Quote:
ကိုအောင်လွင်ဦး မှ ...
မေးဦးမယ်ဗျာ။ Excle မှာ 1,000,000,000 ဆိုပြီး အင်္ဂလိပ် ဂဏန်း ပေါ်အောင် လုပ်လို့ရပြီး ဗမာဂဏန်းပြောင်းလိုက်ရင် ၁ယ၀၀၀ယ၀၀၀ယ၀၀၀ ဖြစ်သွားပါတယ်။ ဗမာဂဏန်းနဲ့ ၁,၀၀၀,၀၀၀,၀၀၀ ပေါ်အောင်လုပ်လို့ရပါသလား သိချင်လို့ပါ။
ကိုအောင်လွင်ဦး နဲ့ ကိုတော တို့ ဆွေးနွေးထားချက် ဖတ်ရပါတယ်။ မြန်မာလိုပေါ်တဲ့ ကြားထဲ ကော်မာ ( , ) ပါပေါ်စေဘို့ အတွက် နည်းတစ်ခု ရထားတယ်ခင်ဗျ။ ဇော်ဂျီဖောင့်နဲ့ အိုကေပါတယ်။အဲ့နည်းက ပြချင်တဲ့ Cell ရဲ့ Number Format ကို ဝင်ပြင်ရပါမယ်။ Cell ရဲ့ ကိန်းဂဏန်းတန်ဘိုး မပြောင်းလဲသွားတဲ့အတွက် အတွက်အချက် (ပေါင်းနှုတ်မြှောက်စား)မှာလည်း အသုံးတည့်ပါတယ်။ သုံးနိုင်တဲ့ ဖော်မက်အမျိုးမျိုးကို ဇယားနဲ့ နှိုင်းယှဉ်ပြပါရစေ...။Quote:
Originally Posted by တောဂေါ်လီ( , ) အစားပေါ်ပေးတဲ့ ယပက်လက် ( ယ ) ကို မြန်မာဖောင့်ပြောင်းတဲ့ အခါ မပေါ်ချင်ရင် သက်ဆိုင်ရာ အကွက်အားလုံးကို စလပ်မှတ် Right Click / Format Cells / Number / ထဲက Number ကိုထပ်ရွေး / Use 1000 Separator ( , ) ကို အမှန်ခြစ်ဖြုတ်လိုက်ရင် ရပါပြီ။
ဒါပေမယ့် တစ်ခုရှိတာက 1,000,000,000 ရိုက်တဲ့အခါမှာ အင်္ဂလိပ်ဖောင့်နဲ့ ( , ) ကို သီးသန့်ရိုက်ထည့်ခဲ့မယ်ဆိုရင်တော့ မရပါဘူး။ မူလ အင်္ဂလိပ်ဖောင့်နဲ့ရိုက်တဲ့အခါ ( , ) လေးတွေ မရိုက်ထည့်ပဲ 1000000000 ရိုက်ပြီး ကြားထဲမှာ ( , ) ပါချင်ရင်တော့ စောစောက ပြောခဲ့တဲ့ ( ......... ) အမှန်ခြစ်ကို ခြစ်ပါ။ Cell တွေမှာ ( , ) ပေါ်ပေးနေမှာဖြစ်ပြီး အဲလို ( , ) သီးသန့်မရိုက်ထည့်ခဲ့တဲ့ Cell အကွက်တွေကိုမှ အမှန်ခြစ်ပြန်ဖြုတ်ရင် ယပက်လက်မပေါ်ပဲ မြန်မာလို ၁၀၀၀၀၀၀၀၀၀ သာ ပေါ်တော့မှာဖြစ်ပါတယ်။
မြန်မာလိုပေါ်ထဲကြားထဲ ( , ) ပေါ်အောင်ဘယ်လိုလုပ်ရလဲတော့ မသိပါဘူးဗျ။ အဆင်ပြေပါစေ။ ကိုတောလည်း သိပ်သိလို့တော့ မဟုတ်ပါဘူး။
မြန်မာလိုပေါ်တဲ့ ကြားထဲ ကော်မာ ( , ) ပါပေါ်စေဘို့ အတွက် နည်းတစ်ခု
သုံးရမည့် Number Format | သုံးရမည့် Number Format | သုံးရမည့် Number Format | သုံးရမည့် Number Format |
General | [$-10000455]0 | [$-10000455]#,##0 | [$-10000455]#,##0_) |
ဖောင့် | ဖောင့် | ဖောင့် | ဖောင့် |
Zawgyi-One | Zawgyi-One | Zawgyi-One | Zawgyi-One |
ရှင်းလင်းချက်။ | ရှင်းလင်းချက်။ | ရှင်းလင်းချက်။ | ရှင်းလင်းချက်။ |
General ဆိုတာ Number Format ဖြုတ်ထားတာပါ။ | [$-10000455] သုံးပြီး ဂဏန်းအဖြစ်ပြမယ်။ | [$-10000455] သုံးပြီး ထောင်ဖြတ်ဂဏန်းအဖြစ်ပြမယ်။ | [$-10000455] သုံးပြီး ထောင်ဖြတ်ဂဏန်းအဖြစ်ပြမယ်။ နောက်ပြီး ဘယ်မျဉ်းကို ခွာရေးမယ်။ |
အပေါ်က ဇယားမှာ ကြည့်ရတာ အဆင်မပြေရင် အောက်က ပုံကို ကြည့်ပါရန်။
ပြင်ရမည့်နေရာက Number Format Dialog Box က Custom Format မှာပဲ ဖြစ်ပါတယ်။ (* မနေ့က တင်ပေးတဲ့ Excel Tips: စာမေးပွဲ အောင်စာရင်း ကို လိုက်လုပ်ကြည့်ထားတဲ့သူဆို ချက်ချင်း သိပါလိမ့်မယ်။) Number Format ပြောင်းချင်တဲ့ Cell ကို select မှတ်ပြီး Number Format Dialog Box ကို ခေါ်တင်ပါ။ Shortcut key က Ctrl + 1 ဖြစ်ပါတယ်။ Custom Format ကို ရွေးပါ။ ဝင်ပြင်ရမည့် နေရာကို အဝါရောင် ချယ်ပြထားပါတယ်။ (ဒါမှမဟုတ်) Right Click / Format Cells / Category ထဲက Custom ကိုရွေး / Type (အဝါရောင် ချယ်ပြထားတယ်) မှာ ကိုယ်ဖြည့်ချင်တဲ့ ဖော်မက်ကို ဝင်ဖြည့်ပါ။ ဖော်မက် ဥပမာ။ [$-10000455]#,##0
အောက်ပုံကို ရှုပါ။
မြန်မာလိုပေါ်တဲ့ ကြားထဲ ကော်မာ ( , ) ပါပေါ်စေဘို့ သုံးနိုင်တဲ့ ဖော်မက်အမျိုးမျိုးကို နှိုင်းယှဉ်ပြလိုက်ပါတယ်။ အော် .. ဒါနဲ့ ပြောရဦးမယ်။ အခုသုံးပြထားတဲ့ ဖော်မက်တွေ အကုန် One Section only သာ ဖြစ်ပါတယ်။ Section တွေ အကုန်ပြချင်ရင် တခြား Section တွေအတွက် ဆက်ရေးရပါဦးမယ်။
အဆင်ပြေပါစေ။ Shrek® လည်း သိပ်သိလို့တော့ မဟုတ်ပါဘူး။ ဧဝံမေသုတံလေးတွေ ပြန်မျှတာပါ :)
ဒီပို့စ်ကို Myanmar Family ဖိုရမ်မှာ တင်ခဲ့ပါတယ်။ [23 Dec 2011]
No comments :
Post a Comment
ကွန်းမန့်လေး ထားခဲ့ပါလား