Tuesday, November 6, 2012

dfsvc.exe has encountered a problem and needs to close

dfsvc.exe has encountered a problem and needs to close ဆိုတဲ့ ပြဿနာမျိုး ကြုံဘူးကြပါသလား ?

ဘယ်လို အခြေအနေမျိုးမှာဖြစ်တတ်သလဲ ဆိုရင် သင်ဟာ
- ဝင်းဒိုး Vista, ဝင်းဒိုး 7 စက်ကို သုံးနေမယ်။
- Dotnet Clickonce feature ပါတဲ့ ပရိုဂရမ်တစ်ခုကို စက်ထဲ အင်စတော သွင်းဘို့ လုပ်နေမယ် ဆိုရင်
ထိုကဲ့သို့သော ပရိုဂရမ်မျိုးကို စက်ထဲ သွင်းလို့ မအောင်မြင်ပဲ ဖော်ပြပါ Error နဲ့ ရပ်တန့်သွားပါလိမ့်မယ်။ ဒါဟာ သင့် စက်ထဲရှိ Dotnet Framework ကြောင်သွားလို့လည်း ဖြစ်နိုင်ပါတယ်။ မိမိ စက်ထဲ ရှိ DotNet Framework ကို ပြန် Re-install လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ အခြားနည်းလမ်းဖြင့် ဖြေရှင်းနည်းတွေလည်း ရှိနိုင်ပါသေးတယ်။

အလွယ်ကူဆုံး ဖြေရှင်းနည်းကတော့ Dotnetfx Cleanup Tool ကို အသုံးပြုခြင်းပါပဲ။
Credit to http://clientsupport.curse.com

ဒီ Tool က သေးငယ်သလို ထိရောက်ပါတယ်။ သင့်စက်ထဲမှာရှိတဲ့ DotNet Framework ပြဿနာတွေ ချက်ချင်း ပြေလည် သွားပါလိမ့်မယ်။

၎င်း Tool ကို မူရင်း Source က ဆွဲချယူနိုင်ပါတယ်။ ကျနော် သိမ်းထားတဲ့ ဒီနေရာကလည်း ဆွဲချယူနိုင်ပါတယ်။ ပြဿနာချင်း တိုက်ဆိုင်လို့ အခက်အခဲတစ်ခု ပြေလည်သွားရင် ကူညီရကျိုးနပ်တာပေါ့ ခင်ဗျာ :)

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား