Monday, September 13, 2010

ကိုယ့်ဘာသာ ပေါင်မုန့်ဖုတ်စားကြခြင်း



ပေါင်မုန့်လုပ်တဲ့စက်ကလေး (စီတီးမတ်ကဝယ်လာတာ Akira တံဆိပ်နဲ့လေ) အဲတာလေး ဝယ်လာပြီး ကိုယ့်ဘာသာ ပေါင်မုန့်ဖုတ်စားနေတာ တယ်မိုက်သဗျာ... ၉၀၀ ဂရမ် တစ်လုံးကို ခန့်မှန်းခြေ ကုန်ကျစရိတ်၆၅၀ကျပ်လောက် ရှိသဗျ။ လတ်လတ်ဆတ်ဆတ်နဲ့ ဥပဒ်ဖြစ်တာတွေ မပါတော့ ဘူးပေါ့။ အဲ့ဒီ စက်မှာ လုပ်နည်းလေးတွေ ပါတယ်။ အဲဒါလေး ကြည့်ပြီး ဖုတ်နေတာ...

ထည့်တာကတော့ အစဉ်လိုက်ထည့်ရမှာ..
ရေ ၃၀၀ မီလီလီတာ
ဆား လက်ဖက်ရည်ဇွန်း ၁.၇၅ ဇွန်း
သကြား ဇွန်းကြီး ၂ဇွန်းတိတိ
ထောပတ်၊မဂျရင်း ထည့်ချင် နဲနဲထည့် (optional)
ကြက်ဥ ထဲ့ချင်ထည့် တစ်လုံး (optional)

ဂျုံမှုန့် ၅၀၀ ဂရမ်
အင်စတန့်ရိစ် လက်ဖက်ရည်ဇွန်း ၁.၅၀ ဇွန်း
ဆီ ဇွန်းကြီး ၂ဇွန်းခွဲ

အစဉ်လိုက်ထည့်ပြီး။ မီးပလပ်တပ်ပြီး ၃နာရီလောက် လွတ်ထားရင် ရပါပြီဗျာ... ပေါင်မုန့် အလုံးကြီးတစ်လုံး ဖိုကိုဖွင့်လိုက်ရင် မွှေးနေတာပဲ။ (ကျက်သွားရင် ဘေးအိမ်ကတောင် မနာလိုဖြစ်ရအောင်ကို မွှေးတာနော် :) )

မနက်စာ (ဘရိတ်ဖတ်စ်) အတွက် မှန်းပြီး ညဘက်ထ လုပ်ထားမိလိုက်ရင် ၃နာရီနဲ့ ရတော့ မနေနိုင်ပါဘူးဗျာ..တမိသားစုလုံးထပြီး ဝါးတီးဖွင့်ပစ်လိုက်တာ...မနက်ကျတော့ ပေါင်မုန့်က ဖင်ကပ်ပဲ ကျန်တယ်။
ကိုယ့်ဘာသာကိုယ် လုပ်တယ် ဆိုတော့ ကြိုက်သလောက်စားပဲ..ကုန်ရင် နောက်တစ်လုံးလုပ်မှာ ဆိုတော့လေ..

ဂျုံမှုန့် တပိဿာတစ်ထုပ်မှာ ၁၆၀၀ ဂရမ်ပါတော့ ပေါင်မုန့် ၃လုံး ရတယ် အိုက်ထို့ရေ...။
တခြား ဖို၊ အိုဗင်နဲ့ လုပ်နည်းတော့ မသိသေးဘူး။ လောလောဆယ် ဒါလေးနဲ့ အဆင်ပြေနေတယ်။ :)

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား