Monday, January 3, 2011

သီးသန့်ခန်း အရှာထွက်ခြင်း

ဦးဦးရေ ဦးဦးရေ အိမ်မှာကောင်းကောင်းနေ

သ္မှီးတို့ ကျောင်းသွားတဲ့အခါ အိမ်မှာ ကောင်းကောင်းနေ

တီဗွီမှ လွင့်မျောသော အသံဖြစ်ပါသည်။

ဦးဦး ချတ်နေပါ၏...။ အိုလံပီယာ လက်နှိပ်စက်သမားတောင် ထိုင်ငိုရလောက်သော အမြန်နှုန်းဖြင့်....

ဂျောက်....ဂျောက် .....ဂျောက်

တူမ။ လေးသောင်း အဲ လေးသိန်း :P

ဦး ။ ပြော ဘာကိတ်

တူမ ။ တူမတို့ တိုင်ပင်နေတာ

ဦး ။ အင်း

တူမ ။ ဆူတယ်ပြောလို့ အဲ့တာ.. သီးသန့်ခန်းလေး လုပ်ကြည့်ချင်လို့
ဦး ။ ဆူတယ်မှတ်ရင် ဆူတယ်ပေါ့ကွယ်။ လက်ဖက်ခြောက်ကော မပါဘူးလားမေးကြည့်လိုက်။

(မြှောက်ပေးလိုက်ပြန်ပီ အဲ့လို အဲ့လို)

တူမ ။ သီးသန့်ခန်းလေး လုပ်လို့ရရင် ရှာပေး၊ ပြောပြပေးပါလား။

ဦး ။ အင်း...ရှာကြည့်ပေးမယ်။ ခဏစောင့်နော်။

ခုနက ဘူတာရုံနှင့်တူသော...ဥပမာထဲကလိုပဲ။

ဦးဦး တစ်ယောက် သီးသန့်ခန်း အရှာထွက်ခဲ့ပါ၏

လေ့လာမိသလောက်တင်ပြရရင် နှစ်မြို့မိသော သီးသန့်ခန်းဆောက်နည်း ၂ နည်း တွေ့ရှိပါတယ်။

တီးမိခေါက်မိသလောက်လေးပါ။

မလောက်လေး မလောက်စားမို့ တင်ပြပုံ မွှားသွားရင်လည်း ဗွေမယူပါနဲ့လို့...

ပြီးတော့ ဆရာကြီးလုပ်တယ်လည်း မထင်ပါနဲ့လို့ ကြိုတင် အာမဘန္တေခံပါရစေခင်ဗျ...။

၁) Google Gtalk Group Chat ဖြင့် အုပ်စုဖွဲ့ ချတ်ခြင်း နဲ့
၂) Google Mailing Group တစ်ခု Restricted Access Level ဆောက်၍ သုံးခြင်း လို့ နည်း နှစ်မျိုးတွေ့ရှိပါတယ် ။

၁) Google Gtalk Group Chat ဖြင့် အုပ်စုဖွဲ့ ချတ်ခြင်း

Gmail ဝက်ပေ့ကနေ ချတ်ရပါမယ်။

ရိုးရိုးတန်းတန်းပါပဲ။ စိမ်း၊ နီနေတဲ့ တစ်ယောက်ကို လှမ်းချတ်ပါ။

ချတ်လို့ ရတာနဲ့ သူနဲ့ ချတ်တဲ့ စာမျက်နှာကနေ နောက်လူတွေ ထပ်ပေါင်းထည့်ပါ။

အောက်ပုံပါအတိုင်း ဖြစ်ပါတယ်။ အထူးတလည် ဘာမှ လုပ်ရန်မလိုပါ။

အနီဝိုင်းပြထားတဲ့ နေရာက +ခလုတ်ကလေးနှိပ်ပြီး ထပ်ပေါင်းထည့် ရမှာပါ။



ပုံမှာ ကျနော်က Happy New Year ပြောတော့ အခြားသူတွေက ပြန်ဖြေတဲ့ပုံ သရုပ်ပြထားပါတယ်။ ဒီဖန်မလီက မန်ဘာတွေနဲ့ စမ်းပြချင်ပေမယ့် မအားကြတော့ Google Translators တွေကိုပဲ ခေါ်ချတ်ပြထားပါတယ်။

အားသာချက်။ Gtalk ဖြစ်ခြင်းကြောင့် respond မြန်ပါမယ်။ မဆိုင်သူ ဝင်မဖတ်နိုင်ပါ။

အားနည်းချက်။ Online တက်နေသည့် သူနှင့်ပဲ ပြောလို့ ရပါတယ်။ မတက်နေသူများ အခြားသူ ချတ်ခဲ့သော စာများ ပြန်မဖတ်နိုင်ပါ။



၂) Google Mailing Group with Restricted Access Level သုံးခြင်း

အားသာချက်။ Online မတက်နေသူများ အခြားသူ ရေးခဲ့သော စာများ ပြန်ဖတ်နိုင်သည်။

အားနည်းချက်။ Mailing Group ဖြစ်ခြင်းကြောင့် ကိုယ်ပြောတိုင်း သူချက်ချင်း ပြန်ထူးချင်မှ ထူးပါမယ်။

သုံးဘို့ရာ မေးဂရုတစ်ခုဆောက်ရပါမယ်။ ထိုဂရုလိပ်စာဖြင့် မေးပို့ရုံဖြင့် မန်ဘာတိုင်း စာရပါလိမ့်မယ်။

Access level ကို သေချာ ချိန်ပေးရပါမယ်။

Public ဆိုရင် လူတိုင်း ဝင်ဖတ်နိုင်တယ်။ လူတိုင်း မန်ဘာဝင်နိုင်တယ်။ မန်ဘာတိုင်း စာပို့နိုင်တယ်။

Announcement-only ဆိုရင် - လူတိုင်း ဝင်ဖတ်နိုင်တယ်။ လူတိုင်း မန်ဘာဝင်နိုင်တယ်။ မန်နေဂျာတွေပဲ စာပို့နိုင်တယ်။

Restricted - ဆိုရင် - မန်ဘာပဲ ဝင်ဖတ်နိုင်တယ်။ ဖိတ်စာရတဲ့သူမှ မန်ဘာဝင်ခွင့်ရတယ်။ မန်ဘာတိုင်း စာပို့နိုင်တယ်။ ဒီဂရုကို စာရင်းဖျောက်ပီး သူများ ဝင်မရအောင် တိတ်တိတ်ဆောက်ထားလို့ ရတယ်။



တင်ပြချင်တာ...ဒါလေးပါပဲ။

အားသာချက်၊ အားနည်းချက်တွေ လေ့လာပြီး ကိုယ့်စိတ်ကြိုက် ချတ်နိုင်ကြစေဘို့ စာဖွဲ့လိုက်ရပါတယ် ခင်ဗျာ...။

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား