မေးပို့ရာမှာ ရှည်ရှည်ဝေးဝေးမလုပ်ပဲ မေးလ်၏ စာကိုယ်ထဲ သွပ်သွင်း (Embeded လုပ်) ၍ (ဒါမှမဟုတ်) ပုံကို မေးတွင် အတက်တွဲ၍ ပေးတတ်ကြပါတယ်။ ပုံရဲ့နောက်ကွယ်မှာ ရည်ရွယ်ချက် ထည့်ထားတာမျိုး တော်တော်ရှားပါတယ်။

ရည်ရွယ်ချက်ကို ကြော်ငြာဆန်ဆန်သဘောနဲ့ စဉ်းစားကြည့်ကြပါစို့။ ထိုဖော်ဝပ်မေးဟာ ကြော်ငြာစိုက်တစ်ခု ကြော်ငြာပေးရန်ဖြစ်တယ်လို့ ယူဆမယ်ဆိုရင် ....

၁) မေးတွင် ကြော်ငြာစိုက်၏ URL လင့်ကို ဖော်ပြထားသည်။ TV တွင် ကြော်ငြာသကဲ့သို့ ဖြစ်သည်။ မေးဖတ်သူက ဆန္ဒရှိပါက သွားဝင်ကြည့်နိုင်သည်။
()

၂) ပုံကို မေးထဲတွင် သွတ်သွင်းထားသည်။ ပုံပေါ်တွင် ကြော်ငြာစိုက်၏ URL ကို ဖော်ပြထားသည်။ TV တွင် ကြော်ငြာသကဲ့သို့ ဖြစ်သည်။ မေးဖတ်သူက ဆန္ဒရှိပါက သွားဝင်ကြည့်နိုင်သည်။
()

၃) ပုံကို မေးထဲတွင် သွတ်သွင်းထားသည်။ ပုံ၏ နောက်ကွယ်တွင် လင့်တစ်ခု ပါသည်။ ကြော်ငြာစိုက်၏ URL လင့်ဖြစ်သည်။ မေးဖတ်သူက ပုံပေါ်ယောင်နှိပ်မိပါက ကြော်ငြာစိုက်သို့ ရောက်သွားမည်။ ***ပုံ၏နောက်ကွယ်တွင် လင့်အစား အီးမေးလိပ်စာလည်း ထည့်သွင်းထားနိုင်သည်။ မေးဖတ်သူက ပုံပေါ်ယောင်နှိပ်မိပါက ထို အီးမေးလိပ်စာသို့ ပို့ရန် စာတစ်စောင် ဖန်တီးစေမည်။
(1E31E3)

၎) ပုံကို မေးထဲတွင် သွတ်သွင်းမထားပါ။ ၎င်းအစား မေးဖတ်သူ၏ စက်မှာ ကြော်ငြာလိုသူ၏ စိုက်ကို ဝင်၍ ဒေါင်းလုပ်ဆွဲပြီးမှ ပုံကို ပြပေးသည်။ မေးဖတ်သူ တကူးတက ဝင်မကြည့်သော်လည်း စက်မှာ ကြော်ငြာစိုက်သို့ ဝင်လိုက်သကဲ့သို့ ဖြစ်သည်။
(1E31E31E3)

၅) ပုံကို မေးထဲတွင် သွတ်သွင်းမထားပါ။ ၎င်းအစား မေးဖတ်သူ၏ စက်မှာ ကြော်ငြာလိုသူ၏ စိုက်ကို ဝင်၍ ဒေါင်းလုပ်ဆွဲပြီးမှ ပုံကို ပြပေးသည်။ ။ မေးဖတ်သူ တကူးတက ဝင်မကြည့်သော်လည်း စက်မှာ ကြော်ငြာစိုက်သို့ ဝင်လိုက်သကဲ့သို့ ဖြစ်သည်။ ထို့အပြင် ပုံ၏ နောက်ကွယ်တွင် လင့်တစ်ခု ပါသည်။ ကြော်ငြာစိုက်၏ URL လင့်ဖြစ်သည်။ မေးဖတ်သူက ပုံပေါ်ယောင်နှိပ်မိပါက ကြော်ငြာစိုက်သို့ ရောက်သွားမည်။
(1E31E31E31E3)

၆) ... အခြားအခြားသော နည်းလမ်းများလည်း ၇ှိနေနိုင်ပါတယ်။

အဆင့် (၅) အတွက် နမူနာ အဖြစ် အောက်က ပုံကို ရှုပါ။ မေးနဲ့ကြော်ငြာဘို့ရာ ကြော်ငြာမေး (ဖော်ဝပ်မေး) ကို တည်ဆောက်ပြီး ပမာဏ အမြောက်အမြား (Bulk Mailing) ဖြန့်ဝေသူဟာ စပန်းမာပါ (Spammer) ။ ဘယ်လောက်ဆိုးရွားသလဲ နာမည်ကိုသာ ကြည့်ပါ Spammer တဲ့။ Spammer ကို မေးဆာဗာတိုင်းက အမြင်ကပ်ပါတယ်။ ဖော်ထုတ်အရေးယူလေ့ရှိပါတယ်။ ကြော်ငြာမေးဆိုတာ စပန်းမေးပါ (Spam Mail)။ ထပ်ဆင့်ဖော်ဝပ်သူကကော ဘယ်လို အခြေအနေမျိုး သတ်မှတ်ခံရမလဲ။ စပန်းမေးကို ထပ်ဆင့်ဖော်ဝပ်သူဟာ ရိုးရိုး Normal User ဖြစ်နိုင်သလို စပန်းမာတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။

ဒီတော့ သူသူကိုယ်ကိုယ် စပန်းမာတစ်ယောက်လို့ (မဟုတ်ပဲနဲ့) အထင်ခံရမယ်ဆိုရင် အကျိုးဆက်က ဘာဖြစ်လာနိုင်သလဲ။ ဘာဖြစ်မလဲ ဂူဂယ်နဲ့ကိုယ်က လူချင်းတွေ့ရတာမှ မဟုတ်တာ။ ပျော့ရင် ဘန်းခံရမယ်။ ပြင်းရင်တော့ ယုတ်စွ အဆုံး အကောင့်ပိတ်ခံရရုံလောက်ပဲပေါ့။

ထပ်ဆွေးနွေးကြရအောင်.... ထပ်ဆင့်ဖော်ဝပ်မေးပို့သူတစ်ဦးအနေနဲ့ ဘယ်လို အခြေအနေမျိုးမှာ စပန်းမာတစ်ယောက်လို့ (မဟုတ်ပဲနဲ့) အထင်ခံရနိုင်လဲ။

၁) ထို ထပ်ဆင့်ဖော်ဝပ်မေးကို ထပ်ဆင့်၍ တသီးပုဂ္ဂလမေးအစောင်ရေ အများကြီး ပွားပြီးပို့လျှင် ..
* ဂျီးမေးတွင် တနေ့ အများဆုံးခွင့်ပြုသော စောင်ရေမှာ ၅၀၀အောက်ဟု သတိပြုမိပါတယ်။ အစောင်ရေ၃၀၀ကျော်ရင် ထပ်ပို့လို့မရတော့တဲ့ ပြဿနာမျိုးလည်း ကြုံဘူးတယ်။
()

၂) ထို ထပ်ဆင့်ဖော်ဝပ်မေးကို ထပ်ဆင့်၍ မေးဂလုတစ်ခုထက်မနည်းသို့ ပွားပြီးပို့လျှင် ..

* မေးဂရုတစ်ခုဆီမှာ ယူဇာ ရာ၊ထောင်သောင်းချီပြီး ရှိနေနိုင်ပါတယ်။ ကိုယ်က မေးဂရု ဘယ်နှစ်ခုဆီ ထပ်ဖော်ဝပ်လိုက်လဲ? ကိုယ့်ကြောင့် ထပ်ပွားသွားတဲ့ အစောင်ရေကို သတိပြုကြည့်ပါ ..။
()

၃) ထို ထပ်ဆင့်ဖော်ဝပ်မေးမှာ စပန်းမေး၏ အသွင်သဏ္ဍာန်များ ကျိမ်းသေပါဝင်နေလျှင်...

()
* စပန်းမေးကို ကိုယ့်ပိုင်မေး ဖြစ်အောင် လုပ်ယူပါ။ ဘယ်လို လုပ်မလဲ.? စပန်းမေးကို တန်းဖော်ဝပ် မလုပ်ပါနှင့်။ မေးအသစ်တစ်စောင်ဆောက်၍ ဖော်ဝပ်လုပ်လိုသော အပိုင်းကို ကော်ပီကူး၊ ပြန် ပိတ်(paste) ပါ။ ပုံများကို စက်ထဲ အရင် ဆွဲချပါ။ ပြီးမှ မေးတွင် ပြန်တွဲပါ။ (* အချိန်တော့ ပေးရပါတယ်။ စာတစ်စောင် ရွှတ်ကနဲ မထွက်သွားနိုင်ပါ။) ဒီလို မလုပ်နိုင်ရင်တောင် အနည်းဆုံးတော့ ကိုယ် ဖော်ဝပ်မည့် မေးကို စစ်ပါ။ ပုံပေါ် မောက်စ်ထောက်ကြည့်ပါ။ (အောက်က ပုံကို ရှုပါ)။ မြုပ်ထားသော လင့် ပါလာပါက (မလိုအပ်လျင်) ဖျက်ပစ် (Remove) ပါ။



၎) Report Spam လုပ်ခံရခြင်းမှ ရှောင်ရှားပါ။
()
*Report Spam လုပ်ခြင်းသည် ထိုစာကို စပန်းဟု ကြေငြာစေခြင်း ဖြစ်ပါတယ်။ စာပို့သူမှာ စပန်မာဟု ကြေငြာခံရပါတယ်။ နဂိုကတည်းကမှ ကိုယ် ထပ်ဆင့်ဖော်ဝပ်သော မေးသည် စပန်းမေး ဂုဏ်အင်္ဂါများနှင့် ညီညွတ်နေရသည်က တကြောင်း၊ အခုလို စပန်မာဟု ရီပို့လုပ်ခံရပါက မေးဆာဗာ၏ အရေးယူမှုသည် ဘယ်ဒီဂရီအထိတက်သွားမလဲ စဉ်းစားကြည့်ပါ။ *ထို့ကြောင့် မေးဂရုမှ ထွက်ချင်သူ၇ှိပါက ပုံမှန်နည်းလမ်းအတိုင်း ထွက်ဘို့သာ အကြံပေးပါ။ မေးဂရုများမှ ပို့သော မေးတိုင်း၏ အောက်ခြေတွင် နည်းလမ်းပါရှိတတ်ပါသည်။ လွယ်လွယ်ကူကူ Report Spam လုပ်လိုက်ပါဟု အကြံမပေးစေလိုပါ။ ပေးသောအကြံအတိုင်း ကိုယ့်ဖော်ဝပ်မေးပေါ်တွင် လာ၍ ရီပို့ စပန်း လုပ်ပါက ကိုယ်ကျိုးနည်းတတ်ပါတယ်။

၅) အခုပြောနေတဲ့ Report Spam ဆိုသည်မှာ ကိုယ်ဖတ်နေတဲ့ မေးစာမျက်နှာရဲ့ ထိပ်အပေါ်တည့်တည့်ရှိ Report Spam ခလုတ်ကလေးပဲ ဖြစ်ပါတယ်။ သက်ညာသောအားဖြင့် ယောင်လို့တောင် မနှိပ်မိပါစေနဲ့ ခင်ဗျား....။။။ ()

၆) Report Spam အလုပ်ခံရလို့ အကောင့်ပျောက်သွားပြီဆိုရင် ပြန်ရရန် အခြား နည်းလမ်း မရှိပါ။ ဂူဂယ်ကို ငိုပြဘို့ပဲ ရှိပါတယ်။
ဒီမှာ လင့်လေး ဖော်ပြပါတယ်။ https://www.google.com/support/accounts/bin/request.py?ara=2&contact_type=acc_reco&ctx=acc_reco&hl=en

uıǝɥʇǝʎɐ
2011-JAN-21

https://layhtankone.wordpress.com/ လမ်းကြုံရင်ဝင်လည်ပါ :)

(* ကြော်ငြာထည့်လိုက်ပြန်ပြီ )

1 comment :

  1. ပညာလဲရ ဗဟုသုတလဲ တိုးလို့ ကျေးဇူုးပါရှင့်။
    နောင်လဲ ဗဟုသုတ ရတာလေးတွေ ရေးပေးပါဦးနော်။

    ReplyDelete

ကွန်းမန့်လေး ထားခဲ့ပါလား