Thursday, September 16, 2010

စိတ်၏ ပျံ့လွင့်တတ်သော သဘောကို ထိန်းချုပ်ခြင်း

တရားထိုင်လျင် စိတ်၏ မတည်ငြိမ်ခြင်း၊ ပျံ့လွင့်ခြင်းကို ထိန်းချုပ်ရန် နည်းတစ်နည်း ရပါသည်။
ထိုနည်းကို ဓမ္မမိတ်ဆွေ ကိုဝင်းမင်းထွန်းမှ ကျေးဇူးပြုပါသည်။

တရားထိုင်လျှင် (တရားအားထုတ်လျှင်)

  • ဝင်လေထွက်လေကို မိမိ၏အသိမှာထင်ရှားပါစေ။

  • စိတ်ကိုလျှော့ထားပါ။ တင်းမထားရပါ။ သက်တောင့်သက်သာနေပါ။

  • ပတ်ဝန်းကျင်ကဆူနေလဲ ထိုဆူညံတာတွေကိုပဲ မြဲမမြဲ ပြောင်းမပြောင်း ပျက်မပျက် သုံးသပ်ပေးနေပါ။

  • စိတ်ပျံ့လွင့်တဲ့အခါ သုံးသပ်ရန်မှာ...



  1. ဒါဟာ သဘာဝပဲဆိုပြီးလက်ခံပေးလိုက်ပါ

  2. စိတ်ဆိုတာ လျှင်မြန်စွာပျံ့လွင့်တယ်လို့ မြတ်စွာဘုရားရဲ့ထောက်ခံချက်ကိုယူလိုက်ပါ

  3. ထို ပျံ့လွင့်တဲ့စိတ်ကလေးကို မိမိရဲ့နောက်အသိစိတ်ကလေးနဲ့ပဲ ပျံ့လွင့်တဲ့စိတ်ကလေး ဟာမြဲသလား ပြောင်းသလား ပိုလာသလား သုံးသပ်ပေးလိုက်ပါ



  • အဲဒီလိုသုံးသပ်နေခိုက်မှာ ပျံ့လွင့်စိတ်မရှိ တော့ဘူးဆိုတာ မိမိကိုယ်တိုင်တွေရပါလိမ့်မယ်


ဒါဟာ မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ ကိုယ်တိုင်လက်ဆင့််ကမ်းခဲ့သော တရားအားထုတ်နည်းပဲဖြစ်ပါတယ်။
အကြောင်းအကျိုး အဆိုးအကောင်းကို အသေအချာ လေ့လာတတ်တဲ့သူအတွက် တရားအားထုတ်တယ်ဆိုတာ မခဲရင်းနိုင်ပါဘူး။ လောကဒါဏ်တွေနဲ့ တွေ့တဲ့ အခါ ဓမ္မဆေးနဲ့ ကုတာအကောင်းဆုံးပဲ ဖြစ်ကြောင်း သင်ကိုယ်တိုင် လက်တွေ့ သိလာပါလိမ့်မည်။

(ဓမ္မမိတ်ဆွေ ကိုဝင်းမင်းထွန်းမှ ကုသိုလ်ပြုပါသည် ခင်ဗျား...)
ကျေးဇူးတင်စွာဖြင့်...
/ဧးသိမ်း/

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား