Wednesday, May 2, 2012

ကိန်း၊ ဂဏန်း၊ သင်္ချာ ဟူသည်................................[by Number to Myanmar Text]

by Number to Myanmar Text on Wednesday, May 2, 2012 at 10:48am ·

ပုံ ဝိကီမှ ရယူထားပါသည်။
ကိန်း = ပူစ္ဆာ၊ အနက်။ ကိ (ပါဠိလို)။ သင်္ချာဗေဒ ရှေးဟောင်းကျမ်းများတွင် "ကိန်းခန်း" ဟူ၍ ကိန်း နှင့် ခန်းကို တွဲ၍ ခေါ်ဝေါ်ထားရာ ကိန်းမှာ ၁ မှ ၉ အထိ ပေါင်း နှုတ် မြှောက် စား၍ ရသော ဂဏန်းကို "ကိန်း" ဟုခေါ်၍ ထို့သို့ တွက်ချက်၍ မရသော သုညကို "ခန်း" ဟု ခေါ်ကြောင်း တွေ့ရသည်။ သို့သော် မြန်မာ့သင်္ချာသမိုင်းအရ ကိန်းဆယ်လုံး ရှိရာတွင် သုညသည် တစ်၏ အရှေ့မှ ရှိ၍ (၀၊ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉) များကို ကိန်းပြည့်ကိန်းဟု ခေါ်သည်။

* Natural Numbers, Counting Numbers ဟု ခေါ်ကြပါတယ်။ Natural Numbers ထဲမှာ သုံည ပါ မပါကို ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။ သူတို့ ဘာတွေပဲ ငြင်းငြင်း မြန်မာတွေ ကိန်း နဲ့ ခန်း ကို ခွဲခေါ်ပုံ၊ သုံညကို "ခန်း" ဟု အမည်ပေးပုံမှာ အလွန် သဘောကျစရာပင် ဖြစ်ပါတယ်။ ရှေးမြန်မာများ
  • မရှိခြင်း (Null) နှင့်
  • ကုန်ခန်းခြင်း သုံည၊ ခန်း (Zero) ကို
ခွဲခြားနားလည်ခဲ့ကြပါတယ်ဆိုတာ ပေါ်လွင်ပါတယ်။

* ကိန်း ကို အင်္ဂလိပ်လို Numerals ဟု သမုတ်နိုင်ပါသည်။ ကိန်းတို့ကို သညာပြုထားသော သင်္ကေတများကို Numeral Symbol ဟု ခေါ်ပါသည်။ ဥပမာ။ တစ် ကို ဖော်ပြရာတွင် သုံးသော ၁ စသည်။
* Numeral Symbol ကို မြန်မာလို ဘယ်လို ခေါ်သလဲ ရှာတွေ့လျှင် ဖော်ပြပါဦးမယ်။

ဂဏန်း = အရေအတွက် (ပါဠိလို)။ ရှေးက "ကနန်း" ဟု ရေးသားကြသည်။
(အထက်ဇော်ပြပါ ကိန်းတို့ကို အသုံးပြု၍ ရေတွက်ထားသော တန်ဘိုးများကို ဂဏန်းဖြင့် ပြဆိုပါသည်။ ဥပမာ။ ၁၂၀၀၊ ၁၀၊ ၁၅ စသည်။
* ဂဏန်း ကို အင်္ဂလိပ်လို Numbers ဟု ခိုင်းနှိုင်းလျှင် သင့်မည် ထင်ပါတယ်

သင်္ချာ = သင်္ကေတ အမှတ်သညာ။ သင်္ချာကို သင်္ကေတသဘောဖြင့် ကိန်း၊ ဂဏန်းတို့၏ အမည်သညာဖြင့် အမှတ်အသားပြု၍ တွက်ချက်ရာတွင် သုံးသည်။ သင်္ချာမှာ အမှတ်သညာဖြစ်သည်။ သညာအမှတ်ကို မသိလျှင် ရေတွက်မရသော ကိန်းဂဏန်းသာလျှင် ဖြစ်မည်။ ထိုကြောင့် အသင်္ချေ (1E+140) ဟူသော သညာကို မြန်မာ့ကျမ်းဂန်များ၌ လာရှိသည့်အတိုင်း မြန်မာ့ရိုးရာ တွက်ကိန်းသင်္ချာ၏ ညွှန်းတမ်းအဖြစ် တင်ပြကြပါသည်။

* သင်္ချာကို အင်္ဂလိပ်လို Number System ဟု သမုတ်က သင့်တော်မည် ထင်ပါသည်။  Number System ဟူသည် အောက်ပါ အဓိပ္ပာယ် နှစ်မျိုးရှိကြောင်း "သင်္ချာဝေါဟာရ အဘိဓာန်"တွင် ဒေါက်တာခင်မောင်ဝင်းက ဖွင့်ဆိုခဲ့ပါသည်။
(၁) ကိန်းဂဏန်းများ ပါဝင်သော အစုအဝေး၊ (၂) ဂဏန်းရေးသားနည်းစံနစ် တို့ ဖြစ်ပါသည်။ ဆက်၍ ဖွင့်ဆိုရာတွင် ဂဏန်းရေးသားနည်းစံနစ်ဟူသည် ကိန်းများကို ရေးသားပုံ ရေးသားနည်းကို ဆိုလိုကြောင်း ဥပမာ သုံည ကို "0" တစ်ကို "1"ဟု ရေး၏ဟု ဖော်ပြပါရှိပါသည်။ ၎င်းဖွင့်ဆိုချက်အရ Numeral Symbol (ဝါ) Numerical digit များ နေရာချနည်းသည်လည်း သင်္ချာဟု ခေါ်နိုင်ကြောင်း ပေါ်လွင်ပါသည်။

(ဆရာကြီး ဒဂုန်နတ်ရှင်ရေးသော မြန်မာ့ရိုးရာ ကိန်းဂဏန်းသင်္ချာ စာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။)
ဆွေးနွေးရန်ရှိပါက ကျေးဇူးပြု၍ ကွန်းမန့် ပေးကြပါရန်...။ Thank you...
credit to source: Number to Myanmar Text

Download link:
http://www.mediafire.com/download/yayqgd4ejgjxzn8/Deployed_Num2MyanText_2013-12-17.zip

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား