Friday, June 10, 2011

Word Tips: Word 2003 မှာ Measurement Converter Smart Tag ရှိမနေရင် ..

ခေါင်းစဉ်က Word Tips ပါ။ Microsoft Word သုံးတဲ့ user တွေ အတွက် Tip လေးတွေ မျှချင်ပါတယ် (ဂျီမေး၊ ဂျီတော့၊ အီးမေး များနှင့် မဆိုင်ပါခင်ဗျား)

Measurement Converter Smart Tag က Word 2007 က စပြီး default အနေနဲ့ ပါလာပါတယ်။ Word 2003 မှာတော့ Default အနေနဲ့ ပါမလာသေးပါဘူး။ (* Smart Tag တွေကို Word 2002 မှာစပြီး Microsoft က မိတ်ဆက်ခဲ့ပါတယ်။ ) ဒါ့ကြောင့် Measurement Converter Smart Tag ကို သုံးချင်ရင် သတ်သတ် ဒေါင်းလုပ်ဆွဲတင်ပေးရပါမယ်။ သူ့ အင်စတော်လာက သေးသေးလေးပါ 1.2 mb ပဲ ရှိပါတယ်။ တကယ်က Word 2002 အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Word 2003 မှာလည်း သုံးလို့ ရပါတယ်။ ဒေါင်းလုပ်ကို Microsoft ၏ ဒေါင်းလုပ်ဆိုဒ် မှာ ဆွဲချယူပါ

Measurement Converter Smart Tag အင်စတော်လာ အကြောင်း ဖတ်ချင်ရင် ဒီမှာ ဖတ်ပါ။

အင်စတောကတော့ ရှင်းပါတယ်။ အပေါ်က ဒေါင်းလုပ်ကို ယူပြီးရင် MetST.exe ဆိုတဲ့ ဖိုင် ရလာပါမယ်။ အဲ့ဒီ့ ဖိုင်ကို run လိုက်ရုံပါပဲ။ မ run ခင်မှာ Word 2003 ကို ပိတ်ထားဘို့တော့ လိုမယ်ပေါ့ဗျာ။ လိုအပ်တာ အဆင့်ဆင့်ကို အင်စတော်လာက ညွှန်တဲ့ အတိုင်း ဆက်လုပ်သွားရုံပါပဲ။

အင်စတော်လာ တင်ပြီးနောက် Word 2003 ကို ပြန်ဖွင့်ရင် Security Warning တက်ကောင်း တက်နိုင်ပါတယ်။ (* ထုံးစံအတိုင်း ယုံကြည်မှ သုံးပါပေါ့ဗျာ။) အောက်က ပုံကို ကြည့်ပါ.။ (* နမူနာ ပြတာပါ။ ချွတ်စွတ် တူမှာ မဟုတ်ပါ။) Microsoft ကို ယုံကြည်ရင် Enable Macros ကို နှိပ်ပေးလိုက်ရုံပါပဲ။ မယုံရင်တော့ Measurement Converter Smart Tag သုံးလို့ ရမှာ မဟုတ်ပါ။



တင်လို့ အောင်မြင်ရင် AutoCorrect Options က Smart Tags စာရင်းပေါ်ကို Measurement Converter ရောက်သွားပါလိမ့်မယ်။ သုံးဘို့ရာ သူ့ကို အမှန်ခြစ်ပေးပြီး အိုကေ ပေးလိုက်ရပါမယ်။ အောက်က ပုံကို ရှုပါ။


ဒါဆို Word 2003 မှာ Measurement Converter Smart Tag ရှိမနေရင် ရှာပြီး တင်ဘို့အကြောင်း ဆွေးနွေးခြင်း ပြီးပါပြီ။

Links:



~~~~~~

Measurement Converter Smart Tag MetST.exe ကို တင်တော့ တင်လိုက်တာပဲ။ ဒါပေမယ့် Smart Tags စာရင်းထဲ ဘယ်လိုမှ ရောက်မလာဘူးဆိုရင်တော့ အောက်ပါ အကြောင်းများကြောင့် ဖြစ်နိုင်ပါတယ်။
- Macro Security မြင့်နေခြင်း (Tools Menu > Macro > Security မှာ Security Level ကို လျော့ပေးလိုက်ပါ။ Medium လောက်ဆို မဆိုးဘူး ထင်တာပဲ။)

- သင့် စက်က MetST.exe၏ Digital Certificate ကို Trust မဖြစ်ခြင်း။ (Tools Menu > Macro > Security က Trusted Publisher မှာ Trust all နဲ့ စတဲ့ အကွက် ၂ ခုလုံးကို အမှန်ခြစ် ပေးလိုက်ပါ။)
- Word 2003 ကို Restart လုပ်ကြည့်ပါ။

ဒီလို လုပ်တာတောင်မှ Smart Tags စာရင်းထဲ Measurement Converter Smart Tag ရောက်မလာသေးဘူးဆိုရင်တော့ ဝမ်းနည်းပါတယ်။ Word 2007 ပဲ ပြောင်းသုံးလိုက်ပါ ပြောရတော့မှာပဲ။ * Word 2003 ၏ ပြဿနာတွေကို Microsoft က မဖြေရှင်းပေးတော့တာ ၂၀၀၉ ခုနှစ် ဧပြီလ ၁၄ ၇က်နေ့ကတည်းကပါ။ ၂၀၁၄ ဧပြီလ ၈ရက်နေ့ဆို Extended Support လည်း ဖြတ်တော့မယ် ဆိုပါတယ်။ ဘာလို့ ဒီလို ပြောရလဲ ဆိုရင် ကျနော် ကိုယ်တိုင်လည်း Measurement Converter Smart Tag တင်မရတဲ့ Word 2003 + Xp Sp2 , Sp3 စက်တွေ တွေ့ဘူးပါတယ်။ ဘယ်လိုမှ စမ်းလို့ မအောင်မြင်တော့လို့ပါ။
bHappy_1_s.gif
uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား