အင်တာနက်ကနေ မူဗွီဖိုင်တွေ ဆွဲချနည်း မျိုးစုံရှိပါတယ်။
ဒါကတော့ မသိင်္ဂံလို Internet Download Manager ရှိပြီးသား သူအတွက် အင်တာနက်ကနေ မူဗွီတွေ ဆွဲချနည်းပါ။
နမူနာအဖြစ် FireFox Browser ကို သုံးပြထားပါတယ်။
FireFox +IDM +IDMcc သုံးပြီး ဆွဲချနည်း
ကိုယ့်စက်မှာ ...
1) FireFox ရှိမယ်။ ပြီးတော့ ...
၂) Internet Download Manager (အတိုကောက် IDM ပေါ့) ရှိမယ်။ ပြီးတော့ ...
၃) FireFox ရဲ့ Add-ons စာရင်းမှာ IDM CC လန်းနေ (enabled) ဖြစ်နေတယ် ဆိုရင် ...
player ရှိတဲ့ ဘယ်စာမျက်နှာက မူဗွီဖိုင် ဖြစ်ဖြစ် အလွယ်တကူ ဆွဲချနိုင်ပါတယ်။
YouTube မှာ ကိုယ်ဆွဲချချင်တဲ့မူဗွီ (တကယ်တမ်းက player ရှိတဲ့ ဘယ်စာမျက်နှာက မူဗွီဖိုင် ဖြစ်ဖြစ်ပါ) ရှိတဲ့ စာမျက်နှာကို သွားပါ။ play လုပ်လိုက်ပါ။ အောက်ကပုံလို smart-tag လေး (Download this video ဆိုပြီး) ကိုယ်ကြည့်နေတဲ့ မူဗွီရဲ့ ညာအပေါ်ထောင့်ဘက်မှာ ပေါ်လာမယ်။

အဲ့ smart-tag လေး (Download this video) ကို ကလစ်ခေါက်လိုက်ရင် ထိုမူဗွီမှာ ဒေါင်းလို့ရတဲ့ ဖိုင် စာရင်း ပေါ်လာမယ်။ အောက်ကပုံလိုပေါ့။ ကိုယ် လိုချင်တဲ့ ဖိုင်ကို ရွေးခေါက်လိုက်ပါ။ IDM က ဆွဲချသွားပါလိမ့်မယ်။

သုံးပြီး ဆွဲချနည်း က ဒါလေးပါပဲ။ အရမ်းလွယ်ကူပါတယ်။ တစ်ခုသတိထားရမှာက
FireFox ကို update လုပ်ရင် ဖြစ်စေ၊ IDM ကို update လုပ်ရင် ဖြစ်စေ FireFox+IDM+IDMcc အတွဲပြုတ်ပြီး ခုနက smart-tag လေး (Download this video) ပြန်ပေါ်တော့မှာ မဟုတ်ပါ။
.
.
.
.
.
.
.
.
အောက်မှာ ဆက်ပြောပြမှာက Troubleshooting အပိုင်းပါ။
အမေး = player ရှိတဲ့ ဘယ်စာမျက်နှာက မူဗွီဖိုင် ဖြစ်ဖြစ် ရှိတဲ့ စာမျက်နှာကို သွားပါ။ play လုပ်လိုက်ပါတယ်။ အဲ့ smart-tag လေး (Download this video) မပေါ်လာပါ။ ထို့ကြောင့် ဒေါင်းလုပ်ဆွဲ၍ မရပါ။ ဘယ်လို လုပ်ရမလဲ ?
အဖြေ = FireFox+IDM+IDMcc အတွဲ ပြုတ်နေပါတယ်။ ပြန်စစ်ဘို့ လိုပါမယ်။ ပြန်စစ်မယ်ဆိုရင် အောက်ပါအတိုင်း စစ်ပါ။
၁) IDM မှာ options ကို click ခေါက်ပါ။

၂) General Tab က Use Advanced Browser Integration ကို အမှန်ခြစ်ပေးပါ။ ခဏစောင့်ပါ။ သူဘာသာ ဘရောက်ဇာတွေ ရှာပြီး အင်တီဂရိတ်လုပ်ပါမယ်။ ပြီးရင် Mizilla Firefox မှာ အမှန်ခြစ်ထားတာ စစ်ပြီး အိုကေ ပေးလိုက်ပါ။

၃) ပြီးတော့ FireFox မှာ စစ်ပါမယ်။ မီနူးကနေ Add-ons ကို နှိပ်ပါး

၎) IDM CC လန်းနေလားဆိုတာ ပြန်စစ်ပါ။ အောက်ကပုံမှာ IDM CC လန်းနေပြီး Ant Video Downloader မလန်းနေပါဘူး။ IDM CC မလန်းနေရင် Enable လုပ်ပေးရပါမယ်။ ဒါဆို FireFox+IDM+IDMcc ကို ပြန်တွဲလို့ အောင်မြင်ပါပြီ။ * IDM CC ကို လန်းအောင်လုပ်လို့ မရရင် တခြား နည်းလမ်း နဲ့ ဖြေရှင်းနည်းကို စဉ်းစားရပါမယ်။

၅) ဒီအဆင့်ကတော့ သိပ်မလိုအပ်ပါဘူး။ YouTube မှာ ကိုယ်ဆွဲချချင်တဲ့မူဗွီ (တကယ်တမ်းက player ရှိတဲ့ ဘယ်စာမျက်နှာက မူဗွီဖိုင် ဖြစ်ဖြစ်ပါ) ရှိတဲ့ စာမျက်နှာကို သွားပါ။ အောက်ကမျှားက ကိုယ်ကြည့်ချင်တဲ့ မူဗွီရဲ့ Quality ကို ချိန်ဘို့ နေရာပြပုံပါ။

၆) ဒီအဆင့်လည်း သိပ်မလိုအပ်ပါဘူး။အဆင့်(၅) ကလို Quality ကို ချိန်ဘို့ နေရာကို နှိပ်လိုက်လို့ Quality ရွေးချယ်ခွင့် ကျလာပုံပါ။ 480p, 360p, 240p ကြိုက်တဲ့ ကွာလတီကိုရွေးပါ။

၇) YouTube မှာ ကိုယ်ဆွဲချချင်တဲ့မူဗွီ ကို play လုပ်လိုက်ပါ။ အောက်ကပုံလို smart-tag လေး (Download this video ဆိုပြီး) ကိုယ်ကြည့်နေတဲ့ မူဗွီရဲ့ ညာအပေါ်ထောင့်ဘက်မှာ ပေါ်လာမယ်။

၈) အဲ့ smart-tag လေး (Download this video) ကို ကလစ်ခေါက်လိုက်ရင် ထိုမူဗွီမှာ ဒေါင်းလို့ရတဲ့ ဖိုင် စာရင်း ပေါ်လာမယ်။ အောက်ကပုံလိုပေါ့။ ကိုယ် လိုချင်တဲ့ ဖိုင်ကို ရွေးခေါက်လိုက်ပါ။ IDM က ဆွဲချသွားပါလိမ့်မယ်။

* IDM တင်ထားရဲ့သားနဲ့ FireFox မှာ ဖော်ပြပါနည်းလမ်းအတိုင်း IDM CC ကို လန်းအောင်လုပ်လို့ မရတဲ့ သူအများစုမှာ ဖြစ်တတ်တာက IDM CC နဲ့ Firefox ဗားရှင်းချင်း မတည့်လို့ ဖြစ်တာ များပါတယ်။ ဒါမျိုးကြုံရလျှင် တခြား နည်းလမ်း နဲ့ ဖြေရှင်းနည်းကို စဉ်းစားရပါမယ်။
2011/12/16 ≧°◡°≦ သိင်္ဂီ ≧°◡°≦
ကိုဧးသိမ်းရေ ကျမ Download Manager 6.05 ရပြီ ဒါပေမဲ့ You Tube ဆိုဒ်က ရုပ်ရှင်ကားတွေကို Download လုပ်ပြီး stick ထဲ သိမ်းထားပြီး အိမ်မှာ ကြည့်ချင်တယ် ဘယ်လိုလုပ်ရမလဲဆိုတာသိချင်ပါတယ် အားရင် ပြောပေးပါနော်......ပညာလဲရတာပေါ့နော်. :)
No comments :
Post a Comment
ကွန်းမန့်လေး ထားခဲ့ပါလား