Monday, March 26, 2012

Re: Facebook ထဲက Virus ကို ဘယ်လို ဖြေရှင်းရမလဲ ... ???

Facebook ထဲက Virus ဆိုတာ ကိုယ်မတင်ပဲနဲ့ သူများ၏ Wall မှာ ကိုယ့်နာမည်နဲ့ ပေါက်ကရတွေ လျောက်တင်တာ ခံရတဲ့ ပြဿနာကို ဆိုလိုတာလား ဒါဆိုရင် နောင် ဒီလိုမျိုး မခံရအောင် Post on my behalf ပါမစ်ကို ပိတ်ပစ်လိုက်ပါ။  တင်ပြီးသားကို ပြန်ဖျက်ဘို့ကိုတော့ မစမ်းကြည့်ရသေးပါ

ပြဿနာပါလာတဲ့ ပုံယောင်ဆောင်ထားတဲ့ App တစ်ခုကို ကလစ်ခေါက်မိရင် ဖြစ်နိုင်သလို၊ ပြဿနာ ထည့်ထားတဲ့ Facebook App တစ်ခုကို လက်ခံမိရင်လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် Post on my behalf ပါမစ် ကို ပေးသင့် မသင့် ကိုယ်သုံးနေတဲ့ Apps စာရင်းကနေ ဝင်စစ်နိုင်ပါတယ်။ Facebook > Account Settings > Apps ကနေဝင်ပါ။ တန်းဝင်ဘို့ လင့်က https://www.facebook.com/settings?tab=applications ဖြစ်ပါတယ်။

အောက်က ပုံမှာ Scribd ရဲ့ ပါမစ် ကို ဘယ်လို ပိတ်မလဲ နမူနာ ပြထားပါတယ်။ Apps ကနေ Scribd ကို edit လုပ်ပါ။ ကိုယ်မပေးချင်သမျှ ပါမစ်တွေကို Remove (ပိတ်) လိုက်ပါ။
Inline image 1



အပေါ်က ပုံ  မမြင်ရပါက ဝင်ကြည့်ရန် လင့်မှာ ... http://minus.com/mAFGjcDG9/1f

အလားတူ ကိုယ့်သုံးနေသမျှ App အားလုံးကို Edit လုပ်၍ ပါမစ်များ စစ်ကြည့်နိုင်ပါတယ်။

Post On My Behalf ပါမစ်ပေါက်နေလို့ ဖြစ်တဲ့ ပြဿနာ မဟုတ်ပါက ဒီနည်းနှင့် ပြေလည်မည်မဟုတ်ပါ။

On Tue, Mar 20, 2012 at 5:52 PM, Ko Ye` <koye.casper@gmail.com> wrote:
ကျွန်တော့် facebook ထဲက Virus ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိတဲ့သူများရှိယင် အကူအညီပေးကြပါ ...
ကျေးဇူးတင်ပါတယ် ..
--
KOYE

--

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား