Monday, September 13, 2010

Dropbox မှာ သတိပြုမိတာလေးတွေ

Dropbox ဘာလဲ ဆိုတာနဲ့ ပတ်သက်လို့ကတော့ ကိုစေတန်ဂေါ့ရေးထားတဲ့ Dropbox မိတ်ဆက် (link: http://www.saturngod.net/knowledgebase/dropbox ) ကို ဖတ်ပါလို့ ညွှန်းပါရစေ။ သူရေးထားတာ တော်တော်ပြည့်စုံပါတယ်။

Dropbox ကို စသုံး၊ စမ်းသုံးကြည့်မယ် ဆိုရင် ဒီလင့်လေးက http://db.tt/kk53Qu9 သွားပေးရင် သိပ်ကျေးဇူးတင်ပါတယ်။ ကျနော်လည်း ပွိုင့်တိုးတာပေါ့နော်း... :)

ဒီမှာတော့ Dropbox သုံးရင် ကျနော် တွေ့တာလေးတွေ ဆွေးနွေးကြည့်ပါမယ်။

အကောင့် စဝင်ခါစမှာ ဖိုလ်ဒါ နှစ်ခု တွေ့ပါတယ်။ Public ရယ် Photo ရယ်ပါ။

Public ဖိုလ်ဒါဟာ သူ့အထဲ ထဲ့သမျှဖိုင်မှာ အော်တို Public Link ရပါတယ်။ (အဲ့ ဖိုလ်ဒါထဲက ဖိုင်တစ်ခုခုကို right click ခေါက်ကြည့်ရင် မြင်ရပါတယ်။) အဲ့တော့ ဒီ public link ကို သိသူတိုင်း ဖိုင်ကို ဝင်ယူနိုင်ပါတယ်။ ဖိုင်ပဲ လင့်ပေးတော့ ဆွဲယူလို့ပဲ ရပါတယ်။ ဝင်ဖျက်လို့ မရပါ။

Photo ဖိုလ်ဒါဟာလည်း သူ့အထဲ ထဲ့သမျှ ပုံဖိုင်၊ ဖိုလ်ဒါတွေမှာ အော်တို Public Gallery Link ရပါတယ်။ (အဲ့ ဖိုလ်ဒါထဲက ဖိုင်တစ်ခုခုကို right click ခေါက်ကြည့်ရင် မြင်ရပါတယ်။) အဲ့တော့ ဒီ public Gallery link ကို သိသူတိုင်း ဂါလာရီကို ဝင်ကြည့် ဆန္ဒရှိက ပုံကိုယူနိုင်ပါတယ်။ ဝင်ဖျက်လို့ မရပါ။

ထို ဖိုလ်ဒါနှစ်ခု၏ အပြင်မှာ မိမိဘာသာ ဆောက်သော ဖိုလ်ဒါများတွင် အော်တို public link မထွက်ပါ။ Security အပိုင်းကတော့ ထုံးစံအတိုင်း မိမိ၏ အီးမေးနှင့် password သိသူသာ ဝင်ယူလို့ ရနိုင်ပါတယ်။ ထို ဖိုလ်ဒါများကို public link ထွက်လိုသော် Rosemary လုပ်ကြည့်သလို Share လုပ်မှ ရပါမယ်။ ထိုသို့ ရှယ်ယာပေးထားသော ဖိုလ်ဒါ၏ public link ကို သိသူတိုင်း ထို ဖိုလ်ဒါထဲရှိ ဖိုင်ကို ဝင်ယူနိုင်ပါတယ်။ ဝင်ပြင်၊ ဝင်ဖျက်လို့ ရပါတယ်။

အလားတူ သူများမှ မိမိအား ရှယ်ယာပေးလာသော ဖိုလ်ဒါထဲရှိ ဖိုင်ကို ဝင်ယူနိုင်ပါတယ်။ ဝင်ပြင်၊ ဝင်ဖျက်၊ ဝင်ဆောက်လို့ ရပါတယ်။

Public ဖိုလ်ဒါ၏ အပြင်ဘက်တွင်ရှိသော ဖိုင်များ အော်တို public link မထွက်ပါ။ ရှယ်လိုပါက Public ဖိုလ်ဒါ ထဲ ထည့် (ပုံဆိုရင် Photo ဖိုလ်ဒါထဲ ထည့်) ဒါမှမဟုတ် ဖိုလ်ဒါ အလွတ်ထဲ ထည့်၍ ၎င်း ဖိုလ်ဒါကို ရှယ်မှ ရပါမယ်။ ဒီတော့ အပြင်မခံလိုပဲ read only သာ ပေးလိုပါက public ထဲ ထည့်ပေးတာ ပိုကောင်းပါမယ်။ (ဥပမာ Rosemary မှ ရှယ်ပေးသော private Folder အတွင်း ကျနော် စာတစ်စောင် ဝင်ရေးလိုက်လို့ ရသွားတာ သတိပြုကြည့်ပါ။)

နောက်တစ်ခုက... Public ဖိုလ်ဒါထဲမှ မိမိရှယ်ထားသော ဖိုင်များ နေရာရွှေ့ ၊ ဖိုင်အမည် ပြောင်းပါက အော်တို Public Link လည်း ပြောင်းသွားပါတယ်။ ဒါကြောင့် အရင် လင့် အလုပ်မလုပ်တော့ပါ။ လင့်အသစ် ပြန်မျှမှ ရပါမယ်။ ကျနော် မျှထားတဲ့ ဖိုင် နာမည် ပြောင်းမိလို့ လင့်ပါ ပြောင်းသွားပါတယ်။ လင့် အသစ်က http://dl.dropbox.com/u/11126335/Public_EBooks/PyiThuNiTi%2037083049-www-maukkha-org.pdf ဖြစ်ပါတယ်။

မျှတဲ့ လင့်ရှည်နေရင် တိုလိုက်လို့လည်း ရပါတယ်။ လင့်အတိုကို ဝက်ပေ့က ဝင်ယူရပါတယ်။ ခုနကဖိုင်၏ လင့်အတိုမှာ http://db.tt/kKrgLbC ဖြစ်ပါတယ်။

နောက်တစ်ခုက ကိုယ်က ဖိုင်ကို မျှရင် ယူသူက ဖိုင်ကို တန်းဆွဲပါတယ်။ ဒါကြောင့် ဖိုင်ဆိုဒ် ကြီးရင် ယူသူဘက်မှာ (ဖိုင်ကို ဆွဲချနေတာကြောင့်) စက်ကြောင်သွားသလို ခံစားရစေပါတယ်။ ဖိုင်ဆိုဒ်ကြီးရင် ဖိုင်ကို မျှတာထက် သူ့ parent folder ကို မျှတာက ပိုကောင်းမယ် ခံစားရပါတယ်။ သတိထားမိလို့ပါ။ (*You can't create shared folders inside your Public folder.)

ကျနော်တို့ ကိုယ့်အကောင့်နဲ့ ဒလော့ဘောက် ဝင်သုံးတဲ့ ကွန်ပျူတာတိုင်းမှာ ကိုယ် access လုပ်ခဲ့တဲ့ ဖိုင်တွေ ကျန်ရစ်နေပါတယ်။ ဒါဟာ အွန်လိုင်းဘက်က လုံခြုံနေပေမယ့် အော့ဖ်လိုင်းဘက်မှာတော့ အဲ့ဖိုင်တွေ secure ဖြစ်ဖို့ရာ ကိုယ့်တာဝန်ပါပဲ။ ဒါကြောင့် (မိမိတစ်ဦးတည်း သုံးသည့် စက်မဟုတ်ပါက) ဒလော့ဘောက်က အောက်/ ထွက်ပြီဆိုရင် ထို ဖိုင်များကိုပါ Windows Explorer ဖွင့်၍ ရှင်းသင့်က ရှင်းပစ်ဘို့ သတိထားရမှာ ဖြစ်ပါတယ်...။

ကျနော် တွေ့တာ ဒါ အကုန်ပါပဲ။ နောက်ထပ် သတိပြုမိတာ တွေ့ရင် ဆွေးနွေးပေးကြပါဦးဗျို့...

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား