Friday, May 4, 2012

Word Quiz: Microsoft Office Word 2007 / 2010 သုံးတဲ့သူအတွက် ဥာဏ်စမ်းမေးခွန်းပါ။

Word Document ဖိုင်ထဲ (ဝါ) Template ထဲမှာ နေ့စွဲတစ်ခု ထည့်ထားချင်တယ်။ ထည့်ချင်တဲ့ Date Format က ရက် လ နှစ် (နေ့) နဲ့ပါ။
ဥပမာ။ 1-5-2012 (Tue) ပေါ့။ နေ့စွဲပြောင်းတာနဲ့ နေ့ပါ လိုက်ပြောင်းရမယ်။ နေ့ သက်သက်ကို manually မထည့်ချင်ဘူး

*** ကန့်သတ်ချက်က
  • အဲ့နေ့စွဲဟာ Today တော့ မဖြစ်ရဘူး။
  • Excel နဲ့လည်း မဖြေရဘူး။ :)

scenario: နှစ်စဉ်ကျင်းပလေ့ရှိသော ကျောင်းသားအားကစားပွဲတော်အတွက် နေ့စွဲများနှင့် events များ စုစည်းထားသည့် word ဖိုင် တစ်ခု ရှိသည် ဆိုပါစို့။ တာဝန်ကျ ကျောင်းဆရာသည် နှစ်စဉ် ၎င်းဖိုင်ကို ပွားယူ၍ ရက်ချိန်းခြင်း၊ event များ ပြင်ဆင်ခြင်း စသည့် routine work ကို လုပ်ရသည်။ event များကို ရက်အလိုက် စီ၍ ဖော်ပြထားရာ ရက်၊ နေ့ နှင့် event ကို တိုက်ဆိုင်စစ်ဆေးရသည်မှာ အလုပ်တစ်ခု ဖြစ်သည်။ ရက်နှင့် နေ့ မှာ ဆက်စပ်နေသောကြောင့် ရက်သတ်သတ် နေ့သတ်သတ် manually ဖြည့်သွင်းရသည်မှာ human error များသော အလုပ်ပို တစ်ခုဟု ယူဆသည်။ ၎င်း routine work ကို သူသည် word ဖိုင် အဖြစ်သာ ထားရှိလိုသည်။ Excel ဖိုင် (သို့မဟုတ်) Excel Object ကို လုံးဝ မသုံးချင်ပေ။  

ဥပမာ ။    ။

10-9-2012 (MON)  အားကစားပွဲကျင်းပရေး ကော်မတီ အစည်းအဝေး (၁)
.
.
.

25-9-2012 (TUE)    အတန်းလိုက် အစမ်းလေ့ကျင့်အပြီး
26-9-2012 (WED)  ရီဟာဇယ် စုပေါင်းလေ့ကျင့်ပွဲ
27-9-2012 (THU)   အားကစားပွဲ ကျင်းပသည့်နေ့

ဒီလို  ရက်နဲ့ နေ့ တွေ အများကြီး ရေးရတဲ့ အခါ နေ့နဲ့ ရက်နဲ့ တွဲပြီး ဖော်ပြချင်ရင် ဘယ်လိုလုပ်ကြမလဲ ဆွေးနွေးကြတာပေါ့ :) 


Quiz မှာ...
Word ဖိုင်သက်သက်ဖြင့် ၎င်း routine work တွင် human error ကို လျော့ချရန် သင် ၎င်းအား မည်သို့ အကြံပေးနိုင်မည်နည်း ?
by Number to Myanmar Text on Friday, May 4, 2012 at 10:50am ·

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား