Friday, June 10, 2011

Word Tips: Word XP, Word 2003 မှာ Smart Tag ကို သုံးချင်ရင်

ခေါင်းစဉ်က Word Tips ပါ။ Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

Word 2003 မှာ Smart Tag ကို သုံးချင်တယ်။ ဒါပေမယ့် Smart Tag တွေ ပိတ်ထားတယ်ဆိုပါစို့။ Smart Tag တွေ ပြန်ဖွင့် (Enable Smart Tag) ရမည့် နေရာ ကို ညွှန် ပြ ချင်ပါတယ်။

က) Word 2003 ၏ Tools Menu ရှိ Options ခလုတ်ကို နှိပ်ပါ။ အောက်က ပုံကို ကြည့်ပါ။



ခ) Options Dialog-Box ကျလာပါပြီ။ "View" tab-menu ကို ရွေးလိုက်ပါ။ ပြီးရင် "Show" အုပ်စုမှာ "Show Smart Tags" ကို အမှန်ခြစ် ပေးပါ။ အိုကေနဲ့ ထွက်ပေးပါ။

Tools > Options > View > Show > Show Smart Tags (checked) > OK
အောက်က ပုံကို ရှုပါ။ ဒီလို လုပ်ပြီးရင် သုံးတဲ့ Smart Tags တွေကို မြင်ရတော့ပါမယ်။ ဘာ Smart Tags သုံးချင်လဲ ဆိုတာ နောက်တစ်ဆင့်မှာ ဆက်ရွေးပါမယ်။


ဂ) Word 2003 ၏ Tools Menu ရှိ AutoCorrect Options ခလုတ်ကို နှိပ်ပါ။ အောက်က ပုံကို ကြည့်ပါ။



AutoCorrect Dialog-Box ကျလာပါမယ်။ AutoCorrect Dialog-Box မှာ Smart Tags Tab-Menu ကို နှိပ်ပါ။ Smart Tags စာမျက်နှာကို ရောက်ပါမယ်။
ZA006048901.gif

"Label text with smart tags" ကို အမှန်ခြစ် ပေးထားရပါမယ်။ (ဒါက စာပေါ်မှာ smart tag ဖြစ်ကြောင်း သိအောင် ပြတဲ့ လိုင်းလေးတွေ ပြပေးမှာပါ။ အပေါ်ပုံက နံပတ် 2 လိုပေါ့။)
ကိုယ်သုံးချင်တဲ့ smart tag တွေ ကို အမှန်ခြစ်ပေးပါ။ (ဥပမာ။ Measurement Converter ကို သုံးလိုလျှင် Measurement Converter ကို အမှန်ခြစ်ပေးပါ။)

"Show smart tag action buttons" ကို အမှန်ခြစ်ပေးပါ။ (ဒါက smart Tag ပေါ်မှာ လုပ်လို့ရတဲ့ action တွေ ထုတ်ပေမည့် (i) ပုံလေးနဲ့ ContextMenu ကို ပြပေးမှာပါ။ အပေါ်ပုံက နံပတ် 1 လိုပေါ့။) ပြီးရင် အိုကေ ပေးပြီး ထွက်လိုက်ပါ။





ဒါဆို Word 2003 မှာ ကိုယ်သုံးချင်တဲ့ Smart Tag ကို ရွေးချယ်နည်း ပြီးပါပြီ။

bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား