October 28, 2013 at 10:43pm [နည်းပညာဆောင်းပါး]
မြင်ရတဲ့အတိုင်းပါပဲ။ Complete ဖြစ်လုဆဲဆဲ ၉၉.၉၉% မှာ ဂန့်သွားပါတယ်။ အစက ပြန်မဆွဲလို့ မဖြစ်တဲ့ အခြေအနေပါ။ ဘာတတ်နိုင်မလဲ။ လိုချင်ရင် အစက ပြန်ဆွဲရပေမပေါ့။ resume ပြန်ဆွဲမယ်ကြံရင် resume မရတဲ့အတွက် ဖျက်ပြီး တစ်ကပြန်စမလား မေးပါလိမ့်မယ်။ Yes / OK ပေးလိုက်ရင် ဆွဲပြီးသမျှကို ခဝါချပြီး အသစ်တစ်ခု တစ်ကစ ပြန်ဆွဲချပါလိမ့်မယ်။ မိတ်ဆွေ OK လုပ်လိုက်မလား?
*** ဥပမာ။ မူဗွီဖိုင်ဆိုရင် အဆုံးသတ် စာတမ်းထိုး THE END OF THE VERY END ပဲ ကျန်တော့တာ။ ဒါကို လက်ခံပြီး ကြည့်နိုင်တာပဲ။ ဒီလို အခြေအနေမျိုးမှာဆိုရင် ၀% က ပြန်စဆွဲဘို့ လုံးဝ မလိုအပ်ပါဘူး။ ၈၀% ပဲ ဖြစ်ဖြစ် ဆွဲပြီးသလောက်တော့ ကြည့်ချင် ကြည့်နိုင်ပါတယ်။ ထောက်ခံတယ်မလား။ အိုကေ - ထောက်ခံရင် ဆက်ပြောပြမယ်။ မထောက်ခံရင် မဖတ်နဲ့တော့ ဖတ်ရင် အချိန်ကုန်တယ်။ ၀% က ပြန်စဆွဲဘို့ အချိန်ပေးလိုက်ပါလေ။ ;)
တကယ်တော့ ဒီ trick ကို မွေးရာပါ တတ်လာတာ မဟုတ်ပါဘူး။ ကွန်ပျူတာနှင့် နည်းပညာဆိုင်ရာ အမေးအဖြေ ဆွေးနွေးခန်းမှာ မျှဝေနေတဲ့ နည်းပညာဆရာကြီးများထံက တဆင့် ရယူ၍ ဖောက်သည်ချခြင်း ဖြစ်ပါတယ်။
၁) ပထမဦးစွာလုပ်ရမှာက ဆွဲလက်စ ဂန့်သွားတဲ့ ဖိုင်အမည် သိထားရပါမယ်။ ဘယ်လိုသိနိုင်မလဲ ? IDM ကနေ ၎င်းဖိုင်ကို ရွေးပြီး Right Click ခေါက်၊ Properties ရွေးလိုက်ပါ။ Save to အကွက်ပါ File Name ပါလာပါမယ်။ ကော်ပီကူးယူလိုက်ပါ။ အောက်က ပုံမှာ Right Click ခေါက်ရန် နေရာ ပြထားပါတယ်။

၂) ဒုတိယအဆင့်က ဂန့်သွားတဲ့ ဖိုင် (ယာယီဖိုင်) ဘယ်နားမှာ ထားသလဲ ဖော်ထုတ်ရပါမယ်။ IDM က ပရိသတ်မျက်စိနောက်မစိုးလို့ ဆွဲလက်စဖိုင်တွေကို မပြပါဘူး။ ဖွက်ထားပါတယ်။ ဒါ့ကြောင့် ရှာရပါမယ်။ IDM - Option ကို နှိပ်လိုက်ပါ။ Save To ကနေ Temporary Directory ကို မြင်ရပါမယ်။ အောက်က ပုံမှာ Temporary Directory ကို နေရာ ပြထားပါတယ်။

၃) တတိယအဆင့်က ဂန့်သွားတဲ့ ဖိုင် (ယာယီဖိုင်) ကို ဖော်ထုတ်ပါမယ်။ Temporary Directory ကို Windows Explorer ကနေ ဝင်လိုက်ပါ။ ဥပမာ C:\Users\CurrentUserName\AppData\Roaming\IDM\ လိုနေရာမျိုးပေါ့။
Search Box ကနေ ဂန့်သွားတဲ့ ဖိုင် (ယာယီဖိုင်) အမည်ကို ရိုက်ရှာလိုက်ပါ။ ဒါဆို တွေ့ပါပြီ။

အကယ်၍ တွေ့တဲ့ ဖိုင်က အသုံးမတည့်လည်း အရှုံးမရှိပါဘူး။ ၀% က ပြန် စမဆွဲခင် စမ်းသပ်ကြည့်သင့်တဲ့ နည်းဖြစ်ပါတယ်။ မြန်မာပြည်က မပုတု နဲ့ အီးပီစီကြောင့် စိတ်ညစ်ရတဲ့ ဒုက္ခ၊ ဟတ်ကော့ဖြစ်ရတဲ့ ဒုက္ခက ကင်းဝေးကြပါစေကြောင်း ....
တင်ပြသူ Lu Zein ( မြန်မာ့ အရုဏ်သစ် )
28-Oct-2013
မှတ်ချက်။ ။ "IDM မှာ ဟတ်ကော့ဖြစ်သွားလျှင်" လို့ ခေါင်းစဉ်တပ်မလို့ပဲ။
ဒါပေမည့် ကိုယ်စိတ်ထဲရှိသလို ခေါင်းစဉ်တပ်ပလိုက်တယ်ဗျို....။
IDM နဲ့ ဆွဲနေရင်း ရလုနီးနီး၊ ၉၉.၉၉% မှာ ပြတ်ကျသွားသည်။ Resume မပေးလို့ အစက ပြန်ဆွဲရမယ်လို့ Error ပေးတာမျိုး ကြုံရဘူးပါသလား? ဤ ဘဒ္ဒကမ္ဘာ ဒန္တယာကြီးမှာ မကြုံဘူးသေးတဲ့သူရှိမယ်လို့ မထင်ပါ။ :)
အောက်က ပုံမှာ လေ့လာကြည့်ပါခင်ဗျာ။ ကိုမျိုးချစ် ဆီမှ ရယူလာပါတယ်။
image credit to ဦး မျိုး ချစ်
မြင်ရတဲ့အတိုင်းပါပဲ။ Complete ဖြစ်လုဆဲဆဲ ၉၉.၉၉% မှာ ဂန့်သွားပါတယ်။ အစက ပြန်မဆွဲလို့ မဖြစ်တဲ့ အခြေအနေပါ။ ဘာတတ်နိုင်မလဲ။ လိုချင်ရင် အစက ပြန်ဆွဲရပေမပေါ့။ resume ပြန်ဆွဲမယ်ကြံရင် resume မရတဲ့အတွက် ဖျက်ပြီး တစ်ကပြန်စမလား မေးပါလိမ့်မယ်။ Yes / OK ပေးလိုက်ရင် ဆွဲပြီးသမျှကို ခဝါချပြီး အသစ်တစ်ခု တစ်ကစ ပြန်ဆွဲချပါလိမ့်မယ်။ မိတ်ဆွေ OK လုပ်လိုက်မလား?
ဟိုးထား - ဟိုးထား ဆရာ ဟိုးထား
အိုကေ မလုပ်ပါနဲ့ဦး။ မဖျက်လိုက်ပါနဲ့ဦး။ ဒီလို အခြေအနေမှာ နှမြောစရာ ကောင်းပါတယ်။ ဆွဲလက်စ ဖိုင် ရဲ့ အနေအထား ကို ပြန် သုံးသပ်သင့်ပါတယ်။ ၉၉.၉၉% တဲ့။ ပြီးပဲ ပြီးတော့မယ်။ နောက် bit အနည်းငယ် ရတာနဲ့ ၁၀၀% ပြီးသွားနိုင်ပါပြီ။
ဒါ့ကြောင့်... ကျနော်တို့ ဆွဲပြီးသမျှနဲ့ သုံးလို့ ရ၊ မရ စမ်းသပ်ကြည့်သင့်ပါတယ်။
*** ဥပမာ။ မူဗွီဖိုင်ဆိုရင် အဆုံးသတ် စာတမ်းထိုး THE END OF THE VERY END ပဲ ကျန်တော့တာ။ ဒါကို လက်ခံပြီး ကြည့်နိုင်တာပဲ။ ဒီလို အခြေအနေမျိုးမှာဆိုရင် ၀% က ပြန်စဆွဲဘို့ လုံးဝ မလိုအပ်ပါဘူး။ ၈၀% ပဲ ဖြစ်ဖြစ် ဆွဲပြီးသလောက်တော့ ကြည့်ချင် ကြည့်နိုင်ပါတယ်။ ထောက်ခံတယ်မလား။ အိုကေ - ထောက်ခံရင် ဆက်ပြောပြမယ်။ မထောက်ခံရင် မဖတ်နဲ့တော့ ဖတ်ရင် အချိန်ကုန်တယ်။ ၀% က ပြန်စဆွဲဘို့ အချိန်ပေးလိုက်ပါလေ။ ;)
တကယ်တော့ ဒီ trick ကို မွေးရာပါ တတ်လာတာ မဟုတ်ပါဘူး။ ကွန်ပျူတာနှင့် နည်းပညာဆိုင်ရာ အမေးအဖြေ ဆွေးနွေးခန်းမှာ မျှဝေနေတဲ့ နည်းပညာဆရာကြီးများထံက တဆင့် ရယူ၍ ဖောက်သည်ချခြင်း ဖြစ်ပါတယ်။
၁) ပထမဦးစွာလုပ်ရမှာက ဆွဲလက်စ ဂန့်သွားတဲ့ ဖိုင်အမည် သိထားရပါမယ်။ ဘယ်လိုသိနိုင်မလဲ ? IDM ကနေ ၎င်းဖိုင်ကို ရွေးပြီး Right Click ခေါက်၊ Properties ရွေးလိုက်ပါ။ Save to အကွက်ပါ File Name ပါလာပါမယ်။ ကော်ပီကူးယူလိုက်ပါ။ အောက်က ပုံမှာ Right Click ခေါက်ရန် နေရာ ပြထားပါတယ်။

ဆွဲလက်စ ဂန့်သွားတဲ့ ဖိုင်အမည်ရှာရန်
၂) ဒုတိယအဆင့်က ဂန့်သွားတဲ့ ဖိုင် (ယာယီဖိုင်) ဘယ်နားမှာ ထားသလဲ ဖော်ထုတ်ရပါမယ်။ IDM က ပရိသတ်မျက်စိနောက်မစိုးလို့ ဆွဲလက်စဖိုင်တွေကို မပြပါဘူး။ ဖွက်ထားပါတယ်။ ဒါ့ကြောင့် ရှာရပါမယ်။ IDM - Option ကို နှိပ်လိုက်ပါ။ Save To ကနေ Temporary Directory ကို မြင်ရပါမယ်။ အောက်က ပုံမှာ Temporary Directory ကို နေရာ ပြထားပါတယ်။

ဂန့်သွားတဲ့ ဖိုင် (ယာယီဖိုင်) ဘယ်နားမှာ ထားသလဲ ဖော်ထုတ်ရန်
၃) တတိယအဆင့်က ဂန့်သွားတဲ့ ဖိုင် (ယာယီဖိုင်) ကို ဖော်ထုတ်ပါမယ်။ Temporary Directory ကို Windows Explorer ကနေ ဝင်လိုက်ပါ။ ဥပမာ C:\Users\CurrentUserName\AppData\Roaming\IDM\ လိုနေရာမျိုးပေါ့။
Search Box ကနေ ဂန့်သွားတဲ့ ဖိုင် (ယာယီဖိုင်) အမည်ကို ရိုက်ရှာလိုက်ပါ။ ဒါဆို တွေ့ပါပြီ။

Search Box ကနေ ဂန့်သွားတဲ့ ဖိုင် (ယာယီဖိုင်) အမည်ကို ရိုက်ရှာရန်
အကယ်၍ တွေ့တဲ့ ဖိုင်က အသုံးမတည့်လည်း အရှုံးမရှိပါဘူး။ ၀% က ပြန် စမဆွဲခင် စမ်းသပ်ကြည့်သင့်တဲ့ နည်းဖြစ်ပါတယ်။ မြန်မာပြည်က မပုတု နဲ့ အီးပီစီကြောင့် စိတ်ညစ်ရတဲ့ ဒုက္ခ၊ ဟတ်ကော့ဖြစ်ရတဲ့ ဒုက္ခက ကင်းဝေးကြပါစေကြောင်း ....
တင်ပြသူ Lu Zein ( မြန်မာ့ အရုဏ်သစ် )
28-Oct-2013
No comments :
Post a Comment
ကွန်းမန့်လေး ထားခဲ့ပါလား