Thursday, August 19, 2010

Gtalk မှာ မိမိကို ဘလော့ (block) ထားလား၊ မထားလား စစ်ကြည့်ချင်..

အခုတလော ဂျီတော့မှာ ပျောက်ချက်သားကောင်းနေတဲ့သူ တစ်ယောက်ကို သတိထားမိတယ် ဆိုပါစို့..
တကယ်ပဲ အွန်လိုင်းမတက်တာလား ကိုယ့်ကို ဘလော့ (block) လုပ်ပြီး ရှောင်နေလို့ ကိုယ် သူ့ကို မတွေ့ရတာလား စစ်ကြည့်ရအောင်

(မှတ်ချက်။ Gtalk to Gtalk စစ်ကြည့်တဲ့ နည်းက မဟန်တော့ဘူးနော်။ စစ်လို့ မရတော့ဘူး။ 2010 Aug 19 က စစ်ထားတာလေ..။

ဒီတော့..) စစ်ကူခေါ်ကြမယ်။ တခြားနည်းတွေလည်း ရှိဦးမှာပါ။ ဒီမှာတော့ ကျနော် သိတဲ့ နည်းလေး ဖောက်သည်ချပါရစေ။



Pidgin နဲ့ စစ်ကြည့်တဲ့နည်းလေးပါ။
Free ပါ။ မူရင်းကို သူဝက်ဆိုဒ်ကနေ ဆွဲချယူနိုင်ပါတယ်။ http://pidgin.im/
Pidgin ကိုသုံးပြီး GTALK ကော Yahoo ကော IM အတော်များများကို လှမ်းတော့လို့ ရပါတယ်။ မိမိ၏ IM အကောင့်တွေလည်း တစ်ခုမကထည့်ပီး တပြိုင်နက် Talk နိုင်ပါတယ်။ အခု သူ့ကို ဒေါင်းလုပ်ဆွဲချပြီး အင်စတေား လုပ်ပီးသွားပြီး ဆိုပါစို့။ အသစ်ဆိုတော့ အကောင့်တစ်ခုမှ မရှိသေးဘူးပေါ့။ Add Account နဲ့ မိမိ၏ အကောင့်ကို ထည့်ပေးရပါမယ်။


မိမိအကောင့်က Gtalk အကောင့်ဆိုရင် Gtalk ကိုေ၇ွးပါ။ အောက်မှာ အဝါတားပြထားတဲ့ သုံးခုကို ထည့်ပေးရပါမယ်။ username ရယ် password ရယ် နောက် (ကိုယ်ပိုင်စက် ဆိုရင်) remember password ရယ်ပေါ့။ ပြီးရင် အက်ကို နှိပ်လိုက်ရုံပါပဲ။


အောက်ကပုံမှာ PIDGIN က မိမိဂျီတော့အကောင့်နဲ့ တက်နေပုံပါ။
ကိုယ့်ကို ပုန်းရှောင်နေသူက offline ဖြစ်နေမှာ ဆိုတော့ offline ဘော်ဒါတွေကို ပြခိုင်းလိုက်ပါမယ်။


offline ဘော်ဒါတွေထဲက ကိုယ့်ကို ဘလော့လုပ်ထားတယ်လို့ သံသယရှိသူကို သူ့နာမည်ပေါ် Right click ခေါက်ပီး Get Info လုပ်ကြည့်ပါ။ အောက်ကပုံလို Full name နဲ့ Photo (ပုံ) တို့ ဘာတို့ တွေ့မြင်ရရင်... သူက offline သက်သက် ဖြစ်နေတာ ကိုယ့်ကို ဘလော့ထားတာ မဟုတ်ဘူးလို့ သိသာပါတယ်။ (ဟူး...တော်ပါသေးရဲ့)



အဲ့... Get Info လုပ်ကြည့်လို့ အောက်ကပုံလို ဗျောင်ချည့် (ဒါမှမဟုတ်) Status offline တစ်ကြောင်းတည်း ပေါ်လာရင်တော့ သေချာပါတယ်။ သူ ကိုယ့်ကို ဘလော့ထားတာပဲ။


ဘာဆက်လုပ်မလဲ?

သူ ကိုယ့်ကို မခင်ရင် ကိုယ်လည်း မခင်ဘူးပေါ့ဗျာ..။ တဘက်သတ်ကြီး ဘလော့ခံရတာထက်စာရင် ကိုယ်လည်း သူ့ကို ပြန်ဘလော့မှာပေါ့။ ဘဲစားဘဲကျေပဲ...။ အဲ့တာ အေးကရော...။ နှစ်ဦးနှစ်ဘက် ပြန်မကျေအေးမချင်း (နှစ်ဘက်စလုံးက ပြန်ပြီး unblock မလုပ်မချင်း) အွန်လိုင်းမှာ မတွေ့တော့ဘူးသာ မှတ်ပေရော့ပဲ...။ :D

ဒါမှမဟုတ် သူ့ကို ကိုယ့် Contact List ထဲကနေ Remove လုပ်ပလိုက်လည်း အေးတာပဲ...။ ပြန် အင်ဗိုက်မလုပ်မချင်း မတွေ့တော့ဘူးပေါ့...။ :D

ပုံအချို့နှင့် အိုင်ဒီယာ ဒီနေရာမှ ရယူထားပါသည်။
/ဧးသိမ်း/

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား